အောင်မြင် ဖို့အတွက် ပါရမီ က အရေးကြီးသလား (သို့) ကြိုးစားဖို့က ပိုအရေးကြီးသလား

အောင်မြင် ဖို့အတွက် ပါရမီ က အရေးကြီးသလား (သို့) ကြိုးစားဖို့က ပိုအရေးကြီးသလား - Property Knowledge in Myanmar from iMyanmarHouse.com
11 Jun 2022 3:02 pm တွင် တင်ခဲ့သည်
1112 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် ပစ္စည်းတစ်မျိုးမျိုးကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ လူအများစုသည် အောင်မြင် ဖို့ရန်အတွက် ပါရမီ က အရေးကြီးသလား (သို့) ကြိုးစားခြင်းက အဓိကကျသလားဆိုတာကို ဝေခွဲမရဖြစ်နေတတ် ကြပါတယ်။

သင်ရော အောင်မြင် ရန်အတွက် ပါရမီ က အရေးကြီးတယ်လို့ထင်သလား ဒါမှမဟုတ် ကြိုးစားဖို့က အရေးအကြီးဆုံးလို့ ထင်ပါသလား။

ပါရမီပြည့်ဝခြင်းသည် ကြိုးစားအားထုတ်ခြင်းလို့ခေါ်တဲ့ လောင်စာတစ်ခုလိုအပ်ပါတယ်။ ထိုလောင်စာ ရရှိမှသာလျှင် သင် လိုချင်တဲ့ ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ပါရမီရှိခြင်းသည် မွေးရာပါလက်ဆောင်တစ်ခုပါ

 

အချို့လူတွေသည် အဆိုတော်ဖြစ်ဖို့ စိတ်ဆန္ဒရှိကြပါတယ်။ သို့သော် သူတို့သည် အသံမကောင်းဘူးဆိုရင်တော့ သူတို့ရဲ့လုံ့လ၊ ဝီရိယရှိခြင်းသည် သူတို့ကို အသံတည့်ပြီး သီချင်းကောင်းကောင်းဆိုနိုင်အောင် မကူညီပေးနိုင်ပါဘူး။ လူအချို့ကတော့ မွေးရာပါ အသံကောင်းတဲ့အတွက်ကြောင့် သီချင်းအခက်စားတွေကို အထူးတလည်အားထုတ်နေစရာမလိုဘဲ အလွယ်တကူသီဆိုနိုင်ကြပါတယ်။

ဒါပေမဲ့လည်း အချို့သော အနုပညာပါရမီ မပါကြတဲ့သူတွေသည်လည်း မွေးရာပါ ပါရမီ ရှိသူများထက် ပိုအောင်မြင်ကြတာကို တွေ့မြင်ရပါလိမ့်မယ်။ ဘာ့ကြောင့်လို့ထင်ပါသလဲ။

အသေအကြေ ကြိုးစားခဲ့ကြလို့ပဲဖြစ်ပါတယ်။

 

ကြိုးစားအားထုတ်ခြင်းသည်လည်း သဘာဝပါရမီတစ်ခုပါပဲ

 

ကြိုးစားအားထုတ်ခြင်းသည် သင့်ကို နေ့ချင်းညချင်း အောင်မြင်လာအောင် မကူညီပေးနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ အောင်မြင်လာအောင် ကူညီပေးနိုင်ပါတယ်။ စစချင်းမှာတော့ အခက်အခဲများ၊ အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ထိုအတားအဆီး အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ သင် လိုချင်တဲ့ အောင်မြင်မှုဆီသို့ တက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

ကြိုးစားခြင်းသည် ပါရမီ တိုးတက်လာအောင် ကူညီပေးတယ်

ကြိုးစားခြင်းကြောင့် သင့်ရဲ့အရည်အချင်းနှင့် ပါရမီမျာသည် တစ်ဟုန်ထိုး မြင့်တက်လာနိုင်ပါတယ်။ တကယ်လို့ ကြိုးစားခြင်းနှင့် ပါရမီပါခြင်းတို့ကို အတူတူတွဲဖက်ကာ လုပ်ဆောင်စေမယ်ဆိုရင်တော့ ရရှိမယ့်ရလာဒ်သည် အကောင်းဆုံးရလာဒ်ကို ရရှိမှာဖြစ်ပါတယ်။

