ဘက်ကင်ဟမ်နန်းတော် (သို့မဟုတ်) ကမ္ဘာ့ဈေးအကြီးဆုံး အဆောက်အအုံကြီး

ဘက်ကင်ဟမ်နန်းတော် (သို့မဟုတ်) ကမ္ဘာ့ဈေးအကြီးဆုံး အဆောက်အအုံကြီး - Property News in Myanmar from iMyanmarHouse.com
21 Jun 2022 11:26 am တွင် တင်ခဲ့သည်
1314 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သမိုင်းဝင်အဆောက်အအုံကြီးများ၊ ခမ်းနားလှသော မျှော်စင်ကြီးများ အစရှိသဖြင့် မင်းစိုးရာဇာများနှင့် ဘီလျံနာများက ကမ္ဘာတစ်လွှား မည်မျှဆောက်လုပ်ခဲ့သည်ဖြစ်စေ ယင်းအဆောက်အအုံအားလုံးသည် ဗြိတိန်တော်ဝင်မိသားစုနေထိုင်ရာ ဘက်ကင်ဟမ်နန်းတော်၏ ကုန်ကျစရိတ်ကို မယှဉ်နိုင်ချေ။

ဘက်ကင်ဟမ်နန်းတော်သည် ကမ္ဘာပေါ်ရှိ တန်ဖိုးအကြီးဆုံးအိမ်ခြံမြေများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး ၂၀၂၂ ခုနှစ်တန်ကြေးအရ ပေါင် ၄ ဘီလီယံကျော် တန်ကြေးရှိသည်။

၁၈ ရာစုအတွင်းဆောက်လုပ်ခဲ့သည့် ကမ္ဘာ့ဈေးအကြီးဆုံးအဆောက်အအုံကြီးသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှ အိန္ဒိယသူဌေးကြီး မူကက်ရှ် အမ်ဘာနီပိုင်ဆိုင်သော Antilia အမည်ရှိ မော်ဒန်ဗိသုကာဟန်စံအိမ်၊ ရုရှားဘီလျံနာ မီးခေးလ် ပရိုခိုရော့ဗ်ပိုင်ဆိုင်သော French Riviera မှ Cote D’Azur တို့ကို ဖြတ်ကျော်ကာ ကမ္ဘာ့တန်ကြေးအကြီးဆုံးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေခြင်းဖြစ်သည်။

(ကမ္ဘာ့တန်ကြေးအကြီးဆုံးစံအိမ်ကြီး၏ သမိုင်းအကျဉ်း)

ဂျော့ဘုရင် (၃) က ဘက်ကင်ဟမ်အိမ်တော်ကို ကြင်ယာတော် မိဖုရားကြီး ရှားလော့ထ်အတွက် ၁၇၆၁ ခုနှစ်တွင် အသုံးပြုခဲ့သည်။

စိန့်ဂျိန်းနန်းတော်အနီးရှိ အဆိုပါအိမ်တော်ကို တော်ဝင်မိသားစုအိမ်တော်အဖြစ် အသုံးပြုရန်သင့်လျော်ကြောင်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

၁၈၂၀ ပြည့်နှစ်တွင် အင်္ဂလန်ပြည့်ရှင်ဖြစ်လာသော ဂျော့ဘုရင် (၄) က ယင်းအိမ်တော်ကို ဗိသုကာပညာရှင် John Nash ၏ အကူအညီဖြင့် နန်းတော်အဖြစ် ပြောင်းလဲခဲ့သည်။

ဂျော့ဘုရင် ၄ က ဘက်ကင်ဟမ်နန်းတော်အဖြစ် ပြောင်းလဲဆောက်လုပ်ရန် လျာထားငွေ ပေါင် ၄၅၀၀၀၀ ဖြင့် ဆောက်လုပ်စေရန် လမ်းညွှန်ခဲ့ပြီး အောက်လွှတ်တော်က အတည်ပြုပေးခဲ့သည်။

