သုဿန်မြေပေါ် ဆောက်ထားသည့် သရဲအလွန်ခြောက်သော ကျိန်စာသင့် အပန်းဖြေကစားကွင်း

သုဿန်မြေပေါ် ဆောက်ထားသည့် သရဲအလွန်ခြောက်သော ကျိန်စာသင့် အပန်းဖြေကစားကွင်း - Property News in Myanmar from iMyanmarHouse.com
24 Jun 2022 10:59 am တွင် တင်ခဲ့သည်
1553 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ်ရှိ အပန်းဖြေကစားကွင်း (amusement park) တစ်ခုသည် လွန်စွာခြောက်ခြားဖွယ် ကောင်းလှကြောင်း၊ သရဲအလွန်ခြောက်ကြောင်း မကြာသေးမီက သွားရောက်လေ့လာခဲ့သူတစ်ဦး၏ ဗွီဒီယိုမှတ်တမ်းအရ သိရသည်။

(ဤကစားကွင်းသည် အမေရိကန်ပြည်ထောင်စု၏ နာမည်ဆိုးနှင့် သတင်းအကြီးဆုံးနေရာများတွင် ပါဝင်သည်)

ယခုအခါ စွန့်ပစ်ထားပြီဖြစ်ကာ လူသူကင်းမဲ့နေသော အပန်းဖြေကစားကွင်းသို့ မကြာသေးမီက သွားရောက်စူးစမ်းလေ့လာခဲ့သူမှာ ကာလာနီ (Kalani) အမည်ရှိ အသက် ၂၃ နှစ်အရွယ် စူးစမ်းလေ့လာသူဖြစ်သည်။

ကာလာနီ၏ ပြောကြားချက်အရ ဒါန်းများသည် လူမရှိဘဲ အလိုအလျောက် လူစီးနေသကဲ့သို့ လွှဲယမ်းနေခြင်း၊ မည်သည့်နေရာကလာမှန်းမသိသော စူးစူးရွားရွားအော်သံကြီးများ၊ သံပြိုင်ကြွေးကြော်သံများ၊ ထူးဆန်းသော ခြေသံများ ကြားရခြင်းတို့အပြင် အခြားပရလောက ခြောက်ခြားဖွယ်များ များစွာတွေ့ရကြောင်း ပြောသည်။

ထိုအပန်းဖြေကစားကွင်းသို့ သွားရောက်စဉ်တွေ့ကြုံရမှုကို ကာလာနီက ဗွီဒီယိုရိုက်ကူးကာ သူ၏ TikTok အကောင့်မှတဆင့်လွှင့်တင်ခဲ့ရာ ကြည့်ရှုမှုအကြိမ်ရေ ၈ သန်းကျော် ရှိနေပြီ ဖြစ်သည်။

“ဒီကစားကွင်းဟာ အမေရိကရဲ့ ခြောက်ခြားစရာအကောင်းဆုံးနေရာတွေထဲမှာ တစ်ခုအဖြစ် သတ်မှတ်ခံ ထားရပါတယ်”ဟု ကာလာနီက ပြောသည်။

အပန်းဖြေကစားကွင်းကို ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရေလွှာလျှော၊ အခပေးဝင်ရသော ကပွဲခန်းမ၊ အရက်ပုန်းဆိုင်အပြင် အခြားအပန်းဖြေစရာ များစွာပါဝင်သည်။

သို့သော် ကံကြမ္မာဆိုးကြုံရသည့်ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက်ပိုင်း ၁၉၆၆ ခုနှစ်တွင် ကစားကွင်း ပိတ်သိမ်းလိုက်ရသည်။

“ကလေးမလေးတစ်ယောက် ဒန်းပေါ်မှာ သေဆုံး၊ ကောင်လေးတစ်ယောက် ရေကန်ထဲမှာ ရေနစ်သေတာတွေ ဖြစ်ပြီးနောက်ပိုင်း ဂြိုဟ်ဆိုးတွေ ဆက်တိုက်ဝင်တော့တာပဲ။ ကစားကွင်းဖွင့်လိုက်ရတဲ့ နှစ်တိုလေးအတွင်းမှာ လာပြီးလည်ပတ်တဲ့သူ ၆ ယောက်သေခဲ့တာထင်တယ်။ အဲဒီနောက်ပိုင်းကတည်းက စွန့်ပစ်ထားလိုက်ကြတာပဲ” ဟု ကာလာနီက ပြောကြောင်း Jam Press သတင်းဌာနက ဖော်ပြသည်။