ဆိုလိုတာကတော့ သင်သည် ပါရမီ ပါသည့်တိုင်အောင် ကြိုးစားအားထုတ်မှုမရှိပါက သင့်ရဲ့ ပါရမီ ရှိခြင်းသည် အချည်းနှီးပဲဖြစ်ပါတယ်။ တကယ်လို့ ကြိုးစားအားထုတ်ခြင်းနဲ့ ပါရမီပါခြင်းတို့ကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အောင်မြင်မှုသည် သင့်အတွက်ပါပဲ။

ကြိုးစားအားထုတ်ခြင်းသည် အောင်မြင်မှုများကို ဆောင်ကျဉ်ပေးနိုင်

 

အိပ်မက်တစ်ခုသည် မှော်ပညာကြောင့် အမှန်တကယ်ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာဖို့ဆိုရင် ချွေး၊ စိတ်ခိုင်မာပြတ်သားခြင်းနှင့် ကြိုးစားအားထုတ်ခြင်းတို့ လိုအပ်တယ်လို့ Colin Powell က ပြောကြားထားပါတယ်။

ပါရမီရှိခြင်းကို မီးခြစ်ဆံတစ်ခုလို့ သဘောထားကြည့်လိုက်တဲ့အခါ မီးခြစ်ဆံကနေတဆင့် မီးလောင်ကျွမ်းအောင် ဖန်တီးနိုင်ပေမယ့် အချိန်ကြာကြာမီးစွဲဖို့ဆိုရင်တော့ လောင်စာတစ်ခု လိုအပ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ထိုလောင်စာသည် ကြိုးစားအားထုတ်ခြင်းတစ်ခုတည်းသာဖြစ်ပါတယ်။

လူတော်တော်များများသည် အောင်မြင် မှုကို ဆွတ်ခူးရရှိဖို့အတွက် မွေးကတည်းက ပါရမီ ပါလာကြတာမဟုတ်ပါဘူး။ သူတို့သည် မအားမနေ ကြိုးစာအားထုတ်ကြတဲ့အတွက်ကြောင့် အောင်မြင်မှုကို ရရှိပိုင်ဆိုင်ကြတာဖြစ်ပါတယ်။

 

ကြိုးစားအားထုတ်မှုမရှိရင် ပါရမီ ရှိခြင်းသည် အလကားပါပဲ

အချို့သော အနုပညာရှင်များ၊ စီးပွားရေးသမားများ၊ အောင်မြင်ကျော်ကြားသူများသည် တဟုန်ထိုးအောင်မြင်လာခဲ့ပြီးမှ ဘာ့ကြောင့် တဖြည်း ဖြည်း အရောင်မှေးမှိန်သွားကာ အောင်မြင်မှုကို ဆုံးရှုံးသွားကြရတာလဲ။

အားစိုက်ထုတ်မှု မရှိလို့ပါပဲ။

သူတို့သည် ပထမအချီမှာတော့ ပါရမီကြောင့် ကံကောင်းထောက်မပြီး အောင်မြင်ကောင်း အောင်မြင်သွားပါလိမ့်မယ်။ သို့သော် ကြိုးစားအား ထုတ်ခြင်းလို့ခေါ်တဲ့ လောင်စာမရှိတဲ့အခါ သူတို့ရဲ့အောင်မြင်မှုသည် တဖြည်းဖြည်း ဆိတ်သုဉ်းသွားခဲ့ရတာဖြစ်ပါတယ်။

ကြိုးစားအားထုတ်မှုရော ပါရမီပါခြင်းရော အရေးကြီးပါတယ်

ကြိုးစားအားထုတ်မှုသည် ပါရမီပါခြင်းကို အနိုင်ယူနိုင်ပါတယ်။ သို့သော် သင့်မှာ ထိုအရာနှစ်ခုစလုံး ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ သင်သည် ဘယ်တော့မှ ရှုံးမှာမဟုတ်ပါဘူး။

