ဒဲနီရယ် ရက်ဒ်ကလစ်ဖ် (သို့မဟုတ်) ဟယ်ရီပေါ်တာသရုပ်ဆောင်၏ စံအိမ်

ဒဲနီရယ် ရက်ဒ်ကလစ်ဖ် (သို့မဟုတ်) ဟယ်ရီပေါ်တာသရုပ်ဆောင်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
24 Jun 2022 11:36 am တွင် တင်ခဲ့သည်
1438 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟယ်ရီပေါ်တာဇာတ်ကားတွင် မှော်ဆရာကောင်လေးအဖြစ် သရုပ်ဆောင်ခဲ့မှုဖြင့် နာမည်ကျော်သူ ဒဲနီရယ် ရက်ဒ်ကလစ်ဖ် Daniel Radcliffe သည် ဟယ်ရီပေါ်တာ နှစ် ၂၀ ပြည့် ဇာတ်ကားဖြစ်သော Return to Hogwarts တွင် ထပ်မံပါဝင်လာခဲ့သည်။

ရက်ဒ်ကလစ်ဖ်သည် ကောင်းချီးထောပနာပြုခံရသော ရုပ်ရှင်ဇာတ်ကားများတွင် သမားရိုးကျမဟုတ်သော ဇာတ်ကောင်အခန်းကဏ္ဍများဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ဖန်သားပြင်ပေါ်မှ သူ၏ မှော်ပညာအပြင် ရက်ဒ်ကလစ်ဖ်သည် ခမ်းနားစွာ နေထိုင်မှု၊ သူ၏ ခမ်းနားသောစံအိမ်တို့အတွက်လည်း နာမည်ကြီးသည်။

ဤဆောင်းပါးတွင် နယူးယောက်မှ သူ၏လှပသောစံအိမ်တွင်း ရင်သပ်ရှုမောဖွယ်မွမ်းမံထားမှုများ၊ အခြားသော စံအိမ်များ၊ သူ၏အောင်မြင်မှုများနှင့် အခြားသောအကြောင်းရပ်များကို တင်ပြသွားပါမည်။

(ဒဲနီရယ် ရက်ဒ်ကလစ်ဖ်၏ စံအိမ်)

ဒဲနီရယ် ရက်ဒ်ကလစ်ဖ်သည် နယူးယောက်မြို့၊ West Village မှ စံအိမ်သစ်တစ်လုံးကို ဝယ်ယူပိုင်ဆိုင်ထားရာ ကန်ဒေါ်လာ ၅ ဒသမ ၆၅ သန်း ပေးခဲ့ရသည်။

စတုရန်းပေ ၁၈၀၀ ကျယ်ဝန်းသော vintage စံအိမ်သည် မျက်စိပသာဒဖြစ်သော လမ်းခင်းကျောက်တုံးများ ဘေးတွင် စိမ်းလန်းသောသစ်ပင်တန်းများ စီရရီဖြင့် တွေ့ရသည်။

ဒဲနီရယ်၏ စံအိမ်အပါအဝင် ထိုဒေသရှိ ကပ်လျက်တည်ရှိသော အခြားအိမ် ၂ လုံးကို သင်္ဘောကပ္ပတိန်တစ်ဦး က ၁၈၄၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၃ ထပ်အဆောက်အအုံဖြစ်သောစံအိမ်တွင် ဧည့်ခန်း၊ အိပ်ခန်း ၄ ခန်း၊ မီးဖိုဆောင်၊ ညစာစားခန်း၊ အမျိုးသမီး ကိုယ်လက်သန့်စင်ခန်း၊ ယနေ့တိုင်အသုံးပြုနိုင်သေးသော မီးလင်းဖို ၆ ခု၊ ရေချိုးခန်း ၃ ခန်းနှင့် ပန်းခြံကို မျက်နှာမူသည့် လသာဆောင်တစ်ခုတို့ဖြင့် ဖွဲ့စည်းထားသည်။