နန်းတော်၏ ပြင်ပဗိသုကာဟန်မှာ ဂျော့ဘုရင် ၄ နှစ်သက်သော ပြင်သစ်နီယိုးကလပ်စစ်ကယ်ဗိသုကာဟန် လွှမ်းနေသည်။

(မျက်မှောက်ခေတ် ဘက်ကင်ဟမ်)

ယနေ့ခေတ် ဘက်ကင်ဟမ်နန်းတော်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၈၂၉၀၀၀ ရှိပြီး အခန်းပေါင်း ၇၇၅ ခန်း ပါဝင်သည်။

နိုင်ငံတော်အဆင့်အခမ်းအနားများကျင်းပသည့် အခန်း ၁၉ ခန်း၊ တော်ဝင်ဧည့်သည်တော်များနှင့် အခြားဧည့်သည်တော်များအတွက် အိပ်ခန်း ၅၂ ခန်း ပါဝင်သည်။

ထို့အပြင် နန်းတော်အတွင်း ရုံးဌာနပေါင်း ၉၂ ခု၊ ရေချိုးခန်း ၇၈ ခန်း၊ နန်းတွင်းအမှုတော်ထမ်းတို့အတွက် အိပ်ခန်းပေါင်း ၁၈၈ ခန်းလည်း ရှိသည်။ ဘုရားကျောင်း ၁ ကျောင်း၊ စာတိုက် ၁ ခု၊ indoor ရေကူးကန်၊ ဝန်ထမ်းများ ကော်ဖီဆိုင်၊ သမားတော် ရုံးခန်း၊ ရုပ်ရှင်ရုံ အစရှိသည်တို့အပြင် အခြား amenities များစွာ ပါဝင်သေးသည်။

(ကမ္ဘာ့ဈေးအကြီးဆုံးအဆောက်အအုံကြီး၏ အတွင်းဝယ်…)

(ပင်မဝင်ပေါက်)

ပင်မဝင်ပေါက်သည် နန်းတော်တွင်း လေးထောင့်ပုံကွက်လပ်တွင် တည်ရှိသည်။

ဘုရင်မကြီးသည် ထိုနေရာမှ နန်းတော်ပြင်ပသို့ ထွက်ခွာခြင်း၊ နန်းတော်အတွင်းသို့ ဝင်ရောက်ခြင်းများ ပြုလုပ်လေ့ရှိသည်။

အရေးကြီး အခမ်းအနားများသို့ တက်ရောက်ကြမည့် ဧည့်သည်များသည်လည်း မဟာခန်းမကြီးအတွင်းသို့ မရောက်မီ ပင်မဝင်ပေါက်ကို ဖြတ်သန်းရသည်။

(ဥယျာဉ်တော်များ)

ဘုရင်မကြီးသည် နှစ်စဉ်နှစ်တိုင်း ဧည့်သည်တော် ၃၀၀၀၀ နီးပါးကို ကမ္ဘာ့ဈေးအကြီးဆုံး အဆောက်အအုံကြီး တွင် ဧည့်ခံတွေ့ဆုံလေ့ရှိသည်။ နန်းတော်၏ ၃၉ ဧကကျယ်သော ဥယျာဉ်တော်အတွင်း ပန်းမန်မျိုးပေါင်း ၃၅၀ ကျော်၊ သစ်ပင်မျိုးကွဲပေါင်း ၂၀၀ ကျော်နှင့် ၃ ဧက ကျယ်သော ရေထုတို့ကို တွေ့ရမည် ဖြစ်သည်။

(မဟာလှေကား)

အပေါ်ထပ်ရှိ နိုင်ငံတော်အဆင့် ခန်းမများရှိရာသို့ ရောက်ရှိစေမည့် မဟာလှေကားကြီးသည် နန်းတော်တွင်းသို့ လာရောက်သည့် ဧည့်သည်တော်များ ဦးစွာတွေ့ရမည့်အရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

