ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
တစ်ခါက ဂျပန်နိုင်ငံရှိ လယ်တောရွာငယ်ကလေးတစ်ခုတွင် ကို့နို့ဆုကဲ့ မတ်ဆုရှိတအမည်ရှိ ကလေးငယ်တစ်ဦး မွေးဖွားလာသည်။
သူတို့မိသားစုမှာ အလွန်တရာဆင်းရဲကြပြီး အိမ်ငယ်လေးတစ်ခုတွင် စုစည်းနေထိုင်ရကာ ဝင်ငွေမှာလည်း လွန်စွာနည်းပါးလှသည်။
ကို့နို့ဆုကဲ့ မတ်ဆုရှိတ ၉ နှစ်သားအရွယ်ရောက်ချိန်တွင် မိဘများ ကွယ်လွန်သွားသောကြောင့် ကျောင်းထွက်လိုက်ရပြီး မိသားစုကို ထောက်ပံ့နိုင်ရန် ဈေးဆိုင်ကလေးတစ်ခုတွင် အလုပ်ဝင်လုပ်ရသည်။
သူ့အရွယ် အခြား ၉ နှစ်သား ကလေးငယ်များ ကစားစရာများဖြင့် ဆော့ကစားနေချိန်တွင် ကို့နို့ဆုကဲ့မှာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်ရရှာသည်။
အနည်းငယ်အရွယ်ရောက်လာချိန်တွင် ဟိဘချိ စက်ဘီးကုမ္ပဏီတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
နောင်နှစ် အနည်းငယ်ကြာသောအခါ ကံကြမ္မာက ကို့နို့ဆုကဲ့အား ဘဝလမ်းကြောင်းသစ်ကို ပြသပေးခဲ့သည်။
အို့ဆက လျှပ်စစ်မီးလုံးကုမ္ပဏီ (Ōsaka Electric Light Company) တွင် အလုပ်တစ်ခု ရခဲ့ခြင်း ဖြစ်၏။
အိုဆကတွင် အလုပ်လုပ်ရင်း လျှပ်စစ်မီးလုံးများနှင့် မီးသီးခေါင်းများကို စိတ်ဝင်စားလာသည်။
သို့ကြောင့် ညတိုင်းလေ့လာမှုများပြုလုပ်ကာ ကိုယ်ပိုင်လျှပ်စစ်မီးခေါင်းများ စမ်းသပ်ကြည့်ခဲ့သည်။
တစ်နေ့တွင်ကား ပိုမိုကောင်းမွန်သော လျှပ်စစ်မီးခေါင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ကို့နို့ဆုကဲ့လည်း လွန်စွာစိတ်လှုပ်ရှားခဲ့ပြီး သူတီထွင်ထားသော မီးခေါင်းကို သူ့အထက် အကြီးအကဲ (supervisor) အား ပြခဲ့၏။
သို့သော် အထက်အကြီးအကဲက အထင်မကြီးသည့်အပြင် ဈေးကွက်တွင် ထိုပုံစံများ အလုပ်ဖြစ်မည်မဟုတ်ကြောင်း ပြောလိုက်၏။
သူဌေး၏ ငြင်းပယ်ခံလိုက်ရသော်လည်း ကို့နို့ဆုကဲ့က သူတီထွင်ထားသည့်အရာအပေါ် ယုံကြည်ချက်ရှိသည်။
ထို့ကြောင့် ကိုယ်ပိုင်ဖန်တီးမှုများ ပြုလုပ်လိုသဖြင့် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု တည်ထောင်လိုလာသည်။
သို့နှင့် သူငယ်ချင်းများအား အတူပူးပေါင်းပါဝင်ရန်ပြောသော်လည်း သူ၏သူငယ်ချင်းများက ၎င်းတို့၏အလုပ်များမှ မထွက်နိုင်ကြောင်း ပြောကြသည်။
ထို့အပြင် ကို့နို့ဆုကဲ့ကိုလည်း ကိုယ်ပိုင်ကုမ္ပဏီမဖွင့်ရန် အကြံပြုကြ၏။
ကို့နို့ဆုကဲ့တွင် အတွေ့အကြုံမရှိ၊ ငွေလည်းမရှိ၊ အတန်းပညာလည်းမရှိ။
သို့သော် မိမိကိုယ်မိမိ ယုံကြည်မှု ရှိသည်။
အသက် ၂၂ နှစ်အရွယ်သို့ ရောက်ချိန်တွင် ကို့နို့ဆုကဲ့ ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချလိုက်သည်။
အိုဆက ကုမ္ပဏီမှထွက်ကာ ဇနီး၊ ယောက်ဖတို့၏ အကူအညီများဖြင့် ကိုယ်ပိုင်လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု တည်ထောင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ ဆုံးဖြတ်ချိန်တွင်ပင် အိုဆက ကုမ္ပဏီက သူ့အား လျှပ်စစ်ပိုင်းစစ်ဆေးရေးအရာရှိအဖြစ် ရာထူးတိုးပေးခဲ့သော်လည်း ကို့နို့ဆုကဲ့မှာ အလုပ်ထွက်ရန်သာ ဆုံးဖြတ်ခဲ့သည်။