ထို့အပြင် အိပ်ခန်း ၁ ခန်းပါ သီးခြားလူနေခန်းတစ်ခုလည်း ပါဝင်ပြီး မျက်စိပသာဒဖြစ်သော ထင်းသုံးမီးလင်းဖို တစ်ခု၊ ပန်းဥယျာဉ်၏ စွဲမက်ဖွယ်ရှုခင်းများကို တွေ့မြင်ရမည့် ပြတင်းပေါက်တစ်ခုတို့ ရှိသည်။

ဧည့်ခန်းတွင် မြင့်မားသောမျက်နှာကြက်များ၊ သိမ်မွေ့မှု၊ မနုမရင့် နံရံဆေးနှင့် ပရိဘောဂများဖြင့် minimalism ကို ညွှန်းဖွဲ့ထားကာ အိပ်ခန်းများမှာမူ ကျေးလက်ဟန် ထင်ဟပ်နေသည်။

ဂန္ထဝင်ဆန်သော သစ်ပရိဘောဂများကို အနုပညာမြောက်နံရံပန်းချီများဖြင့် တသားတည်းရောစပ်ထားကာ ကြီးမားသော ပြတင်းများမှတဆင့် ညှို့ယူဖမ်းစားနိုင်သည့် ပြင်ပရှုမျှော်ခင်းများ တွေ့မြင်နိုင်သည်။

တန်ဖိုးကြီးပစ္စည်းများထည့်သွင်းထားကာ ပြခန်းအသွင်ဖွဲ့စည်းထားသည့် တောက်ပြောင်သော မီးဖိုဆောင်အတွင်း ဝင်လိုက်ပါက လွတ်လပ်အေးချမ်းသော ဝန်းကျင်တစ်ခုကို တွေ့ကြုံခံစားရမည်ဖြစ်ကာ ထိုနေရာ

တွင် အမှတ်တရအခိုက်အတန့်များစွာ ကုန်လွန်ဖြတ်သန်းနိုင်သည်။ မီးဖိုဆောင်တွင် ကွဲပြားသော နေရာ ၂ ခုအကြားတွင် တည်ရှိသည်။

တစ်ခုမှာ ခေတ်ရှေ့ပြေး ပြတင်းမဲ့ ညစာစားနေရာဖြစ်ပြီး ရှေ့တံခါးမနောက် ကပ်လျက်တည်ရှိသည်။

အခြားတစ်ခုမှာ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသည့် ပြတင်းနံရံတို့ဖြင့် ဖွဲ့စည်းထားသော ဧည့်ခန်း ဖြစ်သည်။

ရေချိုးခန်းပါသည့် ဧည့်သည်အိပ်ခန်းတစ်ခန်းလည်း ထည့်သွင်းထားသေးသည်။

Master bedroom တွင် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုသည့်နေရာ၊ အလွန်ကြီးမားသည့် ရေစိမ်ကန်ပါသော စကျင်ကျောက်ကြမ်းခင်း ရေချိုးခန်းတို့ ရှိသည်။

(ရက်ဒ်ကလစ်ဖ် ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်များ)

ဒဲနီရယ် ရက်ဒ်ကလစ်ဖ်သည် လန်ဒန်အနောက်ပိုင်း၊ ဖူလ်ဟမ်ရှိ စံအိမ်တွင် ကလေးဘဝတစ်ခုလုံး ဖြတ်သန်းခဲ့သည်။

ထိုစံအိမ်သည် ရက်ဒ်ကလစ်ဖ်၏ နှလုံးသားနှင့် အနီးစပ်ဆုံးစံအိမ်ဖြစ်ပြီး ဟောလိဝုဒ်ကြယ်ပွင့် ဖြစ်လာပြီး နောက်ပိုင်းတွင်လည်း နယူးယောက်ရှိ နေအိမ်နှင့် ဖူလ်ဟမ်အကြား တလှည့်စီ ကုန်လွန်ဖြတ်သန်း လေ့ ရှိသည်။ ၂၀၁၆ ခုနှစ်တွင်မူ ရက်ဒ်ကလစ်ဖ်၏ ကလေးဘဝစံအိမ်မှာ ပေါင် ၁ ဒသမ ၄၅ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၁ သန်း) ဖြင့် ရောင်းချခဲ့သည်။

