မိမိတို့၏ နေအိမ်အလှကို ဖျက်ဆီးနေသောအရာဝတ္ထု (၉)ခု

မိမိတို့၏ နေအိမ်အလှကို ဖျက်ဆီးနေသောအရာဝတ္ထု (၉)ခု - Property Knowledge in Myanmar from iMyanmarHouse.com
25 Jun 2022 1:55 pm တွင် တင်ခဲ့သည်
957 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဒီဆောင်းပါးလေးကိုဖတ်လိုက်တာနဲ့ စာဖတ်သူတွေအနေနဲ့ ကိုယ့်အိမ်မှာ ဒီပစ္စည်းတွေရှိနေပါလားလို့ စိတ်ထဲတစ်မျိုးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ အခုကျွန်တော်ဖော်ပြပေးသွားမှာကတော့ အိမ်ရဲ့အလှအပကိုဖျက်ဆီးနေတဲ့ အရာဝတ္ထု (၉) ခု စာရင်းပဲ ဖြစ်ပါတယ်။

များသောအားဖြင့် အိမ်ထောင်ရှင်မတွေက သူတို့ရဲ့ နေအိမ်အလှကို ဖျက်ဆီးနေတဲ့ အရာဝတ္ထု လေးတွေနဲ့ပဲ နေအိမ်ကိုအလှဆင်မိနေတတ်ပါတယ်။ နောက်ပြီး ပစ္စည်းအဟောင်းတွေ ခေတ်မရှိတော့တဲ့ ပစ္စည်းတွေကမှ အိမ်ရဲ့အလှကို ပျက်စီးစေတာလို့လည်း မှတ်ယူထားတတ်ကြပါတယ်။ တကယ်တမ်း မိမိနေအိမ်ရဲ့အလှကိုထိခိုက်စေတာကတော့ ကော်ဇောတွေနဲ့ အထပ်သားလိုအရာမျိုးတွေပါပဲ။ စာရေးသူအနေနဲ့ သတိပေးချင်တာကတော့ ဒီဆောင်ပါးနဲ့ပတ်သက်ပြီး သိပ်အစွဲအလမ်းမကြီးမိစေဖို့ပါပဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့နေအိမ်ရဲ့အလှအပတွေကို ဘယ်လိုအရာမျိုးတွေကဖျက်ဆီးနေလဲဆိုတာ ကြည့်ကြရအောင်လားဗျာ။

၁။ ကော်ဇော

လူတိုင်းလိုလိုကော်ဇောတွေကိုနှစ်သက်ကြသလိုလက်တွေ့လည်း သုံးစွဲကြပါတယ်။ ဘာလို့လဲ။ ကော်ဇောဆိုတာ နူးညံ့တယ်။ အရောင်အမျိုးမျိုး၊ အဆင်အမျိုးမျိုးရွေးလို့ရတဲ့အပြင် တန်ဖိုးကြီးမှုကို ဖော်ပြနေတဲ့ အဆင်တန်ဆာတစ်ခုလည်းဖြစ်ပါတယ်။ ဘက်စုံအသုံးပြုလို့ရသလို စိတ်ကြိုက်ပြောင်းလဲ အသုံးပြုလို့လည်း ရပါတယ်။ ဒါပေမယ့် ဒီကော်ဇောတွေပေါ်မှာ ကလေးတွေက ဘောလ်ပင်နဲ့ခြစ်မယ်။ အချိုရည်တွေဖိတ်ကျမယ်။ ခြေရာတွေ ကျန်နေမယ်ဆိုရင် ခင်ဗျားတို့ထင်ထားသလို ဒီကော်ဇောက အိမ်ရဲ့အလှကို ဆောင်ကျဉ်းပေးနိုင်တော့မှာ မဟုတ်ဘူး။ ကော်ဇောတွေကို မီးဖိုချောင်နဲ့ အိပ်ခန်းမှာ မထားမိပါစေနဲ့။

၂။ အထပ်သားကြမ်းခင်း

ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ဈေးပေါပေါနဲ့ဝယ်ရင်တော့ အပေါစားပုံပေါ်နေမှာ မဆန်းပါဘူး။ အထပ်သားကြမ်းခင်းလည်း ဒီလိုပါပဲ။ ကြမ်းခင်းခင်းမယ်ဆိုရင် နိုင်ငံခြား ကလာတဲ့ အထပ်သားကြမ်းခင်း ဒါမှမဟုတ် ကြွေပြားကိုအသုံးပြုနိုင်ပြီးတော့ ဆန္ဒရှိမယ်ဆိုရင် အုတ်ကြွပ်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

