ဖေဖေရွတ်၍ရခဲ့သော နှလုံးလှကဗျာများ (၆)

ဖေဖေရွတ်၍ရခဲ့သော နှလုံးလှကဗျာများ (၆) - Property Knowledge in Myanmar from iMyanmarHouse.com
30 Jun 2022 11:41 am တွင် တင်ခဲ့သည်
735 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ရင်သွေးငယ်များ၏ အကောင်းဆုံးသင်ယူမှုကိုကြည့်လျှင် ကဗျာများက ထိပ်တန်းနေရာတွင် ရှိနေသည်ကို တွေ့ရသည်။

ကဗျာမှ အသံကာရန်လေးများသည် ကလေးငယ်အဖို့ အလွယ်တကူပင် နားစွဲစေခြင်းကြောင့်ဖြစ်သည်ဟု ယူဆပါသည်။

ထို့အပြင် ကဗျာတွင်ပါဝင်သည့် မြင်ကွင်းပုံရိပ်သည် ကလေးများ၏စိတ်တွင် ရှင်းလင်းမြင်သာစေခြင်းကြောင့်လည်း ဖြစ်မည်ထင်သည်။

ဆရာကြီးမင်းသုဝဏ်၏ ကလေးကဗျာတစ်ပုဒ်တွင်-

ကြောင်ကလေးက ဗေဒင်တွက်လို့

ကြွက်ကလေးက ချောင်မှာငို

မျက်ရည်တောက်တောက်ယို။

မငိုပါနဲ့ ကြွက်ကလေး။

ဗေဒင်ဆရာအတွက်မှားလို့

စပါးကျီအို ကြိုအကြားကို

သွားပြီကွဲ့လေး။

ဒီကဗျာလေးကို ဖေဖေဆိုပြခဲ့သဖြင့်ရခဲ့သည်။ဘယ်သူရေးစပ်ခဲ့မှန်း နဂိုကမသိခဲ့ပါ။ နောက်မှ ရန်ကုန်ကို ရောက်ပြီး စာအုပ်ဆိုင်များတွင် ဝင်ရောက်မွှေနှောက်ရှာဖွေရာက ဆရာကြီးမင်းသုဝဏ်ရေးသည့် “မောင်ခွေးဖို့ကဗျာများ” ဆိုတဲ့ စာအုပ်လေး ရလာခဲ့သည်။

ထိုကဗျာစာအုပ်မှ ကဗျာလေးများကို ဖတ်ရှုရာတွင် အထက်ပါ ကဗျာလေးကိုပါတွေ့ရပြီး စာအုပ်ထဲပါ ကဗျာအတော်များများသည်လည်း ကျွန်တော်အနေနှင့် ရင်းနှီးနေပြီး အတော်များများလည်း အလွတ်ရနေသည့် ကဗျာများဖြစ်နေသည်ကိုတွေ့ရသည်။

စာရေးသူ၏ သမီးလေးက အထက်ပါ “ကြွက်ကလေး”ကဗျာမှ ကြောင်ကလေးက ဘာလို့ဗေဒင်တွင်တာလဲဟု မေးတတ်သည်။

ကြောင်ကလေးများသည် သူတို့သဘာဝအရ သစ်ပင်သစ်ခေါက်များ၊နံရံကြမ်းပြင်များကို ကုတ်ခြစ်တတ် ကြောင်း၊ထိုအပြုအမူသည် ဗေဒင်ဆရာတစ်ယောက် ကျောက်သင်ပုန်းပေါ်တွင် ဗေဒင်တွက်သည့်ပုံဖြင့် အရမ်းတူသည့် အတွက်ကြောင့် ပုံခိုင်းနှိုင်းထားတာဖြစ်ကြောင်း ရှင်းပြရသည်။ကြွက်ကလေးဘယ်မှာ ရှိလဲဆိုပြီးတွက်ချက်သည့် ပုံစံမြင်ရအောင်ရေးထားတာဖြစ်ကြောင်း ပြောပြရသည်။

ကြွက်ကလေးကရော ဘာလို့ငိုတာလဲတဲ့။ကြွက်က ကြောင်ရဲ့အစာလေသမီးရဲ့။ဒါကြောင့် ကြောင်ကြီးရဲ့ အစားခံရမှာကြောက်တော့ ကြွက်ကလေးကငိုတာပေါ့သမီးရဲ့လို့ပြောပြရပါသည်။

