ဂျနီဖာလိုပက်ဇ်တို့စုံတွဲနှင့် အခြားကမ္ဘာကျော်တို့၏ အိပ်ခန်းများ

ဂျနီဖာလိုပက်ဇ်တို့စုံတွဲနှင့် အခြားကမ္ဘာကျော်တို့၏ အိပ်ခန်းများ - Property News in Myanmar from iMyanmarHouse.com
6 Jun 2022 10:48 am တွင် တင်ခဲ့သည်
1561 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုပ်ရှင်နှင့် ဂီတကိုနှစ်သက်မြတ်နိုးသော ပရိသတ်တို့က ၎င်းတို့၏ အနှစ်သက်ဆုံး အကျော်အမော်ကြယ်ပွင့်နှင့် စပ်လျဉ်းပြီး အရာရာကို သိလိုကြသည်။

ယုတ်စွအဆုံး ၎င်းတို့၏အိပ်ခန်းကိုပါ တွေ့လိုကြ၏။

အောက်တွင် ကမ္ဘာ့အကျော်ကြားဆုံး ကြယ်ပွင့်တို့ အိပ်စက်ရာ အခန်းများအကြောင်းကို အဓိကအချက်အလက်တို့ဖြင့် ဖော်ပြအပ်ပါသည်။

၁။ အမေရိကန် ပေါ့ပ်ကြယ်ပွင့် Ariana Grande ၏ ချစ်စဖွယ် ကျေးလက်ဟန်အိပ်ခန်း

အားရီးယားနား ဂရန်းဒီ (Ariana Grande) ကဲ့သို့ ကမ္ဘာကျော် ပေါ့ပ်ဂီတကြယ်ပွင့်မလေးတစ်ဦးသည် ခေတ်ဟောင်း တူးဒေါ်ဟန် မွမ်းမံမှုဒီဇိုင်းမျိုးနှင့် နေထိုင်လိမ့်မည်ဟု သင်တွေးထင်ခဲ့လိမ့်မည် မဟုတ်ချေ။

အားရီးယားနားသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အကျော်အမော်တို့ အခြေချနေထိုင်ကြသော Montecito အရပ်ရှိ ပုံပြင်ဆန်ဆန် စံအိမ်တစ်လုံးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ကမ္ဘာကျော်ဟာသ သရုပ်ဆောင်၊ ရုပ်ရှင်မင်းသမီး Ellen DeGeneres ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထူးခြားချက်မှာ အဆိုပါစံအိမ်သည် ၁၇၀၀ ပြည့်လွန်ကာလများကတည်းက အင်္ဂလန်မှ သင်္ဘောဖြင့် သယ်ဆောင်လာခဲ့သော အိမ်တစ်လုံးဖြစ်သည်။

၂။ ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ စုံတွဲ၏ အချစ်ဗိမ္မာန်

 

ဂျေလိုဟု အတိုကောက်ခေါ်ကြသူ ဂျနီဖာလိုပက်ဇ်သည် အမျိုးသား ၇ ဦးနှင့် ချစ်ကြိုက် (သို့မဟုတ်) လက်ထပ်ခဲ့ရာတွင် ပုလဲဆိပ်ကမ်းဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ရုပ်ရှင်မင်းသား ဘင် အက်ဖလက် (Ben Affleck) လည်း တစ်ဦးအပါအဝင် ဖြစ်သည်။

ဂျေလိုသည် ဘင် အက်ဖလက်နှင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ချစ်ကြိုက်ခဲ့ပြီးမှ လမ်းခွဲခဲ့ကြသည်။ ဂျေလို၏ အချစ်ရေးဇာတ်လမ်းများတစ်လျှောက် ဘင်အက်ဖလက်နှင့် လမ်းခွဲခဲ့ရခြင်းအတွက် အသဲကွဲခဲ့ရကာ ထိုတစ်ကြိမ်သာ ဘဝတွင် အချစ်အတွက် ထိခိုက်ခံစားဖူးကြောင်း သူမကိုယ်တိုင် ထုတ်ပြောဖူးသည်။

သို့သော် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင်မူ ၎င်းတို့နှစ်ဦး ပြန်လည်စေ့စပ်ထားပြီဖြစ်ကြောင်း ကြေညာထားသည်။

ဂျေလို၏ လက်ရှိချစ်ဗိမ္မာန်မှာ လော့စ်အိန်ဂျလိမြို့၊ ဘဲလ်အဲရ်အရပ်တွင်ဖြစ်ပြီး ဘင် အက်ဖလက်နှင့် အတူနေထိုင်လျက်ရှိသည်။ အိပ်ခန်း ၁၀ ခန်းပါ စံအိမ်၏ တန်ကြေးမှာ ကန်ဒေါ်လာ သန်း ၅၀ ဖြစ်ပြီး ဂျေလိုတို့ စုံတွဲ၏ အိပ်ခန်းမှာ ခမ်းနားလှသည်။

၃။ နာမည်ကြီး မော်ဒယ် ခိုင်လီ ဂျင်နာနှင့် ရက်ပ်အဆိုတော် ထရဲ့ဗစ် စကော့တို့ စုံတွဲ အိပ်ခန်း

 

နာမည်ကြီး မော်ဒယ် ခိုင်လီ ဂျင်နာ (Kylie Jenner) နှင့် ရက်ပ်အဆိုတော် ထရဲ့ဗစ် စကော့ (Travis Scotts)တို့ စုံတွဲ အိပ်ခန်းတည်ရှိရာစံအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိသည်။

ခိုင်လီ ဂျင်နာသည် ကန်ဒေါ်လာ သန်း ၉၀၀ ခန့် ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်၏။