သို့ဖြင့် ကို့နို့ဆုကဲ့နှင့် ဇနီးသည် သူတို့၏နေအိမ်ငယ်လေးတွင်ပင် ကိုယ်ပိုင်ကုမ္ပဏီကလေးတစ်ခု စတင်တည်ထောင်ကာ လျှပ်စစ်မီးခေါင်းများ စတင်ထုတ်လုပ်ခဲ့သည်။ ထိုနေ့ကား ၁၉၁၈ ခုနှစ်၊ မတ်လ ၇ ရက် ဖြစ်လေသည်။ ထိုအချိန်တွင် ကို့နို့ဆုကဲ့မှာ အသက် ၂၃ နှစ်ရှိနေပြီ ဖြစ်၏။
ဤနေရာတွင် ကို့နို့ဆုကဲ့တို့နေထိုင်သည့်အိမ်ကလေးအကြောင်း အနည်းငယ်ပြောပါဦးမည်။
ကို့နို့ဆုကဲ့နှင့် ဇနီးဖြစ်သူ မုမဲ့နို့ လူး၊ ဇနီး၏ ဆယ်ကျော်သက်အရွယ်မောင်လေး တို့ရှိယို့တို့ ပူးပေါင်းနေထိုင် သည့် နေအိမ်မှာ ဆင်းရဲသားရပ်ကွက်များတွင် တွေ့ရလေ့ရှိသော အခန်းငယ်အများအပြား ကန့်ထားသည့် တိုက်အိမ်မျိုးဖြစ်သည်။
ထို့နောက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်လံရောင်းချ၏။
သို့သော် မည်သည့်ဆိုင်ရှင်ကမျှ ကို့နို့ဆုကဲ့၏ ထုတ်ကုန်ကို စိတ်မဝင်စား၊ မှာယူခြင်းမပြုချေ။
လပေါင်းများစွာကြာသွားချိန်ထိ ကို့နို့ဆုကဲ့၏ လျှပ်စစ်မီးခေါင်း တစ်ခုတစ်လေပင် ရောင်းရခြင်းမရှိပေ။
ကို့နို့ဆုကဲ့လည်း ငွေကြေးအလွန်ကျပ်တည်းလာပြီး နေ့စဉ်စားစရိတ်ရရန်အတွက် အိမ်ထောင်ပရိဘောဂ များ ရောင်းချခြင်း၊ ငွေချေးခြင်းတို့ဖြင့် ဆက်လက်ကျားကန်ထားခဲ့သည်။
ထိုသို့ အခြေအနေဆိုးရွားလာသဖြင့် မိမိအိပ်မက်ကိုရပ်ကာ မူလအလုပ်သို့ ပြန်ဝင်ရန်ပင် တွေးတောမိလာသည်။
သို့စေကာမူ မနက်မိုးလင်းနေခြည်သန်းလာချိန်မျိုးတွင် ကို့နို့ဆုကဲ့၏ စိတ်ဖိစီးမှုများ ကင်းနေတတ်ပြီး အမှာစာများ မျှော်လင့်စောင့်စားနေလေ့ရှိကာ တစ်နေ့တာကို ထပ်မံဖြတ်သန်းပြန်သည်။
နောက်ဆုံးတွင်ကား သူ့အိပ်မက်ကို လက်လျှော့လိုက်ရတော့မည့် နောက်ဆုံးအချိန်သို့ ရောက်လာသည်။
ထိုအချိန်တွင်ပင် အံ့ဘွယ်ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ရ၏။
ကို့နို့ဆုကဲ့ မတ်ဆုရှိတ ရောင်းချရန် ကြိုးစားနေသော မီးခေါင်းအစား ပန်ကာ လျှပ်ကာပြား ၁၀၀၀ အမှာစာ ရရှိလာသည်။
ကို့နို့ဆုကဲ့၏ အိပ်မက် တကယ်ဖြစ်လာခဲ့ပြီ။
ထိုအမှာစာပစ္စည်းများထုတ်လုပ်ရန်အတွက် ကို့နို့ဆုကဲ့တို့ ၃ ဦးသား ပိုမိုကျယ်ဝန်းသည့်အိမ်တစ်လုံးသို့ ပြောင်းရွှေ့လိုက်ကြကာ ထုတ်လုပ်မှုများ စတင်ခဲ့သည်။
ထိုနေ့မှစတင်ကာ မတ်ဆုရှိတ လျှပ်စစ်အိမ်သုံးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ စတင်မွေးဖွားလေသည်။
ကို့နို့ဆုကဲ့သည် ထုတ်လုပ်မှုနယ်ပယ်ချဲ့လိုက်ပြီး 2 way မီးခေါင်းကိုလည်း ထုတ်လုပ်ခဲ့သည်။ ထိုသို့ ထုတ်လုပ်ရာတွင် အသုံးပြုပြီးဖြစ်သော မီးခေါင်းများမှ ဝက်အူများ စုဆောင်းရယူကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်၏။