၃။ အရေခွာရုပ်လုံးသွင်းအရုပ်များ

တိရစ္ဆာန်တွေရဲ့ အရေခွံကိုခွာပြီး ရုပ်လုံးသွင်းထားတဲ့အရုပ်များကို အမျိုးသားများက နှစ်ခြိုက်ကြပါတယ်။ သဘာ၀ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုမရှိတဲ့အပြင် အိမ်ထောင်ရှင် အမျိုးသမီးများကတော့ ထိုအရုပ်များကို မနှစ်ခြိုက်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့နေအိမ်တွေမှာ ဒီအရုပ်တွေရှိနေရတဲ့ အကြောင်းရင်းကတော့ သူတို့ခင်ပွန်းသည်တွေရဲ့ အလိုကျထားရှိရခြင်းပါပဲ။ လူတွေက တစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း မတူနိုင်သလို သူများကြိုက်တာကိုလိုက်ကြိုက်နိုင်ဖို့ ဆိုတာလည်း ခဲယဉ်းလှပါတယ်။ လက်မထပ်ခင်က ဒီလိုအရုပ်တွေ အိမ်မှာမထားဖို့ ခင်ပွိန်းသည်တွေက ကတိပေးကြပေမယ့် အိမ်ထောင်လည်းကျရော အလုပ်လုပ်တဲ့အခန်းထဲမှာတော့ ထားပါရစေလို့ ဆိုလာတဲ့အခါ လိုက်လျောပေးလိုက်ရတာပဲမဟုတ်ပါလား။ ပြဿနာမဖြစ်ချင်ရင်တော့ သူ့ဆန္ဒအတိုင်းလိုက်လျောပေးလိုက်တာအကောင်းဆုံးပဲလေ။

၄။ ပြတင်းကာ Shutter များ

ဒီတစ်ခုကတော့ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ပြတင်းကာ Shutter များကို သဘောကျလို့ပါပဲ။ ကျွန်တော့်အိပ်ခန်းထဲမှာကို တပ်ဆင်ထားတာပါ။ ကျွန်တော်က ပြတင်းပေါက်ကို စောင်ကြီး နဲ့အုပ်ထားတာ ခန်းဆီးလိုက်ကာတွေနဲ့ဖုံးထားတာမျိုး လုံးဝသဘောမကျပါဘူး။ ဒီဇိုင်နာ Becky Dietrich ရဲ့ အဆိုအရ အိမ်ရဲ့ အလှအပတွေကို ဖျက်ဆီးနေတဲ့ အရာဝတ္ထုစာရင်းထဲမှာ ဒီပြတင်းကာ Shutter တွေပါလာပေမယ့်လို့ ပြတင်းပေါက်တွေနဲ့ မှန်လျှောတံခါးတွေမှာတပ်ဆင်ဖို့အတွက်ကတော့ ဒီပြတင်းကာShutter တွေက အသင့်တော်ဆုံးပဲလို့ ဆိုရမှာပါ။

၅။ ပန်းအတုများ

ပုံမှန်အားဖြင့် ပန်းအတုတွေဟာ အင်မတန်လှပကြပါတယ်။ ကျွန်တော့်အတွက်ကတော့ အိမ်မှာပန်းအတုတွေထိုးထားတဲ့ ပန်းအိုးတစ်လုံးရှိနေပြီဆိုရင် ဒါဟာကြာရှည်ခံအောင်ပြုလုပ်ထားတာလို့ပဲ သဘောပေါက်မိပါတယ်။

ဗိသုကာပညာရှင် Eric Reinholdt က ဒီလိုပြောတယ်ဗျာ။ ထောင်လွှားမှုမရှိတဲ့ အရာဝတ္ထုတွေက သူတို့ကို အာရုံစိုက်လာအောင် ဘယ်တော့မှစွဲဆောင်လေ့မရှိပါဘူးတဲ့။ သူတို့ကိုယ်သူတို့ သာမာန်အရာဝတ္ထု တွေလိုမျိုးပဲ ဟန်ဆောင်ထားတတ်ကြပါတယ်တဲ့လေ။ ကိုယ့်အိမ်လေးကို ရိုးသားပျူငှာတဲ့ ပုံမျိုးပေါက်စေချင်တယ်ဆိုရင်တော့ ဒီလိုပန်းအတုလေးတွေ မထားတာအကောင်းဆုံးပါပဲ။

