“ပလတ်စတစ် သတိမလစ်ဖို့”

“ပလတ်စတစ် သတိမလစ်ဖို့” - Property Knowledge in Myanmar from iMyanmarHouse.com
13 Jun 2022 12:26 pm တွင် တင်ခဲ့သည်
1237 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကျွန်တော်တို့ငယ်စဉ်က ကျွန်တော်တို့မြို့မှာ ပဲကြီးလှော်စားချင်ရင် ပလတ်စတစ်နဲ့ အလဲအလှယ်လုပ်ရတယ်။ ပဲကြီးလှော်သည်က စက်ဘီးတစ်စီး စီးပြီး ပဲကြီးလှော်တစ်ပုံးဖြင့် ရပ်ကွက်ကြို ရွက်ကွက်ကြား “ပလတ်စတစ်နှင့် ပဲကြီးလှော်လဲတယ်”ဆိုတဲ့ အော်သံကြားရင် ကျွန်တော်တို့ကလေးတစ်သိုက် အချိန်အတော်ကြာလိုက်လံရှာဖွေ စုဆောင်းထားကြသည့် ပလတ်စတစ်လေးတွေကို ထုတ်လာကြပြီး ပဲကြီးလှော်နှင့်လဲကြပါသည်။

ထိုသို့လဲလှယ်ရာတွင် တွေ့ကရာ ပလတ်စတစ်နှင့်လဲလို့မရပေ။ပလတ်စတစ်အိတ်ပျော့မှသာ လဲ၍ရသည်။ ပြန်အသုံးပြုလို့ရသည့် ပလတ်စတစ်နှင့်သာလဲကြရသည်။ပလတ်စတစ်အိတ်အကြွပ်များနှင့်လဲလို့မရပေ။

ပဲကြီးလှော်စားချင်လျှင် ထိုစဉ်က ပလတ်စတစ်ရှားရာ အတော်ကိုရှာဖွေစုဆောင်းယူရသည်။ ထိုအခြေအနေမှ သည် ယခုအခါတွင် ပလတ်စတစ်အန္တရာယ်ကို ကမ္ဘာနှင့်အဝန်း အလန့်တကြား အသိပေးတားမြစ် နေရလောက်အောင် ရှောင်မလွတ် ပုန်းမလွတ်ဖြစ်နေပါသည်။

ဂေဟစနစ်မပျက်မစီး ရှင်သန်ဖြစ်ထွန်းရေးကို အတော်ပင် အနှောင့်အယှက်ပေးနေသည့် ပစ္စည်းတစ်ခု ဖြစ်လာသည်။

မသိမ်းဆည်းသည့်အမှိုက်ပုံမှ ပလတ်စတစ်တို့သည်လည်းကောင်း၊လူတို့စည်းကမ်းမဲ့ စွန့်ပစ်ကြသည့် ပလတ်စတစ်တို့သည်လည်းကောင်း လေနှင့်အတူလွင့်ပြန့်ခြင်း၊ကြွက်နှင့်အခြားသတ္တဝါတို့၏ အစာအလို့ငှာ ရှာဖွေကြခြင်းကြောင့် ရောက်ချင်ရာရောက်ကုန်တော့သည်။ရေထုမြေထု လေထုတွေအတွင်း ပျံ့နှံ့ရောက်ရှိကုန်သည်။ကုန်းနေရေနေသတ္တဝါအားလုံးကို ဒီပလတ်စတစ်က ပြန်ပြီးဒုက္ခပေးနေပေသည်။

မြောင်းတွေထဲစွန့်ပစ်ခဲ့ကြသည့် ပလတ်စတစ်တို့သည် ချောင်းတွေမြစ်တွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာများ အတွင်း ရောက်ရှိကုန်ပြီး အဆိုပါနေရာရှိ ရေနေသတ္တဝါများကို အကြီးအကျယ်ကို ဒုက္ခပေးနေကြောင်း သတင်းဆောင်းပါးများတွင် ဖတ်ရ၊ကြားရ၊မြင်နေရသည်။ထို့အပြင် မြောင်းတွေထဲမှ မဆင်းနိုင်သော ပလတ်စတစ်တို့ကြောင့် ရေမြောင်းတို့ကိုပိတ်ဆို့စေပြီး မိုးတွင်းရောက်လျှင် မြို့တွင်းရေကြီး ရေလျှံမှုများ ဆိုးရွားစွာဖြစ်စေမှုကို နှစ်စဉ်ကြုံတွေ့နေရသည်ကလည်း သက်သေတစ်ခုပင်ဖြစ်နေသည်။