လှေကားခွင်ကို ကော်ဇောနီခင်းထားပြီး နံရံများတွင် ဗြိတိသျှတော်ဝင်မိသားစုတို့၏ သမိုင်းဝင်ဓာတ်ပုံများဖြင့် မွမ်းမံထားသည်။

(ဗဟိုလသာဆောင်)

ကမ္ဘာပေါ်ရှိ လူအများစု ရင်းနှီးသိရှိကြသည်မှာ အရှေ့ဘက်မျက်နှာစာကို မျက်နှာမူသည့် လသာဆောင်ဖြစ်သည်။

အရေးကြီးသော ပွဲလမ်းအခါသမယများတွင် တော်ဝင်မိသားစုဝင်တို့သည် ဗဟိုခန်းဆောင်တော်၏ လသာဆောင်တွင် ထွက်ကာအများပြည်သူကို နှုတ်ဆက်လေ့ရှိသည်။

(ဗဟိုခန်းဆောင်တော်)

ဗဟိုလသာဆောင်၏နောက်ဘက်တွင် ကမ္ဘာ့ဈေးအကြီးဆုံးစံအိမ်ကြီး၏ ဗဟိုခန်းဆောင်တော်ရှိသည်။

ထိုအခန်းကို တရုတ်နေ့လယ်စာခန်းမဟုလည်း လူသိများသည်။ တရုတ်ပရိဘောဂများဖြင့် မွမ်းမံထားခြင်းကြောင့် ဖြစ်၏။

(အဝါရောင်ဧည့်ဆောင်တော်)

အဝါရောင်ဧည့်ဆောင်တော်ကို အဝါရောင်ပိုးထည်တို့ဖြင့် မွမ်းမံခဲ့သည်မှာ နပိုလီယန် ၃ ဧကရာဇ်နှင့် ကြင်ယာတော် ယူဂျင်းတို့ ၁၈၅၅ ခုနှစ်တွင် မဆက်ခံမီကတည်းက ဖြစ်သည်။

အဝါရောင်ဧည့်ဆောင်တော်ကို ဝိတိုရိယဘုရင်မကြီးက ပါတီပွဲများကျင်းပရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(သီးသန့်ဧည့်တွေ့ဆောင်)

ဧည့်သည်တော်များနှင့် သီးသန့်တွေ့ဆုံမှုကို ဘုရင်မကြီးက ဘက်ကင်ဟမ်နန်းတော်ရှိ ခမ်းနားထည်ဝါလှသော သီးသန့်ဧည့်တွေ့ဆောင်တွင် ပြုလုပ်လေ့ရှိသည်။

ဧည့်တွေ့နေရာနောက်ခံတွင် ဘုရင်မကြီး၏ မိသားစုဓာတ်ပုံများချိတ်ဆွဲပြသထားပြီး နံရံများကို အပြာဖျော့ဆေးသုတ်ထားကာ ကြမ်းခင်းမှာ ဝက်သစ်ချသားအနက်ရောင် ဖြစ်သည်။

(နန်းတော် ကပွဲခန်းမ)

ခမ်းနားလှပသော ကပွဲခန်းမတော်တွင် ညစာစားပွဲများ ကျင်းပလေ့ရှိပြီး အလွန်မြင့်မားသော မျက်နှာကျက်များ၊ အနီရဲရဲကော်ဇောများကို တွေ့ရမည်ဖြစ်ကာ နံရံများတွင် များပြားသည့်အနုပညာလက်ရာများဖြင့် အလှဆင်ထားသည်။

ရာထူးခန့်အပ်ပွဲများကိုလည်း ဤနေရာတွင် ပြုလုပ်လေ့ရှိပြီး ဘုရင်မကြီး (သို့မဟုတ်) အခြားထိပ်တန်း တော်ဝင်မိသားစုဝင်တို့က ပြုလုပ်ပေးလေ့ရှိသည်။

(၁၈၄၄ ခန်းမ)

၁၈၄၄ ခန်းမသည် ဘက်ကင်ဟမ်နန်းတော်၏ နိုင်ငံတော်အဆင့် အခမ်းအနားများကျင်းပသောအခန်း ၁၉ ခန်းတွင် တစ်ခုအပါအဝင် ဖြစ်သည်။