ရက်ဒ်ကလစ်ဖ်သည် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းရှိ သူ၏တန်ဖိုးကြီးလူနေခန်းကိုလည်း ပြီးခဲ့သော ၂၀၂၁ ခုနှစ်အတွင်း မိဘများဖြစ်သော Marcia Gresham နှင့် Alan Radcliffe တို့ထံ ပေါင် ၂ သန်းဖြင့် ရောင်းချခဲ့သည်။

ရက်ဒ်ကလစ်ဖ်က အဆိုပါအခန်းကို သြစတေးလျတွင် ၂၀၀၀ ပြည့်လွန်အလယ်ပိုင်းကာလများအတွင်း အလုပ်လုပ်ကိုင်ခဲ့စဉ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(ရက်ဒ်ကလစ်၏ အနုပညာဘဝ)

ဒဲနီရယ် ရက်ဒ်ကလစ်ဖ်သည် အသက် ၁၁ နှစ်အရွယ် ဟယ်ရီပေါ်တာအဖြစ် သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့သူဖြစ်သည်။

အသက် ၆ နှစ်သားအရွယ်တွင် ကျောင်းပြဇာတ်၌ မျောက်တစ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုမှ စတင်ကာ သရုပ်ဆောင်ဘဝ စတင်ခဲ့ခြင်း ဖြစ်သည်။

ရုပ်သံဇာတ်လမ်းတစ်ခုဖြစ်သော Oliver Twist အတွက် လူရွေးပွဲတွင် ရွေးချယ်ခံခဲ့ရမှုမှစတင်ကာ Kate Harwood က ရက်ဒ်ကလစ်ဖ်ကို သတိထားမိခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ဒေးဗစ်ကော့ပါးဖီးရုပ်ရှင်တွင် ခေါင်းဆောင်မင်းသားအဖြစ် Kate က ရက်ဒ်ကလစ်ဖ်အား ပါဝင်သရုပ်ဆောင်ခွင့်ပြုခဲ့သည်။

ယင်းနောက် ၂ နှစ်အကြာ ၂၀၀၁ ခုနှစ်တွင် The Tailor of Panama တွင် ပါဝင်ခွင့်ရပြန်သည်။

၂၀၀၁ ခုနှစ်တွင် စာရေးဆရာမ ဂျေ ကေ ရိုးလင်း၏ ဟယ်ရီပေါ်တာနှင့် မှော်ဓာတ်လုံး (Harry Potter and the Sorcerer’s Stone) ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ချိန်တွင်ကား လျှမ်းလျှမ်းတောက် အောင်မြင်သည့် သရုပ်ဆောင်ဖြစ်သွားခဲ့ပြီး ထိုဇာတ်ကားမှာလည်း ဝင်ငွေသောက်သောက်လဲ ရရှိခဲ့သည်။

ယင်းနောက် ဟယ်ရီပေါ်တာဇာတ်ကားများတွင် ဆက်တိုက်ပါဝင်သရုပ်ဆောင်ခဲ့ရာ Harry Potter and the Chamber of Secrets (2002) ၊ Harry Potter and the Deathly Hallows: Part 1 (2010) နှင့် Part 2 (2011) တို့တွင် ပါဝင်ခဲ့သည်။

(ဒဲနီရယ် ရက်ဒ်ကလစ်ဖ်၏ စိတ်ဝင်စားဖွယ် အချက်များ)

၁။ ဒဲနီရယ် ရက်ဒ်ကလစ်ဖ်သည် ဟယ်ရီပေါ်တာ ဇာတ်ကားရိုက်ကူးစဉ်အတွင်း မှော်ကြိမ်လုံးများကို ဒရမ်တီးတုတ်ချောင်းအဖြစ် အသုံးပြုခဲ့သောကြောင့် မှော်ကြိမ်လုံး အချောင်း ၈၀ ကျော် ကျိုးခဲ့သည်။

