ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
အိမ်သာရေဆွဲချတဲ့အခါ ထိုင်ခုံအဖုံး ဖုံးအုပ်ပြီးမှသာ ဆွဲချသင့်ပါတယ်။ အဲဒီလိုအဖုံးပိတ်ရတဲ့အကြောင်းရင်းကတော့ အိမ်သာရေပန်းထွက်လာမှုကို တားဆီးတာပဲ ဖြစ်ပါတယ်။
အိမ်သာရေဆွဲချတဲ့အခါ အိမ်သာခွက်ထဲက သင့်အညစ်အကြေးကို ဖယ်ရှားတဲ့ ဝေ့လည်သွားတဲ့ရေမှာ ၎င်းအညစ်အကြေးရဲ့သေးငယ်တဲ့အမှုန်လေးတွေ ရောနေပါတယ်။
အဖုံးမအုပ်ထားဘူးဆိုရင် အဲဒီအညစ်အကြေးအမှုန်လေးတွေက လေဖိအားကြောင့် လေထုထဲကန်ထွက်လာတော့မှာပါ။
၎င်းလေထဲပန်းထွက်လာတဲ့အညစ်အကြေးမှုန်တွေဟာ အမြင့်ပေ ၁၅ ပေလောက်အထိ ရောက်ရှိနိုင်တယ်လို့ နယူးယောက်တက္ကသိုလ်ရဲ့ အဏုဇီဝဗေဒပညာရှင် ဖိလစ်တီယာနိုက ဆိုပါတယ်။
ဒါကြောင့် သန့်စင်ခန်းထဲမှာ သွားတိုက်တံလိုမျိုး တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပါးစပ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဘီရိုထဲ ထည့်သိမ်းထားတာက အကြံကောင်းဖြစ်နိုင်တယ်လို့ တီယာနိုက ပြောကြားခဲ့ပါတယ်။
အဖုံးရှိခဲတဲ့ အများပြည်သူသုံးအိမ်သာတွေမှာတော့ ရေဆွဲတဲ့ခလုတ်ကိုနှိပ်ပြီးတာနဲ့ အိမ်သာထဲက ထွက်ပါလို့လည်း တီယာနိုက အကြံပြုထားပါတယ်။
အိမ်သာရေအညစ်အကြေးရန်ကနေ ကာကွယ်ခြင်းထက် ပိုပြီးအဓိကကျအရေးပါတာကတော့ သန့်ရှင်းရေးပဲဖြစ်ကြောင်း၊ အိမ်သာကမထွက်ခွါမီ လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ အရေးကြီးဆုံးဖြစ်ကြောင်းလည်း တီယာနိုက ပြောကြားထားပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Here's why you should always close the toilet lid when you flush (businessinsider)
[Zawgyi]
ေရဆြဲခ်တဲ့အခါ အိမ္သာထိုင္ခံုအဖံုးကို ဘာေၾကာင့္ပိတ္သင့္တာပါလိမ့္ ?
အိမ္သာေရဆြဲခ်တဲ့အခါ ထိုင္ခံုအဖံုး ဖံုးအုပ္ၿပီးမွသာ ဆြဲခ်သင့္ပါတယ္။ အဲဒီလိုအဖံုးပိတ္ရတဲ့အေၾကာင္းရင္းကေတာ့ အိမ္သာေရပန္းထြက္လာမႈကို တားဆီးတာပဲ ျဖစ္ပါတယ္။
အိမ္သာေရဆြဲခ်တဲ့အခါ အိမ္သာခြက္ထဲက သင့္အညစ္အေၾကးကို ဖယ္ရွားတဲ့ ေဝ့လည္သြားတဲ့ေရမွာ ၎အညစ္အေၾကးရဲ႕ေသးငယ္တဲ့အမႈန္ေလးေတြ ေရာေနပါတယ္။
အဖံုးမအုပ္ထားဘူးဆိုရင္ အဲဒီအညစ္အေၾကးအမႈန္ေလးေတြက ေလဖိအားေၾကာင့္ ေလထုထဲကန္ထြက္လာေတာ့မွာပါ။
၎ေလထဲပန္းထြက္လာတဲ့အညစ္အေၾကးမႈန္ေတြဟာ အျမင့္ေပ ၁၅ ေပေလာက္အထိ ေရာက္ရွိႏုိင္တယ္လုိ႔ နယူးေယာက္တကၠသိုလ္ရဲ႕ အဏုဇီဝေဗဒပညာရွင္ ဖိလစ္တီယာႏိုက ဆိုပါတယ္။
ဒါေၾကာင့္ သန္႔စင္ခန္းထဲမွာ သြားတိုက္တံလိုမ်ဳိး တစ္ကိုယ္ရည္သန္႔ရွင္းေရး၊ ပါးစပ္နဲ႔သက္ဆိုင္တဲ့ ပစၥည္းေတြကို ဘီ႐ိုထဲ ထည့္သိမ္းထားတာက အႀကံေကာင္းျဖစ္ႏိုင္တယ္လို႔ တီယာႏိုက ေျပာၾကားခဲ့ပါတယ္။
အဖံုးရွိခဲတဲ့ အမ်ားျပည္သူသံုးအိမ္သာေတြမွာေတာ့ ေရဆြဲတဲ့ခလုတ္ကိုႏွိပ္ၿပီးတာနဲ႔ အိမ္သာထဲက ထြက္ပါလို႔လည္း တီယာႏိုက အႀကံျပဳထားပါတယ္။
အိမ္သာေရအညစ္အေၾကးရန္ကေန ကာကြယ္ျခင္းထက္ ပိုၿပီးအဓိကက်အေရးပါတာကေတာ့ သန္႔ရွင္းေရးပဲျဖစ္ေၾကာင္း၊ အိမ္သာကမထြက္ခြါမီ လက္ကို စင္ၾကယ္ေအာင္ ေဆးေၾကာဖို႔ အေရးႀကီးဆံုးျဖစ္ေၾကာင္းလည္း တီယာႏိုက ေျပာၾကားထားပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Here's why you should always close the toilet lid when you flush (businessinsider)