နိုင်ငံတကာခေါင်းဆောင်များနှင့် အထင်ကရဧည့်သည်တော်များကို လက်ခံတွေ့ဆုံရာတွင် ဘုရင်မကြီးက ယခုအခန်းကို အသုံးပြုလေ့ရှိသည်။

ခမ်းနားသော စကျင်ကျောက်တှုံးများတွေ့ရမည်ဖြစ်ပြီး နံရံများတွင် ရွှေမှန်များ ချိတ်ဆွဲထားသည်။ ဂန္ထဝင်မြောက် ပုံဖော်ထားသော ကော်ဇောများ၊ အပြာနှင့် ရွှေကုလားထိုင်များလည်း တွေ့ရမည် ဖြစ်သည်။

(ဂီတအဆောင်တော်)

ဂီတအဆောင်တော်တွင် အရေးပါသောတော်ဝင်အခမ်းအနားများစွာ ကျင်းပခဲ့ရာ ချားလ်စ်မင်းသား၊ အန်း မင်းသမီးနှင့် အင်ဒရူးမင်းသားတို့၏ ကင်ပွန်းတပ်မင်္ဂလာအခမ်းအနားများ၊ မင်းသားဝီလျံနှင့် ကိတ် မစ်ဒယ်တန်တို့၏ ထိမ်းမြားမင်္ဂလာပွဲများကို ကျင်းပခဲ့သည်။

(မကိုဋ်ဆောင်တော်)

မကိုဋ်ဆောင်တော်သည် ဘက်ကင်ဟမ်နန်းတော်တွင် မှတ်မိလွယ်ဆုံးခန်းမတစ်ခု ဖြစ်ဖွယ်ရှိသည်။ ထိုအခန်းတွင် ရာထူးအပ်နှင်းပွဲ အပါအဝင် အခမ်းအနားများစွာ ကျင်းပလေ့ရှိသည်။

(အနုပညာပြခန်း)

တော်ဝင်မိသားစုမှ စုဆောင်းထားသော အနုပညာလက်ရာများကို ယခုအခန်းတွင် ထားရှိသည်။

အင်္ဂလန်ပြည့်ရှင်၏ စုဆောင်းထားသောပန်းချီကားများအတွက် ၄၇ မီတာရှိသော ယခုအခန်းကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အီတလီ၊ ဒတ်ချ်နှင့် ဘယ်လ်ဂျီယံ ပန်းချီကျော်တို့၏ လက်ရာများဖြစ်ပြီး အများစုမှာ ၁၇ ရာစုမှ လက်ရာများ ဖြစ်သည်။

စုဆောင်းထားရှိသော ပန်းချီကျော်များ၏ လက်ရာများတွင် Titian, Rembrandt, Rubens, Van Dyck နှင့် Claude Monet တို့၏ လက်ရာများ ပါဝင်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Buckingham Palace: Costliest house in the world (housing)

[Zawgyi]

ဘက္ကင္ဟမ္နန္းေတာ္ (သို႔မဟုတ္) ကမၻာ့ေစ်းအၾကီးဆံုး အေဆာက္အအံုၾကီး

သမိုင္းဝင္အေဆာက္အအံုၾကီးမ်ား၊ ခမ္းနားလွေသာ ေမွ်ာ္စင္ၾကီးမ်ား အစရွိသျဖင့္ မင္းစိုးရာဇာမ်ားႏွင့္ ဘီလ်ံနာမ်ားက ကမၻာတစ္လႊား မည္မွ်ေဆာက္လုပ္ခဲ့သည္ျဖစ္ေစ ယင္းအေဆာက္အအံုအားလံုးသည္ ျဗိတိန္ေတာ္ဝင္မိသားစုေနထိုင္ရာ ဘက္ကင္ဟမ္နန္းေတာ္၏ ကုန္က်စရိတ္ကို မယွဥ္ႏိုင္ေခ်။