 

၆။ နံရံကပ်စက္ကူ (Wallpaper)

နံရံကပ်စက္ကူတွေနဲ့ ပတ်သက်လို့ လူတိုင်းရဲ့ခေါင်းထဲမှာ စွဲလမ်းမှုကိုယ်စီရှိကြမှာပါ။ ကျွန်တော်ငယ်ငယ်က အဖေနဲ့အမေရဲ့အိပ်ခန်းထဲမှာရှိတဲ့ ပန်းတွေနဲ့ အဝါရောင်နံရံစက္ကူကို သိပ်လှတယ်လို့ မြင်မိပါတယ်။ ဒီလိုနဲ့ အချိန်တွေိတရွေ့ရွေ့ပြောင်းလဲလာတော့ အမြင်တွေလည်း ပြောင်းလာကြတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ပဲ နံရံကပ်စက္ကူတွေ ခေတ်ကုန်သွားပြီဆိုတော့ မသုံးကြတော့ဘူး။ သိပ်မကြာပါဘူးဗျာ။

အခုကျတော့လည်း နံရံကပ်စက္ကူ တွေက ပြန်ပြီး ရေပန်းစားလာပြန်ပါပြီ။ အိမ်ရဲ့အတွင်း ဒီဇိုင်းကိုဆွဲဆောင်မှုအောင်ဖန်တီးဖို့အတွက် တီဗွီတို့ အွန်လိုင်းတို့ကနေ တစ်ဆင့် နံရံကပ်စက္ကူအသားအမျိုးမျိုး ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးမျိုးကို ရွေးချယ်ဝယ်ယူအသုံးပြုနေကြပါပြီ။

၇။ အမှိုက်ပွစေသည့်တိုလီမိုလီပစ္စည်းလေးများ

ကျွန်တော်အမှိုက်ပွအောင် တစ်ခါလုပ်မိတိုင်း ပိုက်ဆံငါးဆယ်ကျပ်စုမိမယ်ဆိုရင် အခုများဖြင့်ပိုက်ဆံတွေစုမိနေရောပေါ့။ အိမ်ထဲမှာရှိတဲ့ တိုလီမိုလီပစ္စည်းလေးတွေက အမှိုက်ပွစေတယ်လို့ ဆိုလိုက်တဲ့ အခါတိုင်း လူအများစုက သူတို့အိမ်မှာအမှိုက်မပွအောင် တိုလီမိုလီပစ္စည်း တွေအားလုံးကို ရှင်းပစ်ဖို့လုပ်ကြပါတော့ိတယ်။

ဒါဟာ အမှိုက်မပွအောင်ကာကွယ်ဖို့အတွက် မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ကျွန်တော်တို့နေအိမ်မှာ တိုလီမိုလီပစ္စည်းလေးတွေဘယ်လောက်များပါစေ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ အမှတ်တရလေးတွေကို ပြန်လည်အမှတ်ရနေစေတဲ့ ဒီပစ္စည်းတွေရှိနေတာ မကောင်းဘူးလားဗျာ။ ဒီတော့ ဒီတိုလီမိုလီပစ္စည်းလေးတွေကို အမှိုက်ပွခံပြီးတော့ အိမ်မှာဂုဏ်ယူဝင့်ကြွားစွာနဲ့ ဆက်လက်ထားရှိကြရအောင်လားဗျာ။

၈။ စူးရှသည့်အလင်းရောင်

အလင်းရောင် အရမ်းစူးရှနေတာဟာ ဘယ်လိုအခြေအနေမျိုးမှာမှ သက်တောင့်သက်သာဖြစ်စေမှာ မဟုတ်ပါဘူး။ အလုပ်ခန်းထဲပဲဖြစ်ဖြစ် မီးဖိုချောင်ထဲပဲဖြစ်ဖြစ် အလင်းရောင်စူးရှနေရင် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၉။ ပက်လက်ကုလားထိုင် ဆိုဖာကြီးများ

