မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ။

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
16 Jun 2022 12:35 pm တွင် တင်ခဲ့သည်
686 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မုတ်သုံရာသီ နီးကပ်လာတာနဲ့အမျှ အနောက်တောင်လေတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ ပါလာတာကတော့ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဖျားနာရောဂါပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် အဖြစ်များတဲ့ တခြားရောဂါတွေကတော့ ငှက်ဖျားရောဂါ၊ လည်ချောင်းနာတာ၊ အအေးမိတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြပါတယ်။ ဒီတော့ မိုးရာသီ မှာ ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ၊၊

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ။

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို အခုလို ကာကွယ်ကြမယ်။

(၁) သောက်သုံးရေကို သန့်ရှင်းအောင် ဂရုစိုက်ပါ။

မိုးရာသီမှာ ရေအရင်းအမြစ်တွေက ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေကတဆင့် အသည်းရောင်အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်၊၊ ရေကနေတဆင့် ရောဂါတွေ မကူးစေဖို့ ရေကို ကျိုချက်သောက်တာ၊ သောက်ရေသန့်သောက်တာ၊ ရေသန့်ဆေးပြားထည့်ပြီး သန့်စင်တာတွေ လုပ်နိုင်ပါတယ်၊၊

(၂) လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ။

ဘက်တီးရီးယားပိုးရောဂါများမှ ကင်းဝေးရန် လက်သုတ်ပုဝါကို သီးသန့်အသုံးပြုပါ။ တတ်နိုင်လျှင် တစ်ခါသုံးတစ်ရှူးကို သုံးပြီး စနစ်တကျ စွန့်ပစ်ပါ၊၊

(၃) လက်ကိုင်ပုဝါဆောင်ပါ။

နှာစေးချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ နှာခေါင်း၊ ပါးစပ်တို့ကို အုပ်ပေးပါ။ ဒီလိုလုပ်တာက မိမိကနေ သူများကို ရောဂါမကူးအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်၊၊

(၄) ခြင်မကိုက်အောင်နေပါ။

ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော ခြင်သည် ညနေဘက်တွင် ကိုက်လေ့ရှိပါတယ်၊၊ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်ကတော့ နေ့အလင်းရောင် ကောင်းကောင်းရချိန်မှာ ကိုက်တတ်ပါတယ်၊၊ ဒါကြောင့် ခြင်ကိုက်မခံရအောင် ဘယ်အချိန်မှာ အိပ်အိပ် ခြင်ထောင်ထောင်ပါ၊၊ ခြင်အောင်းနိုင်တဲ့ နေရာတွေကို ရှင်းပါ၊၊ ခြင်နိုင်ဆေး လိမ်းထားပါ၊၊

(၅) ရောဂါဖြစ်ပါက စောစီးစွာကုသမှုခံယူပါ။

မိုးရာသီမှာ ဖျားနာတာ၊ ကိုယ်လက်ကိုက်တာ၊ နှာစေးချောင်းဆိုးတာတွေအတွက် ဆေးဆိုင်ကနေ အလွယ်တကူရနိုင်တဲ့ ဆေးတွေနဲ့ မသက်သာပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်အောင် ဆရာဝန်နှင့် ပြသပါ။

(၆) ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသုံးပါ။

သန်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ထားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် စိတ်ချရပါတယ်၊၊ မိုးတွင်းမှာ အပြင်စာ၊ လမ်းဘေးစာတွေထက် အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်တာက ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်၊၊

(၇) လူထူထပ်တဲ့ နေရာတွေကို ရှောင်ပါ။

လူထူထပ်တဲ့ နေရာတွေက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ပိုမိုလွယ်ကူတဲ့အတွက် ပွဲလမ်းသဘင်တွေကို တတ်နိုင်သမျှ ရှောင်ပါ၊၊ မဖြစ်မနေသွားရမယ်ဆို နှာခေါင်းစည်းတက်သွားပါ၊၊

(၈) လက်သန့်ဆေးရည် အသုံးပြုပါ။

ရေနဲ့ ဆပ်ပြာကို သုံးပြီး မကြာခဏ လက်ဆေးပါ၊၊ ဒါမှမဟုတ် ရေမလို လက်သန့်ဆေးရည်ကို သုံးပါ၊၊

သင့်တွင် ရင်သွေးငယ်များရှိပါက သင့်ကလေးငယ် အတွက် အောက်ပါတို့ကို လိုက်နာပါ။

* လက်သည်းညှပ်ပါ။

လက်သည်းရှည်တွေက အညစ်အကြေးနဲ့ ရောဂါပိုးတွေ ခိုအောင်းရာနေရာ ဖြစ်တဲ့အတွက် ကလေးငယ်များကို လက်သည်းပုံမှန် ညှပ်ပေးပါ။