ဘက္ကင္ဟမ္နန္းေတာ္သည္ ကမၻာေပၚရွိ တန္ဖိုးအၾကီးဆံုးအိမ္ျခံေျမမ်ားစာရင္းတြင္ ထိပ္ဆံုး၌ ရပ္တည္ေနျပီး ၂၀၂၂ ခုႏွစ္တန္ေၾကးအရ ေပါင္ ၄ ဘီလီယံေက်ာ္ တန္ေၾကးရွိသည္။

၁၈ ရာစုအတြင္းေဆာက္လုပ္ခဲ့သည့္ ကမၻာ့ေစ်းအၾကီးဆံုးအေဆာက္အအံုၾကီးသည္ အိႏိၵယႏိုင္ငံ၊ မြမ္ဘိုင္းျမိဳ႕မွ အိႏိၵယသူေဌးၾကီး မူကက္ရွ္ အမ္ဘာနီပိုင္ဆိုင္ေသာ Antilia အမည္ရွိ ေမာ္ဒန္ဗိသုကာဟန္စံအိမ္၊ ရုရွားဘီလ်ံနာ မီးေခးလ္ ပရိုခိုေရာ့ဗ္ပိုင္ဆိုင္ေသာ French Riviera မွ Cote D’Azur တို႔ကို ျဖတ္ေက်ာ္ကာ ကမၻာ့တန္ေၾကးအၾကီးဆံုးအျဖစ္ ထိပ္ဆံုးတြင္ ရပ္တည္ေနျခင္းျဖစ္သည္။

(ကမၻာ့တန္ေၾကးအၾကီးဆံုးစံအိမ္ၾကီး၏ သမိုင္းအက်ဥ္း)

ေဂ်ာ့ဘုရင္ (၃) က ဘက္ကင္ဟမ္အိမ္ေတာ္ကို ၾကင္ယာေတာ္ မိဖုရားၾကီး ရွားေလာ့ထ္အတြက္ ၁၇၆၁ ခုႏွစ္တြင္ အသံုးျပဳခဲ့သည္။

စိန္႔ဂ်ိန္းနန္းေတာ္အနီးရွိ အဆိုပါအိမ္ေတာ္ကို ေတာ္ဝင္မိသားစုအိမ္ေတာ္အျဖစ္ အသံုးျပဳရန္သင့္ေလ်ာ္ေၾကာင္း သတ္မွတ္ခဲ့ျခင္း ျဖစ္သည္။

၁၈၂၀ ျပည့္ႏွစ္တြင္ အဂၤလန္ျပည့္ရွင္ျဖစ္လာေသာ ေဂ်ာ့ဘုရင္ (၄) က ယင္းအိမ္ေတာ္ကို ဗိသုကာပညာရွင္ John Nash ၏ အကူအညီျဖင့္ နန္းေတာ္အျဖစ္ ေျပာင္းလဲခဲ့သည္။

ေဂ်ာ့ဘုရင္ ၄ က ဘက္ကင္ဟမ္နန္းေတာ္အျဖစ္ ေျပာင္းလဲေဆာက္လုပ္ရန္ လ်ာထားေငြ ေပါင္ ၄၅၀၀၀၀ ျဖင့္ ေဆာက္လုပ္ေစရန္ လမ္းညႊန္ခဲ့ျပီး ေအာက္လႊတ္ေတာ္က အတည္ျပဳေပးခဲ့သည္။

နန္းေတာ္၏ ျပင္ပဗိသုကာဟန္မွာ ေဂ်ာ့ဘုရင္ ၄ ႏွစ္သက္ေသာ ျပင္သစ္နီယိုးကလပ္စစ္ကယ္ဗိသုကာဟန္ လႊမ္းေနသည္။

(မ်က္ေမွာက္ေခတ္ ဘက္ကင္ဟမ္)

ယေန႔ေခတ္ ဘက္ကင္ဟမ္နန္းေတာ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၈၂၉၀၀၀ ရွိျပီး အခန္းေပါင္း ၇၇၅ ခန္း ပါဝင္သည္။

