စူပါမော်ဒယ် ကလော်ဒီယာရှစ်ဖာ၏ အင်္ဂလန်မှ တူးဒေါ်ဗိသုကာဟန် သရဲခြောက်သောစံအိမ်ကြီး

စူပါမော်ဒယ် ကလော်ဒီယာရှစ်ဖာ၏ အင်္ဂလန်မှ တူးဒေါ်ဗိသုကာဟန် သရဲခြောက်သောစံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
8 Jun 2022 11:42 am တွင် တင်ခဲ့သည်
1399 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျာမန် စူပါမော်ဒယ် ကလော်ဒီယာရှစ်ဖာသည် အင်္ဂလန်နိုင်ငံတွင် တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် စံအိမ်ကြီးတစ်လုံး၌ နေထိုင်ပြီး အဆိုပါ နေအိမ်မှာ လွန်စွာသရဲခြောက်သည်ဟု ဆိုသည်။

ကလော်ဒီယာရှစ်ဖာနှင့် ခင်ပွန်းဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ Matthew Vaughn သည် ဧက ၅၃၀ ကျယ်ဝန်းကာ Coldham Hall ဟု အမည်ပေးထားသော စံအိမ်ကြီးသို့ ၎င်းတို့ဘာသာ သွားရောက်ခဲ့ကာ ယခင်ပိုင်ရှင်များအား ရောင်းချရန် စိတ်ကူးရှိ၊ မရှိ သွားရောက် မေးမြန်းခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်မတို့က အိမ်တံခါးသွားခေါက်ခဲ့တယ်။ ဒီနေရာကို ကျွန်မတို့ ချစ်တယ်လေ။ ကျွန်မတို့ ဘယ်သူဘယ်ဝါတွေဖြစ်ပြီး ဘာလာလုပ်တာလဲဆိုတာ သူတို့ မသိခဲ့ကြဘူး”ဟု ကလော်ဒီယာရှစ်ဖာက ပြောသည်။

၎င်းတို့ဇနီးမောင်နှံ၏ ရဲဝံ့သော အိမ်စုံစမ်းသည့်နည်းလမ်းမှာ အလုပ်ဖြစ်ခဲ့ပါသည်။

ကလော်ဒီယာရှစ်ဖာတို့ စုံတွဲသည် အဆိုပါခြံဝန်းကြီးတွင်ပင် လက်ထပ်ခဲ့ကြပြီး ယခုအခါ သားသမီးများဖြစ်သော ကက်စပါ (၁၄ နှစ်)၊ ကလီမန်တင်း (၁၂ နှစ်) ၊ ကိုစီမာ (၇ နှစ်) တို့နှင့်အတူ အမြဲအခြေချ နေထိုင်လျက်ရှိသည်။

သားသမီးများအပြင် ခွေးများ၊ ကြောင်များ၊ သိုး၊ ဝက်များနှင့် လိပ်တစ်ကောင်တို့လည်း မွေးမြူထားသေးသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ကမူ ခြံအတွင်းရှိ နာရီစင်ကြီး မီးလောင်ကျွမ်းသွားခဲ့သည်။

မီးလောင်ရာတွင် ပထမဆုံးသိမ်းဆည်းခဲ့သည်မှာ ကလေးများ၏ ဖောင်းကြွ Lenticular ဓာတ်ပုံများ ဖြစ်နေသည်။

“ကျွန်မတို့က ကိန်းကြီးခန်းကြီးသိပ်ဆန်တဲ့သူတွေ မဟုတ်ပါဘူး။ နေအိမ်ရဲ့ အဓိကအချက်က လူတိုင်း နေရာအနှံ့သွားနိုင်မယ့်နေရာမျိုးပေါ့။ ကျေးလက်ဆန်တာမျိုးလည်း ကျွန်မက ဖြစ်စေချင်တယ်။ လက်ပေါ်မှာ ကလေးတွေနဲ့ ဘေးမှာ ခွေးတွေပတ်လည်ဝိုင်းနေတာမျိုးပေါ့”ဟု ကလော်ဒီရာ ရှစ်ဖာကဆိုသည်။

