ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ ?

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
15 Jun 2022 11:46 am တွင် တင်ခဲ့သည်
1293 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မီးပြဿနာကြောင့်ဖြစ်စေ၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ ဓာတ်လှေကားစက် ရပ်သွားပြီး ပိတ်မိသွားတတ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားထဲမှာ ပိတ်မိသူတွေအနေနဲ့ ဒီလိုအချိန်မျိုးမှာ အကြောက်မလွန်ဖို့၊ မစိုးရိမ်ဖို့ လိုအပ်ပါတယ်။ ဘေးအန္တရာယ်ကင်းကင်းနဲ့ အပြင်ကို ပြန်ထွက်လို့ ရတဲ့အချိန်ထိ ဘာတွေ လုပ်သင့်လဲ၊ ဘယ်လို အပြုအမူမျိုးတွေကို ရှောင်ကြဉ်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

၁။ စိတ်ကို တည်ငြိမ်အောင် ထားပါ။

ဘယ်လိုမှ အပြင်ကို ပြန်ထွက်လို့ မရတဲ့ ဒီလိုအခြေအနေမျိုးမှာ ကြောက်ရွံ့ထိတ်လန့်တတ်ကြတာ လူ့စိတ်သဘာဝပါပဲ။ ကိုယ့်ရဲ့ စိတ်က မတည်မငြိမ်ဖြစ်နေတဲ့အခါမှာ ပိတ်မိနေတဲ့ အခြေအနေကို ပိုဆိုးစေမယ့် အမှားတွေ လုပ်မိနိုင်သလို နှလုံးမကောင်းသူတွေမှာဆိုရင် စိတ်က တုန်လှုပ်ခြောက်ခြားပြီး အမောဖောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အသက်ကို ၀၀ရှူပြီး စိတ်ကို တည်ငြိမ်အောင် ထားဖို့ အလွန်အရေးကြီးပါတယ်။ အသက်ကို ၀၀ရှူပါ။ စိတ်ကို တည်ငြိမ်အောင်ထားပါ။ ကိုယ်နဲ့ အတူပိတ်မိနေတဲ့ သူတွေကိုလည်း စိတ်ငြိမ်အောင် အသက်၀၀ရှူဖို့ ဖျောင်းဖျပါ။

၂။ အရေးပေါ်ခေါင်းလောင်းခလုတ်ကို နှိပ်ပါ။

ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့အခါမှာ သက်ဆိုင်ရာကို အသိပေးဖို့အတွက် အရေးပေါ် ခေါင်းလောင်းခလုတ်ကို နှိပ်ဖို့ မမေ့ပါနဲ့။ အကယ်လို့ အရေးပေါ်ခေါင်းလောင်းခလုတ်က အလုပ်မလုပ်ဘူးဆိုရင် ကိုယ့်ဖုန်းထဲက နှိုးစက်အသံကို ဖွင့်ထားပါ။ အပြင်ဘက်မှာရှိတဲ့လူတွေက ဒီအသံကို ကြားတဲ့အခါမှာ ဓာတ်လှေကားထဲမှာ တစ်စုံတစ်ရာ မှားယွင်းနေတာကို သတိထားမိမှာဖြစ်ပြီး သက်ဆိုင်ရာကို အကူအညီလှမ်းတောင်းနိုင်မှာပါ။

၃။ ဓာတ်လှေကားမှာ တပ်ဆင်ထားတဲ့ ဖုန်းကို အသုံးပြုပါ။

တချို့သော ဓာတ်လှေကားတွေမှာ ပြဿနာကို ဖြေရှင်းအကြောင်းကြားပေးဖို့အတွက် တပ်ဆင်ပေးထားတဲ့ ဖုန်းတွေ ရှိပါတယ်။ ဒီဖုန်းကို ၂၄ နာရီမပြတ် စောင့်ကြည့်ဖြေကြားပေးမယ့် သူတွေ ရှိတာကြောင့် ဓါတ်လှေကားထဲမှာ ပိတ်မိနေတဲ့အခါမျိုးမှာ ခေါ်ယူအသုံးပြုသင့်ပါတယ်။ တစ်ခါတရံမှာ ကိုယ်ရောက်နေတဲ့ နေရာပေါ် မူတည်ပြီး ဓာတ်လှေကားအတွင်း လိုင်းမိနေတဲ့ ဖုန်းအော်ပရေတာတွေ ရှိနိုင်ပါတယ်။ ကိုယ့်ဖုန်းနဲ့ လိုင်းမိတယ်ဆိုရင်တော့ သက်ဆိုင်ရာကို ဖုန်းခေါ်ဆိုပြီး အကူအညီတောင်းလို့ ရပါတယ်။

