အမေရိကန်ရုပ်ရှင်မင်းသားသရဲဖြစ်ကာခြောက်လှန့်နေသောစံအိမ်ကို ဟောလိဝုဒ်ဒါရိုက်တာက ဒေါ်လာ ၆ သန်းဖြင့်ဝယ်

အမေရိကန်ရုပ်ရှင်မင်းသားသရဲဖြစ်ကာခြောက်လှန့်နေသောစံအိမ်ကို ဟောလိဝုဒ်ဒါရိုက်တာက ဒေါ်လာ ၆ သန်းဖြင့်ဝယ် - Property News in Myanmar from iMyanmarHouse.com
7 Jun 2022 10:11 am တွင် တင်ခဲ့သည်
1221 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁၉၇၅ ခုနှစ်က ကွယ်လွန်ခဲ့သော အမေရိကန်ရုပ်ရှင်မင်းသားတစ်ဦး သရဲဖြစ်ကာ ခြောက်လှန့်နေသော စံအိမ်တစ်လုံးကို ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ကန်ဒေါ်လာ ၆ သန်းနီးပါးဖြင့် ဝယ်ယူလိုက်သည်။

အဆိုပါ သရဲခြောက်သောစံအိမ်ကြီးကို ဝယ်ယူရာတွင် တရားဝင်အရောင်းအဝယ်မှတ်တမ်းမရှိချေ။ အဘယ်ကြောင့်ဆိုလျှင် ဈေးကွက်ပြင်ပ အရောင်းအဝယ် (Off-market deal) ဖြစ်ခဲ့ခြင်းကြောင့်ပင်။

ဈေးကွက်ပြင်ပ အရောင်းအဝယ်ဟူသည်မှာ အိမ်ခြံမြေရောင်းချမည်ဟု လူသိရှင်ကြား မကြော်ငြာဘဲ အရောင်းအဝယ်ဖြစ်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

သရဲခြောက်သော စံအိမ်ကြီးကို ရောင်းချသူမှာလည်း ရုပ်ရှင်မင်းသားတစ်ဦးပင် ဖြစ်၏။

NBC ရုပ်သံလိုင်းမှ ထုတ်လွှင့်သော မှုခင်းစုံထောက်ဇာတ်လမ်းတွဲဖြစ်သော Law & Order: Special Victims Unit ဇာတ်လမ်းတွင် နယူးယောက်ရဲတပ်ဖွဲ့ ရဲအရာရှိ အဲလိယက် စတက်ဘလာအဖြစ် သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသူ ရုပ်ရှင်သရုပ်ဆောင် ခရစ္စတဖာ မလိုနီ (Christopher Meloni) မှာ သရဲခြောက်သော စံအိမ်ကြီးကို ရောင်းချခဲ့သူ ဖြစ်သည်။

သရဲခြောက်သော စံအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၏ ကမ္ဘာကျော်များ စုဝေးနေထိုင်သည့်နေရာဖြစ်သော Hollywood Hills အရပ်တွင် ဖြစ်သည်။

ရုပ်ရှင်မင်းသားတစ္ဆေခြောက်လှန့်နေသောစံအိမ်ကြီးကို ဝယ်ယူခဲ့သူမှာ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့သည့် “Red Notice” ဇာတ်ကား၊ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့သည့် “Dodgeball: A True Underdog Story” ဇာတ်ကားများ အပါအဝင် ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည့် အမေရိကန်ဒါရိုက်တာ ရောဆင် မားရှဲလ် သာဘာ (Rawson Marshall Thurber) ဖြစ်သည်။

အသက် ၄၇ နှစ်အရွယ်ရှိ ဒါရိုက်တာ သာဘာက အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်းပါသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းပေးကာ ဝယ်ယူလိုက်ခြင်းဖြစ်ပြီး ဈေးကွက်ပြင်ပ အရောင်းအဝယ်ဖြစ်သည်။

၁၉၁၆ ခုနှစ်က ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ကာ ခြံအကျယ် ဧကဝက်ရှိပြီး ခြံဝန်းအတွင်း သီးခြားဧည့်ဂေဟာအိမ်၊ ဗဟိုခန်းမ၊ ဧည့်ခန်းဆောင်မီးလင်းဖို၊ ရေကူးကန်တို့အပြင် စံအိမ်ကြီးအတွင်း အမြဲအခြေချနေထိုင်သူတစ်ဦးလည်း အရောင်းအဝယ်တွင် ပါဝင်လာသည်။