တကယ်လို့ သင်သည် ကြိုးစားခြင်းကို အထင်သေးမယ်ဆိုရင်တော့ သင့်ရဲ့ အရည်အချင်းသည်လည်း တဖြည်းဖြည်း ကျဆင်းသွားမှာဖြစ်ပါတယ်။ ဥပမာ မွေးရာပါ အသံကောင်းတဲ့ အဆိုရှင်တစ်ယောက်သည် သီချင်းနှင့် ပတ်သက်တဲ့ သင်ယူစရာများကို မသင်ယူဘဲ ကိုယ့်ရဲ့ပါရမီတစ်ခုတည်းကိုသာ အားကိုးနေမယ်၊ အဆို လေ့ကျင့်ခြင်းတို့ကို တစ်ခုမှ မလုပ်ဘူးဆိုရင်တော့ သူ့ရဲ့အရည်အချင်းသည်လည်း တဖြည်းဖြည်းကျဆင်းသွားမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ပညာရှင်များက အောင်မြင် ဖို့အတွက်ဆိုရင် ပါရမီ ရော ကြိုးစားအားထုတ်ခြင်းပါ လိုအပ်တယ်လို့ ပြောဆိုထားကြတာဖြစ်ပါတယ်။

ကြိုးစားအားထုတ်သူများသည် အသစ် အသစ်သောပါရမီများကို ရှာဖွေတွေ့ရှိနိုင်

မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သူများသည် နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အခါ သူတို့အတွက် Productive ဖြစ်တဲ့ နေ့တစ်နေ့ ပိုင်ဆိုင်သွားပါလားဆိုတဲ့ ခံစားချက်ကို ခံစားကြရပါတယ်။ ဒါ့အပြင် အရည်အချင်းအသစ်များ၊ ပါရမီအသစ်များကိုလည်း လေ့လာတွေ့ရှိနိုင်ပြီး သူတို့သည် ဘက်စုံကျွမ်းကျင်ကြတဲ့သူတွေ ဖြစ်နိုင်ပါတယ်။

အောင်မြင်တဲ့သူတွေသည် ပါရမီပါကြလို့ အောင်မြင်ကြတယ်လို့ လူအများစုက ထင်တတ်ကြပါတယ်။ သို့သော် သူတို့ ယခုလို အောင်မြင်တဲ့နေရာရောက်ဖို့အတွက် ကြိုးစားခဲ့ရတဲ့ သွေး၊ ချွေးများ၊ စွမ်းအင်များကိုတော့ မမြင်တတ်ကြပါဘူး။ သူတို့ရဲ့ပါရမီပါခြင်းလို့သာ သတ်မှတ်လိုက်ကြပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အောင်မြင် ဖို့အတွက် ပါရမီ ရော ကြိုးစားအားထုတ်ခြင်းရော အရေးကြီးပါတယ်။ သို့သော် ဘယ်အရာက ပိုအရေးကြီးဆုံးဖြစ်မလဲဆိုတော့ ကြိုးစားအားထုတ်ခြင်းသည် ပါရမီထက် ပိုအရေးကြီးဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ငါ့မှာ ပါရမီပါတာပဲဆိုပြီး သတိလက်လွတ်မနေဘဲ အချိန်တိုင်းမှာ ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: kwee

 

 

[Zawgyi]

ေအာင္ျမင္ ဖို႔အတြက္ ပါရမီ က အေရးႀကီးသလား (သို႔) ႀကိဳးစားဖို႔က ပိုအေရးႀကီးသလား

 

ေအာင္ျမင္မႈကို ရ႐ွိပိုင္ဆိုင္ႏိုင္ဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ ပစၥည္းတစ္မ်ိဳးမ်ိဳးကို ႐ွာေဖြေနပါသလား။ ဒါဆိုရင္ေတာ့ သင္ တစ္ေယာက္တည္းမဟုတ္ပါဘူး။ လူအမ်ားစုသည္ ေအာင္ျမင္ ဖို႔ရန္အတြက္ ပါရမီ က အေရးႀကီးသလား (သို႔) ႀကိဳးစားျခင္းက အဓိကက်သလားဆိုတာကို ေဝခြဲမရျဖစ္ေနတတ္ ၾကပါတယ္။

သင္ေရာ ေအာင္ျမင္ ရန္အတြက္ ပါရမီ က အေရးႀကီးတယ္လို႔ထင္သလား ဒါမွမဟုတ္ ႀကိဳးစားဖို႔က အေရးအႀကီးဆုံးလို႔ ထင္ပါသလား။