ဒီနေရာမှာတော့အုပ်စုနှစ်စုကွဲနေပါတယ်။ ပက်လက်ကုလားထိုင်ဆိုဖာကြီတွေကို ကြိုက်တဲ့လူနဲ့ မကြိုက်တဲ့လူနဲ့ ပေါ့ဗျာ။ ကျွန်တော်ကတော့ ကြိုက်တဲ့ အုပ်စုထဲမှာပါတာပေါ့နော်။ နောက်လှန်လှဲချလို့ရတဲ့ ဒီဆိုဖာကြီးတွေက ကြည့်ရတာဆိုးပေမယ့် သူတို့ကို မြင်လိုက်တိုင်း ဒီပက်လက်ကုလား ထိုင်ဆိုဖာကြီးပေါ်မှာ ကလေးကိုချီရင်း စာဖတ်တာတို့၊ တီဗွီကြည့်တာတို့ လုပ်ခဲ့တဲ့အချိန်တွေကိုပြန်ပြီး အောက်မေ့တသလွမ်းဆွတ်မိတတ်တာ ကျွန်တော့်အကျင်ပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Home Decor

 

 

 

[Zawgyi]

မိမိတို႔၏ ေနအိမ္အလွကို ဖ်က္ဆီးေနေသာအရာဝတၳဳ (၉)ခု

 

ဒီေဆာင္းပါးေလးကိုဖတ္လိုက္တာနဲ႔ စာဖတ္သူေတြအေနနဲ႔ ကိုယ့္အိမ္မွာ ဒီပစၥည္းေတြ႐ွိေနပါလားလို႔ စိတ္ထဲတစ္မ်ိဳးျဖစ္ေကာင္းျဖစ္သြားႏိုင္ပါတယ္။ အခုကြၽန္ေတာ္ေဖာ္ျပေပးသြားမွာကေတာ့ အိမ္ရဲ႕အလွအပကိုဖ်က္ဆီးေနတဲ့ အရာဝတၳဳ (၉) ခု စာရင္းပဲ ျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ အိမ္ေထာင္႐ွင္မေတြက သူတို႔ရဲ႕ ေနအိမ္အလွကို ဖ်က္ဆီးေနတဲ့ အရာဝတၳဳ ေလးေတြနဲ႔ပဲ ေနအိမ္ကိုအလွဆင္မိေနတတ္ပါတယ္။ ေနာက္ၿပီး ပစၥည္းအေဟာင္းေတြ ေခတ္မ႐ွိေတာ့တဲ့ ပစၥည္းေတြကမွ အိမ္ရဲ႕အလွကို ပ်က္စီးေစတာလို႔လည္း မွတ္ယူထားတတ္ၾကပါတယ္။ တကယ္တမ္း မိမိေနအိမ္ရဲ႕အလွကိုထိခိုက္ေစတာကေတာ့ ေကာ္ေဇာေတြနဲ႔ အထပ္သားလိုအရာမ်ိဳးေတြပါပဲ။ စာေရးသူအေနနဲ႔ သတိေပးခ်င္တာကေတာ့ ဒီေဆာင္ပါးနဲ႔ပတ္သက္ၿပီး သိပ္အစြဲအလမ္းမႀကီးမိေစဖို႔ပါပဲ။ ဒါဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ေနအိမ္ရဲ႕အလွအပေတြကို ဘယ္လိုအရာမ်ိဳးေတြကဖ်က္ဆီးေနလဲဆိုတာ ၾကည့္ၾကရေအာင္လားဗ်ာ။