အမြဲအခြေချနေထိုင်နေသူတစ်ဦးမှာ ၁၉၇၅ ခုနှစ်က ကွယ်လွန်ခဲ့သူ အမေရိကန်ရုပ်ရှင်မင်းသားကြီး အော်ဇီ နဲလ်ဆင် ဖြစ်သည်။ အော်ဇီ နဲလ်ဆင် (၁၉၀၆-၁၉၇၅) သည် sitcom ရုပ်သံအစီအစဉ်ဖြစ်သော “The Adventures of Ozzie and Harriet” တွင် ဇနီးဖြစ်သူ Harriet နှင့်အတူ ၁၉၅၂ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ တင်ဆက်ပါဝင်ခဲ့မှုဖြင့် နာမည်ကျော်သည်။

အော်ဇီ နဲလ်ဆင်သည် ၁၉၇၅ ခုနှစ်တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီ ဖြစ်သည်။

နဲလ်ဆင် ကွယ်လွန်သွားပြီးနောက်ပိုင်း စံအိမ်မှာ အကြိမ်များစွာ လက်ပြောင်းလက်လွှဲဖြစ်ခဲ့ပြီး ပိုင်ရှင်တိုင်းမှာ သရဲခြောက်သည့်ဖြစ်ရပ်များ ကြုံခဲ့ကြရသည်။

ညဘက်တွင် စံအိမ်အတွင်း ကစားစရာ ရထားများ သွားလာနေခြင်း၊ မည်သည့်နေရာကလာသည်မသိသော နှင်းဆီရေမွှေးနံ့များ ရနေခြင်း၊ တံခါးများမှာ အလိုအလျောက် ပွင့်သွားခြင်းများ တွေ့ကြုံခဲ့ကြသည်ဟု ဆိုသည်။

“အော်ဇီသရဲဟာ ညဘက်ဆိုရင် ရေခဲမုန့်စားလေ့ရှိတယ်လို့ ကျွန်တော်တို့ကြားရတယ်”ဟု အကျိုးဆောင်တစ်ဦးက ပြောသည်။ ယခုစံအိမ်သည် ၂၀၁၄ ခုနှစ်အတွင်းက အရောင်းဈေးကွက်တင်ခဲ့ဖူးသေးသည်။

သို့သော် ၂၀၁၃ ခုနှစ်အတွင်း စံအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အော်ဇီ၏ ဝိဉာဉ်မှာ စံအိမ်တွင် နေထိုင်တော့ခြင်း ရှိဟန်မပေါ်တော့။

ထို့အပြင် အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ New Canaan မြို့တွင်လည်း ခရစ္စတဖာ မလိုနီ ပိုင်ဆိုင်ခဲ့ဖူးသော အခန်း ၁၄ ခန်းပါ စံအိမ်တစ်လုံးမှာ မကြာသေးမီက ပိုင်ရှင်အပြောင်းအလဲ ဖြစ်ခဲ့သေးသည်။

ထိုစံအိမ်မှာမူ သရဲခြောက်ခြင်း မရှိပေ။

(၂၀၁၅ ခုနှစ်အတွင်း မလိုနီ ရောင်းထုတ်ခဲ့သော ကွန်နက်တီကပ်ပြည်နယ်စံအိမ်)

(အခန်း ၁၄ ခန်းပါ ကွန်နက်တီကပ်စံအိမ်မှာ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း လက်ပြောင်းလက်လွှဲဖြစ်ခဲ့ သေးသည်)

(ကွန်နက်တီကပ်မှ စံအိမ်မှာမူ သရဲမခြောက်ကြောင်း ဈေးကွက်တင် အကျိုးဆောင်တစ်ဦးကပြောသည်)

ထိုစံအိမ်တွင် ကား ၆ စင်းအထက်ဆန့်သော ဂိုထောင်တစ်လုံး၊ ကျယ်ပြောသော တင်းကုပ်တစ်ခုလည်းပါကြောင်း ဈေးကွက်တင်အကျိုးဆောင် ရှီလာ ကလီမန်တီက ပြောသည်။

ကန်ဒေါ်လာ ၄ ဒသမ ၉၉၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလအတွင်းက အရောင်းအဝယ်ဖြစ်ခဲ့သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Christopher Meloni sells haunted LA home to ‘Red Notice’ director for $5.9M (nypost)

 

 

[Zawgyi]

အေမရိကန္ရုပ္ရွင္မင္းသားသရဲျဖစ္ကာေျခာက္လွန္႔ေနေသာစံအိမ္ကို ေဟာလိဝုဒ္ဒါရုိက္တာက ေဒၚလာ ၆ သန္းျဖင့္ဝယ္

၁၉၇၅ ခုႏွစ္က ကြယ္လြန္ခဲ့ေသာ အေမရိကန္ရုပ္ရွင္မင္းသားတစ္ဦး သရဲျဖစ္ကာ ေျခာက္လွန္႔ေနေသာ စံအိမ္တစ္လံုးကို ေဟာလိဝုဒ္ရုပ္ရွင္ဒါရိုက္တာတစ္ဦးက ကန္ေဒၚလာ ၆ သန္းနီးပါးျဖင့္ ဝယ္ယူလိုက္သည္။

