ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
တစ်ခါတလေတွေးကြည့်မိသည်။ဖေဖေ့ကြောင့် ကျွန်တော်ဟာ ကဗျာမျိုးစေ့တွေ ရခဲ့လေသလားမသိပါ။ ကဗျာတွေကိုချစ်သည်။
ကဗျာတွေကိုရှာဖွေဖတ်ရှုရခြင်းကိုလည်း နှစ်သက်သည်။အလွတ်ကျက်ထားသင့်သည့် ကဗျာများကိုလည်း အလွတ်ကျက်ထားမိသည်။နှစ်သက်လို့ အလွတ်ကျက်ခြင်းလည်းဖြစ်သည်။
အကြောင်းအရာတစ်ခုခုကို တွေ့မိမြင်မိလျှင် ကဗျာပုံစံဖြင့်သာ ပုံဖော်ကြည့်မိတတ်သည်။ စိတ်ကစားတတ်သည့် အရွယ်တွင် အချစ်ကဗျာလေးများကိုရေးဖြစ်သည်။နှလုံးသားက အနည်းငယ်တည်ငြိမ်လာသည့်အခါ သဘာဝ လောကဓမ္မတို့ကိုကြည့်ပြီး ဒဿနကဗျာတို့ကို ရေးဖြစ်ခဲ့သည်။
ဆောင်းအကုန်နွေအကူး သစ်ရွက်တွေကြွေကျသည့် မြင်ကွင်း၊ထို့နောက် ရွက်ဟောင်းတွေ ကုန်စင်ပြီးမှ ရွက်နုတို့ပေါ်သစ်နေသည့် မြင်ကွင်း၊တစ်ပင်တည်းမှာပင် ရွက်ဟောင်းရွက်နု ရောနေသည့်မြင်ကွင်းတို့က မိမိ၏ နှလုံးသားကို စကားတို့ပြောစေသည်။
ညအချိန် ကြည်လင်သောကောင်းကင်ပြင်ကြီးမှာ ကြယ်တွေရဲ့ အခြံအရံနှင့်ဖိုးလမင်းကြီးသာနေသည်ကို ကြည့်ပြီးလည်းကောင်း၊ဖိုးလမင်းကြီးမရှိဘဲ ကြယ်တွေပဲ ကွန့်မြူးနေတဲ့ ညတွေမှာလည်းကောင်း ရင်ထဲမှာ ကဗျာတို့ဖြစ်တည်လာတတ်သည်။အဆိုပါမြင်ကွင်းတို့က ကဗျာတို့ကို ဖွဲ့သီစေသည်။
ကဗျာဖွဲ့ဖို့ကလည်း ကဗျာလေးတွေ အာဂုံရထားမှ။နည်းစနစ်တွေလည်း အနည်းအကျဉ်းသိထားပါမှ လှပသည့်ကဗျာလေးအဖြစ် ဖန်တီးနိုင်ပါလိမ့်မည်။
လူတိုင်းရဲ့ရင်ထဲမှာ တစ်ချိန်မဟုတ်တစ်ချိန်တော့ ကဗျာလေးတွေ ဖြစ်ပေါ်တတ်ကြသည်။ နောက်ပိုင်း ကျောင်းမှာ သင်ခဲ့ရသည့် ကဗျာတို့ကိုပင်မေ့သွားကြသည့် အဖြစ်တောင်ရောက်ကုန်သည်။
နံနက်ခင်းရဲ့ ရှုခင်းတစ်ရပ်က ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ကိုဖြစ်ပေါ်လာစေသည်။ ဝရန်တာမှာ ရှိသည့်ပန်းအိုးမှ စံပယ်ပင်တို့တွင် ပန်းတို့သည် ဖူးတချို့ငုံတချို့နှင့်ပွင့်သောပန်းတို့လည်းရှိနေကြသည်။ လမ်းပေါ်တွင်လည်း ကျောင်းစိမ်းလုံချည် အင်္ကျီဖြူနှင့် ကျောင်းသွားနေကြသည့် ကလေးငယ်များ။ ဒီမြင်ကွင်း ကျွန်တော့်ရင်မှာ စကားတွေပြောလာစေသည်။အထူးသဖြင့် ကဗျာစကားတွေဖြစ်သည်။
ရင်ထဲကဖြစ်လာသည့် ကဗျာကို နှုတ်ဖျားကရွတ်ကြည့်သည်။ မြင်ကွင်းနှစ်ခုကို ယှဉ်နှိုင်းပြီးပုံဖော်မိသည်။ ကာရန်လေးတွေညှိလိုက် ရွတ်လိုက်နှင့် ကာရန်လေးတွေပေါ်ပြီး ညီညွတ်သည့်ကဗျာလေးတစ်ပုဒ်အဖြစ် ရရှိသွားသည်။ကဗျာလေးက...........