၁။ ေကာ္ေဇာ

လူတိုင္းလိုလိုေကာ္ေဇာေတြကိုႏွစ္သက္ၾကသလိုလက္ေတြ႕လည္း သုံးစြဲၾကပါတယ္။ ဘာလို႔လဲ။ ေကာ္ေဇာဆိုတာ ႏူးညံ့တယ္။ အေရာင္အမ်ိဳးမ်ိဳး၊ အဆင္အမ်ိဳးမ်ိဳးေ႐ြးလို႔ရတဲ့အျပင္ တန္ဖိုးႀကီးမႈကို ေဖာ္ျပေနတဲ့ အဆင္တန္ဆာတစ္ခုလည္းျဖစ္ပါတယ္။ ဘက္စုံအသုံးျပဳလို႔ရသလို စိတ္ႀကိဳက္ေျပာင္းလဲ အသုံးျပဳလို႔လည္း ရပါတယ္။ ဒါေပမယ့္ ဒီေကာ္ေဇာေတြေပၚမွာ ကေလးေတြက ေဘာလ္ပင္နဲ႔ျခစ္မယ္။ အခ်ိဳရည္ေတြဖိတ္က်မယ္။ ေျခရာေတြ က်န္ေနမယ္ဆိုရင္ ခင္ဗ်ားတို႔ထင္ထားသလို ဒီေကာ္ေဇာက အိမ္ရဲ႕အလွကို ေဆာင္က်ဥ္းေပးႏိုင္ေတာ့မွာ မဟုတ္ဘူး။ ေကာ္ေဇာေတြကို မီးဖိုေခ်ာင္နဲ႔ အိပ္ခန္းမွာ မထားမိပါေစနဲ႔။

၂။ အထပ္သားၾကမ္းခင္း

ဘယ္ပစၥည္းပဲျဖစ္ျဖစ္ ေဈးေပါေပါနဲ႔ဝယ္ရင္ေတာ့ အေပါစားပုံေပၚေနမွာ မဆန္းပါဘူး။ အထပ္သားၾကမ္းခင္းလည္း ဒီလိုပါပဲ။ ၾကမ္းခင္းခင္းမယ္ဆိုရင္ ႏိုင္ငံျခား ကလာတဲ့ အထပ္သားၾကမ္းခင္း ဒါမွမဟုတ္ ေႂကြျပားကိုအသုံးျပဳႏိုင္ၿပီးေတာ့ ဆႏၵ႐ွိမယ္ဆိုရင္ အုတ္ႂကြပ္ကိုလည္း အသုံးျပဳႏိုင္ပါေသးတယ္။

၃။ အေရခြာ႐ုပ္လုံးသြင္းအ႐ုပ္မ်ား

တိရစၧာန္ေတြရဲ႕ အေရခြံကိုခြာၿပီး ႐ုပ္လုံးသြင္းထားတဲ့အ႐ုပ္မ်ားကို အမ်ိဳးသားမ်ားက ႏွစ္ၿခိဳက္ၾကပါတယ္။ သဘာ၀ ပတ္ဝန္းက်င္နဲ႔ ကိုက္ညီမႈမ႐ွိတဲ့အျပင္ အိမ္ေထာင္႐ွင္ အမ်ိဳးသမီးမ်ားကေတာ့ ထိုအ႐ုပ္မ်ားကို မႏွစ္ၿခိဳက္ၾကပါဘူး။ ဒါေပမယ့္ သူတို႔ရဲ႕ေနအိမ္ေတြမွာ ဒီအ႐ုပ္ေတြ႐ွိေနရတဲ့ အေၾကာင္းရင္းကေတာ့ သူတို႔ခင္ပြန္းသည္ေတြရဲ႕ အလိုက်ထား႐ွိရျခင္းပါပဲ။ လူေတြက တစ္ဦးနဲ႔တစ္ဦး အႀကိဳက္ခ်င္း မတူႏိုင္သလို သူမ်ားႀကိဳက္တာကိုလိုက္ႀကိဳက္ႏိုင္ဖို႔ ဆိုတာလည္း ခဲယဥ္းလွပါတယ္။ လက္မထပ္ခင္က ဒီလိုအ႐ုပ္ေတြ အိမ္မွာမထားဖို႔ ခင္ပြိန္းသည္ေတြက ကတိေပးၾကေပမယ့္ အိမ္ေထာင္လည္းက်ေရာ အလုပ္လုပ္တဲ့အခန္းထဲမွာေတာ့ ထားပါရေစလို႔ ဆိုလာတဲ့အခါ လိုက္ေလ်ာေပးလိုက္ရတာပဲမဟုတ္ပါလား။ ျပႆနာမျဖစ္ခ်င္ရင္ေတာ့ သူ႕ဆႏၵအတိုင္းလိုက္ေလ်ာေပးလိုက္တာအေကာင္းဆုံးပဲေလ။