၁၉၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင်ကား ၎င်းတို့၏ ကုမ္ပဏီတွင် ဝန်ထမ်း ၂၀ ဦးရှိနေပြီ ဖြစ်သည်။
ကုမ္ပဏီသက်တမ်း ၂ နှစ်အကြာတွင် ဝန်ထမ်းအင်အား ၂၈ ဦးရှိလာသည်။
၁၉၂၂ ခုနှစ် နှစ်ကုန်တွင် ဝန်ထမ်းအင်အား ၅၀ ဦးအပြင် ထုတ်လုပ်ရေးစက်ရုံသစ်တစ်ခု ရှိလာခဲ့သည်။
၁၉၃၀ ဝန်းကျင်တွင် ၎င်းတို့ ထုတ်လုပ်ထားသည့် ကုန်ချောများ စုပုံများပြားလာသောကြောင့် ကို့နို့ဆုကဲ့က ဆုံးဖြတ်ချက်တစ်ခု ချရသည်။ ထုတ်လုပ်မှု ထက်ဝက်လျှော့ချရန်၊ သို့သော် ဝန်ထမ်းတစ်ဦးမှ အလုပ်မထုတ်ရန် ဆုံးဖြတ်ခဲ့၏။
“အလုပ်သမားတစ်ယောက်မှ မထုတ်ဘဲ ထုတ်လုပ်မှုကို ထက်ဝက်လျှော့ပါမယ်။ ဒါပေမယ့် သူတို့ကို နေ့ဝက်ပဲ အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။ လက်ရှိ သူတို့ရနေတဲ့ လုပ်ခအတိုင်းပဲ ကျွန်တော်တို့ ဆက်ပေးသွားပါမယ်။ ဒါပေမယ့် ပိတ်ရက်တော့ရလိမ့်မှာ မဟုတ်ပါဘူး”ဟု ကို့နို့ဆုကဲ့က ပြောခဲ့သည်။
ကို့နို့ဆုကဲ့၏ အစီအမံမှာ အလုပ်ဖြစ်ခဲ့သည်။ ထိုအချိန်ကာလက ကို့နို့ဆုကဲ့၏ ကုမ္ပဏီမှာ မီးပူနှင့် ရေဒီယိုများ ထုတ်လုပ်နေချိန် ဖြစ်သည်။
၁၉၃၅ ခုနှစ်တွင် ကုမ္ပဏီ၏ ဝန်ထမ်းအင်အားမှာ ၃၅၀၀ ဦးခန့်ရှိနေပြီဖြစ်ကား ထုတ်ကုန်အမျိုးအစားပေါင်း ၆၀၀၀ ခန့် ထုတ်လုပ်နေပြီ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင်ကာ စစ်သုံးထုတ်ကုန်များထုတ်လုပ်ခဲ့ရာ သစ်လေယာဉ် ၃ စင်း၊ သစ်သင်္ဘော ၅၆ စင်းတို့ ပါဝင်သည်။
စစ်ဘေးကြောင့် ကုမ္ပဏီ၏ ပြည်တွင်းပြည်ပ စက်ရုံနှင့် ရုံးခန်းပေါင်း ၃၂ ခု ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ဂျပန်အစိုးရက ၎င်းတို့မှာယူခဲ့သောစစ်သုံးပစ္စည်းများအတွက် ကို့နို့ဆုကဲ့၏ ကုမ္ပဏီအား ငွေမရှင်းနိုင်ခဲ့ရာ ၎င်းတို့ကုမ္ပဏီမှာ များစွာကျပ်တည်းသွားခဲ့ရသည်။
စစ်အပြီးတွင်ကား အသင့်တပ်ဆင်နေထိုင်နိုင်သည့် prefabricated သစ်အိမ်များ ထုတ်လုပ်ကာ ကုမ္ပဏီ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားခဲ့ရသည်။
၁၉၄၅ ခုနှစ်မှ ၁၉၅၉ ခုနှစ်အကြားတွင်ကား အဝတ်လျှော်စက်၊ အဖြူအမည်း ရုပ်မြင်သံကြားစက်များ၊ ရေခဲသေတ္တာများ၊ ရေဒီယိုများ၊ ထမင်းပေါင်းအိုးများ၊ အသံဖမ်းစက်များနှင့် လေအေးပေးစက်များ ထုတ်လုပ်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ကို့နို့ဆုကဲ့ မတ်ဆုရှိတသည် သူ၏လုပ်ငန်းမှအနားယူခဲ့ပြီး သားမက်ဖြစ်သူ မဆဟရု မတ်ဆုရှိတ (Masaharu Matsushita) က ဥက္ကဌဖြစ်လာသည်။
၁၉၆၀ ပြည့်လွန်ကာလများတွင် ကုမ္ပဏီ၏ အလုပ်ရက် ၅ ရက်သတ်မှတ်ပေးခဲ့ပြီး လစာကို လုပ်သက်ဖြင့် မသတ်မှတ်တော့ဘဲ ရာထူးဖြင့်သာ ပြောင်းလဲသတ်မှတ်ခဲ့သည်။
ကို့နို့ဆုကဲ့ မတ်ဆုရှိတသည် ၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီ ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ကုမ္ပဏီအမည် Matsushita ဟူသော အမည်ကို မသုံးစွဲတော့ဘဲ ပြောင်းလဲလိုက်သည်။
