အကြွေးတွေ ကျေချင်ရင်

အကြွေးတွေ ကျေချင်ရင် - Property Knowledge in Myanmar from iMyanmarHouse.com
10 Jun 2022 2:03 pm တွင် တင်ခဲ့သည်
1086 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အကြွေးတွေ အများကြီး ရှိပြီး ဘယ်လို ပြန်ဆပ်ရမယ်မှန်းမသိ၊ ဘာဆက်လုပ်ရမယ်မှန်းမသိဘဲ ဘဝမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူမျိုးတွေ့ဖူးကြမှာပါ။ ဘယ်လိုလုပ်ရမယ်မှန်းမသိတာက အဓိကပြဿနာပါပဲ။ စနစ်တကျနဲ့ ပြန်ဆပ်နိုင်မယ့်အလေ့အထနည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အလုပ်ပိုလုပ်ပါ။

ဆင်ခြေတွေဘေးဖယ်ထားလိုက်ပါ ရိုးရိုးလေးပဲတွေးပါ၊ အကြွေးတွေများလာရင် အသုံးလျှော့ချပြီးအလုပ်ပိုလုပ်မှ ငွေပိုထွက်လာမယ်၊ ငွေပိုထွက်လာမှ အကြွေးကိုမြန်မြန်ပြီးအောင်ဆပ်နိုင်မယ်မဟုတ်လား။ ရာထူးတက်မှလစာပိုရမှ ဖြစ်နိုင်မှာပေါ့ အခုအချိန်မှာလည်း ဘာအလုပ်မှရှာလို့မရဘူး တစ်ယောက်တည်းက အလုပ်ဘယ်နှစ်ခုလုပ်နိုင်မှာလဲလို့ ပြန်ပြောစရာရှိပါတယ်။ ပုံမှန်ဝင်ငွေ ဝင်နေတဲ့အလုပ်က တစ်ခုရှိတယ်ဆိုပါစို့၊ အလုပ်ချိန်ပြီးသွားတဲ့အခါ ဘာဆက်လုပ်နိုင်မလဲဆိုတာမျိုး ထပ်စဉ်းစားလိုက်ပါ။ ဥပမာ သင့်အလုပ်ချိန်ပြီးတာနဲ့ ဒါမှမဟုတ် တခြားအချိန်ပိုင်းအလုပ်တစ်ခုခုလို နေရာမျိုးမှာ ညဘက်အလုပ်လုပ်တာမျိုး စနေ၊ တနင်္ဂနွေနှစ်ရက် အလုပ်ချိန်ရတာမျိုးပေါ့။

(၂) ငွေတွေ ပိုရှိလာတဲ့အခါ အကြွေးဆပ်ဖို့သာ အာရုံစိုက်ပါ။

တစ်ချို့ကျတော့ ငွေတော့ ပိုထွက်လာပါတယ်။ သုံးလို့တောင်မလောက်ဘူးဆိုတာမျိုးရှိတာမို့ ပိုရလာသမျှငွေသည် အကြွေးကို ထိုးဆပ်ဖို့ဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။ ငွေဆိုတာလွယ်လွယ်မသုံးချင်တဲ့သူမရှိပါဘူး လူဆိုတာလဲ လိုချင်တာတွေဘယ်တော့မှ မပျောက်သွားပါဘူး။ သို့သော်ဆင်ခြင်ပါ ကိုယ့်အခြေအနေကိုပြန်အကဲခက်ပါ အကြွေးမြန်မြန်ကျေလေ ဝန်ပေါ့လေပါပဲ။ အကြွေးကျေပြီးမှ ပိုလျှံလာသမျှ ငွေက သင့်ငွေပါပဲ။

