လက်နှီးစုတ် တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး

လက်နှီးစုတ် တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
29 Jun 2022 11:25 am တွင် တင်ခဲ့သည်
720 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတော့ အိမ်မှုကိစ္စလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ စိတ်ဝင်စားမိမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ အိမ်တိုင်းလိုလိုမှာ မီးဖိုချောင်းသုံးဆိုပြီး လက်နှီးစုတ် လေးတွေ ထားထားတာ တွေ့ဖူးကြမှာပါ။ အိုးခွက်ပန်းကန်တွေ ဆေးပြီးရင် ရေခြောက်အောင် သုတ်ဖို့၊ အဝတ်လျှော်စက်တွေကို တိုက်ချွတ်ဖို့၊ စဉ်းတီတုံး၊ ငရုတ်ဆုံတွေကို အသုံးပြုပြီးသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ပန်းကန်စင်၊ ကြောင်အိမ်တွေကို တိုက်ချွတ်ဆေးကြောတဲ့အခါမျိုးတွေမှာ လက်နှီးစုတ်တွေ သုံးတတ်ကြပါတယ်။

ဒီနေရာမှာ တော်တော်များများ လုပ်မိတတ်ကြတဲ့အမှားက လက်နှီးစုတ်တွေကို သုံးပြီးတာနဲ့ မလျှော်ပဲ ဒီအတိုင်းပစ်ထားလိုက်ပြီး ထပ်ခါတလဲလဲ အသုံးပြုတတ်ကြတဲ့ ပြဿနာပါပဲ။ မီးဖိုချောင်ဆိုတာ တကယ်တမ်း သမားရိုးကျကျ ပြန်တွေးကြည့်ရင် တော်တော်လေးကို ညစ်ပတ်တဲ့ နေရာတစ်ခု၊ သန့်ရှင်းရေးအမြဲလိုအပ်တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ အသား၊ ငါးတွေကနေ ဘက်တီးရီးယားပိုးမွှားတွေ၊ အမှိုက်ပုံးကနေ ထွက်နေတဲ့ အမှိုက်နံ့၊ သိုးနေတဲ့ အစားအစာတွေ၊ လေထဲမှာ၊ မီးဖိုချောင်သုံးပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေကို အမြဲသန့်ရှင်းနေရတာဖြစ်တဲ့အတွက် လက်နှီးစုတ်မှာ ဘက်တီးရီးယားပိုးပေါင်း သောင်းခြောက်ထောင်လောက်က ရှင်သန်ကျက်စားလျက်ရှိနေပါတယ်။

ဒီလို လက်နှီးစုတ်တွေကို မလျှော်မဖွပ်ဘဲ လက်နဲ့ ကိုင်တွယ်အသုံးပြုလိုက်တဲ့အခါ နဂိုရှိနေတဲ့ ပိုးမွှားတွေက လက်ပေါ်ကို ရောက်သွားပါတယ်။ အဲ့မှာ ဟင်းချက်၊ သန့်ရှင်းရေးလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ လက်ကို သေချာမဆေးမိရင် တစ်မိသားစုလုံး တော်တော်ဒုက္ခရောက်နိုင်ပါတယ်။ ဒီလိုဘက်တီးရီးယားပိုးမွှားတွေ ဗိုက်ထဲကို ရောက်သွားတဲ့အခါ.....

• ဗိုက်အောင့်ဗိုက်နာတာ

• သန်ထတာ

• အစာအဆိပ်သင့်တာ

• ဝမ်းပျက်ဝမ်းလျှောဖြစ်တာ

• နေမကောင်းဖြစ်တာ

• အူရောင်ငန်းဖျားဖြစ်တာ စတဲ့ပြဿနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။

အပြင်က မသန့်ရှင်းတဲ့ လမ်းဘေးစာတွေ မစားချင်လို့ အိမ်မှာပဲ ကိုယ့်ဘာသာလုပ်စားရာကနေ ဒီလိုမျိုးအဖြစ်တွေ ကြုံလာရင်တော့ ကိုယ်လည်း အိမ်ရှင်မတစ်ယောက်အနေနဲ့ စိတ်ထဲ ဘယ်ကောင်းနိုင်ပါတော့မလဲ။