လျှပ်ကာပြား ၁၀၀၀ အမှာစာမှ စတင်ခဲ့သော ကုမ္ပဏီငယ်လေးသည် နှစ်ပေါင်း ၁၀၀ ကြာမြင့်ပြီး ယနေ့အခါတွင်ကား ဝန်ထမ်းပေါင်း ၂၇၃,၀၀၀ ဦးရှိကာ နှစ်စဉ်ရောင်းအား ကန်ဒေါ်လာ ၈၀ ဘီလီယံအထိ ရှိသော ကမ္ဘာကျော် ကုမ္ပဏီကြီးတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထိုကုမ္ပဏီ၏ အမည်ကား Panasonic ဟုခေါ်လေသည်။
ကုမ္ပဏီ၏ ထုတ်ကုန်များမှာ ယခုအခါ တစ်ကမ္ဘာလုံးတွင် ရောင်းချနေပြီ ဖြစ်၏။
ထိုအရာအားလုံးကို အတန်းပညာ၊ ငွေကြေးမရှိသူတစ်ဦးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။
သူ့တွင်ရှိသည်မှာ မိမိကိုယ်ကို ယုံကြည်မှုတစ်ခုတည်းသာ…။ ဤသည်ကား ကို့နို့ဆုကဲ့ မတ်ဆုရှိတ၏ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းဖြစ်လေသည်။
ကို့နို့ဆုကဲ့ မတ်ဆုရှိတသည် Matsushita Electric Industrial Company, Ltd (နောင်အခါတွင် Panasonic ဟု အမည်ပြောင်းခဲ့) ကို တည်ထောင်ခဲ့သူ ဖြစ်၏။
Panasonic သည် ယနေ့အခါ ကမ္ဘာပေါ်တွင် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် အကြီးမားဆုံးကုမ္ပဏီကြီးများတွင် တစ်ခုအပါအဝင်ဖြစ်နေပြီ ဖြစ်သည်။
(ကို့နို့ဆုကဲ့၏ ဘဝဖြတ်သန်းမှုမှ ရရှိသော သင်ခန်းစာ)
အောင်မြင်မှုဟူသည်မှာ သင်မည်မျှပညာတတ်သည်၊ သင်မည်မျှငွေအရင်းအနှီးရှိသည်နှင့် မဆိုင်။
အောင်မြင်မှုသည် မိမိကိုယ်မိမိ ယုံကြည်ချက်ပေါ်တွင်သာ မူတည်လေသည်။
သင်သည် အောင်မြင်မှုကို ရှာဖွေနေသူတစ်ဦးဆိုပါက အခြားမည်သူမှ သင့်ကို မယုံသည့်တိုင် “သင့်ကိုယ်သင် ယုံကြည်မှု ခိုင်ခိုင်မာမာရှိပါစေ”။
အခြားသူများလက်လျှော့သွားသည့်တိုင် အရှုံးမပေးပါနှင့်။
အံ့ဖွယ်ပြောင်းလဲပေးမည့် အခွင့်အလမ်းတစ်ခုကို စောင့်ပါ။
(ရွှေကြောသို့ ၃ ပေအကွာ)
တစ်ခါက အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေတူးခြင်း အလွန်ခေတ်စားခဲ့ချိန်က ဖြစ်သည်။
ရွှေတွင်းသမားတစ်ဦးသည် လပေါင်းများစွာ တူးဖော်နေသည့်တိုင် ရွှေမတွေ့သဖြင့် စိတ်ပျက်ကာ သူ၏ ရွှေတွင်းကို အခြားတစ်ဦးထံ ရောင်းချခဲ့လေသည်။
၎င်းထံမှ ဝယ်ယူသူက ဆက်လက်တူးဖော်ရာ ရောင်းချသွားသူ တူးထားခဲ့သည့်နောက်ဆုံးနေရာမှ ၃ ပေသာ ဆက်လက်တူးဖော်ခဲ့ရပြီး ရွှေကြောကြီး တွေ့ခဲ့သည်ဟု ဆိုသည်။
ပထမရွှေတွင်းတူးသူမှာ ရွှေကြောမှ ၃ ပေအကွာတွင် လက်လျှော့သွားခဲ့ခြင်း ဖြစ်၏။
ဤလောကကြီးတွင် ရွှေကြောမှ ၃ ပေအလိုတွင် လက်လျှော့နောက်ဆုတ်သွားသူများ လွန်စွာများပြားလှသည်။
ခက်ခဲကြမ်းတမ်းလွန်းသောကြောင့်ဟုဆိုကာ မည်သည့်အခါမှ လက်မလျှော့ပါနှင့်။
နောက်ဆုံး ၃ ပေသို့ ရောက်ချိန်များမှာ များစွာကြမ်းတမ်း ခက်ခဲနိုင်ပါသည်။