(၃) ဦးစားပေးရမယ့် အကြွေးမျိုးကို အရင်စဉ်းစားပါ။

ဥပမာ - အတိုးများတဲ့အကြွေးရယ်၊ အတိုးနည်းနည်းပဲယူတဲ့အကြွေးရယ်၊ အတိုးလုံးဝမယူတဲ့အကြွေးရယ် သုံးမျိုးယူထားတယ်ဆိုပါစို့၊ အတိုးများပြီး အချိန်ကြာလေလေ အရင်းတောင်ပြန်ကျေသွားနိုင်လောက်တဲ့အထိ အတိုးများတဲ့ အကြွေးမျိုးကို အရင်ဆုံးကျေအောင်ဆပ်လိုက်ပါ။ ပြီးမှ အတိုးနည်းတဲ့အကြွေးကို ဆပ်ဖို့ စဉ်းစားပါ။ အတိုးနည်းတဲ့အကြွေးဆပ်နေရင်းနဲ့ အတိုးမယူတဲ့အကြွေးသမားကို နည်းနည်းချင်းစီ ဖဲ့ဆပ်သွားကြည့်ပါ။ အပေါင်ပစ္စည်းပေးပြီးချေးထားရင်ညှိကြည့်ပါ။ အသုံးမလိုတာတွေရှိရင် ရောင်းချပြီး ငွေထွက်လာအောင်လုပ်ပါ။ အကြွေးဆပ်လိုက်ပါ။

(၄) အတိုးနဲ့အရင်းတွဲဆပ်ပါ။

တစ်လလုံး ခြိုးခြံပြီး စားလိုက်ရတာက ကိစ္စမရှိပါဘူး၊ အချိန်တန်ရင် ငွေအနည်းအများတွေပြန်ပေါ်လာမှာပါပဲ။ အကြွေးတွေ မဆပ်နိုင်ခြင်းကသာ ဝန်ပိစေတာပါ။ အခုမပေးလည်း နောက်ပေးရမှာပါပဲ။ စားစရိတ်၊ အသုံးစရိတ်တစ်ချို့ကို လျှော့သုံးဖို့ကြိုးစားကြည့်ပါ။ အတိုးသမားကို အရစ်ကျအတိုးနဲ့အရင်းတွဲဆပ်ဖို့ ကြိုးစားကြည့်လိုက်ပါ။ မဟုက်ရင်အတိုးပဲဆပ်နိုင်ပြီး တစ်သက်လုံးအရင်းမကျေနိုင်တာမျိုးဖြစ်နိုင်ခြေရှိပါတယ်။ အတိုးချည်းဆပ်တာထက်စာရင် အတိုးနဲ့အရင်းမျှဆပ်တာက အချိန်တိုအတွင်းမှာ အကြွေးတွေမြန်မြန်ကျေစေပါတယ်။ သင့်လည်း မြန်မြန်စိတ်ချမ်းသာရမှာပါ။