ဒါပေမဲ့ တော်သေးတယ်သမီးလေးရဲ့ ကြောင်ကြီးက ကြွက်ကလေးရှိမယ့်နေရာကို ဗေဒင်တွက်ကြည့်တာ စပါးကျီဘက်ရှိမယ်ဆိုပြီး အတွက်မှားပြီးထွက်သွားတော့ ကြွက်ကလေးဟာ အစားမခံရဘဲ လွတ်သွားတာပေါလို့ ပြောပြတော့ သဘောတွေကျသွားတတ်သည်။

ကလေးကဗျာလေးတွေဟာ ကလေးငယ်တွေရဲ့ နှလုံးသားမှာ ကဗျာလေးတွေအပြင် ပုံပြင်ဇာတ်လမ်းလေးတွေ အနေနဲ့ မြင်နေမည် ဆိုသည်ကို တွက်ဆမိပါသည်။ကျွန်တော်ငယ်စဉ်ကလည်း ထိုကဲ့သို့ပင်ဖြစ်ခဲ့သည်။

ကျွန်တော်တို့နှလုံးသားတွင် ပိုင်ရှင်မသိဘဲ ချစ်ခင်နှစ်သက်စွာ သိမ်းဆည်းထားမိသော ကဗျာလေးများကို ပြန်လည်ဖော်ပြမိသော စာရေးသူအား ဆရာကြီးမင်းသုဝဏ်နှင့်တကွ ကဗျာကဝိ ပညာရှိဆရာကြီးများအနေဖြင့် ခွင့်ပြုခွင့်လွတ်ပေးပါရန် ရိုကျိုးရိုသေ လက်ဆယ်စုံခြွေရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေဖေဖရြတ္၍ရခဲ့ေသာ ႏွလုံးလွကဗ်ာမ်ား (၆)

ရင္ေသြးငယ္မ်ား၏ အေကာင္းဆုံးသင္ယူမႈကိုၾကည့္လွ်င္ ကဗ်ာမ်ားက ထိပ္တန္းေနရာတြင္ ရွိေနသည္ကို ေတြ႔ရသည္။

ကဗ်ာမွ အသံကာရန္ေလးမ်ားသည္ ကေလးငယ္အဖို႔ အလြယ္တကူပင္ နားစြဲေစျခင္းေၾကာင့္ျဖစ္သည္ဟု ယူဆပါသည္။

ထို႔အျပင္ ကဗ်ာတြင္ပါဝင္သည့္ ျမင္ကြင္းပုံရိပ္သည္ ကေလးမ်ား၏စိတ္တြင္ ရွင္းလင္းျမင္သာေစျခင္းေၾကာင့္လည္း ျဖစ္မည္ထင္သည္။

ဆရာႀကီးမင္းသုဝဏ္၏ ကေလးကဗ်ာတစ္ပုဒ္တြင္-

ေၾကာင္ကေလးက ေဗဒင္တြက္လို႔

ၾကြက္ကေလးက ေခ်ာင္မွာငို

မ်က္ရည္ေတာက္ေတာက္ယို။

မငိုပါနဲ႔ ၾကြက္ကေလး။

ေဗဒင္ဆရာအတြက္မွားလို႔

စပါးက်ီအို ႀကိဳအၾကားကို

သြားၿပီကြဲ႔ေလး။

ဒီကဗ်ာေလးကို ေဖေဖဆိုျပခဲ့သျဖင့္ရခဲ့သည္။ဘယ္သူေရးစပ္ခဲ့မွန္း နဂိုကမသိခဲ့ပါ။ ေနာက္မွ ရန္ကုန္ကို ေရာက္ၿပီး စာအုပ္ဆိုင္မ်ားတြင္ ဝင္ေရာက္ေမႊေႏွာက္ရွာေဖြရာက ဆရာႀကီးမင္းသုဝဏ္ေရးသည့္ “ေမာင္ေခြးဖို႔ကဗ်ာမ်ား” ဆိုတဲ့ စာအုပ္ေလး ရလာခဲ့သည္။