သို့သော် ကာလကြာရှည် ရုန်းကန်ဖြတ်သန်းခဲ့ရမှုများ လုပ်ဆောင်ခဲ့ပြီးမှ ခက်ခဲမှုကြောင့် နောက်ဆုတ်မည်ဆိုလျှင် သင့်ရှေ့လက်တစ်ကမ်း ၃ ပေအကွာမှ အောင်မြင်မှုကြီးနှင့် လွဲချော်သွားရတော့မည် ဖြစ်လေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Konosuke Matsushita (Panasonic Founder) True Inspiring real-life story (entrepreneur)
[Zawgyi]
အတန္းပညာ၊ ေငြေၾကးမရွိဘဲ ကမၻာေပၚမွာ လူတိုင္းသိတဲ့ကုမၸဏီတစ္ခု တည္ေထာင္ႏိုင္မလား(သို႔မဟုတ္) ကို႔ႏို႔ဆုကဲ့ မတ္ဆုရွိတ
တစ္ခါက ဂ်ပန္ႏိုင္ငံရွိ လယ္ေတာရြာငယ္ကေလးတစ္ခုတြင္ ကို႔ႏို႔ဆုကဲ့ မတ္ဆုရွိတအမည္ရွိ ကေလးငယ္တစ္ဦး ေမြးဖြားလာသည္။
သူတုိ႔မိသားစုမွာ အလြန္တရာဆင္းရဲၾကျပီး အိမ္ငယ္ေလးတစ္ခုတြင္ စုစည္းေနထိုင္ရကာ ဝင္ေငြမွာလည္း လြန္စြာနည္းပါးလွသည္။
ကို႔ႏို႔ဆုကဲ့ မတ္ဆုရွိတ ၉ ႏွစ္သားအရြယ္ေရာက္ခ်ိန္တြင္ မိဘမ်ား ကြယ္လြန္သြားေသာေၾကာင့္ ေက်ာင္းထြက္လိုက္ရျပီး မိသားစုကို ေထာက္ပံ့ႏိုင္ရန္ ေစ်းဆိုင္ကေလးတစ္ခုတြင္ အလုပ္ဝင္လုပ္ရသည္။
သူ႔အရြယ္ အျခား ၉ ႏွစ္သား ကေလးငယ္မ်ား ကစားစရာမ်ားျဖင့္ ေဆာ့ကစားေနခ်ိန္တြင္ ကို႔ႏို႔ဆုကဲ့မွာ ဆင္းရဲပင္ပန္းစြာ အလုပ္လုပ္ရရွာသည္။
အနည္းငယ္အရြယ္ေရာက္လာခ်ိန္တြင္ ဟိဘခ်ိ စက္ဘီးကုမၸဏီတြင္ အလုပ္သင္အျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။
ေနာင္ႏွစ္ အနည္းငယ္ၾကာေသာအခါ ကံၾကမၼာက ကို႔ႏို႔ဆုကဲ့အား ဘဝလမ္းေၾကာင္းသစ္ကို ျပသေပးခဲ့သည္။
အို႔ဆက လွ်ပ္စစ္မီးလံုးကုမၸဏီ (Ōsaka Electric Light Company) တြင္ အလုပ္တစ္ခု ရခဲ့ျခင္း ျဖစ္၏။
အိုဆကတြင္ အလုပ္လုပ္ရင္း လွ်ပ္စစ္မီးလံုးမ်ားႏွင့္ မီးသီးေခါင္းမ်ားကို စိတ္ဝင္စားလာသည္။
သို႔ေၾကာင့္ ညတိုင္းေလ့လာမႈမ်ားျပဳလုပ္ကာ ကိုယ္ပိုင္လွ်ပ္စစ္မီးေခါင္းမ်ား စမ္းသပ္ၾကည့္ခဲ့သည္။
တစ္ေန႔တြင္ကား ပိုမိုေကာင္းမြန္ေသာ လွ်ပ္စစ္မီးေခါင္းတစ္ခုကို ဖန္တီးႏိုင္ခဲ့သည္။
ကို႔ႏို႔ဆုကဲ့လည္း လြန္္စြာစိတ္လႈပ္ရွားခဲ့ျပီး သူတီထြင္ထားေသာ မီးေခါင္းကို သူ႔အထက္ အၾကီးအကဲ (supervisor) အား ျပခဲ့၏။
သို႔ေသာ္ အထက္အၾကီးအကဲက အထင္မၾကီးသည့္အျပင္ ေစ်းကြက္တြင္ ထိုပံုစံမ်ား အလုပ္ျဖစ္မည္မဟုတ္ေၾကာင္း ေျပာလိုက္၏။ သူေဌး၏ ျငင္းပယ္ခံလုိက္ရေသာ္လည္း ကို႔ႏို႔ဆုကဲ့က သူတီထြင္ထားသည့္အရာအေပၚ ယံုၾကည္ခ်က္ရွိသည္။
ထို႔ေၾကာင့္ ကိုယ္ပိုင္ဖန္တီးမႈမ်ား ျပဳလုပ္လိုသျဖင့္ ကိုယ္ပိုင္ကုမၸဏီတစ္ခု တည္ေထာင္လိုလာသည္။
သို႔ႏွင့္ သူငယ္ခ်င္းမ်ားအား အတူပူးေပါင္းပါဝင္ရန္ေျပာေသာ္လည္း သူ၏သူငယ္ခ်င္းမ်ားက ၎တို႔၏အလုပ္မ်ားမွ မထြက္ႏို္င္ေၾကာင္း ေျပာၾကသည္။
ထို႔အျပင္ ကို႔ႏို႔ဆုကဲ့ကိုလည္း ကိုယ္ပိုင္ကုမၸဏီမဖြင့္ရန္ အၾကံျပဳၾက၏။
ကို႔ႏို႔ဆုကဲ့တြင္ အေတြ႔အၾကံဳမရွိ၊ ေငြလည္းမရွိ၊ အတန္းပညာလည္းမရွိ။
သို႔ေသာ္ မိမိကိုယ္မိမိ ယံုၾကည္မႈ ရွိသည္။
အသက္ ၂၂ ႏွစ္အရြယ္သို႔ ေရာက္ခ်ိန္တြင္ ကို႔ႏို႔ဆုကဲ့ ဆံုးျဖတ္ခ်က္တစ္ခု ခိုင္ခိုင္မာမာခ်လိုက္သည္။