(အပန်းဖြေကစားကွင်းကို စွန့်ပစ်ထားသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်)

(အချိန်ကာလနှင့် ရာသီဥတုကြောင့် ဟောင်းနွှမ်းစုတ်ပြတ်ကာ ရှုပ်ပွနေလေပြီ)

(ဌာနေ အမေရိကန်တိုင်းရင်းသားတို့ကို မြှုပ်နှံသည့် သုဿန်နေရာတွင် ကစားကွင်း ဆောက်လုပ်ထားခြင်း ဖြစ်သည်)

(ခြောက်ခြားဖွယ်ဖြစ်ရပ်များ များပြားစွာ ပေါ်ပေါက်ခဲ့သည့်နေရာဖြစ်သည်)

(ကာလာနီ ကစားကွင်းသွားစဉ်က ရိုက်ကူးခဲ့သည့်ဗွီဒီယိုမှာ အွန်လိုင်းတွင် ဟိုးလေးတကျော်ဖြစ်ခဲ့)

(ယခုအခါ ချားရဟတ် ၂ ခုသာ ကျန်တော့သည်)

(ကစားကွင်းဖွင့်လှစ်ပြီးနောက်ပိုင်း ကလေးငယ်များစွာ ကစားကွင်းတွင် သေဆုံးခဲ့ရသည်)

(ဤဒန်းတွင် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူမရှိဘဲ အလိုလို လွှဲယမ်းနေတတ်သည်)

(ကာလာနီ၏ ဗွီဒီယိုကို ပြီးအောင်မကြည့်ရဲကြသည်အထိ ခြောက်ခြားဖွယ်ကောင်းသည်ဟု ဆိုသည်)

(၁၉၆၆ ခုနှစ်တွင် ကစားကွင်းကို ပိတ်သိမ်းခဲ့သည်)

(ချားရဟတ်အများစုကို ကစားကွင်းပိတ်ချိန်ကတည်းက ပြန်လည်ရောင်းချခဲ့သည်)

(စူးစမ်းလေ့လာသူ ကာလာနီက သူ၏ခရီးစဉ်ကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးခဲ့)

ကစားကွင်း ပိတ်လိုက်ရပြီးနောက်ပိုင်း ဧက ၈၀၀ ကျယ်ဝန်းသည့် ထိုနေရာကို ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုက စီမံကိန်းတစ်ခုဆောက်လုပ်ရန် ဝယ်ယူခဲ့သည်။

သို့သော် ထိုနေရာသည် ယခင်က ဌာနေအမေရိကန်တို့၏ သင်္ချိုင်းနေရာဖြစ်ကြောင်း သိလာပြီးနောက်ပိုင်း ဆောက်လုပ်ရေးကုမ္ပဏီက ၎င်းတို့၏ ရည်ရွယ်ချက်ကို ဖျက်သိမ်းခဲ့သည်။

“၁၇၀၀ ပြည့်လွန်ကာလတွေလောက်က Clay ဆိုတဲ့ မိသားစုတစ်စု ဒီနေရာကို ပြောင်းရွှေ့အခြေချပြီး တောင်ယာစိုက်ပျိုးနေထိုင်ခဲ့ကြတယ်။ ၁၇၈၃ ခုနှစ်လောက်မှာ အဲဒီမိသားစု ကံကြမ္မာဆိုးကြီးနဲ့ ရင်ဆိုင်ရပါတယ်။ ဌာနေအမေရိကန်တိုင်းရင်းသားမျိုးနွှယ်တစ်ခုက ဒီမိသားစုက ကလေး ၂ ယောက်ကို သတ်ပြီး တစ်ယောက်ကို တိုင်မှာချည် မီးရှို့ခဲ့တယ်။ သူတို့ရဲ့ ဖခင်က ပြန်လည်လက်စားချေဖို့ ဓိဌာန်ခဲ့ပြီး မကြာမီမှာ ဒီခြံနေရာကို ရောင်းချသွားခဲ့တယ်”ဟု ကာလာနီက ပြောသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside a cursed West Virginia amusement park built on a burial ground (nypost)

[Zawgyi]

သုႆန္ေျမေပၚ ေဆာက္ထားသည့္ သရဲအလြန္ေျခာက္ေသာ က်ိန္စာသင့္ အပန္းေျဖကစားကြင္း

အေမရိကန္ျပည္ေထာင္စု၊ အေနာက္ဗာဂ်ီးနီးယားျပည္နယ္ရွိ အပန္းေျဖကစားကြင္း (amusement park) တစ္ခုသည္ လြန္စြာေျခာက္ျခားဖြယ္ ေကာင္းလွေၾကာင္း၊ သရဲအလြန္ေျခာက္ေၾကာင္း မၾကာေသးမီက သြားေရာက္ေလ့လာခဲ့သူတစ္ဦး၏ ဗြီဒီယိုမွတ္တမ္းအရ သိရသည္။