၂။ ရက်ဒ်ကလစ်ဖ်သည် မီးခြစ်ခဏခဏပျောက်တတ်သူ ဖြစ်သည်။

၃။ ရက်ဒ်ကလစ်ဖ်၏ အရပ်မှာ ၅ ပေ ၅ လက်မသာရှိသည်။ ထိုအချက်ကို ပရိသတ်အများစု မသိကြချေ။

၄။ ရက်ဒ်ကလစ်ဖ်သည် သရုပ်ဆောင်ခြင်းအပြင် ကဗျာလည်းရေးသည်။ Jacob Gershon ဟူသော ကလောင်အမည်ဖြင့် ကဗျာများ ရေးသားထုတ်ဝေထားသည်။

၅။ ၁၄ နှစ်သားအရွယ်က သူ၏ပုံတူပန်းချီကား ရေးဆွဲခဲ့ဖူးပြီး ထိုပန်းချီကားကို လန်ဒန်မြို့ရှိ အမျိုးသား ပုံတူပန်းချီကားပြခန်းတွင် ပြသထားသည်။

၆။ ဂျပ်စတင်ဘီဘာ၏ သီချင်းကို စတင်ကြားဖူးချိန်က အဆိုရှင်မှာ မိန်းကလေးဖြစ်သည်ဟု ရက်ဒ်ကလစ်ဖ် ထင်ခဲ့ဖူးသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Daniel Radcliffe’s House: A Fine Blend of Urbane Minimalism and Luxury (squareyards)

[Zawgyi]

ဒဲနီရယ္ ရက္ဒ္ကလစ္ဖ္ (သို႔မဟုတ္) ဟယ္ရီေပၚတာသရုပ္ေဆာင္၏ စံအိမ္

ဟယ္ရီေပၚတာဇာတ္ကားတြင္ ေမွာ္ဆရာေကာင္ေလးအျဖစ္ သရုပ္ေဆာင္ခဲ့မႈျဖင့္ နာမည္ေက်ာ္သူ ဒဲနီရယ္ ရက္ဒ္ကလစ္ဖ္ Daniel Radcliffe သည္ ဟယ္ရီေပၚတာ ႏွစ္ ၂၀ ျပည့္ ဇာတ္ကားျဖစ္ေသာ Return to Hogwarts တြင္ ထပ္မံပါဝင္လာခဲ့သည္။

ရက္ဒ္ကလစ္ဖ္သည္ ေကာင္းခ်ီးေထာပနာျပဳခံရေသာ ရုပ္ရွင္ဇာတ္ကားမ်ားတြင္ သမားရိုးက်မဟုတ္ေသာ ဇာတ္ေကာင္အခန္းက႑မ်ားျဖင့္ ပါဝင္သရုပ္ေဆာင္ခဲ့သူ ျဖစ္သည္။

ဖန္သားျပင္ေပၚမွ သူ၏ ေမွာ္ပညာအျပင္ ရက္ဒ္ကလစ္ဖ္သည္ ခမ္းနားစြာ ေနထိုင္မႈ၊ သူ၏ ခမ္းနားေသာစံအိမ္တို႔အတြက္လည္း နာမည္ၾကီးသည္။

ဤေဆာင္းပါးတြင္ နယူးေယာက္မွ သူ၏လွပေသာစံအိမ္တြင္း ရင္သပ္ရႈေမာဖြယ္မြမ္းမံထားမႈမ်ား၊ အျခားေသာ စံအိမ္မ်ား၊ သူ၏ေအာင္ျမင္မႈမ်ားႏွင့္ အျခားေသာအေၾကာင္းရပ္မ်ားကို တင္ျပသြားပါမည္။

(ဒဲနီရယ္ ရက္ဒ္ကလစ္ဖ္၏ စံအိမ္)

ဒဲနီရယ္ ရက္ဒ္ကလစ္ဖ္သည္ နယူးေယာက္ျမိဳ႕၊ West Village မွ စံအိမ္သစ္တစ္လံုးကို ဝယ္ယူပိုင္ဆိုင္ထားရာ ကန္ေဒၚလာ ၅ ဒသမ ၆၅ သန္း ေပးခဲ့ရသည္။

