အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင်အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့်အချက်များ။

အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင်အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့်အချက်များ။ - Property Knowledge in Myanmar from iMyanmarHouse.com
7 Jun 2022 12:03 pm တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

၁။ ရောင်းသူ နှင့် ဝယ်သူ တို့သည် နိုင်ငံသားများဖြစ်ရပါမည်။

၂။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ် အမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံဖော်ပြရပါမည်။

၃။ ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။ အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်းခံရပါမည်။ လျော့ပြသည့် အခွန်တန်ဖိုး၏ (၁၀)ဆကို ဒဏ်ငွေကို ခံရပါမည်။

၄။ ရောင်းချသည့် မြေကွက် ၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းတို့ကို ဖော်ပြရပါမည်။ ဂရန်၌ဖော်ပြပါရှိသည့်အတိုင်း ဖြစ်ရပါမည်။

၅။ ရောင်းသူကငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေ သို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

၆။ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူကထမ်းဆောင် ထားရပါမည်။

၇။ ကိုယ်စားလှယ်အဖြစ်ရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထား သောကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်လွှဲစာပေးသူက သက်ရှိထင်ရှားရှိနေကြောင်း ကိုယ်စားလှယ်လွှဲစာရရှိသူက တရားရုံးတော်တွင် သက်သေ(၂)ဦးပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့် အတူ ကိုယ်စားလှယ်စာမူရင်းကို တင်ပြရပါမည်။

၈။ ရောင်းချသူ(သို့မဟုတ်) ဝယ်ယူသူသည် နိုင်ငံခြားသို့ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိမြန်မာ သံရုံးတွင် တရားဝင်ပြုလုပ်ထားသောကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

၉။ အမည်ပေါက်ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူကွယ်လွန်သွားပါက အမွေဆိုင်များမှ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ချုပ်ဆိုထားသော ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်းလက်မှတ်စာအပြင် တရားရုံးကအမွေထိန်းစာပါ မရွေ့မပြောင်းနိုင်သည့် အိမ်နှင့်မြေ သို့မဟုတ် မြေကိုရောင်းချခွင့်ပြုသည့်အမိန့်တို့ကို တင်ပြနိုင်ရပါမည်။

၁၀။ ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်းအရ ရောင်းချခြင်းဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပေးရပါမည်။

၁၁။ အမွေထိန်းစာအရ ရောင်းချခြင်းဖြစ်ပါက အမွေထိန်းစာလက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက်မှတ်ရေးထိုးရပါမည်။ ထိုသို့ရောင်းချခြင်းဖြစ်သည့်အတွက် တရားရုံး၏ခွင့်ပြုချက်ပါရှိရပါမည်။

၁၂။ အရွယ်မရောက်သူကိုယ်စား တရားရုံးက ခန့်ထားသည့်အုပ်ထိန်းသူက မရွေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချရန်တရားရုံး၏ ခွင့်ပြုမိန့်ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို ရောင်းချန်ိုင်ပါသည်။

၁၃။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေပိုင်ဆိုင်ကြောင်း ၊ အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန်ကျမ်းကျိန်ဆိုမှုအတွက် တာဝန်ရှိသည့်အပြင် ထိုသို့အမွေဆိုင်အချို့ကို ချန်လှပ်၍ လျှောက်ထားရရှိသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆိုင်ရာက သိရှိလျှင်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ကကန့်ကွက်လာလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားသော စာချုပ်ပယ်ဖျက်ခြင်းခံရမည်ဖြစ်ပါသည်။

၁၄။ အလားတူမြေပုံ၊မြေရာဇဝင်ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှုမရှိပါက လိမ်လည်၍ ကျမ်းကျိန်ဆိုမှုအတွက် အရေးယူခြင်းခံရနိုင်ပါသည်။

၁၅။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ၊ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကိုမောင်နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကိုစာချုပ်စာတမ်းမှတ်ပုံတင် ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်းလျှောက်ထား၍ ခွင့်ပြုပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် (ပုံသေ)ပေးဆောင်ရပါမည်။

