မြန်မာနိုင်ငံတွင် အင်ဂျင်နီယာလုပ်ဖူးသော အမေရိကန်သမ္မတ ဟားဘတ်ဟူးဗား၏စံအိမ်

မြန်မာနိုင်ငံတွင် အင်ဂျင်နီယာလုပ်ဖူးသော အမေရိကန်သမ္မတ ဟားဘတ်ဟူးဗား၏စံအိမ် - Property News in Myanmar from iMyanmarHouse.com
16 Jun 2022 10:56 am တွင် တင်ခဲ့သည်
695 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဟားဘတ်ဟူးဗား၏ သမ္မတမဖြစ်မီ ဘဝဖြတ်သန်းမှု)

ဟားဘတ်ဟူးဗား၏ အမည်ရင်းမှာ ဟားဘတ် ကလာ့ခ် ဟူးဗားဖြစ်ပြီး ၁၈၇၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် မွေးဖွားသည်။

(မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ကင်းဝင်မင်းကြီးဦးကောင်းသည် ပြင်သစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရန် ရန်ကုန်သင်္ဘောဆိပ်မှ စတင်ထွက်ခွာသည်)

ဟားဘတ်ဟူးဗားသည် ၉ နှစ်သားအရွယ်အထိ ဇာတိမြို့ဖြစ်သော အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါ ပြည်နယ်၊ West Branch မြို့ငယ်လေးတွင် နေထိုင်ခဲ့သည်။

ဖခင်ဖြစ်သူ ဂျက်ဆီ ကလာ့ခ် ဟူးဗားမှာ ပန်းပဲဆရာတစ်ဦးဖြစ်ပြီး လယ်ယာသုံးပစ္စည်းများလည်း ရောင်းချသူ ဖြစ်သည်။

ဂျက်ဆီသည် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ထိုအချိန်တွင် ဟားဘတ်ဟူးဗားမှာ ၆ နှစ်သားအရွယ်သာ ရှိသေးသည်။

ဖခင်ဖြစ်သူကွယ်လွန်ပြီး ၃ နှစ်အကြာတွင် ဟူးဗား၏ မိခင် Huldah Minthorn Hoover မှာ နမိုးနီးယားဖြစ်ကာ ကွယ်လွန်သွားပြန်သည်။

သို့ကြောင့် ဟားဘတ်ဟူးဗားနှင့် အကိုဖြစ်သူ သီအိုဒို၊ ညီမငယ် မေရီတို့မှာ မိဘမဲ့များ ဖြစ်သွားကြသည်။

ယင်းနောက်ပိုင်း ဆွေမျိုးများထံတွင် နှစ်အနည်းငယ် လှည့်ပတ်နေထိုင်ခဲ့ရပြီး နောက်ဆုံးတွင် ဟူးဗားသည် အော်ရီဂွန်ပြည်နယ်တွင် နေထိုင်သော ဦးလေးဖြစ်သူ ဒေါက်တာ John Minthorn ထံတွင် နေထိုင်ခွင့်ရခဲ့သည်။

ကလေးဘဝတွင် မိဘနှစ်ပါး ဆုံးရှုံးခဲ့ရသူ ဟူးဗားမှာ ရှက်ကြောက်ခြင်း၊ တစ်ယောက်ထဲနေတတ်လာခြင်း၊ ထိရှလွယ်ခြင်း၊ သံသယများခြင်းများ ခံစားခဲ့ရသည်။

ဟူးဗားသည် အော်ရီဂွန်ပြည်နယ်၊ Newberg မြို့ရှိ Friends Pacific Academy တွင် ကျောင်းတက်ခဲ့ရာ သင်္ချာမှလွဲပြီး ဘာသာစုံကျသည့် အခြေအနေနှင့် ရင်ဆိုင်ရသည်။

သို့သော်လည်း ခိုင်မာသည့်သန္တွိဌာန်ရှိသော ဟူးဗားက ကယ်လီဖိုးနီးယားပြည်နယ်၊ Palo Alto တွင် အသစ်ဖွင့်လှစ်ထားခါစဖြစ်သော စတန်းဖို့ဒ်တက္ကသိုလ်သို့ တက်ရန် ရည်မှန်းထားခဲ့သည်။

သို့ဖြင့် ဟူးဗားသည် အပြင်းအထန်ကြိုးစားခဲ့ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့သည်။ သို့သော် အောင်ရုံမျှအမှတ်ဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဟူးဗားသည် စတန်းဖို့ဒ်တက္ကသိုလ်တွင် ဘူမိဗေဒမေဂျာဖြင့် တက်ရောက်ခဲ့သည်။