* မိုးရွာနေချိန်မှာ ကလေးငယ်တွေကို အိမ်တွင်းမှာသာထားပါ။

မိုးရေထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများ ပါဝင်တတ်ပါတယ်။ အထူးသဖြင့် မိုးဦးလေဦးတွင် ရွာသော မိုးမစိုမိစေရန် ကလေးငယ်ကို ဂရုစိုက်ပေးပါ။

* တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ပေးပါ။

ကလေးငယ်တွေက လက်ဆေးရတာကို မကြိုက်ကြပါဘူး၊၊။ မိဘတွေအနေနဲ့ လက်ဆေးခြင်းကို သေချာပြသပေးပြီး လက်ဆေးတတ်တဲ့ အကျင့်ပါအောင် ပျိုးထောင်ပေးပါ။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေက အရွယ်ရောက်ပြီး သူတွေအတွက် ကြီးမားတဲ့ ပြဿနာပေမယ့် ကလေးငယ်တွေအတွက် ကြီးမားတဲ့ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တာကြောင့် အထူးဂရုစိုက် စောင့်ရှောက်ရန်လိုအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

မိုးရာသီဝင္ခ်ိန္တြင္ ျဖစ္ပြားတတ္သည့္ ေရာဂါမ်ားကို ဘယ္လိုကာကြယ္ၾကမလဲ။

မုတ္သုံရာသီ နီးကပ္လာတာနဲ႔အမွ် အေနာက္ေတာင္ေလတိုက္ခတ္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းျခင္းနဲ႔အတူ ပါလာတာကေတာ့ ရာသီအကူးအေျပာင္းမွာ ျဖစ္တတ္တဲ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တဲ့ ဖ်ားနာေရာဂါပဲ ျဖစ္ပါတယ္။ ဒါေတြအျပင္ အျဖစ္မ်ားတဲ့ တျခားေရာဂါေတြကေတာ့ ငွက္ဖ်ားေရာဂါ၊ လည္ေခ်ာင္းနာတာ၊ အေအးမိတုပ္ေကြးနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါတို႔ ျဖစ္ၾကပါတယ္။ ဒီေတာ့ မိုးရာသီ မွာ ေရာဂါေတြ မျဖစ္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ၊၊

မိုးရာသီဝင္ခ်ိန္တြင္ ျဖစ္ပြားတတ္သည့္ ေရာဂါမ်ားကို ဘယ္လိုကာကြယ္ၾကမလဲ။

မိုးရာသီဝင္ခ်ိန္တြင္ ျဖစ္ပြားတတ္သည့္ ေရာဂါမ်ားကို အခုလို ကာကြယ္ၾကမယ္။

(၁) ေသာက္သုံးေရကို သန္႔႐ွင္းေအာင္ ဂ႐ုစိုက္ပါ။

မိုးရာသီမွာ ေရအရင္းအျမစ္ေတြက ညစ္ညမ္းလြယ္ၿပီး မသန္႔႐ွင္းေသာ ေရကတဆင့္ အသည္းေရာင္အသားဝါေရာဂါ၊ အထက္လွန္ေအာက္ေလွ်ာေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါတို႔ ျဖစ္ပြားႏိုင္ပါတယ္၊၊ ေရကေနတဆင့္ ေရာဂါေတြ မကူးေစဖို႔ ေရကို က်ိဳခ်က္ေသာက္တာ၊ ေသာက္ေရသန္႔ေသာက္တာ၊ ေရသန္႔ေဆးျပားထည့္ၿပီး သန္႔စင္တာေတြ လုပ္ႏိုင္ပါတယ္၊၊

(၂) လက္သုတ္ပုဝါကို မိမိတစ္ဦးတည္း အသုံးျပဳပါ။

ဘက္တီးရီးယားပိုးေရာဂါမ်ားမွ ကင္းေဝးရန္ လက္သုတ္ပုဝါကို သီးသန္႔အသုံးျပဳပါ။ တတ္ႏိုင္လွ်င္ တစ္ခါသုံးတစ္႐ွဴးကို သုံးၿပီး စနစ္တက် စြန္႔ပစ္ပါ၊၊

(၃) လက္ကိုင္ပုဝါေဆာင္ပါ။

ႏွာေစးေခ်ာင္းဆိုးရင္ လက္ကိုင္ပုဝါနဲ႔ ႏွာေခါင္း၊ ပါးစပ္တို႔ကို အုပ္ေပးပါ။ ဒီလိုလုပ္တာက မိမိကေန သူမ်ားကို ေရာဂါမကူးေအာင္ ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္၊၊