ႏိုင္ငံေတာ္အဆင့္အခမ္းအနားမ်ားက်င္းပသည့္ အခန္း ၁၉ ခန္း၊ ေတာ္ဝင္ဧည့္သည္ေတာ္မ်ားႏွင့္ အျခားဧည့္သည္ေတာ္မ်ားအတြက္ အိပ္ခန္း ၅၂ ခန္း ပါဝင္သည္။

ထို႔အျပင္ နန္းေတာ္အတြင္း ရံုးဌာနေပါင္း ၉၂ ခု၊ ေရခ်ဳိးခန္း ၇၈ ခန္း၊ နန္းတြင္းအမႈေတာ္ထမ္းတို႔အတြက္ အိပ္ခန္းေပါင္း ၁၈၈ ခန္းလည္း ရွိသည္။ ဘုရားေက်ာင္း ၁ ေက်ာင္း၊ စာတိုက္ ၁ ခု၊ indoor ေရကူးကန္၊ ဝန္ထမ္းမ်ား ေကာ္ဖီဆိုင္၊ သမားေတာ္ ရံုးခန္း၊ ရုပ္ရွင္ရံု အစရွိသည္တို႔အျပင္ အျခား amenities မ်ားစြာ ပါဝင္ေသးသည္။

(ကမၻာ့ေစ်းအၾကီးဆံုးအေဆာက္အအံုၾကီး၏ အတြင္းဝယ္…)

(ပင္မဝင္ေပါက္)

ပင္မဝင္ေပါက္သည္ နန္္းေတာ္တြင္း ေလးေထာင့္ပံုကြက္လပ္တြင္ တည္ရွိသည္။

ဘုရင္မၾကီးသည္ ထိုေနရာမွ နန္းေတာ္ျပင္ပသို႔ ထြက္ခြာျခင္း၊ နန္းေတာ္အတြင္းသို႔ ဝင္ေရာက္ျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္။

အေရးၾကီး အခမ္းအနားမ်ားသုိ႔ တက္ေရာက္ၾကမည့္ ဧည့္သည္မ်ားသည္လည္း မဟာခန္းမၾကီးအတြင္းသို႔ မေရာက္မီ ပင္မဝင္ေပါက္ကို ျဖတ္သန္းရသည္။

(ဥယ်ာဥ္ေတာ္မ်ား)

ဘုရင္မၾကီးသည္ ႏွစ္စဥ္ႏွစ္တိုင္း ဧည့္သည္ေတာ္ ၃၀၀၀၀ နီးပါးကို ကမၻာ့ေစ်းအၾကီးဆံုး အေဆာက္အအံုၾကီး တြင္ ဧည့္ခံေတြ႔ဆံုေလ့ရွိသည္။ နန္းေတာ္၏ ၃၉ ဧကက်ယ္ေသာ ဥယ်ာဥ္ေတာ္အတြင္း ပန္းမန္မ်ဳိးေပါင္း ၃၅၀ ေက်ာ္၊ သစ္ပင္မ်ဳိးကြဲေပါင္း ၂၀၀ ေက်ာ္ႏွင့္ ၃ ဧက က်ယ္ေသာ ေရထုတို႔ကို ေတြ႔ရမည္ ျဖစ္သည္။

(မဟာေလွကား)

အေပၚထပ္ရွိ ႏိုင္ငံေတာ္အဆင့္ ခန္းမမ်ားရွိရာသို႔ ေရာက္ရွိေစမည့္ မဟာေလွကားၾကီးသည္ နန္းေတာ္တြင္းသို႔ လာေရာက္သည့္ ဧည့္သည္ေတာ္မ်ား ဦးစြာေတြ႔ရမည့္အရာမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

ေလွကားခြင္ကို ေကာ္ေဇာနီခင္းထားျပီး နံရံမ်ားတြင္ ျဗိတိသွ်ေတာ္ဝင္မိသားစုတို႔၏ သမိုင္းဝင္ဓာတ္ပံုမ်ားျဖင့္ မြမ္းမံထားသည္။