လေနှင့်အတူလွင့်ပျံ့ပြီး မြေပြင်အောက်ရောက်သွားသော ပလတ်စတစ်တို့သည် စိုက်ပျိုးမြေအတွက် လည်းကောင်း၊သဘာဝအရ ရှင်သန်ပေါက်ရောက်ရမည့် သစ်ပင်သစ်တောတွေ အတွက်လည်းကောင်း အဟန့် အတားဖြစ်လာခဲ့ပါပြီ။

ထိုအခြေအနေကို သိသော်လည်း လူသားတို့သည် ပလတ်စတစ်သုံးစွဲခြင်းဖြင့် နေနိုင်သမျှ နေနေကြသေး သည်။

ယခုတော့ လူ့အသုံးအဆောင်တစ်ခု ဖြစ်နေသော ပလတ်စတစ်ဆိုးကျိုးက လူတွေအပေါ်တိုက်ရိုက် သက်ရောက်လာပြီဖြစ်ကြောင်း ဒေါက်တာသူရိန်လှိုင်ဝင်းရေးသည့် “လူတွေရဲ့ သွေးထဲထိ ရောက်လာတဲ့ ပလတ်စတစ်စများကို သိပ္ပံပညာရှင်များ စတင်တွေ့ရှိ”ဆိုသည့်ဆောင်းပါးအရသိရသည်။

အဆိုပါဆောင်းပါးတွင် လူသားတွေအသုံးပြုဖို့ ထုတ်လုပ်ထားသည့် ပလတ်စတစ်များဟာ လူတွေရဲ့ သွေးထဲထိ ရောက်လာနေကြပြီဖြစ်ကြောင်းဖော်ပြအသိပေးထားသည်။

ပလတ်စတစ်များကို မီးရှို့ဖျက်စီးခြင်းကြောင့်ဖြစ်စေ၊သဘာဝနေပူရှိန်ကြောင့်ဖြစ်စေ ပျက်စီးကြေမွသွားလျှင် ကိစ္စပြီးသွားပြီထင်နေကြသည်။တကယ်တော့ နဂိုပုံကနေ ပျက်သွားသည့် ပလတ်စတစ်များသည် အလွန်သေးငယ်သည့် မိုက်ခရိုပလတ်စတစ်(microplastics) များအဖြစ် ပုံပြောင်းသွားပြီး နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေကြောင်း ပြောထားပါသည်။

အဆိုပါ မိုက်ခရိုပလတ်စတစ်များကို အရင်က တိရစာ္ဆန်တွေဆီမှာပဲ တွေ့ရကြောင်း၊အခုနောက်ပိုင်း သိပ္ပံပညာရှင်တို့၏ လေ့လာချက်တစ်ခုတွင် လူတို့၏သွေးထဲထိ ရောက်ရှိနေကြောင်း ပြောထားသည်။

မိုက်ခရိုပလတ်စတစ်များဟာ လူသားများအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုသည်ကိုတော့ အချိန်ယူလေ့လာရဦးမှာဖြစ်ကြောင်း၊တိရစာ္ဆန်တွေဆီမှာတွေ့ရသလောက် ဖွံ့ဖြိုးမှုရပ်တန့်စေမှု၊ မျိုးပွားနှုန်း ကျဆင်းစေမှု၊ အစားစားချင်စိတ်ကို ပျောက်ဆုံးခြင်းမျိုး၊တစ်ရှူးများရောင်ရမ်းခြင်းနှင့် အသည်းထိခိုက်မှု တို့ကိုဖြစ်စေနိုင်ကြောင်းပြောထားပြီး သက်ရှိဖြစ်သည့် လူသားများအပေါ်မှာလည်း ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း ဆိုထားသည်။