၄။ ဓာတ်လှေကားရဲ့ အနောက်ဘက်မှာ ရပ်နေပါ။

ကိုယ့်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို အကြောင်းကြားပြီးတဲ့အခါ ဓာတ်လှေကားရဲ့ အနောက်ဘက်မှာ ရပ်နေပြီး အရှေ့ဘက်ကို မျက်နှာမူထားပါ။ ဓာတ်လှေကားပြင်ဆင်သူတွေဖြစ်စေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်လှေကားကို ဖွင့်ဖို့ ကြိုးစားတဲ့အခါမှာ ကိုယ်က အနောက်မှာ ရပ်နေမှာ သူတို့အတွက်လည်း လုပ်ရကိုင်ရတာ လွယ်ကူစေမှာပါ။

၅။ ဓာတ်လှေကားထဲမှာ မခုန်ပါနဲ့။

မှားယွင်းတဲ့ အယူအဆတစ်ခုက ဓာတ်လှေကားထဲ ခုန်ပေါက်နေခြင်းဟာ စက်ချို့ယွင်းတာကို ပြန်ကောင်းသွားစေနိုင်တယ် ဆိုတာပါပဲ။ တကယ်တော့ ဒါဟာ အလွန် အန္တရာယ်များတဲ့ အပြုအမူပါပဲ။ ဓာတ်လှေကားထဲ ခုန်ပေါက်နေခြင်းကြောင့် ဓာတ်လှေကားကို တည်ငြိမ်စေဖို့ ထိန်းညှိပေးတဲ့ ကိရိယာတွေကို ထိခိုက်စေနိုင်လို့ ကယ်ဆယ်ရ ပိုခက်မှာပါ။

၆။ တံခါးကို ကလန့်ပြီး ဖွင့်ဖို့ မကြိုးစားပါနဲ့။

ဓာတ်လှေကားတွေမှာ အတွင်းကနေ ကလန့်ပြီး ဖွင့်လို့မရအောင် ကန့်သတ်ထားတဲ့ လုံခြုံရေးကိရိယာတွေ ရှိပါတယ်။ ဒါကြောင့် ဓါတ်လှေကားထဲ ပိတ်မိနေတဲ့အချိန်မှာ အတွင်းကနေ လက်နဲ့ဖြစ်စေ၊ ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေ ကလန့်ပြီး ဖွင့်တာမျိုး မလုပ်ပဲ သက်ဆိုင်ရာက သင့်တော်မှန်ကန်တဲ့ နည်းလမ်းနဲ့ ဓါတ်လှေကားကိုဖွင့်ပြီး ကယ်ဆယ်တာကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ။

၇။ အပြင်ကို ထွက်ဖို့မကြိုးစားပါနဲ့။

တံခါးနည်းနည်းလေးပွင့်နေလို့ ကိုယ့်ရဲ့ တစ်ကိုယ်စာ အပြင်ထွက်လို့ ရတယ်ဆိုတိုင်း ထွက်ဖို့ မသင့်ပါဘူး။ သက်ဆိုင်ရာက ရောက်လာပြီး ဓါတ်လှေကားကို သေချာပိတ်လိုက်ပြီးမှ ကိုယ့်ကို အပြင်ထွက်လို့ရအောင် ကူညီပေးပါလိမ့်မယ်။

၈။ မကြောက်ပါနဲ့၊ မထိတ်လန့်ပါနဲ့။

ကိုယ်အပါအဝင် ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့ သူတွေကို စိတ်တည်ငြိမ်အောင် ထားပေးတာက အပြင်ကို ထွက်ဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ ကြောက်လန့်နေတဲ့ စိတ်ကို ခဏဘေးဖယ်ထားပြီး လုံခြုံရေးဝန်ထမ်းတွေ ပြောတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာတာက ဘေးကင်းစေတဲ့အပြင် ကိုယ့်ကို ကယ်တင်ဖို့ ကြိုးစားနေတဲ့သူတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ဓာတ္ေလွကားထဲ ပိတ္မိတဲ့အခါ ဘာလုပ္ရမလဲ ?