(ဗဟုိလသာေဆာင္)

ကမၻာေပၚရွိ လူအမ်ားစု ရင္းႏွီးသိရွိၾကသည္မွာ အေရွ႕ဘက္မ်က္ႏွာစာကို မ်က္ႏွာမူသည့္ လသာေဆာင္ျဖစ္သည္။

အေရးၾကီးေသာ ပြဲလမ္းအခါသမယမ်ားတြင္ ေတာ္ဝင္မိသားစုဝင္တု႔ိသည္ ဗဟိုခန္းေဆာင္ေတာ္၏ လသာေဆာင္တြင္ ထြက္ကာအမ်ားျပည္သူကို ႏႈတ္ဆက္ေလ့ရွိသည္။

(ဗဟိုခန္းေဆာင္ေတာ္)

ဗဟိုလသာေဆာင္၏ေနာက္ဘက္တြင္ ကမၻာ့ေစ်းအၾကီးဆံုးစံအိမ္ၾကီး၏ ဗဟုိခန္းေဆာင္ေတာ္ရွိသည္။

ထိုအခန္းကို တရုတ္ေန႔လယ္စာခန္းမဟုလည္း လူသိမ်ားသည္။ တရုတ္ပရိေဘာဂမ်ားျဖင့္ မြမ္းမံထားျခင္းေၾကာင့္ ျဖစ္၏။

(အဝါေရာင္ဧည့္ေဆာင္ေတာ္)

အဝါေရာင္ဧည့္ေဆာင္ေတာ္ကို အဝါေရာင္ပိုးထည္တုိ႔ျဖင့္ မြမ္းမံခဲ့သည္မွာ နပိုလီယန္ ၃ ဧကရာဇ္ႏွင့္ ၾကင္ယာေတာ္ ယူဂ်င္းတို႔ ၁၈၅၅ ခုႏွစ္တြင္ မဆက္ခံမီကတည္းက ျဖစ္သည္။

အဝါေရာင္ဧည့္ေဆာင္ေတာ္ကို ဝိတိုရိယဘုရင္မၾကီးက ပါတီပြဲမ်ားက်င္းပရန္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

(သီးသန္႔ဧည့္ေတြ႔ေဆာင္)

ဧည့္သည္ေတာ္မ်ားႏွင့္ သီးသန္႔ေတြ႔ဆံုမႈကို ဘုရင္မၾကီးက ဘက္ကင္ဟမ္နန္းေတာ္ရွိ ခမ္းနားထည္ဝါလွေသာ သီးသန္႔ဧည့္ေတြ႔ေဆာင္တြင္ ျပဳလုပ္ေလ့ရွိသည္။

ဧည့္ေတြ႔ေနရာေနာက္ခံတြင္ ဘုရင္မၾကီး၏ မိသားစုဓာတ္ပံုမ်ားခ်ိတ္ဆြဲျပသထားျပီး နံရံမ်ားကို အျပာေဖ်ာ့ေဆးသုတ္ထားကာ ၾကမ္းခင္းမွာ ဝက္သစ္ခ်သားအနက္ေရာင္ ျဖစ္သည္။

(နန္းေတာ္ ကပြဲခန္းမ)

ခမ္းနားလွပေသာ ကပြဲခန္းမေတာ္တြင္ ညစာစားပြဲမ်ား က်င္းပေလ့ရွိျပီး အလြန္ျမင့္မားေသာ မ်က္ႏွာက်က္မ်ား၊ အနီရဲရဲေကာ္ေဇာမ်ားကို ေတြ႔ရမည္ျဖစ္ကာ နံရံမ်ားတြင္ မ်ားျပားသည့္အႏုပညာလက္ရာမ်ားျဖင့္ အလွဆင္ထားသည္။