(၅) ခပ်ပေါ့ပေါ့မတွေးပါနဲ့။

အခုအချိန်ဘယ်သူမှပြန်မပေးနိုင်ဘူးဆိုတဲ့အတွေးနဲ့ရှေ့မဆက်ပါနဲ့ ကိုယ့်ကိုကိုယ်အသိဆုံးပါ ၃ လ ၆ လ ထပ်ရွှေ့ရင်ရောအတိုးမတက်နေဖူးလား အဲဒီအချိန်ရောက်ရင်ရောတကယ်ပြန်ပေးနိုင်မှာလား ပြဿနာဆိုတာနောက်ရွှေ့လိုက်တိုင်း ရှင်းသွားမှာမဟုက်ပါဘူး။ လက်တွေ့ကျကျစီမံရင်ဆိုင်ရမှာတွေပါ။ နောင်တစ်ချိန်သင်လုပ်ငန်းအိမ်တွင်းရေးကျမ်းမာရေးအရေးပေါ်တွေလိုအပ်ချက်ဖြစ်လာခဲ့ရင်အရင်ကမပေးဆပ်ခဲ့တာတွေကသင့်ကို အခွင့်အရေးပြန် လည်ပိတ်ဆို့တာမျိုး ဖြစ်နိုင်ပါတယ်။ လက်ရှိအခြေအနေအရဆိုရင်လဲ့ ဘယ်မှာယူထားတယ်ဘယ်သူကနောက်ကျထားတယ် ပြန်မဆပ်ထားဘူးဆိုတာတွေ့ တရားဝင်အသိအမြင်ရယူလို့ရနေပါပြီ။ လိမ်ချင်တယ်ပြန်မဆပ်ဖူးဆိုရင် တစ်ခါထက်ပိုမလုပ်နိုင်တော့ပါဘူး ဒီတစ်ခါပဲဖြစ်တာလို့မထင်မှတ်ပါနဲ့ ကိုယ့်သမိုင်းကိုတီထွင်ဖန်တီးတာကက်ုယ်တိုင်လုပ်ဆောင်ချက်ပါ။အကြွေးမကျေခြင်းရဲ့ အဓိက တရားခံက “ငါအတိုးမှန်မှန်ပေးနေတာပဲ အတိုးဆပ်နိုင်ရင်တော်ပြီပေါ့၊ ငွေပိုထွက်လာမှ အရင်းကို လုံးခနဲဆပ်လိုက်မယ်” ထိုကဲ့သို့တွေးခြင်းပါပဲ။ တစ်ချို့က အဲလိုတွေးပြီး ကိုယ့်ရဲ့ပုံမှန်နေ့စဉ်အသုံးစရိတ်ကို လုံးဝမလျှော့ချပါဘူး။ ဒါ့အပြင် စိတ်ရှိတိုင်း သုံးပစ်တတ်ကြပါသေးတယ်။ အဲဒါက သင့်ကို အတိုးပေါ်အတိုးဆင့်လာစေသလို၊ နောက်ထပ် အကြွေးတွေထပ်တင်ဖို့လည်း လွယ်ကူသွားစေပါတယ်။

(၆) ကိုယ့်ကိုကိုယ်ဆန်းစစ်ပါ။

တစ်ခါတစ်လေ သုံးချင်တာပေါ်လာရင် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်လိုက်ပါ။ “ငါ့မှာ အကြွေးဘယ်လောက်ရှိနေသလဲခုဝယ်မယ့်ပစ္စည်းက လိုအပ်လား၊ မလိုအပ်ဘူးလား၊ လိုချင်နေတာလား” အဲလိုပြန်တွေးကြည့်ပါ။ လိုချင်နေတာမျိုးဆိုရင်တော့ ခုချိန်မျိုးမှာ မဝယ်သင့်သေးပါဘူး။ ငွေအလကားကုန်ပါတယ်။ အကြွေးတွေကို အမြဲသတိရနေဖို့မလိုပေမယ့် အမြဲလည်း မေ့ထားလို့မဖြစ်ပါဘူး။ အလဟဿ သုံးမိတော့မယ်ဆိုရင် အကြွေးရှိနေတာကို သတိရပါ။ သင့်လက်ထဲ ပိုက်ဆံရလာတဲ့အခါ သတိရပါ။ အဲဒါက သင့်ကိုအကြွေးဆပ်ဖို့ သတိရစေမှာပါ။ အကြွေးကို စိတ်ညစ်လို့ အမြဲတစေမေ့ထားပြန်ရင်တော့ သင့်လက်ထဲငွေတွေရလာတဲ့အခါ သင်သုံးချင်တာသုံးမိပြီး အကြွေးတွေက မလျော့တဲ့အပြင် ထပ်တောင်တိုးလာနိုင်ပါတယ်။ ဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကြည့်ပြီးတော့ ဖြေးဖြေးချင်းဆပ်သွားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

[Zawgyi]

အေႂကြးေတြ ေက်ခ်င္ရင္

အေႂကြးေတြ အမ်ားႀကီး ရွိၿပီး ဘယ္လို ျပန္ဆပ္ရမယ္မွန္းမသိ၊ ဘာဆက္လုပ္ရမယ္မွန္းမသိဘဲ ဘဝမွာ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့သူမ်ိဳးေတြ႕ဖူးၾကမွာပါ။ ဘယ္လိုလုပ္ရမယ္မွန္းမသိတာက အဓိကျပႆနာပါပဲ။ စနစ္တက်နဲ႔ ျပန္ဆပ္ႏိုင္မယ့္အေလ့အထနည္းလမ္းတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အလုပ္ပိုလုပ္ပါ။