ကျောင်းလခပေးရန်အတွက် မှတ်ပုံတင်ရုံးတွင် စာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။

(သမ္မတမဖြစ်မီ ဘဝဖြတ်သန်းမှု)

၁၈၉၅ ခုနှစ်တွင် ကျောင်းပြီးသောအခါ ဟူးဗားသည် မြေတိုင်းအရာရှိအဖြစ် အလုပ်ရှာခဲ့သော်လည်း ကယ်လီဖိုးနီးယားပြည်နယ်၊ နီဗားဒါးမြို့အနီးရှိ ရွှေတွင်းတစ်ခုတွင် တစ်ပတ်လျှင် နာရီပေါင်း ၇၀ လုပ်ကိုင်ရသည့် အလုပ်ကြမ်းသမားတစ်ဦးအဖြစ်သာ လုပ်ကိုင်ခဲ့ရပြီး သတ္တုရိုင်းတင် တွန်းလှည်းများကို တွန်းရ၏။

ယင်းနောက်ပိုင်း ဆန်ဖရန်စစ္စကိုတွင် ရုံးအလုပ်တစ်ခု ရခဲ့သည်။ ဝယ်ယူရမည့် သတ္တုတွင်းများကို စစ်ဆေးစုံစမ်းကာ တန်ဖိုးတွက်ချက်ရသည့်အလုပ် လုပ်ကိုင်ခဲ့ရခြင်း ဖြစ်သည်။

၁၈၉၇ ခုနှစ်တွင် ဟူးဗားသည် သြစတေးလျသို့ လည်းကောင်း၊ ၁၈၉၉ ခုနှစ်တွင် တရုတ်ပြည်သို့လည်းကောင်း သွားရောက်ခဲ့ကာ သတ္တုတွင်းအင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သည်။

ကမ္ဘာတဝန်းတွင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများစွာကြောင့် ဟူးဗားသည် သူ့နယ်ပယ်တွင် အထူးနှံ့စပ်လာခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ကိုယ်ပိုင် သတ္တုတွင်း အတိုင်ပင်ခံလုပ်ငန်းကို တည်ထောင်ခဲ့သည်။

၁၉၁၄ ခုနှစ်သို့ ရောက်သောအခါ ဟူးဗားသည် သူ၏ လစာမြင့်မားသောအလုပ်မှ ဝင်ငွေများအပြင် မြန်မာပြည်တွင် ပိုင်ဆိုင်ထားသည့် ငွေတွင်း (silver mines) များမှ ဝင်ငွေများဖြင့် ကြွယ်ဝသူတစ်ဦး ဖြစ်နေပြီ ဖြစ်၏။

(ဟားဘတ်ဟူးဗား အချစ်ရေး)

ဟူးဗားသည် စတန်းဖို့ဒ်တက္ကသိုလ်တွင် Lou Henry အမည်ရှိ မိန်းကလေးတစ်ဦးနှင့် ဆုံစည်းခဲ့သည်။

စတန်းဖို့ဒ်တက္ကသိုလ်၊ ဘူမိဗေဒမေဂျာတွင် မိန်းကလေးကျောင်းသူတစ်ဦးတည်းသာရှိပြီး Lou ဖြစ်သည်။

ဟူးဗားသည် သြစတေးလျတွင် သွားရောက်အလုပ်လုပ်ကိုင်နေစဉ်အတွင်း Lou အား ကြေးနန်းရိုက်ကာ ချစ်ရေးဆိုခဲ့သည်။

ချစ်ရေးဆိုပြီး မကြာမီတွင် ဟူးဗားသည် တရုတ်ပြည်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။

Lou ကလည်း ဟူးဗားကို ချစ်ကြောင်း ကြေးနန်းရိုက်ကာ ပြန်လည်အကြောင်းကြားခဲ့ပြီး ၁၈၉၉ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

လက်ထပ်ပြီးနောက် Lou သည် ဟူးဗားအလုပ်လုပ်ကိုင်သည့် နိုင်ငံများစွာသို့ အတူလိုက်ပါနေထိုင်ခဲ့သည်။

၁၉၁၇ ခုနှစ်တွင်ကား ဟူးဗားတို့ ဇနီးမောင်နှံ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်အခြေချခဲ့သည်။

(ဟားဘတ်ဟူးဗား စံအိမ်များ)

