အုန်းနို့က ကျန်းမာရေးအတွက် ဆိုးကျိုးပေးတယ်ဆိုတာ ဟုတ်ရဲ့လား
အုန်းနို့က ကျန်းမာရေးအတွက် ဆိုးကျိုးပေးတယ်ဆိုတာ ဟုတ်ရဲ့လား - Property Knowledge in Myanmar from iMyanmarHouse.com
25 Jun 2022 1:14 pm တွင် တင်ခဲ့သည်
1237 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အုန်းနို့ခေါက်ဆွဲတွေ အများကြီးမစားနဲ့သွေးတိုးလိမ့်မယ်။ အုန်းနို့ပါတယ်လား။သွေးတိုးတတ်လို့ မစားတော့ဘူးနော်လို့ ပြောနေကြတယ်နော်။ တကယ်ကော အုန်းနို့က စားရင်သွေးတိုးတတ်လား။ အရာရာက တန်ဆေးလွန်ဘေးလို့ပဲ ပြောပါရစေ။ အစားအစာတိုင်းက အသင့်အတင့်စားရင် ခန္ဓါကိုယ်အတွက် အားဖြစ်စေသလို ကျန်းမာရေးကို ဆိုးကျိုးမပေးပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူးတွေတောင် ရရှိနိုင်ပါသေးတယ်။
အုန်းနို့
အုန်းနို့က အုန်းသီးအရင့်ကို ကြိတ်ပြီး အရည်ညှစ်ထားတာပါ။ သဘာဝကရတဲ့ အာဟာရတစ်မျိုးပေါ့။မြန်မာနိုင်ငံ အပါအဝင် ထိုင်း နဲ့ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ ဟင်းပွဲတွေ။ အချိုပွဲတွေပြင်ဆင်တဲ့အခါ အုန်းနို့ကို အသုံးပြုကြပါတယ်။
ဟာဝိုင်အီ၊ အိန္ဒိယနဲ့ ကာရေဗီယန်နိုင်ငံတွေမှာလည်း အုန်းနို့ကို ကြိုက်နှစ်သက်စွာ စားသုံးနေကြပါတယ်။ အုန်းနို့က အဆီဓါတ်ပါဝင်နေပြီး ရင့်နေတဲ့ အုန်းသီးကနေထုတ်ယူထားတဲ့အဆီအနှစ်ပါ။
အုန်းခွံက အညိုရောင်သန်းသန်းလေလေ အုန်းသီးရင့်လေလေပါ။ ရင့်မှည့်နေတဲ့ အုန်းသီးကို ကြိတ်ထားတဲ့ အုန်းနို့က အဆီပါဝင်မှုများသလို အရသာလည်းရှိပါတယ်။ ဟင်းပွဲတွေရဲ့ အရသာကိုတိုးစေနိုင်တဲ့ အရာတစ်မျိုးပါ။
ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ
အုန်းနို့က ကယ်လ်လိုရီ များတဲ့ အစားအစာ တစ်ခုပါ။ အုန်းနို့မှာပါတဲ့ အာဟာရဓါတ်တွေကို အတိအကျ တွက်ပြရမယ်ဆိုရင်တော့ အုန်းနို့ တစ်ခွက်စာ (၂၄၀ ဂရမ်) မှာဆိုရင် –
ကယ်လ်လိုရီက ၅၅၂ ဂရမ်
အဆီဓါတ်က ၅၇ ဂရမ်
ပရိုတင်း ၅ ဂရမ်
ကာဗိုဟိုက်ဒရိတ် ၁၃ ဂရမ်
အမျှင်ဓါတ် ၅ ဂရမ်
ဗီတာမင် C ၁၁ ရာခိုင်နှုန်း
ဖောလိတ် ၁၀ ရာခိုင်နှုန်း
သံဓါတ် ၂၂ ရာခိုင်နှုန်း
မဂ္ဂနီဆီယမ် ၂၂ ရာခိုင်နှုန်း
ပိုတက်ဆီယမ် ၁၈ ရာခိုင်နှုန်း
ကော့ပါး ၃၂ ရာခိုင်နှုန်း
မဂ္ဂနိ ၁၁၀ ရာခိုင်နှုန်း
ဆီလီနီယမ် ၂၁ ရာခိုင်နှုန်း တို့ပါဝင်နေပါတယ်။
အုန်းနို့ စားရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိစေနိုင်သလဲ
အုန်းနို့က အစားအစာတွေကို သူရဲ့ ဆိမ့်သက်တဲ့အရသာလေးနဲ့ အရသာတိုးစေသလို ဒီလိုလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေပေးပါသေးတယ်။