ကလော်ဒီရာရှစ်ဖာ၏ စံအိမ်ကြီးမှာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းစံအိမ်ကြီး ဖြစ်သည်။

အင်္ဂလန်ပြည့်ရှင် ဟင်နရီ VIII ကို ဂုဏ်ပြုသောအားဖြင့် စံအိမ်ကြီးကို အင်္ဂလိပ်အက္ခရာ H အသွင် ဆောက်လုပ်ထားသည်။

ဘုရင်မကြီး အလစ်ဇဘက် I က ဖွင့်လှစ်ပေးခဲ့ပြီး ဤစံအိမ်တွင် နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။

စံအိမ်ကြီးကို မိသားစုတစ်ခုတည်းက မျိုးရိုးစဉ်ဆက် ရာစုနှစ် ၃ ခုကျော် ပိုင်ဆိုင်ထားခဲ့ပြီး ကလော်ဒီရာ ရှစ်ဖာ၏ ဝယ်ယူမှုမှာ ပထမဆုံး လက်ပြောင်းလက်လွှဲဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

“တကျွီကျွီမြည်သံတွေ၊ ဂီတသံတွေကြားရတာမျိုးလို ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံရတတ်ပါတယ်။”ဟု ကလော်ဒီရာ ရှစ်ဖာက ပြောသည်။

အထက်လမ်းဆရာတစ်ဦးဖြင့် စုံစမ်းစစ်ဆေးရာတွင် နေအိမ်ထဲတွင် အမှန်တကယ်သရဲရှိကြောင်း ထိုဆရာက ပြောသည်ဟု ဆိုသည်။

သရဲခြောက်သော စံအိမ်၏ တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ East Anglia, Suffolk တွင် ဖြစ်သည်။

ကလော်ဒီရာရှစ်ဖာတို့ စုံတွဲသည် အဆိုပါစံအိမ်ကြီးမှာ အလွန်သရဲခြောက်သောကြောင့် လန်ဒန်သို့ ခေတ္တသွားရောက်နေထိုင်ခဲ့ရသေးသည်။

ထို့နောက် ပေါင် ၅ သန်းတန် စံအိမ်ကြီးအတွင်းမှ တစ္ဆေသရဲများ နှင်ရန် အထက်လမ်းဆရာတစ်ဦးကို ခေါ်ယူခဲ့သည်။

သရဲများကို နှင်ထုတ်ပြီးသောအခါ ကလော်ဒီရာ ရှစ်ဖာတို့ စုံတွဲနှင့် သားသမီး ၃ ဦးသည် ထိုစံအိမ်ကြီးတွင် ပြန်လည်နေထိုင်လျက်ရှိသည်။

တချိန်တည်းမှာပင် လန်ဒန်မှစံအိမ်ကိုလည်း မွမ်းမံမှုများ ပြန်လည်ပြုလုပ်နေသည်။

ကလော်ဒီရာရှစ်ဖာ(မွေး ၁၉၇၀) သည် ဂျာမန်မော်ဒယ်ဖြစ်ပြီး အင်္ဂလန်တွင် အခြေချနေထိုင်သည်။

၁၉၉၀ ပြည့်လွန်ကာလများအတွင်း ကမ္ဘာ့အအောင်မြင်ဆုံးမော်ဒယ်တစ်ဦး ဖြစ်လာသည်။

မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် အကြိမ်ရေ ၁၀၀၀ ကျော် ဖော်ပြခံခဲ့ရပြီး ဂင်းနက်စ်စံချိန်တင်ခဲ့သူလည်း ဖြစ်သည်။

ကလော်ဒီရာရှစ်ဖာ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅၅ သန်းခန့်ရှိမည်ဟု ဖော့ဘ်မဂ္ဂဇင်းကြီးက ၂၀၀၂ ခုနှစ်အတွင်း ခန့်မှန်းခဲ့သည်။