ဟားဘတ်ဟူးဗားသည် အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၊ West Branch မြို့ကလေးရှိ အခန်း ၂ ခန်းပါ သေးငယ်သောအိမ်ကလေးတစ်လုံးတွင် မွေးဖွားခဲ့သည်။

အသက် ၉ နှစ်အရွယ်တွင် မိဘမဲ့ဖြစ်သွားပြီး ဦးလေးဖြစ်သူ John Minthorn ထံတွင် နေထိုင်ခဲ့ပြီး ၁၈၉၁ ခုနှစ်တွင် စတန်းဖို့ဒ်တက္ကသိုလ်သို့ တက်ရောက်ကာ ဘူမိဗေဒဖြင့် ကျောင်းပြီးခဲ့သည်။

ယင်းနောက် ဆယ်စုနှစ် ၂ ခုတာ ကမ္ဘာလှည့်ကာ သတ္တုတွင်းအင်ဂျင်နီယာနှင့် အတိုင်ပင်ခံအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ဇနီးဖြစ်သူနှင့်အတူ သြစတေးလျ၊ တရုတ်ပြည်၊ လန်ဒန်နှင့် ၎င်းတို့ချစ်သော ကယ်လီဖိုးနီးယားတွင် နေအိမ်များ ပိုင်ဆိုင်ခဲ့သည်။

ပထမကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် ဟူးဗား၏ ဇနီးက စတန်းဖို့ဒ်တက္ကသိုလ်ဘေးတွင် ၎င်းတို့၏ စိတ်ကူးထဲမှအိမ်ကို ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့သည်။

ယင်းနောက်ပိုင်း ဟားဘတ်ဟူးဗားနိုင်ငံရေးနယ်သို့ ဝင်ရောက်ခဲ့ပြီး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဘဝနှင့် အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်ချိန်များတွင် ဟူးဗားတို့ ဇနီးမောင်နှံသည် ဝါရှင်တန် ဒီစီတွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ နေထိုင်ခဲ့ကြသည်။

၁၉၃၃ ခုနှစ်တွင် သမ္မတတာဝန်ထမ်းဆောင်မှုပြီးဆုံးသောအခါ ဟူးဗားတို့မိသားစုသည် ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြောင်းရွှေ့အခြေချခဲ့ကြသည်။

ယင်းနောက်ပိုင်း နယူးယောက်မြို့ရှိ ကမ္ဘာကျော် Waldorf-Astoria မိုးမျှော်တိုက်ကြီးတွင်  လူနေခန်းတစ်ခန်း ဝယ်ယူခဲ့ပြန်သည်။

၁၉၄၄ ခုနှစ်တွင် ဇနီးဖြစ်သူ ကွယ်လွန်သွားရာ ဟူးဗားက ကယ်လီဖိုးနီးယားရှိနေအိမ်ကို စတန်းဖို့ဒ်တက္ကသိုလ်သို့ လှူဒါန်းခဲ့သည်။

ယင်းနောက် မကွယ်လွန်မီအထိ ကျန်ရှိသည့် နှစ် ၂၀ ကာလကို Waldorf-Astoria ရှိ လူနေခန်းတွင် ကုန်လွန်ဖြတ်သန်းသွားခဲ့သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: HERBERT HOOVER: LIFE BEFORE THE PRESIDENCY (hoover.archives.gov)

 

[Zawgyi]

 

ျမန္မာႏိုင္ငံတြင္ အင္ဂ်င္နီယာလုပ္ဖူးေသာ အေမရိကန္သမၼတ ဟားဘတ္ဟူးဗား၏စံအိမ္

 

(ဟားဘတ္ဟူးဗား၏ သမၼတမျဖစ္မီ ဘဝျဖတ္သန္းမႈ)

ဟားဘတ္ဟူးဗား၏ အမည္ရင္းမွာ ဟားဘတ္ ကလာ့ခ္ ဟူးဗားျဖစ္ျပီး ၁၈၇၄ ခုႏွစ္၊ ၾသဂုတ္လ ၁၀ ရက္တြင္ ေမြးဖြားသည္။

(မင္းတုန္းမင္းလက္ထက္ ၁၈၇၄ ခုႏွစ္၊ မတ္လ ၂၆ ရက္တြင္ ကင္းဝင္မင္းၾကီးဦးေကာင္းသည္ ျပင္သစ္ႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးသြားရန္ ရန္ကုန္သေဘၤာဆိပ္မွ စတင္ထြက္ခြာသည္)