၁၉၆၀ ဝန်းကျင်ကနေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ပလတ်စတစ်ကိုအနှစ် ၆၀ လောက်အတွင်း ပလတ်စတစ်တန်ချိန် သန်းရှစ်ထောင်လောက် ထုတ်လုပ်ထားကြောင်း၊ထိုအထဲမှ ၁၀ ရာနှုန်းလောက်သာ ပြန်လည်သုံးစွဲကြပြီးကျန်သည့် ၉၀ ရာနှုန်းသော ပလတ်စတစ်များသည် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး လူအပါအဝင်သက်ရှိများကို အဆိုးရွားဆုံးဒုက္ခပေးလာနေပြီးဖြစ်ကြောင်းဆိုထားသည်။

ကျွန်တော်တို့လူသားများအနေနှင့် ပလတ်စတစ်ထုတ်လုပ်သုံးစွဲနေမှုကို လုံးဝရပ်တန့်ပစ်ဖို့ မလွယ်သော်လည်း စည်းကမ်းတကျနှင့် သတိထားကာ အသုံးပြုကြလျှင်ဖြင့် နောက်ဆက်တွဲ ကျန်းမာရေးဘေးထွက်ဆိုးကျိုး အန္တရာယ်ကနေ အနည်းငယ်သက်သာဖွယ်ရှိပေနိုင်ကြောင်း မေတ္တာရှေ့ထား၍ ထပ်ကွန့်မျှဝေပေးလိုက် ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

“ပလတ္စတစ္ သတိမလစ္ဖို႔”

ကၽြန္ေတာ္တို႔ငယ္စဥ္က ကၽြန္ေတာ္တို႔ၿမိဳ့မွာ ပဲႀကီးေလွာ္စားခ်င္ရင္ ပလတ္စတစ္နဲ႔ အလဲအလွယ္လုပ္ရတယ္။ ပဲႀကီးေလွာ္သည္က စက္ဘီးတစ္စီး စီးၿပီး ပဲႀကီးေလွာ္တစ္ပုံးျဖင့္ ရပ္ကြက္ႀကိဳ ရြက္ကြက္ၾကား “ပလတ္စတစ္ႏွင့္ ပဲႀကီးေလွာ္လဲတယ္”ဆိုတဲ့ ေအာ္သံၾကားရင္ ကၽြန္ေတာ္တို႔ကေလးတစ္သိုက္ အခ်ိန္အေတာ္ၾကာလိုက္လံရွာေဖြ စုေဆာင္းထားၾကသည့္ ပလတ္စတစ္ေလးေတြကို ထုတ္လာၾကၿပီး ပဲႀကီးေလွာ္ႏွင့္လဲၾကပါသည္။

ထိုသို႔လဲလွယ္ရာတြင္ ေတြ႔ကရာ ပလတ္စတစ္ႏွင့္လဲလို႔မရေပ။ပလတ္စတစ္အိတ္ေပ်ာ့မွသာ လဲ၍ရသည္။ ျပန္အသုံးျပဳလို႔ရသည့္ ပလတ္စတစ္ႏွင့္သာလဲၾကရသည္။ပလတ္စတစ္အိတ္အၾကြပ္မ်ားႏွင့္လဲလို႔မရေပ။

ပဲႀကီးေလွာ္စားခ်င္လွ်င္ ထိုစဥ္က ပလတ္စတစ္ရွားရာ အေတာ္ကိုရွာေဖြစုေဆာင္းယူရသည္။ ထိုအေျခအေနမွ သည္ ယခုအခါတြင္ ပလတ္စတစ္အႏၱရာယ္ကို ကမၻာႏွင့္အဝန္း အလန္႔တၾကား အသိေပးတားျမစ္ ေနရေလာက္ေအာင္ ေရွာင္မလြတ္ ပုန္းမလြတ္ျဖစ္ေနပါသည္။

ေဂဟစနစ္မပ်က္မစီး ရွင္သန္ျဖစ္ထြန္းေရးကို အေတာ္ပင္ အေႏွာင့္အယွက္ေပးေနသည့္ ပစၥည္းတစ္ခု ျဖစ္လာသည္။