ထိုကဗ်ာစာအုပ္မွ ကဗ်ာေလးမ်ားကို ဖတ္ရႈရာတြင္ အထက္ပါ ကဗ်ာေလးကိုပါေတြ႔ရၿပီး စာအုပ္ထဲပါ ကဗ်ာအေတာ္မ်ားမ်ားသည္လည္း ကၽြန္ေတာ္အေနႏွင့္ ရင္းႏွီးေနၿပီး အေတာ္မ်ားမ်ားလည္း အလြတ္ရေနသည့္ ကဗ်ာမ်ားျဖစ္ေနသည္ကိုေတြ႔ရသည္။

စာေရးသူ၏ သမီးေလးက အထက္ပါ “ၾကြက္ကေလး”ကဗ်ာမွ ေၾကာင္ကေလးက ဘာလို႔ေဗဒင္တြင္တာလဲဟု ေမးတတ္သည္။

ေၾကာင္ကေလးမ်ားသည္ သူတို႔သဘာဝအရ သစ္ပင္သစ္ေခါက္မ်ား၊နံရံၾကမ္းျပင္မ်ားကို ကုတ္ျခစ္တတ္ ေၾကာင္း၊ထိုအျပဳအမူသည္ ေဗဒင္ဆရာတစ္ေယာက္ ေက်ာက္သင္ပုန္းေပၚတြင္ ေဗဒင္တြက္သည့္ပုံျဖင့္ အရမ္းတူသည့္ အတြက္ေၾကာင့္ ပုံခိုင္းႏိႈင္းထားတာျဖစ္ေၾကာင္း ရွင္းျပရသည္။ၾကြက္ကေလးဘယ္မွာ ရွိလဲဆိုၿပီးတြက္ခ်က္သည့္ ပုံစံျမင္ရေအာင္ေရးထားတာျဖစ္ေၾကာင္း ေျပာျပရသည္။

ၾကြက္ကေလးကေရာ ဘာလို႔ငိုတာလဲတဲ့။ၾကြက္က ေၾကာင္ရဲ႕အစာေလသမီးရဲ႕။ဒါေၾကာင့္ ေၾကာင္ႀကီးရဲ႕ အစားခံရမွာေၾကာက္ေတာ့ ၾကြက္ကေလးကငိုတာေပါ့သမီးရဲ႕လို႔ေျပာျပရပါသည္။

ဒါေပမဲ့ ေတာ္ေသးတယ္သမီးေလးရဲ႕ ေၾကာင္ႀကီးက ၾကြက္ကေလးရွိမယ့္ေနရာကို ေဗဒင္တြက္ၾကည့္တာ စပါးက်ီဘက္ရွိမယ္ဆိုၿပီး အတြက္မွားၿပီးထြက္သြားေတာ့ ၾကြက္ကေလးဟာ အစားမခံရဘဲ လြတ္သြားတာေပါလို႔ ေျပာျပေတာ့ သေဘာေတြက်သြားတတ္သည္။

ကေလးကဗ်ာေလးေတြဟာ ကေလးငယ္ေတြရဲ႕ ႏွလုံးသားမွာ ကဗ်ာေလးေတြအျပင္ ပုံျပင္ဇာတ္လမ္းေလးေတြ အေနနဲ႔ ျမင္ေနမည္ ဆိုသည္ကို တြက္ဆမိပါသည္။ကၽြန္ေတာ္ငယ္စဥ္ကလည္း ထိုကဲ့သို႔ပင္ျဖစ္ခဲ့သည္။

ကၽြန္ေတာ္တို႔ႏွလုံးသားတြင္ ပိုင္ရွင္မသိဘဲ ခ်စ္ခင္ႏွစ္သက္စြာ သိမ္းဆည္းထားမိေသာ ကဗ်ာေလးမ်ားကို ျပန္လည္ေဖာ္ျပမိေသာ စာေရးသူအား ဆရာႀကီးမင္းသုဝဏ္ႏွင့္တကြ ကဗ်ာကဝိ ပညာရွိဆရာႀကီးမ်ားအေနျဖင့္ ခြင့္ျပဳခြင့္လြတ္ေပးပါရန္ ရိုက်ိဳးရိုေသ လက္ဆယ္စုံေျခြရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service