ပါရမီျပည့္ဝျခင္းသည္ ႀကိဳးစားအားထုတ္ျခင္းလို႔ေခၚတဲ့ ေလာင္စာတစ္ခုလိုအပ္ပါတယ္။ ထိုေလာင္စာ ရ႐ွိမွသာလွ်င္ သင္ လိုခ်င္တဲ့ ပန္းတိုင္ဆီသို႔ အေရာက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

ပါရမီ႐ွိျခင္းသည္ ေမြးရာပါလက္ေဆာင္တစ္ခုပါ

 

အခ်ိဳ႕လူေတြသည္ အဆိုေတာ္ျဖစ္ဖို႔ စိတ္ဆႏၵ႐ွိၾကပါတယ္။ သို႔ေသာ္ သူတို႔သည္ အသံမေကာင္းဘူးဆိုရင္ေတာ့ သူတို႔ရဲ႕လုံ႔လ၊ ဝီရိယ႐ွိျခင္းသည္ သူတို႔ကို အသံတည့္ၿပီး သီခ်င္းေကာင္းေကာင္းဆိုႏိုင္ေအာင္ မကူညီေပးႏိုင္ပါဘူး။ လူအခ်ိဳ႕ကေတာ့ ေမြးရာပါ အသံေကာင္းတဲ့အတြက္ေၾကာင့္ သီခ်င္းအခက္စားေတြကို အထူးတလည္အားထုတ္ေနစရာမလိုဘဲ အလြယ္တကူသီဆိုႏိုင္ၾကပါတယ္။

ဒါေပမဲ့လည္း အခ်ိဳ႕ေသာ အႏုပညာပါရမီ မပါၾကတဲ့သူေတြသည္လည္း ေမြးရာပါ ပါရမီ ႐ွိသူမ်ားထက္ ပိုေအာင္ျမင္ၾကတာကို ေတြ႕ျမင္ရပါလိမ့္မယ္။ ဘာ့ေၾကာင့္လို႔ထင္ပါသလဲ။အေသအေၾက ႀကိဳးစားခဲ့ၾကလို႔ပဲျဖစ္ပါတယ္။

ႀကိဳးစားအားထုတ္ျခင္းသည္လည္း သဘာဝပါရမီတစ္ခုပါပဲ

 

ႀကိဳးစားအားထုတ္ျခင္းသည္ သင့္ကို ေန႔ခ်င္းညခ်င္း ေအာင္ျမင္လာေအာင္ မကူညီေပးႏိုင္ေပမယ့္ တျဖည္းျဖည္းနဲ႔ အခ်ိန္ၾကာလာတဲ့အခါ ေအာင္ျမင္လာေအာင္ ကူညီေပးႏိုင္ပါတယ္။ စစခ်င္းမွာေတာ့ အခက္အခဲမ်ား၊ အတားအဆီးေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။ ထိုအတားအဆီး အခက္အခဲမ်ားကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္မယ္ဆိုရင္ေတာ့ သင္ လိုခ်င္တဲ့ ေအာင္ျမင္မႈဆီသို႔ တက္လွမ္းႏိုင္မွာပဲျဖစ္ပါတယ္။

ႀကိဳးစားျခင္းသည္ ပါရမီ တိုးတက္လာေအာင္ ကူညီေပးတယ္

ႀကိဳးစားျခင္းေၾကာင့္ သင့္ရဲ႕အရည္အခ်င္းႏွင့္ ပါရမီမ်ာသည္ တစ္ဟုန္ထိုး ျမင့္တက္လာႏိုင္ပါတယ္။ တကယ္လို႔ ႀကိဳးစားျခင္းႏွင့္ ပါရမီပါျခင္းတို႔ကို အတူတူတြဲဖက္ကာ လုပ္ေဆာင္ေစမယ္ဆိုရင္ေတာ့ ရ႐ွိမယ့္ရလာဒ္သည္ အေကာင္းဆုံးရလာဒ္ကို ရ႐ွိမွာျဖစ္ပါတယ္။

ဆိုလိုတာကေတာ့ သင္သည္ ပါရမီ ပါသည့္တိုင္ေအာင္ ႀကိဳးစားအားထုတ္မႈမ႐ွိပါက သင့္ရဲ႕ ပါရမီ ႐ွိျခင္းသည္ အခ်ည္းႏွီးပဲျဖစ္ပါတယ္။ တကယ္လို႔ ႀကိဳးစားအားထုတ္ျခင္းနဲ႔ ပါရမီပါျခင္းတို႔ကို ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ ေအာင္ျမင္မႈသည္ သင့္အတြက္ပါပဲ။