မသိမ္းဆည္းသည့္အမႈိက္ပုံမွ ပလတ္စတစ္တို႔သည္လည္းေကာင္း၊လူတို႔စည္းကမ္းမဲ့ စြန္႔ပစ္ၾကသည့္ ပလတ္စတစ္တို႔သည္လည္းေကာင္း ေလႏွင့္အတူလြင့္ျပန္႔ျခင္း၊ၾကြက္ႏွင့္အျခားသတၱဝါတို႔၏ အစာအလို႔ငွာ ရွာေဖြၾကျခင္းေၾကာင့္ ေရာက္ခ်င္ရာေရာက္ကုန္ေတာ့သည္။ေရထုေျမထု ေလထုေတြအတြင္း ပ်ံ႕ႏွံ႔ေရာက္ရွိကုန္သည္။ကုန္းေနေရေနသတၱဝါအားလုံးကိို ဒီပလတ္စတစ္က ျပန္ၿပီးဒုကၡေပးေနေပသည္။

ေျမာင္းေတြထဲစြန္႔ပစ္ခဲ့ၾကသည့္ ပလတ္စတစ္တို႔သည္ ေခ်ာင္းေတြျမစ္ေတြကတစ္ဆင့္ ပင္လယ္သမုဒၵရာမ်ား အတြင္း ေရာက္ရွိကုန္ၿပီး အဆိုပါေနရာရွိ ေရေနသတၱဝါမ်ားကို အႀကီးအက်ယ္ကို ဒုကၡေပးေနေၾကာင္း သတင္းေဆာင္းပါးမ်ားတြင္ ဖတ္ရ၊ၾကားရ၊ျမင္ေနရသည္။ထို႔အျပင္ ေျမာင္းေတြထဲမွ မဆင္းႏိုင္ေသာ ပလတ္စတစ္တို႔ေၾကာင့္ ေရေျမာင္းတို႔ကိုပိတ္ဆို႔ေစၿပီး မိုးတြင္းေရာက္လွ်င္ ၿမိဳ့တြင္းေရႀကီး ေရလွ်ံမႈမ်ား ဆိုးရြားစြာျဖစ္ေစမႈကို ႏွစ္စဥ္ႀကဳံေတြ႔ေနရသည္ကလည္း သက္ေသတစ္ခုပင္ျဖစ္ေနသည္။

ေလႏွင့္အတူလြင့္ပ်ံ႕ၿပီး ေျမျပင္ေအာက္ေရာက္သြားေသာ ပလတ္စတစ္တို႔သည္ စိုက္ပ်ိဳးေျမအတြက္ လည္းေကာင္း၊သဘာဝအရ ရွင္သန္ေပါက္ေရာက္ရမည့္ သစ္ပင္သစ္ေတာေတြ အတြက္လည္းေကာင္း အဟန္႔ အတားျဖစ္လာခဲ့ပါၿပီ။

ထိုအေျခအေနကို သိေသာ္လည္း လူသားတို႔သည္ ပလတ္စတစ္သုံးစြဲျခင္းျဖင့္ ေနႏိုင္သမွ် ေနေနၾကေသး သည္။

ယခုေတာ့ လူ႔အသုံးအေဆာင္တစ္ခု ျဖစ္ေနေသာ ပလတ္စတစ္ဆိုးက်ိဳးက လူေတြအေပၚတိုက္ရိုက္ သက္ေရာက္လာျပီျဖစ္ေၾကာင္း ေဒါက္တာသူရိန္လႈိင္ဝင္းေရးသည့္ “လူေတြရဲ႕ ေသြးထဲထိ ေရာက္လာတဲ့ ပလတ္စတစ္စမ်ားကို သိပၸံပညာရွင္မ်ား စတင္ေတြ႕ရွိ”ဆိုသည့္ေဆာင္းပါးအရသိရသည္။

အဆိုပါေဆာင္းပါးတြင္ လူသားေတြအသုံးျပဳဖို႔ ထုတ္လုပ္ထားသည့္ ပလတ္စတစ္မ်ားဟာ လူေတြရဲ႕ ေသြးထဲထိ ေရာက္လာေနၾကၿပီျဖစ္ေၾကာင္းေဖာ္ျပအသိေပးထားသည္။