လက်နှီးစုတ် ကနေ ရောဂါပိုးတွေ ကူးစက်မခံရစေဖို့ ဘယ်လိုကာကွယ်ကြမလဲ။

လက်နှီးစုတ်ဆိုတာမျိုးက မီးဖိုချောင်အတွက် မသုံးလို့လည်း မဖြစ်တဲ့အရာမို့ ကိုယ့်အနေနဲ့ သိထားသင့်တဲ့အရာတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါဆိုဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။

၁။ ဖုန်သုတ်တဲ့ လက်နှီးစုတ်နဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ အစားအစာနဲ့ မထိမိအောင် သေချာဂရုစိုက်ပါ။

၂။ မီးဖိုချောင်သုံးဖို့အတွက် လက်နှီးစုတ်တစ်ထည် သီးသန့်ထားပေးပါ။ တခြားနေရာတွေမှာ အသုံးမပြုပါနဲ့။

၃။ တစ်ခါသုံးပြီးတိုင်း အမြဲ အဝတ်လျှော်ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပြီး နေလှန်ပေးထားပါ။ တစ်နေ့တစ်ခါ မလျှော်နိုင်ရင်တောင် ၃ရက်တစ်ကြိမ်လောက်တော့ လျှော်သင့်ပါတယ်။

၄။ ညစ်ပေနေတဲ့ လက်နှီးစုတ်ကို အသက်ငယ်သေးတဲ့ ကလေးတွေ မထိမိ၊ မကိုင်မိစေဖို့ သတိပေးပါ။ သူတို့ လက်လှမ်းမမီလောက်တဲ့ နေရာမှာ လက်နှီးစုတ်ကို တင်ထားပါ။ အသက်ကြီးတဲ့ လူကြီးမိဘတွေကိုလည်း ပေးမကိုင်ပါနဲ့။

၅။ လက်နှီးစုတ်နဲ့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပေးပါ။

၆။ လက်နှီးစုတ်ကို ၃-၄ လတစ်ကြိမ် သို့မဟုတ် မှိုစွဲပြီးအနံ့ထွက်နေရင် လွှင့်ပစ်ပြီး အသစ်တစ်ထည် ပြန်လဲပါ။

အိမ်ထောင်ရှင်လေဒီလေးတို့လည်း ကိုယ့်မီးဖိုချောင်မှာရှိနေတဲ့ လက်နှီးစုတ် တွေကို သေချာသန့်ရှင်းပေးဖို့ မေ့လျော့နေတာမျိုး မလုပ်သင့်ဘူးနော်။ ကိုယ့်မိသားစုရဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာရှိတာမို့ အမြဲတမ်း အသေးစိတ်ကစလို့ အရာရာကို သတိထားပြီး ဂရုစိုက်မှ အဆင်ပြေမှာပါ။

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

လက္ႏွီးစုတ္ ေတြနဲ႔ ကိုယ့္မိသားစုက်န္းမာေရး

မီးဖိုေခ်ာင္သုံး ပစၥည္းေတြနဲ႔ ပတ္သက္တာဆိုေတာ့ အိမ္မႈကိစၥလုပ္ေနတဲ့ ေလဒီေလးေတြအေနနဲ႔ စိတ္ဝင္စားမိမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ကြၽန္ေတာ္တို႔ အိမ္တိုင္းလိုလိုမွာ မီးဖိုေခ်ာင္းသုံးဆိုၿပီး လက္ႏွီးစုတ္ ေလးေတြ ထားထားတာ ေတြ႕ဖူးၾကမွာပါ။ အိုးခြက္ပန္းကန္ေတြ ေဆးၿပီးရင္ ေရေျခာက္ေအာင္ သုတ္ဖို႔၊ အဝတ္ေလွ်ာ္စက္ေတြကို တိုက္ခြၽတ္ဖို႔၊ စဥ္းတီတုံး၊ င႐ုတ္ဆုံေတြကို အသုံးျပဳၿပီးသြားတဲ့အခါမ်ိဳးမွာျဖစ္ျဖစ္၊ ပန္းကန္စင္၊ ေၾကာင္အိမ္ေတြကို တိုက္ခြၽတ္ေဆးေၾကာတဲ့အခါမ်ိဳးေတြမွာ လက္ႏွီးစုတ္ေတြ သုံးတတ္ၾကပါတယ္။