စတုရန္းေပ ၁၈၀၀ က်ယ္ဝန္းေသာ vintage စံအိမ္သည္ မ်က္စိပသာဒျဖစ္ေသာ လမ္းခင္းေက်ာက္တံုးမ်ား ေဘးတြင္ စိမ္းလန္းေသာသစ္ပင္တန္းမ်ား စီရရီျဖင့္ ေတြ႔ရသည္။

ဒဲနီရယ္၏ စံအိမ္အပါအဝင္ ထိုေဒသရွိ ကပ္လ်က္တည္ရွိေသာ အျခားအိမ္ ၂ လံုးကို သေဘၤာကပၸတိန္တစ္ဦး က ၁၈၄၇ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

၃ ထပ္အေဆာက္အအံုျဖစ္ေသာစံအိမ္တြင္ ဧည့္ခန္း၊ အိပ္ခန္း ၄ ခန္း၊ မီးဖိုေဆာင္၊ ညစာစားခန္း၊ အမ်ဳိးသမီး ကိုယ္လက္သန္႔စင္ခန္း၊ ယေန႔တိုင္အသံုးျပဳႏိုင္ေသးေသာ မီးလင္းဖို ၆ ခု၊ ေရခ်ဳိးခန္း ၃ ခန္းႏွင့္ ပန္းျခံကို မ်က္ႏွာမူသည့္ လသာေဆာင္တစ္ခုတို႔ျဖင့္ ဖြဲ႔စည္းထားသည္။

ထို႔အျပင္ အိပ္ခန္း ၁ ခန္းပါ သီးျခားလူေနခန္းတစ္ခုလည္း ပါဝင္ျပီး မ်က္စိပသာဒျဖစ္ေသာ ထင္းသံုးမီးလင္းဖို တစ္ခု၊ ပန္းဥယ်ာဥ္၏ စြဲမက္ဖြယ္ရႈခင္းမ်ားကို ေတြ႔ျမင္ရမည့္ ျပတင္းေပါက္တစ္ခုတို႔ ရွိသည္။

ဧည့္ခန္းတြင္ ျမင့္မားေသာမ်က္ႏွာၾကက္မ်ား၊ သိမ္ေမြ႔မႈ၊ မႏုမရင့္ နံရံေဆးႏွင့္ ပရိေဘာဂမ်ားျဖင့္ minimalism ကို ညႊန္းဖြဲ႔ထားကာ အိပ္ခန္းမ်ားမွာမူ ေက်းလက္ဟန္ ထင္ဟပ္ေနသည္။

ဂႏၳဝင္ဆန္ေသာ သစ္ပရိေဘာဂမ်ားကို အႏုပညာေျမာက္နံရံပန္းခ်ီမ်ားျဖင့္ တသားတည္းေရာစပ္ထားကာ ၾကီးမားေသာ ျပတင္းမ်ားမွတဆင့္ ညိွဳ႕ယူဖမ္းစားႏိုင္သည့္ ျပင္ပရႈေမွ်ာ္ခင္းမ်ား ေတြ႔ျမင္ႏိုင္သည္။

တန္ဖိုးၾကီးပစၥည္းမ်ားထည့္သြင္းထားကာ ျပခန္းအသြင္ဖြဲ႔စည္းထားသည့္ ေတာက္ေျပာင္ေသာ မီးဖုိေဆာင္အတြင္း ဝင္လိုက္ပါက လြတ္လပ္ေအးခ်မ္းေသာ ဝန္းက်င္တစ္ခုကို ေတြ႔ၾကံဳခံစားရမည္ျဖစ္ကာ ထိုေနရာတြင္ အမွတ္တရအခိုက္အတန္႔မ်ားစြာ ကုန္လြန္ျဖတ္သန္းႏိုင္သည္။ မီးဖိုေဆာင္တြင္ ကြဲျပားေသာ ေနရာ ၂ ခုအၾကားတြင္ တည္ရွိသည္။

တစ္ခုမွာ ေခတ္ေရွ႕ေျပး ျပတင္းမဲ့ ညစာစားေနရာျဖစ္ျပီး ေရွ႕တံခါးမေနာက္ ကပ္လ်က္တည္ရွိသည္။