၁၆။ ကွယ်လွန်သူ၏ အမွေဆိုင်များအနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းန်ိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထားန်ိုင်ကြပါသည်။ တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက်ထားလာပါက တရားရုံးကသင့်တော်မည့်အမွေဆိုင်ကို အမွေထိန်းလက်မှတ်စာ ထုတ်ပေးနိုင်ခွင့်ရှိပါသည်။ အမွေထိန်းစာအပြိုင်လျှောက်ထားလာပါက တရားမကြီးမှု အဖြစ် ပြောင်းလဲ၍ တရားရုံးကစစ်ဆေးသွားမည်ဖြစ်ပါသည်။

၁၇။ အပိုဒ်-၁၆အရ အမွေထိန်းလက်မှတ်စာ အပြိုင်အဆိုင်လျှောက်ထားမှုတွင် အမွေပုံစီမံခန့်ခွဲမှုစွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည်မဟုတ်ကြောင်း သတိပြုသင့်ပါသည်။ အမွေဆိုင်တို့အနေဖြင့် ကွယ်လွန်သူအမွေရှင်၏ ကျန်ရစ်သောအမွေကို မိမိတို့ ရသင့်ရထိုက်သော အမွေဝေစုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင်တရားတစ်ထုံးစွဲဆိုရန်ဖြစ်ပါသည်။

(ဦးဗကြိုင် (ဘီအေ၊ ဘီအယ်လ်) မရွှေ့မပြောင်းနိုင်သည့် အိမ်ခြံမြေတိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ စာ၉မှ ၁၁ထိ)။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ႏွင့္ေျမ (သို႔မဟုတ္) ေျမကြက္လႊဲေျပာင္းေရာင္းခ်ရာတြင္ ေရးသားခ်ဳပ္ဆိုေသာ မွတ္ပုံတင္အေရာင္းအ၀ယ္ စာခ်ဳပ္တြင္ အဓိက ပါ၀င္ရမည့္အခ်က္မ်ား။

၁။ ေရာင္းသူ  ႏွင့္ ၀ယ္သူ တို႔သည္ ႏိုင္ငံသားမ်ားျဖစ္ရပါမည္။

၂။ ေရာင္းသူႏွင့္ ၀ယ္သူတို႔၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္ သို႔မဟုတ္ ႏိုင္ငံသားလက္မွတ္ အမွတ္ႏွင့္ ေနရပ္လိပ္စာတို႔ကို ျပည့္ျပည့္စုံစုံေဖာ္ျပရပါမည္။

၃။ ေရာင္းခ်သည့္တန္ဖိုးကို မွန္မွန္ကန္ကန္ေဖာ္ျပရပါမည္။ အကယ္၍တန္ဖိုးေလ်ာ့ျပပါက အခြန္လိမ္လည္မႈအရ အေရးယူျခင္းခံရပါမည္။ ေလ်ာ့ျပသည့္ အခြန္တန္ဖိုး၏ (၁၀)ဆကို ဒဏ္ေငြကို ခံရပါမည္။

၄။ ေရာင္းခ်သည့္ ေျမကြက္  ၏ ဦးပိုင္အမွတ္ႏွင့္ အလားေလးရပ္၊ ေျမဧရိယာအတိုင္းတို႔ကို ေဖာ္ျပရပါမည္။ ဂရန္၌ေဖာ္ျပပါ႐ွိသည့္အတိုင္း ျဖစ္ရပါမည္။

၅။ ေရာင္းသူကေငြအေျပအေက် ရ႐ွိၿပီးေၾကာင္းႏွင့္ ဝယ္သူကလည္း  အိမ္ႏွင့္ေျမ  သို႔မဟုတ္ ေျမကို လက္ဝယ္ရ႐ွိၿပီးေၾကာင္း ေဖာ္ျပပါ႐ွိရပါသည္။

၆။ မွတ္ပုံတင္ အေရာင္းအ၀ယ္စာခ်ဳပ္အတြက္ က်သင့္ေသာ တံဆိပ္ေခါင္းခြန္ကို ၀ယ္သူကထမ္းေဆာင္ ထားရပါမည္။