ဒီေနရာမွာ ေတာ္ေတာ္မ်ားမ်ား လုပ္မိတတ္ၾကတဲ့အမွားက လက္ႏွီးစုတ္ေတြကို သုံးၿပီးတာနဲ႔ မေလွ်ာ္ပဲ ဒီအတိုင္းပစ္ထားလိုက္ၿပီး ထပ္ခါတလဲလဲ အသုံးျပဳတတ္ၾကတဲ့ ျပႆနာပါပဲ။ မီးဖိုေခ်ာင္ဆိုတာ တကယ္တမ္း သမား႐ိုးက်က် ျပန္ေတြးၾကည့္ရင္ ေတာ္ေတာ္ေလးကို ညစ္ပတ္တဲ့ ေနရာတစ္ခု၊ သန္႔႐ွင္းေရးအၿမဲလိုအပ္တဲ့ ေနရာလို႔ ဆိုႏိုင္ပါတယ္။ အသား၊ ငါးေတြကေန ဘက္တီးရီးယားပိုးမႊားေတြ၊ အမိႈက္ပုံးကေန ထြက္ေနတဲ့ အမိႈက္နံ႔၊ သိုးေနတဲ့ အစားအစာေတြ၊ ေလထဲမွာ၊ မီးဖိုေခ်ာင္သုံးပစၥည္းေတြမွာ ကပ္ၿငိေနတဲ့ ဖုန္မႈန္႔ေတြကို အၿမဲသန္႔႐ွင္းေနရတာျဖစ္တဲ့အတြက္ လက္ႏွီးစုတ္မွာ ဘက္တီးရီးယားပိုးေပါင္း ေသာင္းေျခာက္ေထာင္ေလာက္က ႐ွင္သန္က်က္စားလ်က္႐ွိေနပါတယ္။

ဒီလို လက္ႏွီးစုတ္ေတြကို မေလွ်ာ္မဖြပ္ဘဲ လက္နဲ႔ ကိုင္တြယ္အသုံးျပဳလိုက္တဲ့အခါ နဂို႐ွိေနတဲ့ ပိုးမႊားေတြက လက္ေပၚကို ေရာက္သြားပါတယ္။ အဲ့မွာ ဟင္းခ်က္၊ သန္႔႐ွင္းေရးလုပ္ေနတဲ့ ေလဒီေလးေတြအေနနဲ႔ လက္ကို ေသခ်ာမေဆးမိရင္ တစ္မိသားစုလုံး ေတာ္ေတာ္ဒုကၡေရာက္ႏိုင္ပါတယ္။ ဒီလိုဘက္တီးရီးယားပိုးမႊားေတြ ဗိုက္ထဲကို ေရာက္သြားတဲ့အခါ.....

• ဗိုက္ေအာင့္ဗိုက္နာတာ

• သန္ထတာ

• အစာအဆိပ္သင့္တာ

• ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တာ

• ေနမေကာင္းျဖစ္တာ

• အူေရာင္ငန္းဖ်ားျဖစ္တာ စတဲ့ျပႆနာေပါင္းစုံ ျဖစ္လာႏိုင္ပါတယ္။

အျပင္က မသန္႔႐ွင္းတဲ့ လမ္းေဘးစာေတြ မစားခ်င္လို႔ အိမ္မွာပဲ ကိုယ့္ဘာသာလုပ္စားရာကေန ဒီလိုမ်ိဳးအျဖစ္ေတြ ၾကဳံလာရင္ေတာ့ ကိုယ္လည္း အိမ္႐ွင္မတစ္ေယာက္အေနနဲ႔ စိတ္ထဲ ဘယ္ေကာင္းႏိုင္ပါေတာ့မလဲ။