ကလော်ဒီရာရှစ်ဖာသည် ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဒေးဗစ်ကော့ပါးဖီးနှင့် ကာလကြာရှည် ချစ်ကြိုက်ခဲ့ဖူးပြီး ဒေးဗစ်ကော့ပါးဖီး၏ မျက်လှည့်ပြပွဲများတွင် ပါဝင်တင်ဆက်ခဲ့ဖူးရာ ခေါင်းဖြတ်စက်ဖြင့် ခေါင်းဖြတ်ခြင်း၊ လူကို နှစ်ပိုင်းဖြတ်ပြခြင်းပြကွက်များတွင် ပါဝင်ခဲ့သည်။

ဒေးဗစ်ကော့ပါးဖီးနှင့် ၁၉၉၄ ခုနှစ် ၊ ဇန်နဝါရီလတွင် စေ့စပ်ခဲ့ကာ ၁၉၉၉ ခုနှစ် ၊ စက်တင်ဘာလတွင် လမ်းခွဲခဲ့ကြသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Claudia Schiffer Shares Inside Her (Very Possibly Haunted) English Tudor Mansion: 'All the Ghosts in the House Are Lovely' (people)

 

 

[Zawgyi]

 

စူပါေမာ္ဒယ္ ကေလာ္ဒီယာရွစ္ဖာ၏ အဂၤလန္မွ တူးေဒၚဗိသုကာဟန္ သရဲေျခာက္ေသာစံအိမ္ၾကီး

 

ဂ်ာမန္ စူပါေမာ္ဒယ္ ကေလာ္ဒီယာရွစ္ဖာသည္ အဂၤလန္ႏိုင္ငံတြင္ တူးေဒၚဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည့္ စံအိမ္ၾကီးတစ္လံုး၌ ေနထိုင္ျပီး အဆိုပါ ေနအိမ္မွာ လြန္စြာသရဲေျခာက္သည္ဟု ဆိုသည္။

ကေလာ္ဒီယာရွစ္ဖာႏွင့္ ခင္ပြန္းျဖစ္သူ ရုပ္ရွင္ဒါရိုက္တာ Matthew Vaughn သည္ ဧက ၅၃၀ က်ယ္ဝန္းကာ Coldham Hall ဟု အမည္ေပးထားေသာ စံအိမ္ၾကီးသို႔ ၎တို႔ဘာသာ သြားေရာက္ခဲ့ကာ ယခင္ပိုင္ရွင္မ်ားအား ေရာင္းခ်ရန္ စိတ္ကူးရွိ၊ မရွိ သြားေရာက္ ေမးျမန္းခဲ့ၾကျခင္း ျဖစ္သည္။

“ကၽြန္မတို႔က အိမ္တံခါးသြားေခါက္ခဲ့တယ္။ ဒီေနရာကို ကၽြန္မတို႔ ခ်စ္တယ္ေလ။ ကၽြန္မတို႔ ဘယ္သူဘယ္ဝါေတြျဖစ္ျပီး ဘာလာလုပ္တာလဲဆိုတာ သူတို႔ မသိခဲ့ၾကဘူး”ဟု ကေလာ္ဒီယာရွစ္ဖာက ေျပာသည္။

၎တို႔ဇနီးေမာင္ႏွံ၏ ရဲဝံ့ေသာ အိမ္စံုစမ္းသည့္နည္းလမ္းမွာ အလုပ္ျဖစ္ခဲ့ပါသည္။

ကေလာ္ဒီယာရွစ္ဖာတို႔ စံုတြဲသည္ အဆိုပါျခံဝန္းၾကီးတြင္ပင္ လက္ထပ္ခဲ့ၾကျပီး ယခုအခါ သားသမီးမ်ားျဖစ္ေသာ ကက္စပါ (၁၄ ႏွစ္)၊ ကလီမန္တင္း (၁၂ ႏွစ္) ၊ ကိုစီမာ (၇ ႏွစ္) တို႔ႏွင့္အတူ အျမဲအေျခခ် ေနထိုင္လ်က္ရွိသည္။