၄။ ျပတင္းကာ Shutter မ်ား

ဒီတစ္ခုကေတာ့ ကြၽန္ေတာ့္ကို အံ့အားသင့္ေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ကိုယ္တိုင္က ျပတင္းကာ Shutter မ်ားကို သေဘာက်လို႔ပါပဲ။ ကြၽန္ေတာ့္အိပ္ခန္းထဲမွာကို တပ္ဆင္ထားတာပါ။ ကြၽန္ေတာ္က ျပတင္းေပါက္ကို ေစာင္ႀကီး နဲ႔အုပ္ထားတာ ခန္းဆီးလိုက္ကာေတြနဲ႔ဖုံးထားတာမ်ိဳး လုံးဝသေဘာမက်ပါဘူး။ ဒီဇိုင္နာ Becky Dietrich ရဲ႕ အဆိုအရ အိမ္ရဲ႕ အလွအပေတြကို ဖ်က္ဆီးေနတဲ့ အရာဝတၳဳစာရင္းထဲမွာ ဒီျပတင္းကာ Shutter ေတြပါလာေပမယ့္လို႔ ျပတင္းေပါက္ေတြနဲ႔ မွန္ေလွ်ာတံခါးေတြမွာတပ္ဆင္ဖို႔အတြက္ကေတာ့ ဒီျပတင္းကာShutter ေတြက အသင့္ေတာ္ဆုံးပဲလို႔ ဆိုရမွာပါ။

၅။ ပန္းအတုမ်ား

ပုံမွန္အားျဖင့္ ပန္းအတုေတြဟာ အင္မတန္လွပၾကပါတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့ အိမ္မွာပန္းအတုေတြထိုးထားတဲ့ ပန္းအိုးတစ္လုံး႐ွိေနၿပီဆိုရင္ ဒါဟာၾကာ႐ွည္ခံေအာင္ျပဳလုပ္ထားတာလို႔ပဲ သေဘာေပါက္မိပါတယ္။

ဗိသုကာပညာ႐ွင္ Eric Reinholdt က ဒီလိုေျပာတယ္ဗ်ာ။ ေထာင္လႊားမႈမ႐ွိတဲ့ အရာဝတၳဳေတြက သူတို႔ကို အာ႐ုံစိုက္လာေအာင္ ဘယ္ေတာ့မွစြဲေဆာင္ေလ့မ႐ွိပါဘူးတဲ့။ သူတို႔ကိုယ္သူတို႔ သာမာန္အရာဝတၳဳ ေတြလိုမ်ိဳးပဲ ဟန္ေဆာင္ထားတတ္ၾကပါတယ္တဲ့ေလ။ ကိုယ့္အိမ္ေလးကို ႐ိုးသားပ်ဴငွာတဲ့ ပုံမ်ိဳးေပါက္ေစခ်င္တယ္ဆိုရင္ေတာ့ ဒီလိုပန္းအတုေလးေတြ မထားတာအေကာင္းဆုံးပါပဲ။

 

၆။ နံရံကပ္စကၠဴ (Wallpaper)

နံရံကပ္စကၠဴေတြနဲ႔ ပတ္သက္လို႔ လူတိုင္းရဲ႕ေခါင္းထဲမွာ စြဲလမ္းမႈကိုယ္စီ႐ွိၾကမွာပါ။ ကြၽန္ေတာ္ငယ္ငယ္က အေဖနဲ႔အေမရဲ႕အိပ္ခန္းထဲမွာ႐ွိတဲ့ ပန္းေတြနဲ႔ အဝါေရာင္နံရံစကၠဴကို သိပ္လွတယ္လို႔ ျမင္မိပါတယ္။ ဒီလိုနဲ႔ အခ်ိန္ေတြိတေ႐ြ႕ေ႐ြ႕ေျပာင္းလဲလာေတာ့ အျမင္ေတြလည္း ေျပာင္းလာၾကတယ္။ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ပဲ နံရံကပ္စကၠဴေတြ ေခတ္ကုန္သြားၿပီဆိုေတာ့ မသုံးၾကေတာ့ဘူး။ သိပ္မၾကာပါဘူးဗ်ာ။

အခုက်ေတာ့လည္း နံရံကပ္စကၠဴ ေတြက ျပန္ၿပီး ေရပန္းစားလာျပန္ပါၿပီ။ အိမ္ရဲ႕အတြင္း ဒီဇိုင္းကိုဆြဲေဆာင္မႈေအာင္ဖန္တီးဖို႔အတြက္ တီဗြီတို႔ အြန္လိုင္းတို႔ကေန တစ္ဆင့္ နံရံကပ္စကၠဴအသားအမ်ိဳးမ်ိဳး ေခတ္မွီဆန္းသစ္တဲ့ ဒီဇိုင္းအမ်ိဳးမ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူအသုံးျပဳေနၾကပါၿပီ။