အဆိုပါ သရဲေျခာက္ေသာစံအိမ္ၾကီးကို ဝယ္ယူရာတြင္ တရားဝင္အေရာင္းအဝယ္မွတ္တမ္းမရွိေခ်။ အဘယ္ေၾကာင့္ဆိုလွ်င္ ေစ်းကြက္ျပင္ပ အေရာင္းအဝယ္ (Off-market deal) ျဖစ္ခဲ့ျခင္းေၾကာင့္ပင္။

ေစ်းကြက္ျပင္ပ အေရာင္းအဝယ္ဟူသည္မွာ အိမ္ျခံေျမေရာင္းခ်မည္ဟု လူသိရွင္ၾကား မေၾကာ္ျငာဘဲ အေရာင္းအဝယ္ျဖစ္ျခင္းကို ရည္ညႊန္းျခင္း ျဖစ္သည္။

သရဲေျခာက္ေသာ စံအိမ္ၾကီးကို ေရာင္းခ်သူမွာလည္း ရုပ္ရွင္မင္းသားတစ္ဦးပင္ ျဖစ္၏။

NBC ရုပ္သံလုိင္းမွ ထုတ္လႊင့္ေသာ မႈခင္းစံုေထာက္ဇာတ္လမ္းတြဲျဖစ္ေသာ Law & Order: Special Victims Unit ဇာတ္လမ္းတြင္ နယူးေယာက္ရဲတပ္ဖြဲ႔ ရဲအရာရွိ အဲလိယက္ စတက္ဘလာအျဖစ္ သရုပ္ေဆာင္ခဲ့မႈျဖင့္ လူသိမ်ားသူ ရုပ္ရွင္သရုပ္ေဆာင္ ခရစၥတဖာ မလိုနီ (Christopher Meloni) မွာ သရဲေျခာက္ေသာ စံအိမ္ၾကီးကို ေရာင္းခ်ခဲ့သူ ျဖစ္သည္။

သရဲေျခာက္ေသာ စံအိမ္တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၏ ကမၻာေက်ာ္မ်ား စုေဝးေနထိုင္သည့္ေနရာျဖစ္ေသာ Hollywood Hills အရပ္တြင္ ျဖစ္သည္။

ရုပ္ရွင္မင္းသားတေစၦေျခာက္လွန္႔ေနေသာစံအိမ္ၾကီးကို ဝယ္ယူခဲ့သူမွာ ၂၀၂၁ ခုႏွစ္က ထြက္ရွိခဲ့သည့္ “Red Notice” ဇာတ္ကား၊ ၂၀၀၄ ခုႏွစ္က ထြက္ရွိခဲ့သည့္ “Dodgeball: A True Underdog Story” ဇာတ္ကားမ်ား အပါအဝင္ ရုပ္ရွင္ဇာတ္ကားမ်ားစြာ ရိုက္ကူးခဲ့သည့္ အေမရိကန္ဒါရိုက္တာ ေရာဆင္ မားရွဲလ္ သာဘာ (Rawson Marshall Thurber) ျဖစ္သည္။

အသက္ ၄၇ ႏွစ္အရြယ္ရွိ ဒါရိုက္တာ သာဘာက အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၇ ခန္းပါေသာ စံအိမ္ၾကီးကို ကန္ေဒၚလာ ၅ ဒသမ ၉ သန္းေပးကာ ဝယ္ယူလိုက္ျခင္းျဖစ္ျပီး ေစ်းကြက္ျပင္ပ အေရာင္းအဝယ္ျဖစ္သည္။

၁၉၁၆ ခုႏွစ္က ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္ကာ ျခံအက်ယ္ ဧကဝက္ရွိျပီး ျခံဝန္းအတြင္း သီးျခားဧည့္ေဂဟာအိမ္၊ ဗဟိုခန္းမ၊ ဧည့္ခန္းေဆာင္မီးလင္းဖို၊ ေရကူးကန္တို႔အျပင္ စံအိမ္ၾကီးအတြင္း အျမဲအေျခခ်ေနထိုင္သူတစ္ဦးလည္း အေရာင္းအဝယ္တြင္ ပါဝင္လာသည္။

အျမဲအေျခခ်ေနထိုင္ေနသူတစ္ဦးမွာ ၁၉၇၅ ခုႏွစ္က ကြယ္လြန္ခဲ့သူ အေမရိကန္ရုပ္ရွင္မင္းသားၾကီး ေအာ္ဇီ နဲလ္ဆင္ ျဖစ္သည္။ ေအာ္ဇီ နဲလ္ဆင္ (၁၉၀၆-၁၉၇၅) သည္ sitcom ရုပ္သံအစီအစဥ္ျဖစ္ေသာ “The Adventures of Ozzie and Harriet” တြင္ ဇနီးျဖစ္သူ Harriet ႏွင့္အတူ ၁၉၅၂ ခုႏွစ္မွ ၁၉၆၆ ခုႏွစ္အထိ တင္ဆက္ပါဝင္ခဲ့မႈျဖင့္ နာမည္ေက်ာ္သည္။