သားသမီးမ်ားအျပင္ ေခြးမ်ား၊ ေၾကာင္မ်ား၊ သိုး၊ ဝက္မ်ားႏွင့္ လိပ္တစ္ေကာင္တို႔လည္း ေမြးျမဴထားေသးသည္။

လြန္ခဲ့ေသာႏွစ္အနည္းငယ္ကမူ ျခံအတြင္းရွိ နာရီစင္ၾကီး မီးေလာင္ကၽြမ္းသြားခဲ့သည္။

မီးေလာင္ရာတြင္ ပထမဆံုးသိမ္းဆည္းခဲ့သည္မွာ ကေလးမ်ား၏ ေဖာင္းၾကြ Lenticular ဓာတ္ပံုမ်ား ျဖစ္ေနသည္။

“ကၽြန္မတို႔က ကိန္းၾကီးခန္းၾကီးသိပ္ဆန္တဲ့သူေတြ မဟုတ္ပါဘူး။ ေနအိမ္ရဲ႕ အဓိကအခ်က္က လူတိုင္း ေနရာအႏွံ႔သြားႏိုင္မယ့္ေနရာမ်ဳိးေပါ့။ ေက်းလက္ဆန္တာမ်ဳိးလည္း ကၽြန္မက ျဖစ္ေစခ်င္တယ္။ လက္ေပၚမွာ ကေလးေတြနဲ႔ ေဘးမွာ ေခြးေတြပတ္လည္ဝိုင္းေနတာမ်ဳိးေပါ့”ဟု ကေလာ္ဒီရာ ရွစ္ဖာကဆိုသည္။

ကေလာ္ဒီရာရွစ္ဖာ၏ စံအိမ္ၾကီးမွာ ႏွစ္ေပါင္း ၄၀၀ သက္တမ္းရွိျပီျဖစ္သည့္ ေရွးေဟာင္းစံအိမ္ၾကီး ျဖစ္သည္။

အဂၤလန္ျပည့္ရွင္ ဟင္နရီ VIII ကို ဂုဏ္ျပဳေသာအားျဖင့္ စံအိမ္ၾကီးကို အဂၤလိပ္အကၡရာ H အသြင္ ေဆာက္လုပ္ထားသည္။

ဘုရင္မၾကီး အလစ္ဇဘက္ I က ဖြင့္လွစ္ေပးခဲ့ျပီး ဤစံအိမ္တြင္ ေနထိုင္ခဲ့ဖူးသည္ဟု ဆိုသည္။

စံအိမ္ၾကီးကို မိသားစုတစ္ခုတည္းက မ်ဳိးရိုးစဥ္ဆက္ ရာစုႏွစ္ ၃ ခုေက်ာ္ ပိုင္ဆိုင္ထားခဲ့ျပီး ကေလာ္ဒီရာ ရွစ္ဖာ၏ ဝယ္ယူမႈမွာ ပထမဆံုး လက္ေျပာင္းလက္လႊဲျဖစ္ခဲ့ျခင္းလည္း ျဖစ္သည္။

“တကၽြီကၽြီျမည္သံေတြ၊ ဂီတသံေတြၾကားရတာမ်ဳိးလို ထူးဆန္းတဲ့ျဖစ္ရပ္ေတြ ၾကံဳရတတ္ပါတယ္။”ဟု ကေလာ္ဒီရာ ရွစ္ဖာက ေျပာသည္။