အိုဆက ကုမၸဏီမွထြက္ကာ ဇနီး၊ ေယာက္ဖတို႔၏ အကူအညီမ်ားျဖင့္ ကိုယ္ပိုင္လွ်ပ္စစ္ပစၥည္း ထုတ္လုပ္ေရး ကုမၸဏီတစ္ခု တည္ေထာင္ရန္ ဆံုးျဖတ္လိုက္သည္။
ထိုသုိ႔ ဆံုးျဖတ္ခ်ိန္တြင္ပင္ အိုဆက ကုမၸဏီက သူ႔အား လွ်ပ္စစ္ပိုင္းစစ္ေဆးေရးအရာရွိအျဖစ္ ရာထူးတိုးေပးခဲ့ေသာ္လည္း ကို႔ႏို႔ဆုကဲ့မွာ အလုပ္ထြက္ရန္သာ ဆံုးျဖတ္ခဲ့သည္။
သို႔ျဖင့္ ကို႔ႏို႔ဆုကဲ့ႏွင့္ ဇနီးသည္ သူတို႔၏ေနအိမ္ငယ္ေလးတြင္ပင္ ကိုယ္ပိုင္ကုမၸဏီကေလးတစ္ခု စတင္တည္ေထာင္ကာ လွ်ပ္စစ္မီးေခါင္းမ်ား စတင္ထုတ္လုပ္ခဲ့သည္။ ထိုေန႔ကား ၁၉၁၈ ခုႏွစ္၊ မတ္လ ၇ ရက္ ျဖစ္ေလသည္။ ထိုအခ်ိန္တြင္ ကုိ႔ႏို႔ဆုကဲ့မွာ အသက္ ၂၃ ႏွစ္ရွိေနျပီ ျဖစ္၏။
ဤေနရာတြင္ ကု႔ိႏုိ႔ဆုကဲ့တို႔ေနထိုင္သည့္အိမ္ကေလးအေၾကာင္း အနည္းငယ္ေျပာပါဦးမည္။
ကို႔ႏို႔ဆုကဲ့ႏွင့္ ဇနီးျဖစ္သူ မုမဲ့ႏို႔ လူး၊ ဇနီး၏ ဆယ္ေက်ာ္သက္အရြယ္ေမာင္ေလး တို႔ရွိယို႔တို႔ ပူးေပါင္းေနထိုင္ သည့္ ေနအိမ္မွာ ဆင္းရဲသားရပ္ကြက္မ်ားတြင္ ေတြ႔ရေလ့ရွိေသာ အခန္းငယ္အမ်ားအျပား ကန္႔ထားသည့္ တုိက္အိမ္မ်ဳိးျဖစ္သည္။ ထို႔ေနာက္ တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ လိုက္လံေရာင္းခ်၏။ သို႔ေသာ္ မည္သည့္ဆိုင္ရွင္ကမွ် ကို႔ႏို႔ဆုကဲ့၏ ထုတ္ကုန္ကို စိတ္မဝင္စား၊ မွာယူျခင္းမျပဳေခ်။
လေပါင္းမ်ားစြာၾကာသြားခ်ိန္ထိ ကို႔ႏို႔ဆုကဲ့၏ လွ်ပ္စစ္မီးေခါင္း တစ္ခုတစ္ေလပင္ ေရာင္းရျခင္းမရွိေပ။
ကို႔ႏို႔ဆုကဲ့လည္း ေငြေၾကးအလြန္က်ပ္တည္းလာျပီး ေန႔စဥ္စားစရိတ္ရရန္အတြက္ အိမ္ေထာင္ပရိေဘာဂ မ်ား ေရာင္းခ်ျခင္း၊ ေငြေခ်းျခင္းတို႔ျဖင့္ ဆက္လက္က်ားကန္ထားခဲ့သည္။
ထိုသု႔ိ အေျခအေနဆိုးရြားလာသျဖင့္ မိမိအိပ္မက္ကိုရပ္ကာ မူလအလုပ္သို႔ ျပန္ဝင္ရန္ပင္ ေတြးေတာမိလာသည္။
သို႔ေစကာမူ မနက္မိုးလင္းေနျခည္သန္းလာခ်ိန္မ်ဳိးတြင္ ကို႔ႏို႔ဆုကဲ့၏ စိတ္ဖိစီးမႈမ်ား ကင္းေနတတ္ျပီး အမွာစာမ်ား ေမွ်ာ္လင့္ေစာင့္စားေနေလ့ရွိကာ တစ္ေန႔တာကို ထပ္မံျဖတ္သန္းျပန္သည္။
ေနာက္ဆံုးတြင္ကား သူ႔အိပ္မက္ကို လက္ေလွ်ာ့လိုက္ရေတာ့မည့္ ေနာက္ဆံုးအခ်ိန္သို႔ ေရာက္လာသည္။
ထိုအခ်ိန္တြင္ပင္ အ့ံဘြယ္ျဖစ္ရပ္တစ္ခုႏွင့္ ၾကံဳေတြ႔ရ၏။ ကို႔ႏို႔ဆုကဲ့ မတ္ဆုရွိတ ေရာင္းခ်ရန္ ၾကိဳးစားေနေသာ မီးေခါင္းအစား ပန္ကာ လွ်ပ္ကာျပား ၁၀၀၀ အမွာစာ ရရွိလာသည္။
ကို႔ႏို႔ဆုကဲ့၏ အိပ္မက္ တကယ္ျဖစ္လာခဲ့ျပီ။
ထိုအမွာစာပစၥည္းမ်ားထုတ္လုပ္ရန္အတြက္ ကို႔ႏို႔ဆုကဲ့တုိ႔ ၃ ဦးသား ပိုမိုက်ယ္ဝန္းသည့္အိမ္တစ္လံုးသို႔ ေျပာင္းေရႊ႕လိုက္ၾကကာ ထုတ္လုပ္မႈမ်ား စတင္ခဲ့သည္။
ထိုေန႔မွစတင္ကာ မတ္ဆုရွိတ လွ်ပ္စစ္အိမ္သံုးပစၥည္းထုတ္လုပ္ေရးကုမၸဏီ စတင္ေမြးဖြားေလသည္။
ကို႔ႏို႔ဆုကဲ့သည္ ထုတ္လုပ္မႈနယ္ပယ္ခ်ဲ႕လိုက္ျပီး 2 way မီးေခါင္းကိုလည္း ထုတ္လုပ္ခဲ့သည္။ ထိုသို႔ ထုတ္လုပ္ရာတြင္ အသံုးျပဳျပီးျဖစ္ေသာ မီးေခါင္းမ်ားမွ ဝက္အူမ်ား စုေဆာင္းရယူကာ ထုတ္လုပ္ခဲ့ျခင္းျဖစ္၏။