ဟားဘတ္ဟူးဗားသည္ ၉ ႏွစ္သားအရြယ္အထိ ဇာတိျမိဳ႕ျဖစ္ေသာ အေမရိကန္ျပည္ေထာင္စု၊ အိုင္အိုဝါ ျပည္နယ္၊ West Branch ျမိဳ႕ငယ္ေလးတြင္ ေနထုိင္ခဲ့သည္။

ဖခင္ျဖစ္သူ ဂ်က္ဆီ ကလာ့ခ္ ဟူးဗားမွာ ပန္းပဲဆရာတစ္ဦးျဖစ္ျပီး လယ္ယာသံုးပစၥည္းမ်ားလည္း ေရာင္းခ်သူ ျဖစ္သည္။

ဂ်က္ဆီသည္ ႏွလံုးေရာဂါျဖင့္ ကြယ္လြန္ခဲ့ျပီး ထိုအခ်ိန္တြင္ ဟားဘတ္ဟူးဗားမွာ ၆ ႏွစ္သားအရြယ္သာ ရွိေသးသည္။

ဖခင္ျဖစ္သူကြယ္လြန္ျပီး ၃ ႏွစ္အၾကာတြင္ ဟူးဗား၏ မိခင္ Huldah Minthorn Hoover မွာ နမိုးနီးယားျဖစ္ကာ ကြယ္လြန္သြားျပန္သည္။

သို႔ေၾကာင့္ ဟားဘတ္ဟူးဗားႏွင့္ အကိုျဖစ္သူ သီအိုဒို၊ ညီမငယ္ ေမရီတို႔မွာ မိဘမဲ့မ်ား ျဖစ္သြားၾကသည္။

ယင္းေနာက္ပိုင္း ေဆြမ်ဳိးမ်ားထံတြင္ ႏွစ္အနည္းငယ္ လွည့္ပတ္ေနထုိင္ခဲ့ရျပီး ေနာက္ဆံုးတြင္ ဟူးဗားသည္ ေအာ္ရီဂြန္ျပည္နယ္တြင္ ေနထိုင္ေသာ ဦးေလးျဖစ္သူ ေဒါက္တာ John Minthorn ထံတြင္ ေနထုိင္ခြင့္ရခဲ့သည္။

ကေလးဘဝတြင္ မိဘႏွစ္ပါး ဆံုးရံႈးခဲ့ရသူ ဟူးဗားမွာ ရွက္ေၾကာက္ျခင္း၊ တစ္ေယာက္ထဲေနတတ္လာျခင္း၊ ထိရွလြယ္ျခင္း၊ သံသယမ်ားျခင္းမ်ား ခံစားခဲ့ရသည္။

ဟူးဗားသည္ ေအာ္ရီဂြန္ျပည္နယ္၊ Newberg ျမိဳ႕ရွိ Friends Pacific Academy တြင္ ေက်ာင္းတက္ခဲ့ရာ သခ်ၤာမွလြဲျပီး ဘာသာစံုက်သည့္ အေျခအေနႏွင့္ ရင္ဆိုင္ရသည္။

သို႔ေသာ္လည္း ခိုင္မာသည့္သႏ႖ိဌာန္ရွိေသာ ဟူးဗားက ကယ္လီဖုိးနီးယားျပည္နယ္၊ Palo Alto တြင္ အသစ္ဖြင့္လွစ္ထားခါစျဖစ္ေသာ စတန္းဖို႔ဒ္တကၠသိုလ္သို႔ တက္ရန္ ရည္မွန္းထားခဲ့သည္။

သို႔ျဖင့္ ဟူးဗားသည္ အျပင္းအထန္ၾကိဳးစားခဲ့ရာ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲကို ေအာင္ျမင္ခဲ့သည္။ သို႔ေသာ္ ေအာင္ရံုမွ်အမွတ္ျဖင့္ ေအာင္ျမင္ခဲ့ျခင္း ျဖစ္သည္။

ဟူးဗားသည္ စတန္းဖုိ႔ဒ္တကၠသိုလ္တြင္ ဘူမိေဗဒေမဂ်ာျဖင့္ တက္ေရာက္ခဲ့သည္။

ေက်ာင္းလခေပးရန္အတြက္ မွတ္ပံုတင္ရံုးတြင္ စာေရးအျဖစ္ လုပ္ကိုင္ခဲ့သည္။

(သမၼတမျဖစ္မီ ဘဝျဖတ္သန္းမႈ)