၇။ အမိႈက္ပြေစသည့္တိုလီမိုလီပစၥည္းေလးမ်ား

ကြၽန္ေတာ္အမိႈက္ပြေအာင္ တစ္ခါလုပ္မိတိုင္း ပိုက္ဆံငါးဆယ္က်ပ္စုမိမယ္ဆိုရင္ အခုမ်ားျဖင့္ပိုက္ဆံေတြစုမိေနေရာေပါ့။ အိမ္ထဲမွာ႐ွိတဲ့ တိုလီမိုလီပစၥည္းေလးေတြက အမိႈက္ပြေစတယ္လို႔ ဆိုလိုက္တဲ့ အခါတိုင္း လူအမ်ားစုက သူတို႔အိမ္မွာအမိႈက္မပြေအာင္ တိုလီမိုလီပစၥည္း ေတြအားလုံးကို ႐ွင္းပစ္ဖို႔လုပ္ၾကပါေတာ့ိတယ္။

ဒါဟာ အမိႈက္မပြေအာင္ကာကြယ္ဖို႔အတြက္ မွန္ကန္တဲ့ နည္းလမ္းမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ေနအိမ္မွာ တိုလီမိုလီပစၥည္းေလးေတြဘယ္ေလာက္မ်ားပါေစ ကြၽန္ေတာ္တို႔အတြက္ ေပ်ာ္႐ႊင္မႈကို ေဆာင္က်ဥ္းေပးႏိုင္တဲ့ အမွတ္တရေလးေတြကို ျပန္လည္အမွတ္ရေနေစတဲ့ ဒီပစၥည္းေတြ႐ွိေနတာ မေကာင္းဘူးလားဗ်ာ။ ဒီေတာ့ ဒီတိုလီမိုလီပစၥည္းေလးေတြကို အမိႈက္ပြခံၿပီးေတာ့ အိမ္မွာဂုဏ္ယူဝင့္ႂကြားစြာနဲ႔ ဆက္လက္ထား႐ွိၾကရေအာင္လားဗ်ာ။

၈။ စူး႐ွသည့္အလင္းေရာင္

အလင္းေရာင္ အရမ္းစူး႐ွေနတာဟာ ဘယ္လိုအေျခအေနမ်ိဳးမွာမွ သက္ေတာင့္သက္သာျဖစ္ေစမွာ မဟုတ္ပါဘူး။ အလုပ္ခန္းထဲပဲျဖစ္ျဖစ္ မီးဖိုေခ်ာင္ထဲပဲျဖစ္ျဖစ္ အလင္းေရာင္စူး႐ွေနရင္ စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

၉။ ပက္လက္ကုလားထိုင္ ဆိုဖာႀကီးမ်ား

ဒီေနရာမွာေတာ့အုပ္စုႏွစ္စုကြဲေနပါတယ္။ ပက္လက္ကုလားထိုင္ဆိုဖာႀကီေတြကို ႀကိဳက္တဲ့လူနဲ႔ မႀကိဳက္တဲ့လူနဲ႔ ေပါ့ဗ်ာ။ ကြၽန္ေတာ္ကေတာ့ ႀကိဳက္တဲ့ အုပ္စုထဲမွာပါတာေပါ့ေနာ္။ ေနာက္လွန္လွဲခ်လို႔ရတဲ့ ဒီဆိုဖာႀကီးေတြက ၾကည့္ရတာဆိုးေပမယ့္ သူတို႔ကို ျမင္လိုက္တိုင္း ဒီပက္လက္ကုလား ထိုင္ဆိုဖာႀကီးေပၚမွာ ကေလးကိုခ်ီရင္း စာဖတ္တာတို႔၊ တီဗြီၾကည့္တာတို႔ လုပ္ခဲ့တဲ့အခ်ိန္ေတြကိုျပန္ၿပီး ေအာက္ေမ့တသလြမ္းဆြတ္မိတတ္တာ ကြၽန္ေတာ့္အက်င္ပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Home Decor

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service