ႀကိဳးစားအားထုတ္ျခင္းသည္ ေအာင္ျမင္မႈမ်ားကို ေဆာင္က်ဥ္ေပးႏိုင္

 

အိပ္မက္တစ္ခုသည္ ေမွာ္ပညာေၾကာင့္ အမွန္တကယ္ျဖစ္ေပၚလာမွာမဟုတ္ပါဘူး။ အိပ္မက္တစ္ခု အေကာင္အထည္ေပၚလာဖို႔ဆိုရင္ ေခြၽး၊ စိတ္ခိုင္မာျပတ္သားျခင္းႏွင့္ ႀကိဳးစားအားထုတ္ျခင္းတို႔ လိုအပ္တယ္လို႔ Colin Powell က ေျပာၾကားထားပါတယ္။

ပါရမီ႐ွိျခင္းကို မီးျခစ္ဆံတစ္ခုလို႔ သေဘာထားၾကည့္လိုက္တဲ့အခါ မီးျခစ္ဆံကေနတဆင့္ မီးေလာင္ကြၽမ္းေအာင္ ဖန္တီးႏိုင္ေပမယ့္ အခ်ိန္ၾကာၾကာမီးစြဲဖို႔ဆိုရင္ေတာ့ ေလာင္စာတစ္ခု လိုအပ္ပါလိမ့္မယ္။ ဒါဆိုရင္ေတာ့ ထိုေလာင္စာသည္ ႀကိဳးစားအားထုတ္ျခင္းတစ္ခုတည္းသာျဖစ္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားသည္ ေအာင္ျမင္ မႈကို ဆြတ္ခူးရ႐ွိဖို႔အတြက္ ေမြးကတည္းက ပါရမီ ပါလာၾကတာမဟုတ္ပါဘူး။ သူတို႔သည္ မအားမေန ႀကိဳးစာအားထုတ္ၾကတဲ့အတြက္ေၾကာင့္ ေအာင္ျမင္မႈကို ရ႐ွိပိုင္ဆိုင္ၾကတာျဖစ္ပါတယ္။

ႀကိဳးစားအားထုတ္မႈမ႐ွိရင္ ပါရမီ ႐ွိျခင္းသည္ အလကားပါပဲ

အခ်ိဳ႕ေသာ အႏုပညာ႐ွင္မ်ား၊ စီးပြားေရးသမားမ်ား၊ ေအာင္ျမင္ေက်ာ္ၾကားသူမ်ားသည္ တဟုန္ထိုးေအာင္ျမင္လာခဲ့ၿပီးမွ ဘာ့ေၾကာင့္ တျဖည္း ျဖည္း အေရာင္ေမွးမွိန္သြားကာ ေအာင္ျမင္မႈကို ဆုံး႐ႈံးသြားၾကရတာလဲ။

အားစိုက္ထုတ္မႈ မ႐ွိလို႔ပါပဲ။

သူတို႔သည္ ပထမအခ်ီမွာေတာ့ ပါရမီေၾကာင့္ ကံေကာင္းေထာက္မၿပီး ေအာင္ျမင္ေကာင္း ေအာင္ျမင္သြားပါလိမ့္မယ္။ သို႔ေသာ္ ႀကိဳးစားအား ထုတ္ျခင္းလို႔ေခၚတဲ့ ေလာင္စာမ႐ွိတဲ့အခါ သူတို႔ရဲ႕ေအာင္ျမင္မႈသည္ တျဖည္းျဖည္း ဆိတ္သုဥ္းသြားခဲ့ရတာျဖစ္ပါတယ္။

ႀကိဳးစားအားထုတ္မႈေရာ ပါရမီပါျခင္းေရာ အေရးႀကီးပါတယ္

ႀကိဳးစားအားထုတ္မႈသည္ ပါရမီပါျခင္းကို အႏိုင္ယူႏိုင္ပါတယ္။ သို႔ေသာ္ သင့္မွာ ထိုအရာႏွစ္ခုစလုံး ပိုင္ဆိုင္ထားမယ္ဆိုရင္ေတာ့ သင္သည္ ဘယ္ေတာ့မွ ႐ႈံးမွာမဟုတ္ပါဘူး။