“ကျောင်းစိမ်းဖြူ”
*အရွက်စိမ်းစိမ်းအပေါ်မှာ
အပွင့်ဖြူများဟာ
ရင်ဝယ်ကြိုင်စွ ရနံ့သင်း
စံပယ်ပန်းတစ်ခင်း။
*နံ့နက်လင်းရင် လမ်းပေါ်မှာ
ကျောင်းစိမ်းဖြူဝတ်ကာ။
အနာဂတ်တွက် ရည်ရွယ်ရင်း
ကျောင်းသွားဖော်တစ်သင်း။
*စာသင်ခန်းသို့ ဝင်ရောက်ခါ
ပညာနို့သောက်ပါ။
အားအင်သစ်လို့ အမြင်တိုး
တိုင်ပြည်ရှေ့အကျိုး။
*အနာဂတ်ရဲ့ စွမ်းအားရှင်
ကိုယ့်ကိုယ်ကိုယ်ဂုဏ်တင်။
စိတ်ဓာတ်မြှင့်တင် အသိနွေး
တိုင်းပြည်ကောင်းစားရေး။
*ကြိုးစားစမ်းပါ ညီတို့ရာ
ကမ္ဘာမှာမြန်မာ။
အနာဂတ်တွက် တို့ရင်သွေး
ကျောင်းစိမ်းဖြူကလေး။
ဒီကဗျာလေးကို မဂ္ဂဇင်းကြီးတစ်ခုတွင်ပေးပို့ရာ ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရသည်။
ဖေဖေကြောင့် ကဗျာမျို့စေ့တို့ ကျွန်တော်ရရှိခဲ့သည်။ကျွန်တော့်ရင်က ဖြစ်တည်လာသည့် ဒီကဗျာလေးတွေကို သမီးလေးကို ပြန်ရွတ်ပြမည်။သမီးရင်မှာ ကဗျာမျိုးစေ့တို့ တည်စေ့မည်။
ရှေ့ ရှေးက ကျွန်တော်တို့ချစ်ခင်လေးစားခဲ့ရသည့် ကဗျာဝိဓူဘိုးအေကြီးတို့၏ ကဗျာများကိုလည်း နှစ်သက်မြတ်နိုးအောင် ကျွန်တော့်သမီးလေးကို ရွတ်ဆိုပြသ သင်ကြားပေးရပါဦးမည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေဖေဖရြတ္၍ ရခဲ့ေသာ ႏွလုံးလွကဗ်ာမ်ား (၅)
တစ္ခါတေလေတြးၾကည့္မိသည္။ေဖေဖ့ေၾကာင့္ ကၽြန္ေတာ္ဟာ ကဗ်ာမ်ိဳးေစ့ေတြ ရခဲ့ေလသလားမသိပါ။ ကဗ်ာေတြကိုခ်စ္သည္။
ကဗ်ာေတြကိုရွာေဖြဖတ္ရႈရျခင္းကိုလည္း ႏွစ္သက္သည္။အလြတ္က်က္ထားသင့္သည့္ ကဗ်ာမ်ားကိုလည္း အလြတ္က်က္ထားမိသည္။ႏွစ္သက္လို႔ အလြတ္က်က္ျခင္းလည္းျဖစ္သည္။
အေၾကာင္းအရာတစ္ခုခုကို ေတြ႔မိျမင္မိလွ်င္ ကဗ်ာပုံစံျဖင့္သာ ပုံေဖာ္ၾကည့္မိတတ္သည္။ စိတ္ကစားတတ္သည့္ အရြယ္တြင္ အခ်စ္ကဗ်ာေလးမ်ားကိုေရးျဖစ္သည္။ႏွလုံးသားက အနည္းငယ္တည္ၿငိမ္လာသည့္အခါ သဘာဝ ေလာကဓမၼတို႔ကိုၾကည့္ၿပီး ဒႆနကဗ်ာတို႔ကို ေရးျဖစ္ခဲ့သည္။
ေဆာင္းအကုန္ေႏြအကူး သစ္ရြက္ေတြေၾကြက်သည့္ ျမင္ကြင္း၊ထို႔ေနာက္ ရြက္ေဟာင္းေတြ ကုန္စင္ၿပီးမွ ရြက္ႏုတို႔ေပၚသစ္ေနသည့္ ျမင္ကြင္း၊တစ္ပင္တည္းမွာပင္ ရြက္ေဟာင္းရြက္ႏု ေရာေနသည့္ျမင္ကြင္းတို႔က မိမိ၏ ႏွလုံးသားကို စကားတို႔ေျပာေစသည္။
ညအခ်ိန္ ၾကည္လင္ေသာေကာင္းကင္ျပင္ႀကီးမွာ ၾကယ္ေတြရဲ႕ အျခံအရံႏွင့္ဖိုးလမင္းႀကီးသာေနသည္ကို ၾကည့္ၿပီးလည္းေကာင္း၊ဖိုးလမင္းႀကီးမရွိဘဲ ၾကယ္ေတြပဲ ကြန္႔ျမဴးေနတဲ့ ညေတြမွာလည္းေကာင္း ရင္ထဲမွာ ကဗ်ာတို႔ျဖစ္တည္လာတတ္သည္။အဆိုပါျမင္ကြင္းတို႔က ကဗ်ာတို႔ကို ဖြဲ႔သီေစသည္။