၇။ ကိုယ္စားလွယ္အျဖစ္ေရာင္းခ်ျခင္း၊ ၀ယ္ယူျခင္းျဖစ္ပါက စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး၌ ျပဳလုပ္ထား ေသာကိုယ္စားလွယ္ျဖစ္ရမည့္အျပင္ ကိုယ္စားလွယ္လႊဲစာေပးသူက သက္ရွိထင္ရွားရွိေနေၾကာင္း ကိုယ္စားလွယ္လႊဲစာရရွိသူက တရား႐ုံးေတာ္တြင္ သက္ေသ(၂)ဦးပါ၀င္၍ ျပဳလုပ္ေသာ က်မ္းက်ိန္ဆိုခ်က္ႏွင့္ အတူ ကိုယ္စားလွယ္စာမူရင္းကို တင္ျပရပါမည္။

၈။ ေရာင္းခ်သူ(သို႔မဟုတ္) ၀ယ္ယူသူသည္ ႏိုင္ငံျခားသို႔ေရာက္ရွိေနသူျဖစ္ပါက ႏိုင္ငံျခားရွိျမန္မာ သံ႐ုံးတြင္ တရား၀င္ျပဳလုပ္ထားေသာကိုယ္စားလွယ္လႊဲစာမူရင္းကို ပူးတြဲတင္ျပရပါမည္။

၉။ အမည္ေပါက္ပိုင္ဆိုင္သူ သို႔မဟုတ္ အမည္ေပါက္ပိုင္ဆိုင္သူကြယ္လြန္သြားပါက အေမြဆိုင္မ်ားမွ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံး၌ ျပဳလုပ္ခ်ဳပ္ဆိုထားေသာ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္း သို႔မဟုတ္ စီရင္ပိုင္ခြင့္ရွိေသာ တရား႐ုံးက ထုတ္ေပးထားေသာ အေမြထိန္းလက္မွတ္စာအျပင္ တရား႐ုံးကအေမြထိန္းစာပါ မေရြ႕မေျပာင္းႏိုင္သည့္ အိမ္ႏွင့္ေျမ သို႔မဟုတ္ ေျမကိုေရာင္းခ်ခြင့္ျပဳသည့္အမိန္႕တို႔ကို တင္ျပႏိုင္ရပါမည္။

၁၀။ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္းအရ ေရာင္းခ်ျခင္းျဖစ္ပါက အေမြဆိုင္အားလုံးက ေရာင္းသူအေနျဖင့္ ပါ၀င္လက္မွတ္ေရးထိုးေပးရပါမည္။

၁၁။ အေမြထိန္းစာအရ ေရာင္းခ်ျခင္းျဖစ္ပါက အေမြထိန္းစာလက္မွတ္ရရွိသူက ေရာင္းခ်သူအေနျဖင့္ လက္မွတ္ေရးထိုးရပါမည္။ ထိုသို႔ေရာင္းခ်ျခင္းျဖစ္သည့္အတြက္ တရား႐ုံး၏ခြင့္ျပဳခ်က္ပါရွိရပါမည္။

၁၂။ အရြယ္မေရာက္သူကိုယ္စား တရား႐ုံးက ခန္႔ထားသည့္အုပ္ထိန္းသူက မေရြ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို ေရာင္းခ်ရန္တရား႐ုံး၏ ခြင့္ျပဳမိန္႔ရရွိပါက အရြယ္မေရာက္သူပိုင္ ေရႊ႕ေျပာင္းႏိုင္သည့္ပစၥည္းႏွင့္ မေရႊ႕ေျပာင္းႏိုင္သည့္ ပစၥည္းကို ေရာင္းခ်ႏိ္ုင္ပါသည္။

၁၃။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္း ေလွ်ာက္ထားရာ၌ အေမြပိုင္ဆိုင္ေၾကာင္း ၊ အေမြဆိုင္အားလုံးပါ၀င္ေၾကာင္းႏွင့္ စပ္လ်ဥ္း၍ အေမြပိုင္ဆိုင္သူအခ်ိဳ႕ကို ခ်န္လွပ္၍က်မ္းက်ိန္ဆိုျခင္းျပဳပါက မမွန္မကန္က်မ္းက်ိန္ဆိုမႈအတြက္ တာ၀န္ရွိသည့္အျပင္ ထိုသို႔အေမြဆိုင္အခ်ိဳ႕ကို ခ်န္လွပ္၍ ေလွ်ာက္ထားရရွိေသာ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာစာတမ္းမွာလည္း သက္ဆိုင္ရာက သိရွိလွ်င္ေသာ္လည္းေကာင္း၊ တစ္ဦးတစ္ေယာက္ကကန္႔ကြက္လာလွ်င္ ေသာ္လည္းေကာင္း၊ မွတ္ပုံတင္ထားေသာ စာခ်ဳပ္ပယ္ဖ်က္ျခင္းခံရမည္ျဖစ္ပါသည္။