အျခားတစ္ခုမွာ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားသည့္ ျပတင္းနံရံတို႔ျဖင့္ ဖြဲ႔စည္းထားေသာ ဧည့္ခန္း ျဖစ္သည္။ ေရခ်ိဳးခန္းပါသည့္ ဧည့္သည္အိပ္ခန္းတစ္ခန္းလည္း ထည့္သြင္းထားေသးသည္။

Master bedroom တြင္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသုိသည့္ေနရာ၊ အလြန္ၾကီးမားသည့္ ေရစိမ္ကန္ပါေသာ စက်င္ေက်ာက္ၾကမ္းခင္း ေရခ်ဳိးခန္းတို႔ ရွိသည္။

(ရက္ဒ္ကလစ္ဖ္ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္မ်ား)

ဒဲနီရယ္ ရက္ဒ္ကလစ္ဖ္သည္ လန္ဒန္အေနာက္ပိုင္း၊ ဖူလ္ဟမ္ရွိ စံအိမ္တြင္ ကေလးဘဝတစ္ခုလံုး ျဖတ္သန္းခဲ့သည္။

ထိုစံအိမ္သည္ ရက္ဒ္ကလစ္ဖ္၏ ႏွလံုးသားႏွင့္ အနီးစပ္ဆံုးစံအိမ္ျဖစ္ျပီး ေဟာလိဝုဒ္ၾကယ္ပြင့္ ျဖစ္လာျပီး ေနာက္ပိုင္းတြင္လည္း နယူးေယာက္ရွိ ေနအိမ္ႏွင့္ ဖူလ္ဟမ္အၾကား တလွည့္စီ ကုန္လြန္ျဖတ္သန္း ေလ့ ရွိသည္။ ၂၀၁၆ ခုႏွစ္တြင္မူ ရက္ဒ္ကလစ္ဖ္၏ ကေလးဘဝစံအိမ္မွာ ေပါင္ ၁ ဒသမ ၄၅ သန္း (ကန္ေဒၚလာ ၂ ဒသမ ၁ သန္း) ျဖင့္ ေရာင္းခ်ခဲ့သည္။

ရက္ဒ္ကလစ္ဖ္သည္ ၾသစေတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းရွိ သူ၏တန္ဖိုးၾကီးလူေနခန္းကိုလည္း ျပီးခဲ့ေသာ ၂၀၂၁ ခုႏွစ္အတြင္း မိဘမ်ားျဖစ္ေသာ Marcia Gresham ႏွင့္ Alan Radcliffe တို႔ထံ ေပါင္ ၂ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

ရက္ဒ္္ကလစ္ဖ္က အဆိုပါအခန္းကို ၾသစေတးလ်တြင္ ၂၀၀၀ ျပည့္လြန္အလယ္ပိုင္းကာလမ်ားအတြင္း အလုပ္လုပ္ကိုင္ခဲ့စဥ္က ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(ရက္ဒ္ကလစ္၏ အႏုပညာဘဝ)

ဒဲနီရယ္ ရက္ဒ္ကလစ္ဖ္သည္ အသက္ ၁၁ ႏွစ္အရြယ္ ဟယ္ရီေပၚတာအျဖစ္ သရုပ္ေဆာင္ကာ ကမၻာေက်ာ္ခဲ့သူျဖစ္သည္။

အသက္ ၆ ႏွစ္သားအရြယ္တြင္ ေက်ာင္းျပဇာတ္၌ ေမ်ာက္တစ္ေကာင္အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈမွ စတင္ကာ သရုပ္ေဆာင္ဘဝ စတင္ခဲ့ျခင္း ျဖစ္သည္။

ရုပ္သံဇာတ္လမ္းတစ္ခုျဖစ္ေသာ Oliver Twist အတြက္ လူေရြးပြဲတြင္ ေရြးခ်ယ္ခံခဲ့ရမႈမွစတင္ကာ Kate Harwood က ရက္ဒ္ကလစ္ဖ္ကို သတိထားမိခဲ့သည္။