၁၉၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ကား ၎တို႔၏ ကုမၸဏီတြင္ ဝန္ထမ္း ၂၀ ဦးရွိေနျပီ ျဖစ္သည္။
ကုမၸဏီသက္တမ္း ၂ ႏွစ္အၾကာတြင္ ဝန္ထမ္းအင္အား ၂၈ ဦးရွိလာသည္။
၁၉၂၂ ခုႏွစ္ ႏွစ္ကုန္တြင္ ဝန္ထမ္းအင္အား ၅၀ ဦးအျပင္ ထုတ္လုပ္ေရးစက္ရံုသစ္တစ္ခု ရွိလာခဲ့သည္။
၁၉၃၀ ဝန္းက်င္တြင္ ၎တို႔ ထုတ္လုပ္ထားသည့္ ကုန္ေခ်ာမ်ား စုပံုမ်ားျပားလာေသာေၾကာင့္ ကို႔ႏို႔ဆုကဲ့က ဆံုးျဖတ္ခ်က္တစ္ခု ခ်ရသည္။ ထုတ္လုပ္မႈ ထက္ဝက္ေလွ်ာ့ခ်ရန္၊ သို႔ေသာ္ ဝန္ထမ္းတစ္ဦးမွ အလုပ္မထုတ္ရန္ ဆံုးျဖတ္ခဲ့၏။
“အလုပ္သမားတစ္ေယာက္မွ မထုတ္ဘဲ ထုတ္လုပ္မႈကို ထက္ဝက္ေလွ်ာ့ပါမယ္။ ဒါေပမယ့္ သူတို႔ကို ေန႔ဝက္ပဲ အလုပ္လုပ္ေစမွာ ျဖစ္ပါတယ္။ လက္႐ွိ သူတို႔ရေနတဲ့ လုပ္ခအတိုင္းပဲ ကြၽန္ေတာ္တို႔ ဆက္ေပးသြားပါမယ္။ ဒါေပမယ့္ ပိတ္ရက္ေတာ့ရလိမ့္မွာ မဟုတ္ပါဘူး”ဟု ကို႔ႏို႔ဆုကဲ့က ေျပာခဲ့သည္။
ကို႔ႏို႔ဆုကဲ့၏ အစီအမံမွာ အလုပ္ျဖစ္ခဲ့သည္။ ထိုအခ်ိန္ကာလက ကို႔ႏို႔ဆုကဲ့၏ ကုမၸဏီမွာ မီးပူႏွင့္ ေရဒီယိုမ်ား ထုတ္လုပ္ေနခ်ိန္ ျဖစ္သည္။
၁၉၃၅ ခုႏွစ္တြင္ ကုမၸဏီ၏ ဝန္ထမ္းအင္အားမွာ ၃၅၀၀ ဦးခန္႔႐ွိေနၿပီျဖစ္ကား ထုတ္ကုန္အမ်ိဳးအစားေပါင္း ၆၀၀၀ ခန္႔ ထုတ္လုပ္ေနၿပီ ျဖစ္သည္။
ဒုတိယကမ႓ာစစ္ႀကီးအတြင္းတြင္ကာ စစ္သုံးထုတ္ကုန္မ်ားထုတ္လုပ္ခဲ့ရာ သစ္ေလယာဥ္ ၃ စင္း၊ သစ္သေဘၤာ ၅၆ စင္းတို႔ ပါဝင္သည္။
စစ္ေဘးေၾကာင့္ ကုမၸဏီ၏ ျပည္တြင္းျပည္ပ စက္ရံုႏွင့္ ရံုးခန္းေပါင္း ၃၂ ခု ပ်က္စီးဆံုးရံႈးသြားခဲ့သည္။
ဂ်ပန္အစိုးရက ၎တို႔မွာယူခဲ့ေသာစစ္သံုးပစၥည္းမ်ားအတြက္ ကို႔ႏို႔ဆုကဲ့၏ ကုမၸဏီအား ေငြမရွင္းႏိုင္ခဲ့ရာ ၎တို႔ကုမၸဏီမွာ မ်ားစြာက်ပ္တည္းသြားခဲ့ရသည္။
စစ္အျပီးတြင္ကား အသင့္တပ္ဆင္ေနထိုင္ႏိုင္သည့္ prefabricated သစ္အိမ္မ်ား ထုတ္လုပ္ကာ ကုမၸဏီ ဆက္လက္ရပ္တည္ႏိုင္ရန္ ၾကိဳးစားခဲ့ရသည္။
၁၉၄၅ ခုႏွစ္မွ ၁၉၅၉ ခုႏွစ္အၾကားတြင္ကား အဝတ္ေလွ်ာ္စက္၊ အျဖဴအမည္း ရုပ္ျမင္သံၾကားစက္မ်ား၊ ေရခဲေသတၱာမ်ား၊ ေရဒီယိုမ်ား၊ ထမင္းေပါင္းအိုးမ်ား၊ အသံဖမ္းစက္မ်ားႏွင့္ ေလေအးေပးစက္မ်ား ထုတ္လုပ္ခဲ့သည္။
၁၉၆၁ ခုႏွစ္တြင္ ကို႔ႏို႔ဆုကဲ့ မတ္ဆုရွိတသည္ သူ၏လုပ္ငန္းမွအနားယူခဲ့ျပီး သားမက္ျဖစ္သူ မဆဟရု မတ္ဆုရွိတ (Masaharu Matsushita) က ဥကၠဌျဖစ္လာသည္။
၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္ ကုမၸဏီ၏ အလုပ္ရက္ ၅ ရက္သတ္မွတ္ေပးခဲ့ျပီး လစာကို လုပ္သက္ျဖင့္ မသတ္မွတ္ေတာ့ဘဲ ရာထူးျဖင့္သာ ေျပာင္းလဲသတ္မွတ္ခဲ့သည္။
ကို႔ႏို႔ဆုကဲ့ မတ္ဆုရွိတသည္ ၁၉၈၉ ခုႏွစ္၊ ဧျပီလ ၂၇ ရက္တြင္ ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၄ ႏွစ္ရွိျပီ ျဖစ္သည္။ ၂၀၀၈ ခုႏွစ္တြင္ ကုမၸဏီအမည္ Matsushita ဟူေသာ အမည္ကို မသံုးစြဲေတာ့ဘဲ ေျပာင္းလဲလိုက္သည္။