၁၈၉၅ ခုႏွစ္တြင္ ေက်ာင္းျပီးေသာအခါ ဟူးဗားသည္ ေျမတိုင္းအရာရွိအျဖစ္ အလုပ္ရွာခဲ့ေသာ္လည္း ကယ္လီဖုိးနီးယားျပည္နယ္၊ နီဗားဒါးျမိဳ႕အနီးရွိ ေရႊတြင္းတစ္ခုတြင္ တစ္ပတ္လွ်င္ နာရီေပါင္း ၇၀ လုပ္ကိုင္ရသည့္ အလုပ္ၾကမ္းသမားတစ္ဦးအျဖစ္သာ လုပ္ကိုင္ခဲ့ရျပီး သတၱဳရိုင္းတင္ တြန္းလွည္းမ်ားကို တြန္းရ၏။

ယင္းေနာက္ပိုင္း ဆန္ဖရန္စစၥကိုတြင္ ရံုးအလုပ္တစ္ခု ရခဲ့သည္။ ဝယ္ယူရမည့္ သတၱဳတြင္းမ်ားကို စစ္ေဆးစံုစမ္းကာ တန္ဖုိးတြက္ခ်က္ရသည့္အလုပ္ လုပ္ကိုင္ခဲ့ရျခင္း ျဖစ္သည္။

၁၈၉၇ ခုႏွစ္တြင္ ဟူးဗားသည္ ၾသစေတးလ်သို႔ လည္းေကာင္း၊ ၁၈၉၉ ခုႏွစ္တြင္ တရုတ္ျပည္သို႔လည္းေကာင္း သြားေရာက္ခဲ့ကာ သတၱဳတြင္းအင္ဂ်င္နီယာအျဖစ္ လုပ္ကိုင္ခဲ့သည္။

ကမၻာတဝန္းတြင္ လုပ္ကိုင္ခဲ့သည့္ အေတြ႔အၾကံဳမ်ားစြာေၾကာင့္ ဟူးဗားသည္ သူ႔နယ္ပယ္တြင္ အထူးႏွံ႔စပ္လာခဲ့သည္။ ၁၉၀၈ ခုႏွစ္တြင္ ကိုယ္ပိုင္ သတၱဳတြင္း အတိုင္ပင္ခံလုပ္ငန္းကို တည္ေထာင္ခဲ့သည္။

၁၉၁၄ ခုႏွစ္သို႔ ေရာက္ေသာအခါ ဟူးဗားသည္ သူ၏ လစာျမင့္မားေသာအလုပ္မွ ဝင္ေငြမ်ားအျပင္ ျမန္မာျပည္တြင္ ပိုင္ဆိုင္ထားသည့္ ေငြတြင္း (silver mines) မ်ားမွ ဝင္ေငြမ်ားျဖင့္ ၾကြယ္ဝသူတစ္ဦး ျဖစ္ေနျပီ ျဖစ္၏။

(ဟားဘတ္ဟူးဗား အခ်စ္ေရး)

ဟူးဗားသည္ စတန္းဖို႔ဒ္တကၠသိုလ္တြင္ Lou Henry အမည္ရွိ မိန္းကေလးတစ္ဦးႏွင့္ ဆံုစည္းခဲ့သည္။

စတန္းဖို႔ဒ္တကၠသိုလ္၊ ဘူမိေဗဒေမဂ်ာတြင္ မိန္းကေလးေက်ာင္းသူတစ္ဦးတည္းသာရွိျပီး Lou ျဖစ္သည္။

ဟူးဗားသည္ ၾသစေတးလ်တြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနစဥ္အတြင္း Lou အား ေၾကးနန္းရိုက္ကာ ခ်စ္ေရးဆိုခဲ့သည္။ ခ်စ္ေရးဆုိျပီး မၾကာမီတြင္ ဟူးဗားသည္ တရုတ္ျပည္သို႔ ေျပာင္းေရႊ႕လုပ္ကိုင္ခဲ့သည္။

Lou ကလည္း ဟူးဗားကို ခ်စ္ေၾကာင္း ေၾကးနန္းရိုက္ကာ ျပန္လည္အေၾကာင္းၾကားခဲ့ျပီး ၁၈၉၉ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကသည္။

လက္ထပ္ျပီးေနာက္ Lou သည္ ဟူးဗားအလုပ္လုပ္ကိုင္သည့္ ႏိုင္ငံမ်ားစြာသို႔ အတူလိုက္ပါေနထိုင္ခဲ့သည္။