(ဤကစားကြင္းသည္ အေမရိကန္ျပည္ေထာင္စု၏ နာမည္ဆိုးႏွင့္ သတင္းအၾကီးဆံုးေနရာမ်ားတြင္ ပါဝင္သည္)

ယခုအခါ စြန္႔ပစ္ထားျပီျဖစ္ကာ လူသူကင္းမဲ့ေနေသာ အပန္းေျဖကစားကြင္းသို႔ မၾကာေသးမီက သြားေရာက္စူးစမ္းေလ့လာခဲ့သူမွာ ကာလာနီ (Kalani) အမည္ရွိ အသက္ ၂၃ ႏွစ္အရြယ္ စူးစမ္းေလ့လာသူျဖစ္သည္။

ကာလာနီ၏ ေျပာၾကားခ်က္အရ ဒါန္းမ်ားသည္ လူမရွိဘဲ အလိုအေလ်ာက္ လူစီးေနသကဲ့သို႔ လႊဲယမ္းေနျခင္း၊ မည္သည့္ေနရာကလာမွန္းမသိေသာ စူးစူးရြားရြားေအာ္သံၾကီးမ်ား၊ သံျပိဳင္ေၾကြးေၾကာ္သံမ်ား၊ ထူးဆန္းေသာ ေျခသံမ်ား ၾကားရျခင္းတို႔အျပင္ အျခားပရေလာက ေျခာက္ျခားဖြယ္မ်ား မ်ားစြာေတြ႔ရေၾကာင္း ေျပာသည္။

ထိုအပန္းေျဖကစားကြင္းသု႔ိ သြားေရာက္စဥ္ေတြ႔ၾကံဳရမႈကို ကာလာနီက ဗြီဒီယိုရိုက္ကူးကာ သူ၏ TikTok အေကာင့္မွတဆင့္လႊင့္တင္ခဲ့ရာ ၾကည့္ရႈမႈအၾကိမ္ေရ ၈ သန္းေက်ာ္ ရွိေနျပီ ျဖစ္သည္။

“ဒီကစားကြင္းဟာ အေမရိကရဲ႕ ေျခာက္ျခားစရာအေကာင္းဆံုးေနရာေတြထဲမွာ တစ္ခုအျဖစ္ သတ္မွတ္ခံ ထားရပါတယ္”ဟု ကာလာနီက ေျပာသည္။

အပန္းေျဖကစားကြင္းကို ၁၉၆၂ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ျပီး ေရလႊာေလွ်ာ၊ အခေပးဝင္ရေသာ ကပြဲခန္းမ၊ အရက္ပုန္းဆိုင္အျပင္ အျခားအပန္းေျဖစရာ မ်ားစြာပါဝင္သည္။

သို႔ေသာ္ ကံၾကမၼာဆိုးၾကံဳရသည့္ျဖစ္ရပ္မ်ား ဆက္တိုက္ျဖစ္ေပၚျပီးေနာက္ပိုင္း ၁၉၆၆ ခုႏွစ္တြင္ ကစားကြင္း ပိတ္သိမ္းလိုက္ရသည္။

“ကေလးမေလးတစ္ေယာက္ ဒန္းေပၚမွာ ေသဆံုး၊ ေကာင္ေလးတစ္ေယာက္ ေရကန္ထဲမွာ ေရနစ္ေသတာေတြ ျဖစ္ျပီးေနာက္ပိုင္း ျဂိဳဟ္ဆိုးေတြ ဆက္တိုက္ဝင္ေတာ့တာပဲ။ ကစားကြင္းဖြင့္လိုက္ရတဲ့ ႏွစ္တိုေလးအတြင္းမွာ လာျပီးလည္ပတ္တဲ့သူ ၆ ေယာက္ေသခဲ့တာထင္တယ္။ အဲဒီေနာက္ပိုင္းကတည္းက စြန္႔ပစ္ထားလိုက္ၾကတာပဲ” ဟု ကာလာနီက ေျပာေၾကာင္း Jam Press သတင္းဌာနက ေဖာ္ျပသည္။

(အပန္းေျဖကစားကြင္းကို စြန္႔ပစ္ထားသည္မွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္)