မီးျပႆနာေၾကာင့္ျဖစ္ေစ၊ စက္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ျဖစ္ေစ ဓာတ္ေလွကားစက္ ရပ္သြားၿပီး ပိတ္မိသြားတတ္ပါတယ္။ ဒါေၾကာင့္ ဓာတ္ေလွကားထဲမွာ ပိတ္မိသူေတြအေနနဲ႔ ဒီလိုအခ်ိန္မ်ိဳးမွာ အေၾကာက္မလြန္ဖို႔၊ မစိုးရိမ္ဖို႔ လိုအပ္ပါတယ္။ ေဘးအႏၲရာယ္ကင္းကင္းနဲ႔ အျပင္ကို ျပန္ထြက္လို႔ ရတဲ့အခ်ိန္ထိ ဘာေတြ လုပ္သင့္လဲ၊ ဘယ္လို အျပဳအမူမ်ိဳးေတြကို ေ႐ွာင္ၾကဥ္ရမလဲဆိုတာကို ဗဟုသုတအေနနဲ႔ ေဝမွ်ေပးလိုက္ပါတယ္။

၁။ စိတ္ကို တည္ၿငိမ္ေအာင္ ထားပါ။

ဘယ္လိုမွ အျပင္ကို ျပန္ထြက္လို႔ မရတဲ့ ဒီလိုအေျခအေနမ်ိဳးမွာ ေၾကာက္႐ြံ႕ထိတ္လန္႔တတ္ၾကတာ လူ႕စိတ္သဘာဝပါပဲ။ ကိုယ့္ရဲ႕ စိတ္က မတည္မၿငိမ္ျဖစ္ေနတဲ့အခါမွာ ပိတ္မိေနတဲ့ အေျခအေနကို ပိုဆိုးေစမယ့္ အမွားေတြ လုပ္မိႏိုင္သလို ႏွလုံးမေကာင္းသူေတြမွာဆိုရင္ စိတ္က တုန္လႈပ္ေျခာက္ျခားၿပီး အေမာေဖာက္တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ အသက္ကို ၀၀႐ွဴၿပီး စိတ္ကို တည္ၿငိမ္ေအာင္ ထားဖို႔ အလြန္အေရးႀကီးပါတယ္။ အသက္ကို ၀၀႐ွဴပါ။ စိတ္ကို တည္ၿငိမ္ေအာင္ထားပါ။ ကိုယ္နဲ႔ အတူပိတ္မိေနတဲ့ သူေတြကိုလည္း စိတ္ၿငိမ္ေအာင္ အသက္၀၀႐ွဴဖို႔ ေဖ်ာင္းဖ်ပါ။

၂။ အေရးေပၚေခါင္းေလာင္းခလုတ္ကို ႏွိပ္ပါ။

ဓာတ္ေလွကားထဲမွာ ပိတ္မိေနတဲ့အခါမွာ သက္ဆိုင္ရာကို အသိေပးဖို႔အတြက္ အေရးေပၚ ေခါင္းေလာင္းခလုတ္ကို ႏွိပ္ဖို႔ မေမ့ပါနဲ႔။ အကယ္လို႔ အေရးေပၚေခါင္းေလာင္းခလုတ္က အလုပ္မလုပ္ဘူးဆိုရင္ ကိုယ့္ဖုန္းထဲက ႏိႈးစက္အသံကို ဖြင့္ထားပါ။ အျပင္ဘက္မွာ႐ွိတဲ့လူေတြက ဒီအသံကို ၾကားတဲ့အခါမွာ ဓာတ္ေလွကားထဲမွာ တစ္စုံတစ္ရာ မွားယြင္းေနတာကို သတိထားမိမွာျဖစ္ၿပီး သက္ဆိုင္ရာကို အကူအညီလွမ္းေတာင္းႏိုင္မွာပါ။

၃။ ဓာတ္ေလွကားမွာ တပ္ဆင္ထားတဲ့ ဖုန္းကို အသုံးျပဳပါ။

တခ်ိဳ႕ေသာ ဓာတ္ေလွကားေတြမွာ ျပႆနာကို ေျဖ႐ွင္းအေၾကာင္းၾကားေပးဖို႔အတြက္ တပ္ဆင္ေပးထားတဲ့ ဖုန္းေတြ ႐ွိပါတယ္။ ဒီဖုန္းကို ၂၄ နာရီမျပတ္ ေစာင့္ၾကည့္ေျဖၾကားေပးမယ့္ သူေတြ ႐ွိတာေၾကာင့္ ဓါတ္ေလွကားထဲမွာ ပိတ္မိေနတဲ့အခါမ်ိဳးမွာ ေခၚယူအသုံးျပဳသင့္ပါတယ္။ တစ္ခါတရံမွာ ကိုယ္ေရာက္ေနတဲ့ ေနရာေပၚ မူတည္ၿပီး ဓာတ္ေလွကားအတြင္း လိုင္းမိေနတဲ့ ဖုန္းေအာ္ပေရတာေတြ ႐ွိႏိုင္ပါတယ္။ ကိုယ့္ဖုန္းနဲ႔ လိုင္းမိတယ္ဆိုရင္ေတာ့ သက္ဆိုင္ရာကို ဖုန္းေခၚဆိုၿပီး အကူအညီေတာင္းလို႔ ရပါတယ္။