(၄) ျခင္မကိုက္ေအာင္ေနပါ။

ငွက္ဖ်ားေရာဂါပိုး သယ္ေဆာင္လာေသာ ျခင္သည္ ညေနဘက္တြင္ ကိုက္ေလ့႐ွိပါတယ္၊၊ ေသြးလြန္တုပ္ေကြးျဖစ္ေစတဲ့ ျခင္ကေတာ့ ေန႔အလင္းေရာင္ ေကာင္းေကာင္းရခ်ိန္မွာ ကိုက္တတ္ပါတယ္၊၊ ဒါေၾကာင့္ ျခင္ကိုက္မခံရေအာင္ ဘယ္အခ်ိန္မွာ အိပ္အိပ္ ျခင္ေထာင္ေထာင္ပါ၊၊ ျခင္ေအာင္းႏိုင္တဲ့ ေနရာေတြကို ႐ွင္းပါ၊၊ ျခင္ႏိုင္ေဆး လိမ္းထားပါ၊၊

(၅) ေရာဂါျဖစ္ပါက ေစာစီးစြာကုသမႈခံယူပါ။

မိုးရာသီမွာ ဖ်ားနာတာ၊ ကိုယ္လက္ကိုက္တာ၊ ႏွာေစးေခ်ာင္းဆိုးတာေတြအတြက္ ေဆးဆိုင္ကေန အလြယ္တကူရႏိုင္တဲ့ ေဆးေတြနဲ႔ မသက္သာပါက ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာမ်ား မျဖစ္ေအာင္ ဆရာဝန္ႏွင့္ ျပသပါ။

(၆) က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ေ႐ြးခ်ယ္စားသုံးပါ။

သန္႐ွင္းလတ္ဆတ္စြာ ျပင္ဆင္ထားတဲ့ အစားအစာေတြက က်န္းမာေရးအတြက္ စိတ္ခ်ရပါတယ္၊၊ မိုးတြင္းမွာ အျပင္စာ၊ လမ္းေဘးစာေတြထက္ အိမ္မွာပဲ လတ္လတ္ဆတ္ဆတ္ ခ်က္ျပဳတ္စားေသာက္တာက က်န္းမာေရးအတြက္ ပိုသင့္ေတာ္ပါတယ္၊၊

(၇) လူထူထပ္တဲ့ ေနရာေတြကို ေ႐ွာင္ပါ။

လူထူထပ္တဲ့ ေနရာေတြက ဗိုင္းရပ္စ္ပိုး ကူးစက္ခံရမႈ ပိုမိုလြယ္ကူတဲ့အတြက္ ပြဲလမ္းသဘင္ေတြကို တတ္ႏိုင္သမွ် ေ႐ွာင္ပါ၊၊ မျဖစ္မေနသြားရမယ္ဆို ႏွာေခါင္းစည္းတက္သြားပါ၊၊

(၈) လက္သန္႔ေဆးရည္ အသုံးျပဳပါ။

ေရနဲ႔ ဆပ္ျပာကို သုံးၿပီး မၾကာခဏ လက္ေဆးပါ၊၊ ဒါမွမဟုတ္ ေရမလို လက္သန္႔ေဆးရည္ကို သုံးပါ၊၊

သင့္တြင္ ရင္ေသြးငယ္မ်ား႐ွိပါက သင့္ကေလးငယ္ အတြက္ ေအာက္ပါတို႔ကို လိုက္နာပါ။

* လက္သည္းညႇပ္ပါ။

လက္သည္း႐ွည္ေတြက အညစ္အေၾကးနဲ႔ ေရာဂါပိုးေတြ ခိုေအာင္းရာေနရာ ျဖစ္တဲ့အတြက္ ကေလးငယ္မ်ားကို လက္သည္းပုံမွန္ ညႇပ္ေပးပါ။

* မိုး႐ြာေနခ်ိန္မွာ ကေလးငယ္ေတြကို အိမ္တြင္းမွာသာထားပါ။

မိုးေရထဲမွာ ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ပိုးမ်ား ပါဝင္တတ္ပါတယ္။ အထူးသျဖင့္ မိုးဦးေလဦးတြင္ ႐ြာေသာ မိုးမစိုမိေစရန္ ကေလးငယ္ကို ဂ႐ုစိုက္ေပးပါ။

* တစ္ကိုယ္ေရ သန္႔႐ွင္းေရး ျပဳလုပ္ေပးပါ။

ကေလးငယ္ေတြက လက္ေဆးရတာကို မႀကိဳက္ၾကပါဘူး၊၊။ မိဘေတြအေနနဲ႔ လက္ေဆးျခင္းကို ေသခ်ာျပသေပးၿပီး လက္ေဆးတတ္တဲ့ အက်င့္ပါေအာင္ ပ်ိဳးေထာင္ေပးပါ။

ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ေရာဂါေတြက အ႐ြယ္ေရာက္ၿပီး သူေတြအတြက္ ႀကီးမားတဲ့ ျပႆနာေပမယ့္ ကေလးငယ္ေတြအတြက္ ႀကီးမားတဲ့ က်န္းမာေရးျပႆနာျဖစ္ေစႏိုင္တာေၾကာင့္ အထူးဂ႐ုစိုက္ ေစာင့္ေ႐ွာက္ရန္လိုအပ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service