အထက္လမ္းဆရာတစ္ဦးျဖင့္ စံုစမ္းစစ္ေဆးရာတြင္ ေနအိမ္ထဲတြင္ အမွန္တကယ္သရဲရွိေၾကာင္း ထိုဆရာက ေျပာသည္ဟု ဆိုသည္။ သရဲေျခာက္ေသာ စံအိမ္၏ တည္ေနရာမွာ အဂၤလန္ႏိုင္ငံ၊ East Anglia, Suffolk တြင္ ျဖစ္သည္။

ကေလာ္ဒီရာရွစ္ဖာတို႔ စံုတြဲသည္ အဆိုပါစံအိမ္ၾကီးမွာ အလြန္သရဲေျခာက္ေသာေၾကာင့္ လန္ဒန္သို႔ ေခတၱသြားေရာက္ေနထိုင္ခဲ့ရေသးသည္။

ထို႔ေနာက္ ေပါင္ ၅ သန္းတန္ စံအိမ္္ၾကီးအတြင္းမွ တေစၦသရဲမ်ား ႏွင္ရန္ အထက္လမ္းဆရာတစ္ဦးကို ေခၚယူခဲ့သည္။

သရဲမ်ားကို ႏွင္ထုတ္ျပီးေသာအခါ ကေလာ္ဒီရာ ရွစ္ဖာတို႔ စံုတြဲႏွင့္ သားသမီး ၃ ဦးသည္ ထိုစံအိမ္ၾကီးတြင္ ျပန္လည္ေနထုိင္လ်က္ရွိသည္။

တခ်ိန္တည္းမွာပင္ လန္ဒန္မွစံအိမ္ကိုလည္း မြမ္းမံမႈမ်ား ျပန္လည္ျပဳလုပ္ေနသည္။

ကေလာ္ဒီရာရွစ္ဖာ(ေမြး ၁၉၇၀) သည္ ဂ်ာမန္ေမာ္ဒယ္ျဖစ္ျပီး အဂၤလန္တြင္ အေျခခ်ေနထုိင္သည္။

၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း ကမၻာ့အေအာင္ျမင္ဆံုးေမာ္ဒယ္တစ္ဦး ျဖစ္လာသည္။

မဂၢဇင္းမ်က္ႏွာဖံုးရွင္အျဖစ္ အၾကိမ္ေရ ၁၀၀၀ ေက်ာ္ ေဖာ္ျပခံခဲ့ရျပီး ဂင္းနက္စ္စံခ်ိန္တင္ခဲ့သူလည္း ျဖစ္သည္။

ကေလာ္ဒီရာရွစ္ဖာ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၅၅ သန္းခန္႔ရွိမည္ဟု ေဖာ့ဘ္မဂၢဇင္းၾကီးက ၂၀၀၂ ခုႏွစ္အတြင္း ခန္႔မွန္းခဲ့သည္။

ကေလာ္ဒီရာရွစ္ဖာသည္ ကမၻာေက်ာ္မ်က္လွည့္ဆရာၾကီး ေဒးဗစ္ေကာ့ပါးဖီးႏွင့္ ကာလၾကာရွည္ ခ်စ္ၾကိဳက္ခဲ့ဖူးျပီး ေဒးဗစ္ေကာ့ပါးဖီး၏ မ်က္လွည့္ျပပြဲမ်ားတြင္ ပါဝင္တင္ဆက္ခဲ့ဖူးရာ ေခါင္းျဖတ္စက္ျဖင့္ ေခါင္းျဖတ္ျခင္း၊ လူကို ႏွစ္ပိုင္းျဖတ္ျပျခင္းျပကြက္မ်ားတြင္ ပါဝင္ခဲ့သည္။

ေဒးဗစ္ေကာ့ပါးဖီးႏွင့္ ၁၉၉၄ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ ေစ့စပ္ခဲ့ကာ ၁၉၉၉ ခုႏွစ္ ၊ စက္တင္ဘာလတြင္ လမ္းခြဲခဲ့ၾကသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Claudia Schiffer Shares Inside Her (Very Possibly Haunted) English Tudor Mansion: 'All the Ghosts in the House Are Lovely' (people)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service