၁၄။ အလားတူေျမပုံ၊ေျမရာဇ၀င္ကူးယူရာ၌လည္း ေဖာ္ျပသည့္ ကတိသစၥာျပဳလႊာမွာ မွန္ကန္မႈမရွိပါက လိမ္လည္၍ က်မ္းက်ိန္ဆိုမႈအတြက္ အေရးယူျခင္းခံရႏိုင္ပါသည္။

၁၅။ ကြယ္လြန္သူ၏ အေမြဆိုင္သူ သားသမီးမ်ား၊ သို႔မဟုတ္ ကြယ္လြန္သူ၏ ညီအစ္ကိုေမာင္ႏွမ အရင္းမ်ားက ကြယ္လြန္သူပိုင္ အိမ္ႏွင့္ေျမ သို႔မဟုတ္ ေျမကြက္ကိုစာခ်ဳပ္စာတမ္းမွတ္ပုံတင္ ႐ုံးတြင္ ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာတမ္းေလွ်ာက္ထား၍ ခြင့္ျပဳပါက စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးက သတ္မွတ္သည့္ တံဆိပ္ေခါင္းခြန္ (ပုံေသ)ေပးေဆာင္ရပါမည္။

၁၆။ ကြယ္လြန္သူ၏ အေမြဆိုင္မ်ားအနက္မွ တစ္ဦးဦးက ကြယ္လြန္သူ၏ ေရႊ႕ေျပာင္းႏိ္ုင္ေသာ ပစၥည္းႏွင့္ မေရႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းတို႔ကို စီမံခန္႔ခြဲႏိုင္ရန္ အေမြထိန္းစာ ေလွ်ာက္ထားႏိ္ုင္ၾကပါသည္။ တစ္ခါတစ္ရံ အေမြဆိုင္မ်ား အၿပိဳင္ေလွ်ာက္ထားလာပါက တရား႐ုံးကသင့္ေတာ္မည့္အေမြဆိုင္ကို အေမြထိန္းလက္မွတ္စာ ထုတ္ေပးႏိုင္ခြင့္ရွိပါသည္။ အေမြထိန္းစာအၿပိဳင္ေလွ်ာက္ထားလာပါက တရားမႀကီးမႈ အျဖစ္ ေျပာင္းလဲ၍ တရား႐ုံးကစစ္ေဆးသြားမည္ျဖစ္ပါသည္။

၁၇။ အပိုဒ္-၁၆အရ အေမြထိန္းလက္မွတ္စာ အၿပိဳင္အဆိုင္ေလွ်ာက္ထားမႈတြင္ အေမြပုုံစီမံခန္႔ခြဲမႈစြဲဆိုရန္ ေပၚေပါက္ပါက တရား႐ုံးအေနျဖင့္ မည္သူ႕ကိုမွ် အေမြထိန္းလက္မွတ္စာ ထုတ္ေပးမည္မဟုတ္ေၾကာင္း သတိျပဳသင့္ပါသည္။ အေမြဆိုင္တို႕အေနျဖင့္ ကြယ္လြန္သူအေမြရွင္၏ က်န္ရစ္ေသာအေမြကို မိမိတို႔ ရသင့္ရထိုက္ေသာ အေမြေ၀စုကို စီရင္ပိုင္ခြင့္ရွိေသာ တရား႐ုံးတြင္တရားတစ္ထုံးစြဲဆိုရန္ျဖစ္ပါသည္။

(ဦးဗႀကိဳင္ (ဘီေအ၊ ဘီအယ္လ္) မေရႊ႕မေျပာင္းႏိုင္သည့္ အိမ္ျခံေျမတိုက္ခန္း စသည္မ်ားေရာင္းခ်ျခင္း၊ ၀ယ္ယူျခင္း၊ ငွားရမ္းျခင္းဆိုင္ရာ ဥပေဒသိမွတ္ဖြယ္ရာ စာ၉မွ ၁၁ထိ)။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service