ရာထူးခန္႔အပ္ပြဲမ်ားကိုလည္း ဤေနရာတြင္ ျပဳလုပ္ေလ့ရွိျပီး ဘုရင္မၾကီး (သုိ႔မဟုတ္) အျခားထိပ္တန္း ေတာ္ဝင္မိသားစုဝင္တို႔က ျပဳလုပ္ေပးေလ့ရွိသည္။

(၁၈၄၄ ခန္းမ)

၁၈၄၄ ခန္းမသည္ ဘက္ကင္ဟမ္နန္းေတာ္၏ ႏိုင္ငံေတာ္အဆင့္ အခမ္းအနားမ်ားက်င္းပေသာအခန္း ၁၉ ခန္းတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

ႏုိင္ငံတကာေခါင္းေဆာင္မ်ားႏွင့္ အထင္ကရဧည့္သည္ေတာ္မ်ားကို လက္ခံေတြ႔ဆံုရာတြင္ ဘုရင္မၾကီးက ယခုအခန္းကို အသံုးျပဳေလ့ရွိသည္။

ခမ္းနားေသာ စက်င္ေက်ာက္တွံုးမ်ားေတြ႔ရမည္ျဖစ္ျပီး နံရံမ်ားတြင္ ေရႊမွန္မ်ား ခ်ိတ္ဆြဲထားသည္။ ဂႏၳဝင္ေျမာက္ ပံုေဖာ္ထားေသာ ေကာ္ေဇာမ်ား၊ အျပာႏွင့္ ေရႊကုလားထုိင္မ်ားလည္း ေတြ႔ရမည္ ျဖစ္သည္။

(ဂီတအေဆာင္ေတာ္)

ဂီတအေဆာင္ေတာ္တြင္ အေရးပါေသာေတာ္ဝင္အခမ္းအနားမ်ားစြာ က်င္းပခဲ့ရာ ခ်ားလ္စ္မင္းသား၊ အန္း မင္းသမီးႏွင့္ အင္ဒရူးမင္းသားတို႔၏ ကင္ပြန္းတပ္မဂၤလာအခမ္းအနားမ်ား၊ မင္းသားဝီလ်ံႏွင့္ ကိတ္ မစ္ဒယ္တန္တို႔၏ ထိမ္းျမားမဂၤလာပြဲမ်ားကို က်င္းပခဲ့သည္။

(မကိုဋ္ေဆာင္ေတာ္)

မကိုဋ္ေဆာင္ေတာ္သည္ ဘက္ကင္ဟမ္နန္းေတာ္တြင္ မွတ္မိလြယ္ဆံုးခန္းမတစ္ခု ျဖစ္ဖြယ္ရွိသည္။ ထိုအခန္းတြင္ ရာထူးအပ္ႏွင္းပြဲ အပါအဝင္ အခမ္းအနားမ်ားစြာ က်င္းပေလ့ရွိသည္။

(အႏုပညာျပခန္း)

ေတာ္ဝင္မိသားစုမွ စုေဆာင္းထားေသာ အႏုပညာလက္ရာမ်ားကို ယခုအခန္းတြင္ ထားရွိသည္။

အဂၤလန္ျပည့္ရွင္၏ စုေဆာင္းထားေသာပန္းခ်ီကားမ်ားအတြက္ ၄၇ မီတာရွိေသာ ယခုအခန္းကို ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

အီတလီ၊ ဒတ္ခ်္ႏွင့္ ဘယ္လ္ဂ်ီယံ ပန္းခ်ီေက်ာ္တို႔၏ လက္ရာမ်ားျဖစ္ျပီး အမ်ားစုမွာ ၁၇ ရာစုမွ လက္ရာမ်ား ျဖစ္သည္။

စုေဆာင္းထားရွိေသာ ပန္းခ်ီေက်ာ္မ်ား၏ လက္ရာမ်ားတြင္ Titian, Rembrandt, Rubens, Van Dyck ႏွင့္ Claude Monet တို႔၏ လက္ရာမ်ား ပါဝင္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Buckingham Palace: Costliest house in the world (housing)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service