၁၉၁၇ ခုႏွစ္တြင္ကား ဟူးဗားတို႔ ဇနီးေမာင္ႏွံ အေမရိကန္ျပည္ေထာင္စုသို႔ ျပန္လည္အေျခခ်ခဲ့သည္။

(ဟားဘတ္ဟူးဗား စံအိမ္မ်ား)

ဟားဘတ္ဟူးဗားသည္ အေမရိကန္ျပည္ေထာင္စု၊ အိုင္အိုဝါျပည္နယ္၊ West Branch ျမိဳ႕ကေလးရွိ အခန္း ၂ ခန္းပါ ေသးငယ္ေသာအိမ္ကေလးတစ္လံုးတြင္ ေမြးဖြားခဲ့သည္။

အသက္ ၉ ႏွစ္အရြယ္တြင္ မိဘမဲ့ျဖစ္သြားျပီး ဦးေလးျဖစ္သူ John Minthorn ထံတြင္ ေနထိုင္ခဲ့ျပီး ၁၈၉၁ ခုႏွစ္တြင္ စတန္းဖို႔ဒ္တကၠသိုလ္သို႔ တက္ေရာက္ကာ ဘူမိေဗဒျဖင့္ ေက်ာင္းျပီးခဲ့သည္။

ယင္းေနာက္ ဆယ္စုႏွစ္ ၂ ခုတာ ကမၻာလွည့္ကာ သတၱဳတြင္းအင္ဂ်င္နီယာႏွင့္ အတိုင္ပင္ခံအျဖစ္ အလုပ္လုပ္ကိုင္ခဲ့ျပီး ဇနီးျဖစ္သူႏွင့္အတူ ၾသစေတးလ်၊ တရုတ္ျပည္၊ လန္ဒန္ႏွင့္ ၎တို႔ခ်စ္ေသာ ကယ္လီဖုိးနီးယားတြင္ ေနအိမ္မ်ား ပိုင္ဆိုင္ခဲ့သည္။

ပထမကမၻာစစ္ၾကီးျပီးဆံုးခ်ိန္တြင္ ဟူးဗား၏ ဇနီးက စတန္းဖို႔ဒ္တကၠသိုလ္ေဘးတြင္ ၎တို႔၏ စိတ္ကူးထဲမွအိမ္ကို ဒီဇိုင္းေရးဆြဲေဆာက္လုပ္ခဲ့သည္။

ယင္းေနာက္ပိုင္း ဟားဘတ္ဟူးဗားႏိုင္ငံေရးနယ္သို႔ ဝင္ေရာက္ခဲ့ျပီး ကူးသန္းေရာင္းဝယ္ေရး ဝန္ၾကီးဘဝႏွင့္ အေမရိကန္သမၼတ တာဝန္ထမ္းေဆာင္ခ်ိန္မ်ားတြင္ ဟူးဗားတို႔ ဇနီးေမာင္ႏွံသည္ ဝါရွင္တန္ ဒီစီတြင္ ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာ ေနထုိင္ခဲ့ၾကသည္။

၁၉၃၃ ခုႏွစ္တြင္ သမၼတတာဝန္ထမ္းေဆာင္မႈျပီးဆံုးေသာအခါ ဟူးဗားတို႔မိသားစုသည္ ကယ္လီဖိုးနီးယားျပည္နယ္သို႔ ေျပာင္းေရႊ႕အေျခခ်ခဲ့ၾကသည္။

ယင္းေနာက္ပိုင္း နယူးေယာက္ျမိဳ႕ရွိ ကမၻာေက်ာ္ Waldorf-Astoria မိုးေမွ်ာ္တိုက္ႀကီးတြင္  လူေနခန္းတစ္ခန္း ဝယ္ယူခဲ့ျပန္သည္။

၁၉၄၄ ခုႏွစ္တြင္ ဇနီးျဖစ္သူ ကြယ္လြန္သြားရာ ဟူးဗားက ကယ္လီဖိုးနီးယားရွိေနအိမ္ကို စတန္းဖို႔ဒ္တကၠသိုလ္သို႔ လွဴဒါန္းခဲ့သည္။

ယင္းေနာက္ မကြယ္လြန္မီအထိ က်န္ရွိသည့္ ႏွစ္ ၂၀ ကာလကို Waldorf-Astoria ရွိ လူေနခန္းတြင္ ကုန္လြန္ျဖတ္သန္းသြားခဲ့သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: HERBERT HOOVER: LIFE BEFORE THE PRESIDENCY (hoover.archives.gov)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service