တကယ္လို႔ သင္သည္ ႀကိဳးစားျခင္းကို အထင္ေသးမယ္ဆိုရင္ေတာ့ သင့္ရဲ႕ အရည္အခ်င္းသည္လည္း တျဖည္းျဖည္း က်ဆင္းသြားမွာျဖစ္ပါတယ္။ ဥပမာ ေမြးရာပါ အသံေကာင္းတဲ့ အဆို႐ွင္တစ္ေယာက္သည္ သီခ်င္းႏွင့္ ပတ္သက္တဲ့ သင္ယူစရာမ်ားကို မသင္ယူဘဲ ကိုယ့္ရဲ႕ပါရမီတစ္ခုတည္းကိုသာ အားကိုးေနမယ္၊ အဆို ေလ့က်င့္ျခင္းတို႔ကို တစ္ခုမွ မလုပ္ဘူးဆိုရင္ေတာ့ သူ႕ရဲ႕အရည္အခ်င္းသည္လည္း တျဖည္းျဖည္းက်ဆင္းသြားမွာပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ပညာ႐ွင္မ်ားက ေအာင္ျမင္ ဖို႔အတြက္ဆိုရင္ ပါရမီ ေရာ ႀကိဳးစားအားထုတ္ျခင္းပါ လိုအပ္တယ္လို႔ ေျပာဆိုထားၾကတာျဖစ္ပါတယ္။

ႀကိဳးစားအားထုတ္သူမ်ားသည္ အသစ္ အသစ္ေသာပါရမီမ်ားကို ႐ွာေဖြေတြ႕႐ွိႏိုင္

မဆုတ္မနစ္တဲ့ ဇြဲ၊ လုံ႔လ၊ ဝီရိယႏွင့္ ႀကိဳးစားအားထုတ္သူမ်ားသည္ ေန႔တစ္ေန႔ ကုန္ဆုံးသြားတဲ့အခါ သူတို႔အတြက္ Productive ျဖစ္တဲ့ ေန႔တစ္ေန႔ ပိုင္ဆိုင္သြားပါလားဆိုတဲ့ ခံစားခ်က္ကို ခံစားၾကရပါတယ္။ ဒါ့အျပင္ အရည္အခ်င္းအသစ္မ်ား၊ ပါရမီအသစ္မ်ားကိုလည္း ေလ့လာေတြ႕႐ွိႏိုင္ၿပီး သူတို႔သည္ ဘက္စုံကြၽမ္းက်င္ၾကတဲ့သူေတြ ျဖစ္ႏိုင္ပါတယ္။

ေအာင္ျမင္တဲ့သူေတြသည္ ပါရမီပါၾကလို႔ ေအာင္ျမင္ၾကတယ္လို႔ လူအမ်ားစုက ထင္တတ္ၾကပါတယ္။ သို႔ေသာ္ သူတို႔ ယခုလို ေအာင္ျမင္တဲ့ေနရာေရာက္ဖို႔အတြက္ ႀကိဳးစားခဲ့ရတဲ့ ေသြး၊ ေခြၽးမ်ား၊ စြမ္းအင္မ်ားကိုေတာ့ မျမင္တတ္ၾကပါဘူး။ သူတို႔ရဲ႕ပါရမီပါျခင္းလို႔သာ သတ္မွတ္လိုက္ၾကပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ေအာင္ျမင္ ဖို႔အတြက္ ပါရမီ ေရာ ႀကိဳးစားအားထုတ္ျခင္းေရာ အေရးႀကီးပါတယ္။ သို႔ေသာ္ ဘယ္အရာက ပိုအေရးႀကီးဆုံးျဖစ္မလဲဆိုေတာ့ ႀကိဳးစားအားထုတ္ျခင္းသည္ ပါရမီထက္ ပိုအေရးႀကီးဆုံးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ငါ့မွာ ပါရမီပါတာပဲဆိုၿပီး သတိလက္လြတ္မေနဘဲ အခ်ိန္တိုင္းမွာ ႀကိဳးစားအားထုတ္ဖို႔လိုအပ္ပါတယ္။

 

Credit: kwee

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service