ပလတ္စတစ္မ်ားကို မီးရႈိ႕ဖ်က္စီးျခင္းေၾကာင့္ျဖစ္ေစ၊သဘာဝေနပူရွိန္ေၾကာင့္ျဖစ္ေစ ပ်က္စီးေၾကမြသြားလွ်င္ ကိစၥၿပီးသြားၿပီထင္ေနၾကသည္။တကယ္ေတာ့ နဂိုပုံကေန ပ်က္သြားသည့္ ပလတ္စတစ္မ်ားသည္ အလြန္ေသးငယ္သည့္ မိုက္ခ႐ိုပလတ္စတစ္(microplastics) မ်ားအျဖစ္ ပုံေျပာင္းသြားၿပီး ႏွစ္ေပါင္းမ်ားစြာ ဆက္လက္တည္ရွိေနေၾကာင္း ေျပာထားပါသည္။

အဆိုပါ မိုက္ခ႐ိုပလတ္စတစ္မ်ားကို အရင္က တိရစာၦန္ေတြဆီမွာပဲ ေတြ႕ရေၾကာင္း၊အခုေနာက္ပိုင္း သိပၸံပညာရွင္တို႔၏ ေလ့လာခ်က္တစ္ခုတြင္ လူတို႔၏ေသြးထဲထိ ေရာက္ရွိေနေၾကာင္း ေျပာထားသည္။

မိုက္ခ႐ိုပလတ္စတစ္မ်ားဟာ လူသားမ်ားအေပၚ ဘယ္လိုသက္ေရာက္မႈေတြရွိႏိုင္မလဲဆိုသည္ကိုေတာ့ အခ်ိန္ယူေလ့လာရဦးမွာျဖစ္ေၾကာင္း၊တိရစာၦန္ေတြဆီမွာေတြ႕ရသေလာက္ ဖြံ႕ၿဖိဳးမႈရပ္တန္႔ေစမႈ၊ မ်ိဳးပြားႏႈန္း က်ဆင္းေစမႈ၊ အစားစားခ်င္စိတ္ကို ေပ်ာက္ဆုံးျခင္းမ်ိဳး၊တစ္ရႉးမ်ားေရာင္ရမ္းျခင္းႏွင့္ အသည္းထိခိုက္မႈ တို႔ကိုျဖစ္ေစႏိုင္ေၾကာင္းေျပာထားၿပီး သက္ရွိျဖစ္သည့္ လူသားမ်ားအေပၚမွာလည္း ဆိုးက်ိဳးမ်ား သက္ေရာက္ေစႏိုင္ေၾကာင္း ဆိုထားသည္။

၁၉၆၀ ဝန္းက်င္ကေန တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာသည့္ ပလတ္စတစ္ကိုအႏွစ္ ၆၀ ေလာက္အတြင္း ပလတ္စတစ္တန္ခ်ိန္ သန္းရွစ္ေထာင္ေလာက္ ထုတ္လုပ္ထားေၾကာင္း၊ထိုအထဲမွ ၁၀ ရာႏႈန္းေလာက္သာ ျပန္လည္သုံးစြဲၾကၿပီးက်န္သည့္ ၉၀ ရာႏႈန္းေသာ ပလတ္စတစ္မ်ားသည္ သဘာဝပတ္ဝန္းက်င္ကို ညစ္ညမ္းေစၿပီး လူအပါအဝင္သက္ရွိမ်ားကို အဆိုးရြားဆုံးဒုကၡေပးလာေနၿပီးျဖစ္ေၾကာင္းဆိုထားသည္။

ကၽြန္ေတာ္တို႔လူသားမ်ားအေနႏွင့္ ပလတ္စတစ္ထုတ္လုပ္သုံးစြဲေနမႈကို လုံးဝရပ္တန္႔ပစ္ဖို႔ မလြယ္ေသာ္လည္း စည္းကမ္းတက်ႏွင့္ သတိထားကာ အသုံးျပဳၾကလွ်င္ျဖင့္ ေနာက္ဆက္တြဲ က်န္းမာေရးေဘးထြက္ဆိုးက်ိဳး အႏၱရာယ္ကေန အနည္းငယ္သက္သာဖြယ္ရွိေပႏိုင္ေၾကာင္း ေမတၱာေရွ႕ထား၍ ထပ္ကြန္႔မွ်ေဝေပးလိုက္ ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service