လွ်ပ္ကာျပား ၁၀၀၀ အမွာစာမွ စတင္ခဲ့ေသာ ကုမၸဏီငယ္ေလးသည္ ႏွစ္ေပါင္း ၁၀၀ ၾကာျမင့္ျပီး ယေန႔အခါတြင္ကား ဝန္ထမ္းေပါင္း ၂၇၃,၀၀၀ ဦးရွိကာ ႏွစ္စဥ္ေရာင္းအား ကန္ေဒၚလာ ၈၀ ဘီလီယံအထိ ရွိေသာ ကမၻာေက်ာ္ ကုမၸဏီၾကီးတစ္ခု ျဖစ္ေနျပီ ျဖစ္သည္။ ထိုကုမၸဏီ၏ အမည္ကား Panasonic ဟုေခၚေလသည္။
ကုမၸဏီ၏ ထုတ္ကုန္မ်ားမွာ ယခုအခါ တစ္ကမၻာလံုးတြင္ ေရာင္းခ်ေနျပီ ျဖစ္၏။
ထိုအရာအားလံုးကို အတန္းပညာ၊ ေငြေၾကးမရွိသူတစ္ဦးက လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေလသည္။
သူ႔တြင္ရွိသည္မွာ မိမိကိုယ္ကို ယံုၾကည္မႈတစ္ခုတည္းသာ…။ ဤသည္ကား ကို႔ႏို႔ဆုကဲ့ မတ္ဆုရွိတ၏ ျဖစ္ရပ္မွန္ ဘဝဇာတ္ေၾကာင္းျဖစ္ေလသည္။
ကို႔ႏို႔ဆုကဲ့ မတ္ဆုရွိတသည္ Matsushita Electric Industrial Company, Ltd (ေနာင္အခါတြင္ Panasonic ဟု အမည္ေျပာင္းခဲ့) ကို တည္ေထာင္ခဲ့သူ ျဖစ္၏။
Panasonic သည္ ယေန႔အခါ ကမၻာေပၚတြင္ လွ်ပ္စစ္ပစၥည္းထုတ္လုပ္သည့္ အၾကီးမားဆံုးကုမၸဏီၾကီးမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေနျပီ ျဖစ္သည္။
(ကို႔ႏို႔ဆုကဲ့၏ ဘဝျဖတ္သန္းမႈမွ ရရွိေသာ သင္ခန္းစာ)
ေအာင္ျမင္မႈဟူသည္မွာ သင္မည္မွ်ပညာတတ္သည္၊ သင္မည္မွ်ေငြအရင္းအႏွီးရွိသည္ႏွင့္ မဆိုင္။
ေအာင္ျမင္မႈသည္ မိမိကိုယ္မိမိ ယံုၾကည္ခ်က္ေပၚတြင္သာ မူတည္ေလသည္။
သင္သည္ ေအာင္ျမင္မႈကို ရွာေဖြေနသူတစ္ဦးဆိုပါက အျခားမည္သူမွ သင့္ကို မယံုသည့္တိုင္ “သင့္ကိုယ္သင္ ယံုၾကည္မႈ ခိုင္ခိုင္မာမာရွိပါေစ”။
အျခားသူမ်ားလက္ေလွ်ာ့သြားသည့္တိုင္ အရံႈးမေပးပါႏွင့္။ အံ့ဖြယ္ေျပာင္းလဲေပးမည့္ အခြင့္အလမ္းတစ္ခုကို ေစာင့္ပါ။
(ေရႊေၾကာသို႔ ၃ ေပအကြာ)
တစ္ခါက အေမရိကန္ျပည္၊ ကယ္လီဖုိးနီးယားျပည္နယ္တြင္ ေရႊတူးျခင္း အလြန္ေခတ္စားခဲ့ခ်ိန္က ျဖစ္သည္။
ေရႊတြင္းသမားတစ္ဦးသည္ လေပါင္းမ်ားစြာ တူးေဖာ္ေနသည့္တိုင္ ေရႊမေတြ႔သျဖင့္ စိတ္ပ်က္ကာ သူ၏ ေရႊတြင္းကို အျခားတစ္ဦးထံ ေရာင္းခ်ခဲ့ေလသည္။
၎ထံမွ ဝယ္ယူသူက ဆက္လက္တူးေဖာ္ရာ ေရာင္းခ်သြားသူ တူးထားခဲ့သည့္ေနာက္ဆံုးေနရာမွ ၃ ေပသာ ဆက္လက္တူးေဖာ္ခဲ့ရျပီး ေရႊေၾကာၾကီး ေတြ႔ခဲ့သည္ဟု ဆိုသည္။
ပထမေရႊတြင္းတူးသူမွာ ေရႊေၾကာမွ ၃ ေပအကြာတြင္ လက္ေလွ်ာ့သြားခဲ့ျခင္း ျဖစ္၏။
ဤေလာကၾကီးတြင္ ေရႊေၾကာမွ ၃ ေပအလိုတြင္ လက္ေလွ်ာ့ေနာက္ဆုတ္သြားသူမ်ား လြန္စြာမ်ားျပားလွသည္။
ခက္ခဲၾကမ္းတမ္းလြန္းေသာေၾကာင့္ဟုဆုိကာ မည္သည့္အခါမွ လက္မေလွ်ာ့ပါႏွင့္။
ေနာက္ဆံုး ၃ ေပသို႔ ေရာက္ခ်ိန္မ်ားမွာ မ်ားစြာၾကမ္းတမ္း ခက္ခဲႏိုင္ပါသည္။
သို႔ေသာ္ ကာလၾကာရွည္ ရုန္းကန္ျဖတ္သန္းခဲ့ရမႈမ်ား လုပ္ေဆာင္ခဲ့ျပီးမွ ခက္ခဲမႈေၾကာင့္ ေနာက္ဆုတ္မည္ဆိုလွ်င္ သင့္ေရွ႕လက္တစ္ကမ္း ၃ ေပအကြာမွ ေအာင္ျမင္မႈၾကီးႏွင့္ လြြဲေခ်ာ္သြားရေတာ့မည္ ျဖစ္ေလသည္။
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Konosuke Matsushita (Panasonic Founder) True Inspiring real-life story (entrepreneur)