ဆင္ေျခေတြေဘးဖယ္ထားလိုက္ပါ ႐ိုး႐ိုးေလးပဲေတြးပါ၊ အေႂကြးေတြမ်ားလာရင္ အသုံးေလွ်ာ့ခ်ၿပီးအလုပ္ပိုလုပ္မွ ေငြပိုထြက္လာမယ္၊ ေငြပိုထြက္လာမွ အေႂကြးကိုျမန္ျမန္ၿပီးေအာင္ဆပ္ႏိုင္မယ္မဟုတ္လား။ ရာထူးတက္မွလစာပိုရမွ ျဖစ္ႏိုင္မွာေပါ့ အခုအခ်ိန္မွာလည္း ဘာအလုပ္မွရွာလို႔မရဘူး တစ္ေယာက္တည္းက အလုပ္ဘယ္ႏွစ္ခုလုပ္ႏိုင္မွာလဲလို႔ ျပန္ေျပာစရာရွိပါတယ္။ ပုံမွန္ဝင္ေငြ ဝင္ေနတဲ့အလုပ္က တစ္ခုရွိတယ္ဆိုပါစို႔၊ အလုပ္ခ်ိန္ၿပီးသြားတဲ့အခါ ဘာဆက္လုပ္ႏိုင္မလဲဆိုတာမ်ိဳး ထပ္စဥ္းစားလိုက္ပါ။ ဥပမာ သင့္အလုပ္ခ်ိန္ၿပီးတာနဲ႔ ဒါမွမဟုတ္ တျခားအခ်ိန္ပိုင္းအလုပ္တစ္ခုခုလို ေနရာမ်ိဳးမွာ ညဘက္အလုပ္လုပ္တာမ်ိဳး စေန၊ တနဂၤေႏြႏွစ္ရက္ အလုပ္ခ်ိန္ရတာမ်ိဳးေပါ့။

(၂) ေငြေတြ ပိုရွိလာတဲ့အခါ အေႂကြးဆပ္ဖို႔သာ အာ႐ုံစိုက္ပါ။

တစ္ခ်ိဳ႕က်ေတာ့ ေငြေတာ့ ပိုထြက္လာပါတယ္။ သုံးလို႔ေတာင္မေလာက္ဘူးဆိုတာမ်ိဳးရွိတာမို႔ ပိုရလာသမွ်ေငြသည္ အေႂကြးကို ထိုးဆပ္ဖို႔ဆိုတာ ကိုယ့္ကိုကိုယ္ သတိေပးပါ။ ေငြဆိုတာလြယ္လြယ္မသုံးခ်င္တဲ့သူမရွိပါဘူး လူဆိုတာလဲ လိုခ်င္တာေတြဘယ္ေတာ့မွ မေပ်ာက္သြားပါဘူး။ သို႔ေသာ္ဆင္ျခင္ပါ ကိုယ့္အေျခအေနကိုျပန္အကဲခက္ပါ အေႂကြးျမန္ျမန္ေက်ေလ ဝန္ေပါ့ေလပါပဲ။ အေႂကြးေက်ၿပီးမွ ပိုလွ်ံလာသမွ် ေငြက သင့္ေငြပါပဲ။