လက္ႏွီးစုတ္ ကေန ေရာဂါပိုးေတြ ကူးစက္မခံရေစဖို႔ ဘယ္လိုကာကြယ္ၾကမလဲ။

လက္ႏွီးစုတ္ဆိုတာမ်ိဳးက မီးဖိုေခ်ာင္အတြက္ မသုံးလို႔လည္း မျဖစ္တဲ့အရာမို႔ ကိုယ့္အေနနဲ႔ သိထားသင့္တဲ့အရာေတြ၊ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ထားမယ္ဆိုရင္ေတာ့ အေပၚမွာေျပာထားတဲ့ က်န္းမာေရးျပႆနာေတြကေန ကာကြယ္ေပးႏိုင္မွာပါ။ ဒါဆိုဘာေတြလုပ္သင့္လဲဆိုတာ ေျပာျပေပးမယ္ေနာ္။

၁။ ဖုန္သုတ္တဲ့ လက္ႏွီးစုတ္နဲ႔ ျပင္ဆင္ခ်က္ျပဳတ္ေနတဲ့ အစားအစာနဲ႔ မထိမိေအာင္ ေသခ်ာဂ႐ုစိုက္ပါ။

၂။ မီးဖိုေခ်ာင္သုံးဖို႔အတြက္ လက္ႏွီးစုတ္တစ္ထည္ သီးသန္႔ထားေပးပါ။ တျခားေနရာေတြမွာ အသုံးမျပဳပါနဲ႔။

၃။ တစ္ခါသုံးၿပီးတိုင္း အၿမဲ အဝတ္ေလွ်ာ္ဆပ္ျပာနဲ႔ ေသခ်ာေလွ်ာ္ဖြပ္ၿပီး ေနလွန္ေပးထားပါ။ တစ္ေန႔တစ္ခါ မေလွ်ာ္ႏိုင္ရင္ေတာင္ ၃ရက္တစ္ႀကိမ္ေလာက္ေတာ့ ေလွ်ာ္သင့္ပါတယ္။

၄။ ညစ္ေပေနတဲ့ လက္ႏွီးစုတ္ကို အသက္ငယ္ေသးတဲ့ ကေလးေတြ မထိမိ၊ မကိုင္မိေစဖို႔ သတိေပးပါ။ သူတို႔ လက္လွမ္းမမီေလာက္တဲ့ ေနရာမွာ လက္ႏွီးစုတ္ကို တင္ထားပါ။ အသက္ႀကီးတဲ့ လူႀကီးမိဘေတြကိုလည္း ေပးမကိုင္ပါနဲ႔။

၅။ လက္ႏွီးစုတ္နဲ႔ မီးဖိုေခ်ာင္ကို သန္႔႐ွင္းေရးလုပ္ၿပီးတိုင္း လက္ကို ဆပ္ျပာနဲ႔ ေရနဲ႔ ေသခ်ာေဆးေၾကာေပးပါ။

၆။ လက္ႏွီးစုတ္ကို ၃-၄ လတစ္ႀကိမ္ သို႔မဟုတ္ မိႈစြဲၿပီးအနံ႔ထြက္ေနရင္ လႊင့္ပစ္ၿပီး အသစ္တစ္ထည္ ျပန္လဲပါ။

အိမ္ေထာင္႐ွင္ေလဒီေလးတို႔လည္း ကိုယ့္မီးဖိုေခ်ာင္မွာ႐ွိေနတဲ့ လက္ႏွီးစုတ္ ေတြကို ေသခ်ာသန္႔႐ွင္းေပးဖို႔ ေမ့ေလ်ာ့ေနတာမ်ိဳး မလုပ္သင့္ဘူးေနာ္။ ကိုယ့္မိသားစုရဲ႕ က်န္းမာေရးသည္ ကိုယ့္လက္ထဲမွာ႐ွိတာမို႔ အၿမဲတမ္း အေသးစိတ္ကစလို႔ အရာရာကို သတိထားၿပီး ဂ႐ုစိုက္မွ အဆင္ေျပမွာပါ။

အားလုံးပဲ က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းေျမ့ဖြယ္ရာ ေန႔ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service