 (အခ်ိန္ကာလႏွင့္ ရာသီဥတုေၾကာင့္ ေဟာင္းႏႊမ္းစုတ္ျပတ္ကာ ရႈပ္ပြေနေလျပီ)

 (ဌာေန အေမရိကန္တိုင္းရင္းသားတို႔ကို ျမွဳပ္ႏွံသည့္ သုႆန္ေနရာတြင္ ကစားကြင္း ေဆာက္လုပ္ထားျခင္း ျဖစ္သည္)

 (ေျခာက္ျခားဖြယ္ျဖစ္ရပ္မ်ား မ်ားျပားစြာ ေပၚေပါက္ခဲ့သည့္ေနရာျဖစ္သည္)

 (ကာလာနီ ကစားကြင္းသြားစဥ္က ရိုက္ကူးခဲ့သည့္ဗြီဒီယိုမွာ အြန္လုိင္းတြင္ ဟိုးေလးတေက်ာ္ျဖစ္ခဲ့)

(ယခုအခါ ခ်ားရဟတ္ ၂ ခုသာ က်န္ေတာ့သည္)

(ကစားကြင္းဖြင့္လွစ္ျပီးေနာက္ပိုင္း ကေလးငယ္မ်ားစြာ ကစားကြင္းတြင္ ေသဆံုးခဲ့ရသည္)

(ဤဒန္းတြင္ မိန္းကေလးငယ္တစ္ဦး ေသဆံုးခဲ့ျပီး လူမရွိဘဲ အလိုလို လႊဲယမ္းေနတတ္သည္)

(ကာလာနီ၏ ဗြီဒီယိုကို ျပီးေအာင္မၾကည့္ရဲၾကသည္အထိ ေျခာက္ျခားဖြယ္ေကာင္းသည္ဟု ဆိုသည္)

(၁၉၆၆ ခုႏွစ္တြင္ ကစားကြင္းကို ပိတ္သိမ္းခဲ့သည္)

(ခ်ားရဟတ္အမ်ားစုကို ကစားကြင္းပိတ္ခ်ိန္ကတည္းက ျပန္လည္ေရာင္းခ်ခဲ့သည္)

(စူးစမ္းေလ့လာသူ ကာလာနီက သူ၏ခရီးစဥ္ကို ဗြီဒီယိုမွတ္တမ္းရိုက္ကူးခဲ့)

ကစားကြင္း ပိတ္လိုက္ရျပီးေနာက္ပိုင္း ဧက ၈၀၀ က်ယ္ဝန္းသည့္ ထိုေနရာကို ေဆာက္လုပ္ေရးကုမၸဏီ တစ္ခုက စီမံကိန္းတစ္ခုေဆာက္လုပ္ရန္ ဝယ္ယူခဲ့သည္။

သို႔ေသာ္ ထိုေနရာသည္ ယခင္က ဌာေနအေမရိကန္တို႔၏ သခၤ်ဳိင္းေနရာျဖစ္ေၾကာင္း သိလာျပီးေနာက္ပိုင္း ေဆာက္လုပ္ေရးကုမၸဏီက ၎တို႔၏ ရည္ရြယ္ခ်က္ကို ဖ်က္သိမ္းခဲ့သည္။

“၁၇၀၀ ျပည့္လြန္ကာလေတြေလာက္က Clay ဆိုတဲ့ မိသားစုတစ္စု ဒီေနရာကို ေျပာင္းေရႊ႕အေျခခ်ျပီး ေတာင္ယာစိုက္ပ်ဳိးေနထိုင္ခဲ့ၾကတယ္။ ၁၇၈၃ ခုႏွစ္ေလာက္မွာ အဲဒီမိသားစု ကံၾကမၼာဆိုးၾကီးနဲ႔ ရင္ဆိုင္ရပါတယ္။ ဌာေနအေမရိကန္တိုင္းရင္းသားမ်ဳိးႏႊယ္တစ္ခုက ဒီမိသားစုက ကေလး ၂ ေယာက္ကို သတ္ျပီး တစ္ေယာက္ကို တိုင္မွာခ်ည္ မီးရႈိ႕ခဲ့တယ္။ သူတို႔ရဲ႕ ဖခင္က ျပန္လည္လက္စားေခ်ဖုိ႔ ဓိဌာန္ခဲ့ျပီး မၾကာမီမွာ ဒီျခံေနရာကို ေရာင္းခ်သြားခဲ့တယ္”ဟု ကာလာနီက ေျပာသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside a cursed West Virginia amusement park built on a burial ground (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service