ေအာ္ဇီ နဲလ္ဆင္သည္ ၁၉၇၅ ခုႏွစ္တြင္ အသည္းကင္ဆာေရာဂါျဖင့္ ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၈ ႏွစ္ရွိျပီ ျဖစ္သည္။

နဲလ္ဆင္ ကြယ္လြန္သြားျပီးေနာက္ပိုင္း စံအိမ္မွာ အၾကိမ္မ်ားစြာ လက္ေျပာင္းလက္လႊဲျဖစ္ခဲ့ျပီး ပိုင္ရွင္တိုင္းမွာ သရဲေျခာက္သည့္ျဖစ္ရပ္မ်ား ၾကံဳခဲ့ၾကရသည္။

ညဘက္တြင္ စံအိမ္အတြင္း ကစားစရာ ရထားမ်ား သြားလာေနျခင္း၊ မည္သည့္ေနရာကလာသည္မသိေသာ ႏွင္းဆီေရေမႊးနံ႔မ်ား ရေနျခင္း၊ တံခါးမ်ားမွာ အလိုအေလ်ာက္ ပြင့္သြားျခင္းမ်ား ေတြ႔ၾကံဳခဲ့ၾကသည္ဟု ဆိုသည္။

“ေအာ္ဇီသရဲဟာ ညဘက္ဆိုရင္ ေရခဲမုန္႔စားေလ့ရွိတယ္လို႔ ကၽြန္ေတာ္တို႔ၾကားရတယ္”ဟု အက်ဳိးေဆာင္တစ္ဦးက ေျပာသည္။ ယခုစံအိမ္သည္ ၂၀၁၄ ခုႏွစ္အတြင္းက အေရာင္းေစ်းကြက္တင္ခဲ့ဖူးေသးသည္။

သို႔ေသာ္ ၂၀၁၃ ခုႏွစ္အတြင္း စံအိမ္ကို ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ပိုင္း ေအာ္ဇီ၏ ဝိဥာဥ္မွာ စံအိမ္တြင္ ေနထိုင္ေတာ့ျခင္း ရွိဟန္မေပၚေတာ့။

ထို႔အျပင္ အေမရိကန္ျပည္ေထာင္စု၊ ကြန္နက္တီကပ္ျပည္နယ္၊ New Canaan ျမိဳ႕တြင္လည္း ခရစၥတဖာ မလိုနီ ပိုင္ဆိုင္ခဲ့ဖူးေသာ အခန္း ၁၄ ခန္းပါ စံအိမ္တစ္လံုးမွာ မၾကာေသးမီက ပိုင္ရွင္အေျပာင္းအလဲ ျဖစ္ခဲ့ေသးသည္။

ထိုစံအိမ္မွာမူ သရဲေျခာက္ျခင္း မရွိေပ။

(၂၀၁၅ ခုႏွစ္အတြင္း မလိုနီ ေရာင္းထုတ္ခဲ့ေသာ ကြန္နက္တီကပ္ျပည္နယ္စံအိမ္)

(အခန္း ၁၄ ခန္းပါ ကြန္နက္တီကပ္စံအိမ္မွာ ယခုႏွစ္ ဇန္နဝါရီလအတြင္းကလည္း လက္ေျပာင္းလက္လႊဲျဖစ္ခဲ့ ေသးသည္)

(ကြန္နက္တီကပ္မွ စံအိမ္မွာမူ သရဲမေျခာက္ေၾကာင္း ေစ်းကြက္တင္ အက်ဳိးေဆာင္တစ္ဦးကေျပာသည္)

ထိုစံအိမ္တြင္ ကား ၆ စင္းအထက္ဆန္႔ေသာ ဂိုေထာင္တစ္လံုး၊ က်ယ္ေျပာေသာ တင္းကုပ္တစ္ခုလည္းပါေၾကာင္း ေစ်းကြက္တင္အက်ဳိးေဆာင္ ရွီလာ ကလီမန္တီက ေျပာသည္။

ကန္ေဒၚလာ ၄ ဒသမ ၉၉၅ သန္းျဖင့္ ေစ်းကြက္တင္ခဲ့ျခင္းျဖစ္ျပီး ဇန္နဝါရီလအတြင္းက အေရာင္းအဝယ္ျဖစ္ခဲ့သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Christopher Meloni sells haunted LA home to ‘Red Notice’ director for $5.9M (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service