ကဗ်ာဖြဲ႔ဖို႔ကလည္း ကဗ်ာေလးေတြ အာဂုံရထားမွ။နည္းစနစ္ေတြလည္း အနည္းအက်ဥ္းသိထားပါမွ လွပသည့္ကဗ်ာေလးအျဖစ္ ဖန္တီးႏိုင္ပါလိမ့္မည္။
လူတိုင္းရဲ႕ရင္ထဲမွာ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ေတာ့ ကဗ်ာေလးေတြ ျဖစ္ေပၚတတ္ၾကသည္။ ေနာက္ပိုင္း ေက်ာင္းမွာ သင္ခဲ့ရသည့္ ကဗ်ာတို႔ကိုပင္ေမ့သြားၾကသည့္ အျဖစ္ေတာင္ေရာက္ကုန္သည္။
နံနက္ခင္းရဲ႕ ရႈခင္းတစ္ရပ္က ကၽြန္ေတာ့္အတြက္ ကဗ်ာတစ္ပုဒ္ကိုျဖစ္ေပၚလာေစသည္။ ဝရန္တာမွာ ရွိသည့္ပန္းအိုးမွ စံပယ္ပင္တို႔တြင္ ပန္းတို႔သည္ ဖူးတခ်ိဳ႕ငုံတခ်ိဳ႕ႏွင့္ပြင့္ေသာပန္းတို႔လည္းရွိေနၾကသည္။ လမ္းေပၚတြင္လည္း ေက်ာင္းစိမ္းလုံခ်ည္ အကၤ်ီျဖဴႏွင့္ ေက်ာင္းသြားေနၾကသည့္ ကေလးငယ္မ်ား။ ဒီျမင္ကြင္း ကၽြန္ေတာ့္ရင္မွာ စကားေတြေျပာလာေစသည္။အထူးသျဖင့္ ကဗ်ာစကားေတြျဖစ္သည္။
ရင္ထဲကျဖစ္လာသည့္ ကဗ်ာကို ႏႈတ္ဖ်ားကရြတ္ၾကည့္သည္။ ျမင္ကြင္းႏွစ္ခုကို ယွဥ္ႏႈိင္းၿပီးပုံေဖာ္မိသည္။ ကာရန္ေလးေတြညိွလိုက္ ရြတ္လိုက္ႏွင့္ ကာရန္ေလးေတြေပၚၿပီး ညီညြတ္သည့္ကဗ်ာေလးတစ္ပုဒ္အျဖစ္ ရရွိသြားသည္။ကဗ်ာေလးက...........
“ေက်ာင္းစိမ္းျဖဴ”
*အရြက္စိမ္းစိမ္းအေပၚမွာ
အပြင့္ျဖဴမ်ားဟာ
ရင္ဝယ္ႀကိဳင္စြ ရနံ႔သင္း
စံပယ္ပန္းတစ္ခင္း။
*နံ႔နက္လင္းရင္ လမ္းေပၚမွာ
ေက်ာင္းစိမ္းျဖဴဝတ္ကာ။
အနာဂတ္တြက္ ရည္ရြယ္ရင္း
ေက်ာင္းသြားေဖာ္တစ္သင္း။
*စာသင္ခန္းသို႔ ဝင္ေရာက္ခါ
ပညာႏို႔ေသာက္ပါ။
အားအင္သစ္လို႔ အျမင္တိုး
တိုင္ျပည္ေရွ႕အက်ိဳး။
*အနာဂတ္ရဲ႕ စြမ္းအားရွင္
ကိုယ့္ကိုယ္ကိုယ္ဂုဏ္တင္။
စိတ္ဓာတ္ျမွင့္တင္ အသိေႏြး
တိုင္းျပည္ေကာင္းစားေရး။
*ႀကိဳးစားစမ္းပါ ညီတို႔ရာ
ကမၻာမွာျမန္မာ။
အနာဂတ္တြက္ တို႔ရင္ေသြး
ေက်ာင္းစိမ္းျဖဴကေလး။
ဒီကဗ်ာေလးကို မဂၢဇင္းႀကီးတစ္ခုတြင္ေပးပို႔ရာ ပုံႏွိပ္ေဖာ္ျပျခင္းခံခဲ့ရသည္။
ေဖေဖေၾကာင့္ ကဗ်ာမ်ိဳ႕ေစ့တို႔ ကၽြန္ေတာ္ရရွိခဲ့သည္။ကၽြန္ေတာ့္ရင္က ျဖစ္တည္လာသည့္ ဒီကဗ်ာေလးေတြကို သမီးေလးကို ျပန္ရြတ္ျပမည္။သမီးရင္မွာ ကဗ်ာမ်ိဳးေစ့တို႔ တည္ေစ့မည္။
ေရွ႕ ေရွးက ကၽြန္ေတာ္တို႔ခ်စ္ခင္ေလးစားခဲ့ရသည့္ ကဗ်ာဝိဓူဘိုးေအႀကီးတို႔၏ ကဗ်ာမ်ားကိုလည္း ႏွစ္သက္ျမတ္ႏိုးေအာင္ ကၽြန္ေတာ့္သမီးေလးကို ရြတ္ဆိုျပသ သင္ၾကားေပးရပါဦးမည္။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com