၄။ ဓာတ္ေလွကားရဲ႕ အေနာက္ဘက္မွာ ရပ္ေနပါ။

ကိုယ့္ရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာကို အေၾကာင္းၾကားၿပီးတဲ့အခါ ဓာတ္ေလွကားရဲ႕ အေနာက္ဘက္မွာ ရပ္ေနၿပီး အေ႐ွ႕ဘက္ကို မ်က္ႏွာမူထားပါ။ ဓာတ္ေလွကားျပင္ဆင္သူေတြျဖစ္ေစ၊ ကယ္ဆယ္ေရးဝန္ထမ္းေတြက ဓါတ္ေလွကားကို ဖြင့္ဖို႔ ႀကိဳးစားတဲ့အခါမွာ ကိုယ္က အေနာက္မွာ ရပ္ေနမွာ သူတို႔အတြက္လည္း လုပ္ရကိုင္ရတာ လြယ္ကူေစမွာပါ။

၅။ ဓာတ္ေလွကားထဲမွာ မခုန္ပါနဲ႔။

မွားယြင္းတဲ့ အယူအဆတစ္ခုက ဓာတ္ေလွကားထဲ ခုန္ေပါက္ေနျခင္းဟာ စက္ခ်ိဳ႕ယြင္းတာကို ျပန္ေကာင္းသြားေစႏိုင္တယ္ ဆိုတာပါပဲ။ တကယ္ေတာ့ ဒါဟာ အလြန္ အႏၲရာယ္မ်ားတဲ့ အျပဳအမူပါပဲ။ ဓာတ္ေလွကားထဲ ခုန္ေပါက္ေနျခင္းေၾကာင့္ ဓာတ္ေလွကားကို တည္ၿငိမ္ေစဖို႔ ထိန္းညႇိေပးတဲ့ ကိရိယာေတြကို ထိခိုက္ေစႏိုင္လို႔ ကယ္ဆယ္ရ ပိုခက္မွာပါ။

၆။ တံခါးကို ကလန္႔ၿပီး ဖြင့္ဖို႔ မႀကိဳးစားပါနဲ႔။

ဓာတ္ေလွကားေတြမွာ အတြင္းကေန ကလန္႔ၿပီး ဖြင့္လို႔မရေအာင္ ကန္႔သတ္ထားတဲ့ လုံျခဳံေရးကိရိယာေတြ ႐ွိပါတယ္။ ဒါေၾကာင့္ ဓါတ္ေလွကားထဲ ပိတ္မိေနတဲ့အခ်ိန္မွာ အတြင္းကေန လက္နဲ႔ျဖစ္ေစ၊ ပစၥည္းတစ္ခုခုနဲ႔ျဖစ္ေစ ကလန္႔ၿပီး ဖြင့္တာမ်ိဳး မလုပ္ပဲ သက္ဆိုင္ရာက သင့္ေတာ္မွန္ကန္တဲ့ နည္းလမ္းနဲ႔ ဓါတ္ေလွကားကိုဖြင့္ၿပီး ကယ္ဆယ္တာကိုပဲ စိတ္႐ွည္႐ွည္နဲ႔ ေစာင့္ေနေပးပါ။

၇။ အျပင္ကို ထြက္ဖို႔မႀကိဳးစားပါနဲ႔။

တံခါးနည္းနည္းေလးပြင့္ေနလို႔ ကိုယ့္ရဲ႕ တစ္ကိုယ္စာ အျပင္ထြက္လို႔ ရတယ္ဆိုတိုင္း ထြက္ဖို႔ မသင့္ပါဘူး။ သက္ဆိုင္ရာက ေရာက္လာၿပီး ဓါတ္ေလွကားကို ေသခ်ာပိတ္လိုက္ၿပီးမွ ကိုယ့္ကို အျပင္ထြက္လို႔ရေအာင္ ကူညီေပးပါလိမ့္မယ္။

၈။ မေၾကာက္ပါနဲ႔၊ မထိတ္လန္႔ပါနဲ႔။

ကိုယ္အပါအဝင္ ဓာတ္ေလွကားထဲမွာ ပိတ္မိေနတဲ့ သူေတြကို စိတ္တည္ၿငိမ္ေအာင္ ထားေပးတာက အျပင္ကို ထြက္ဖို႔အတြက္ ပိုမိုလြယ္ကူေစပါတယ္။ ေၾကာက္လန္႔ေနတဲ့ စိတ္ကို ခဏေဘးဖယ္ထားၿပီး လုံျခဳံေရးဝန္ထမ္းေတြ ေျပာတဲ့ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာတာက ေဘးကင္းေစတဲ့အျပင္ ကိုယ့္ကို ကယ္တင္ဖို႔ ႀကိဳးစားေနတဲ့သူေတြကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service