(၃) ဦးစားေပးရမယ့္ အေႂကြးမ်ိဳးကို အရင္စဥ္းစားပါ။

ဥပမာ - အတိုးမ်ားတဲ့အေႂကြးရယ္၊ အတိုးနည္းနည္းပဲယူတဲ့အေႂကြးရယ္၊ အတိုးလုံးဝမယူတဲ့အေႂကြးရယ္ သုံးမ်ိဳးယူထားတယ္ဆိုပါစို႔၊ အတိုးမ်ားၿပီး အခ်ိန္ၾကာေလေလ အရင္းေတာင္ျပန္ေက်သြားႏိုင္ေလာက္တဲ့အထိ အတိုးမ်ားတဲ့ အေႂကြးမ်ိဳးကို အရင္ဆုံးေက်ေအာင္ဆပ္လိုက္ပါ။ ၿပီးမွ အတိုးနည္းတဲ့အေႂကြးကို ဆပ္ဖို႔ စဥ္းစားပါ။ အတိုးနည္းတဲ့အေႂကြးဆပ္ေနရင္းနဲ႔ အတိုးမယူတဲ့အေႂကြးသမားကို နည္းနည္းခ်င္းစီ ဖဲ့ဆပ္သြားၾကည့္ပါ။ အေပါင္ပစၥည္းေပးၿပီးေခ်းထားရင္ညႇိၾကည့္ပါ။ အသုံးမလိုတာေတြရွိရင္ ေရာင္းခ်ၿပီး ေငြထြက္လာေအာင္လုပ္ပါ။ အေႂကြးဆပ္လိုက္ပါ။

(၄) အတိုးနဲ႔အရင္းတြဲဆပ္ပါ။

တစ္လလုံး ၿခိဳးၿခံၿပီး စားလိုက္ရတာက ကိစၥမရွိပါဘူး၊ အခ်ိန္တန္ရင္ ေငြအနည္းအမ်ားေတြျပန္ေပၚလာမွာပါပဲ။ အေႂကြးေတြ မဆပ္ႏိုင္ျခင္းကသာ ဝန္ပိေစတာပါ။ အခုမေပးလည္း ေနာက္ေပးရမွာပါပဲ။ စားစရိတ္၊ အသုံးစရိတ္တစ္ခ်ိဳ႕ကို ေလွ်ာ့သုံးဖို႔ႀကိဳးစားၾကည့္ပါ။ အတိုးသမားကို အရစ္က်အတိုးနဲ႔အရင္းတြဲဆပ္ဖို႔ ႀကိဳးစားၾကည့္လိုက္ပါ။ မဟုက္ရင္အတိုးပဲဆပ္ႏိုင္ၿပီး တစ္သက္လုံးအရင္းမေက်ႏိုင္တာမ်ိဳးျဖစ္ႏိုင္ေျခရွိပါတယ္။ အတိုးခ်ည္းဆပ္တာထက္စာရင္ အတိုးနဲ႔အရင္းမွ်ဆပ္တာက အခ်ိန္တိုအတြင္းမွာ အေႂကြးေတြျမန္ျမန္ေက်ေစပါတယ္။ သင့္လည္း ျမန္ျမန္စိတ္ခ်မ္းသာရမွာပါ။