၁၉၉၉ ခုႏွစ္တြင္ ရံုတင္ျပသခဲ့သည့္ ေဒးဗစ္ေကာ့ပါးဖီးရုပ္ရွင္တြင္ ေခါင္းေဆာင္မင္းသားအျဖစ္ Kate က ရက္ဒ္ကလစ္ဖ္အား ပါဝင္သရုပ္ေဆာင္ခြင့္ျပဳခဲ့သည္။

ယင္းေနာက္ ၂ ႏွစ္အၾကာ ၂၀၀၁ ခုႏွစ္တြင္ The Tailor of Panama တြင္ ပါဝင္ခြင့္ရျပန္သည္။

၂၀၀၁ ခုႏွစ္တြင္ စာေရးဆရာမ ေဂ် ေက ရိုးလင္း၏ ဟယ္ရီေပၚတာႏွင့္ ေမွာ္ဓာတ္လံုး (Harry Potter and the Sorcerer’s Stone) ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ခ်ိန္တြင္ကား လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္သည့္ သရုပ္ေဆာင္ျဖစ္သြားခဲ့ျပီး ထိုဇာတ္ကားမွာလည္း ဝင္ေငြေသာက္ေသာက္လဲ ရရွိခဲ့သည္။

ယင္းေနာက္ ဟယ္ရီေပၚတာဇာတ္ကားမ်ားတြင္ ဆက္တိုက္ပါဝင္သရုပ္ေဆာင္ခဲ့ရာ Harry Potter and the Chamber of Secrets (2002) ၊ Harry Potter and the Deathly Hallows: Part 1 (2010) ႏွင့္ Part 2 (2011) တို႔တြင္ ပါဝင္ခဲ့သည္။

(ဒဲနီရယ္ ရက္ဒ္ကလစ္ဖ္၏ စိတ္ဝင္စားဖြယ္ အခ်က္မ်ား)

၁။ ဒဲနီရယ္ ရက္ဒ္ကလစ္ဖ္သည္ ဟယ္ရီေပၚတာ ဇာတ္ကားရိုက္ကူးစဥ္အတြင္း ေမွာ္ၾကိမ္လံုးမ်ားကို ဒရမ္တီးတုတ္ေခ်ာင္းအျဖစ္ အသံုးျပဳခဲ့ေသာေၾကာင့္ ေမွာ္ၾကိမ္လံုး အေခ်ာင္း ၈၀ ေက်ာ္ က်ဳိးခဲ့သည္။

၂။ ရက္ဒ္ကလစ္ဖ္သည္ မီးျခစ္ခဏခဏေပ်ာက္တတ္သူ ျဖစ္သည္။

၃။ ရက္ဒ္ကလစ္ဖ္၏ အရပ္မွာ ၅ ေပ ၅ လက္မသာရွိသည္။ ထိုအခ်က္ကို ပရိသတ္အမ်ားစု မသိၾကေခ်။

၄။ ရက္ဒ္ကလစ္ဖ္သည္ သရုပ္ေဆာင္ျခင္းအျပင္ ကဗ်ာလည္းေရးသည္။ Jacob Gershon ဟူေသာ ကေလာင္အမည္ျဖင့္ ကဗ်ာမ်ား ေရးသားထုတ္ေဝထားသည္။

၅။ ၁၄ ႏွစ္သားအရြယ္က သူ၏ပံုတူပန္းခ်ီကား ေရးဆြဲခဲ့ဖူးျပီး ထိုပန္းခ်ီကားကို လန္ဒန္ျမိဳ႕ရွိ အမ်ဳိးသား ပံုတူပန္းခ်ီကားျပခန္းတြင္ ျပသထားသည္။

၆။ ဂ်ပ္စတင္ဘီဘာ၏ သီခ်င္းကို စတင္ၾကားဖူးခ်ိန္က အဆိုရွင္မွာ မိန္းကေလးျဖစ္သည္ဟု ရက္ဒ္ကလစ္ဖ္ ထင္ခဲ့ဖူးသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Daniel Radcliffe’s House: A Fine Blend of Urbane Minimalism and Luxury (squareyards)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service