နှလုံးကျန်းမာစေပါတယ် – အုန်းနို့မှာပါတဲ့lauric acid ကသွေးတွင်းကိုလက်စထရောကိုကျဆင်းစေပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင် အုန်းနို့ က သင့်တော်ပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်– အုန်းနို့မှာပါတဲ့medium-chain triglycerides (MCTs) က အဆီတွေကိုလောင်ကျွမ်းစေနိုင်သလို အစားစားချင်စိတ်ကိုလျှော့နည်းစေနိုင်ပါတယ်။ အုန်းနို့ က ကိုယ်အလေးချိန်ချနေသူတွေ စားသုံးပေးလို့ရပါတယ်နော်။
ကိုယ်ခံအားကောင်းစေနိုင်ပါတယ် – အုန်းနို့မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ အုန်းနို့ ပုံမှန်စားသုံးပေးတာက အအေးမိဖျားနာနဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမှာ အသေအချာပါ။
အစာကြေစေနိုင်တယ် – ရာသီဥတုကအေးနေတာကို အုန်းနို့ပါတဲ့အစားအစာတွေစားနေတာလား၊ အစာမကြေဖြစ်မယ်နော်ဆိုတဲ့စကားက အပြည့်အဝကြီးမမှန်ပါဘူး။ အုန်းနို့မှာပါတဲ့ ဗီတာမင်တွေနဲ့ သတ္တုဓါတ်တွေက အစာခြေလမ်းကြောင်းကိုကောင်းမွန်စွာလှုပ်ရှားနိုင်အောင် အထောက်အကူပြုပေးပြီး အစာကြေစေနိုင်သလို ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
အရိုးတွေသန်မာစေနိုင်ပါတယ် – အုန်းနို့မှာ ကယ်လ်ဆီယမ်နဲ့ အရိုးတွေကို သန်မာစေတဲ့ အခြားဓါတ်တွေ ပါဝင်နေတာကြောင့် အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ အုန်းနို့စားသုံးပေးတာက အရိုးပွတာ၊ အရိုးပါးတာ၊ အဆစ်တွေ ရောင်တာနဲ့ အရိုး ထိခိုက်တာတွေ ဖြစ်နိုင်ခြေ နည်းသွားစေမှာပါ။
ဆီးချိုအတွက် သင့်တော်ပါတယ် – အုန်းနို့မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်က အင်ဆူလင်တွေထွက်ရှိအောင်လငံ့ဆော်ပေးနိုင်ပါတယ်။ ဇီဝတွင်းဖြစ်စဉ်တွေကိုတိုးတက်ကောင်းမွန်စေပြီး ဆဲလ်တွေကို အင်ဆူလင်တုံ့ပြန်မှုကောင်းအောင်လုပ်ဆောင်ပေးတဲ့အပြင်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ် – အာဟာရမပြည့်ဝတဲ့အခါ၊ ခန္ဓါကိုယ်ထဲမှာ သံဓါတ်နည်းလာတဲ့အခါသွေးအားနည်းရောဂါခံစားရနိုင်ပါတယ်။ ဒီပြဿနာကိုရှောင်ရှားဖို့ဆိုရင်တော့နေ့တိုင်း အုန်းနို့ နည်းနည်းစီ စားသုံးပေးလိုက်ပါ။ သွေးအားနည်းတာကြောင့်ဖြစ်တဲ့ ခြေကုန်လက်ပမ်း ကျတာကို သက်သာစေမှာပါ။
ဒါတွေအပြင် အုန်းနို့က ဆံသားနဲ့ အသားအရေအတွက်လည်း အထောက်အပံ့ပေးပါသေးတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို အာရုံကြောဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်သလို မှိုပိုးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
အုန်းနို့
ကယ်လ်လိုရီက ၅၅၂ ဂရမ်
အဆီဓါတ်က ၅၇ ဂရမ်
ပရိုတင်း ၅ ဂရမ်
အမျှင်ဓါတ် ၅ ဂရမ်
Credit: hellosayarwon
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Sweet Dream Villa
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service