(၅) ခပ္ေပါ့ေပါ့မေတြးပါနဲ႔။

အခုအခ်ိန္ဘယ္သူမွျပန္မေပးႏိုင္ဘူးဆိုတဲ့အေတြးနဲ႔ေရွ႕မဆက္ပါနဲ႔ ကိုယ့္ကိုကိုယ္အသိဆုံးပါ ၃ လ ၆ လ ထပ္ေ႐ႊ႕ရင္ေရာအတိုးမတက္ေနဖူးလား အဲဒီအခ်ိန္ေရာက္ရင္ေရာတကယ္ျပန္ေပးႏိုင္မွာလား ျပႆနာဆိုတာေနာက္ေ႐ႊ႕လိုက္တိုင္း ရွင္းသြားမွာမဟုက္ပါဘူး။ လက္ေတြ႕က်က်စီမံရင္ဆိုင္ရမွာေတြပါ။ ေနာင္တစ္ခ်ိန္သင္လုပ္ငန္းအိမ္တြင္းေရးက်မ္းမာေရးအေရးေပၚေတြလိုအပ္ခ်က္ျဖစ္လာခဲ့ရင္အရင္ကမေပးဆပ္ခဲ့တာေတြကသင့္ကို အခြင့္အေရးျပန္ လည္ပိတ္ဆို႔တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ လက္ရွိအေျခအေနအရဆိုရင္လဲ့ ဘယ္မွာယူထားတယ္ဘယ္သူကေနာက္က်ထားတယ္ ျပန္မဆပ္ထားဘူးဆိုတာေတြ႕ တရားဝင္အသိအျမင္ရယူလို႔ရေနပါၿပီ။ လိမ္ခ်င္တယ္ျပန္မဆပ္ဖူးဆိုရင္တစ္ခါထက္ပိုမလုပ္ႏိုင္ေတာ့ပါဘူး ဒီတစ္ခါပဲျဖစ္တာလို႔မထင္မွတ္ပါနဲ႔ ကိုယ့္သမိုင္းကိုတီထြင္ဖန္တီးတာကက္ုယ္တိုင္လုပ္ေဆာင္ခ်က္ပါ။အေႂကြးမေက်ျခင္းရဲ႕ အဓိက တရားခံက “ငါအတိုးမွန္မွန္ေပးေနတာပဲ အတိုးဆပ္ႏိုင္ရင္ေတာ္ၿပီေပါ့၊ ေငြပိုထြက္လာမွ အရင္းကို လုံးခနဲဆပ္လိုက္မယ္” ထိုကဲ့သို႔ေတြးျခင္းပါပဲ။ တစ္ခ်ိဳ႕က အဲလိုေတြးၿပီး ကိုယ့္ရဲ႕ပုံမွန္ေန႔စဥ္အသုံးစရိတ္ကို လုံးဝမေလွ်ာ့ခ်ပါဘူး။ ဒါ့အျပင္ စိတ္ရွိတိုင္း သုံးပစ္တတ္ၾကပါေသးတယ္။ အဲဒါက သင့္ကို အတိုးေပၚအတိုးဆင့္လာေစသလို၊ ေနာက္ထပ္ အေႂကြးေတြထပ္တင္ဖို႔လည္း လြယ္ကူသြားေစပါတယ္။

(၆) ကိုယ့္ကိုကိုယ္ဆန္းစစ္ပါ။

တစ္ခါတစ္ေလ သုံးခ်င္တာေပၚလာရင္ ကိုယ့္ကိုကိုယ္ ျပန္ဆန္းစစ္လိုက္ပါ။ “ငါ့မွာ အေႂကြးဘယ္ေလာက္ရွိေနသလဲခုဝယ္မယ့္ပစၥည္းက လိုအပ္လား၊ မလိုအပ္ဘူးလား၊ လိုခ်င္ေနတာလား” အဲလိုျပန္ေတြးၾကည့္ပါ။ လိုခ်င္ေနတာမ်ိဳးဆိုရင္ေတာ့ ခုခ်ိန္မ်ိဳးမွာ မဝယ္သင့္ေသးပါဘူး။ ေငြအလကားကုန္ပါတယ္။ အေႂကြးေတြကို အၿမဲသတိရေနဖို႔မလိုေပမယ့္ အၿမဲလည္း ေမ့ထားလို႔မျဖစ္ပါဘူး။ အလဟႆ သုံးမိေတာ့မယ္ဆိုရင္ အေႂကြးရွိေနတာကို သတိရပါ။ သင့္လက္ထဲ ပိုက္ဆံရလာတဲ့အခါ သတိရပါ။ အဲဒါက သင့္ကိုအေႂကြးဆပ္ဖို႔ သတိရေစမွာပါ။ အေႂကြးကို စိတ္ညစ္လို႔ အၿမဲတေစေမ့ထားျပန္ရင္ေတာ့ သင့္လက္ထဲေငြေတြရလာတဲ့အခါ သင္သုံးခ်င္တာသုံးမိၿပီး အေႂကြးေတြက မေလ်ာ့တဲ့အျပင္ ထပ္ေတာင္တိုးလာႏိုင္ပါတယ္။ ေဖာ္ျပထားတဲ့အခ်က္ေလးေတြကို လိုက္နာၾကည့္ၿပီးေတာ့ ေျဖးေျဖးခ်င္းဆပ္သြားႏိုင္ေအာင္ ႀကိဳးစားၾကည့္လိုက္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service