သမီးကလေး Stormi ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မွေးဖွားခဲ့ပြီးနောက် ခိုင်လီနှင့် ထရဲ့ဗစ် စကော့တို့က ဘီဗာလီဟေးလ်စံအိမ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ခိုင်လီဂျင်နာတို့စုံတွဲ၏ လှပထည်ဝါသော အိပ်ခန်းမှာ အဖြူနှင့်အမည်း ရောယှက်ထားပြီး ရင်သပ်ရှုမောဖွယ် ချောက်ကမ်းပါးရှုခင်းကို ရှုမြင်ခံစားနိုင်သည့်နေရာဖြစ်သည်။

၄။ တေလာဆွစ်၏ နယူးယောက်စံအိမ်မှ အိပ်ခန်း

 

ဆုပေါင်းများစွာ ရရှိထားသည့် ကမ္ဘာကျော် ကန်းထရီးအဆိုတော် တေလာဆွစ်သည် ကန်ဒေါ်လာ ၈၁ သန်းခန့် ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်သည်။

တေလာဆွစ် အိပ်စက်အနားယူဖွယ်ရှိသော အခန်းများစွာအနက်တစ်ခန်းကို လေ့လာကြည့်ပါ။

တေလာဆွစ်၏ နယူးယောက်စံအိမ်သည် သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတစ်ခုရှိ လူနေခန်း ၄ ခုအနက်တစ်ခုဖြစ်ပြီး တေလာဆွစ်က အခန်းများကို ပေါင်းစပ်ရန် စီစဉ်နေသည်။

၅။ အမေရိကန်ရက်ပ်အဆိုတော် ဖရဲ၏ အိပ်ခန်း

အမေရိကန် ရက်ပ်အဆိုတော် ဖရဲဝီလျံ၏ စံအိမ်သည် လော့စ်အိန်ဂျလိမြို့၊ Beverley Hills Post Office အရပ်တွင် တည်ရှိသည်။ ဖရဲသည် မှန်သားအတိပြီးသော စံအိမ်ကို ၂၀၁၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

လူနေကြမ်းခင်းဧရိယာ စတုရန်းပေ ၁၇၀၀၀ ကျော်ရှိပြီး ဖရဲ ရွေးချယ်အိပ်စက်နိုင်မည့် အိပ်ခန်း ၁၀ ခန်း ပါဝင်သည်။ ဖော်ပြပါအိပ်ခန်းမှာ မီးလင်းဖိုတစ်ခု၊ နည်းပညာမြင့် ရုပ်သံဖန်သားပြင်၊ အစိမ်းရောင် စကျင်ကျောက်တို့ဖြင့် မွမ်းမံထားသည့် ရေချိုးခန်းတို့ ပါဝင်သော ခမ်းနားသည့် အိပ်ခန်းတစ်ခုဖြစ်ပြီး ဂီတအကျော်အမော်တစ်ဦး အတွက် သင့်လျော်သည့် အိပ်ခန်းတစ်ခန်းလည်း ဖြစ်သည်။

၆။ ကော့တ်နေး ကာဒါရှန်၏ အိပ်ခန်း

 

ကာဒါရှန် ညီအစ်မများမှတစ်ဦးဖြစ်သူ ကော့တ်နေး ကာဒါရှန် (Kourtney Kardashian) သည် လူမှုကွန်ရက် တွင် ဓာတ်ပုံများတင်ရခြင်းကို နှစ်သက်သူတစ်ဦးဖြစ်ရာ သူ၏ Calabasas အရပ်မှ စံအိမ်အတွင်းပိုင်း မြင်ကွင်း များကို ပရိသတ်များ တွေ့မြင်ခွင့်ရကြသည်။

အင်စတာဂရမ်တွင် တွေ့ရသော ဓာတ်ပုံများအရ ကော့တ်နေး၏ အိပ်ခန်းမှာ သန့်ရှင်းကာ အေးချမ်းလှသည်။

အိပ်ခန်း ၇ ခန်းပါ စံအိမ်မှာ သူ၏ လက်တွဲဖော်နေထိုင်သောအိမ်နှင့် မဝေးလှ။

(ကောလာဟလသတင်းများသာမှန်မည်ဆိုပါက ယခု ခင်ပွန်းဖြစ်နေပြီဟုဆိုသည်။

ကော့တ်နေး၏ လက်တွဲဖော် Travis Barker ၏ လက်ရှိနေထိုင်သော နေအိမ်မှာ ၂၀၀၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

၇။ လူးဝစ် ဟန်မိတန်၏ အိပ်ခန်း

ဆာဘွဲ့ရ ဗြိတိန်ပြိုင်ကားမောင်းချန်ပီယံ လူးဝစ် ဟန်မိတန်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် ခေတ်ဆန်သော Penthouse ခန်းတစ်ခန်းတွင် နေထိုင်ပြီး သူ၏ Master bedroom အပါအဝင် အိပ်ခန်း ၅ ခန်း ပါဝင်သည်။ နားနေခန်း၊ Spa အသွင် ရေချိုးခန်း၊ အဝတ်အစားလဲခန်းတို့ပါဝင်ပြီး မန်ဟက်တန်၏ လှပသော ရှုခင်းမြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

 

၈။ ရုပ်ရှင်မင်းသမီး ရိစ် ဝစ်သာစပွန်း၏ အိပ်ခန်း

အမေရိကန်ရုပ်ရှင်မင်းသမီး ရိစ် ဝစ်သာစပွန်းသည် ကမ္ဘာ့သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးများထဲတွင် တစ်ဦးပါဝင်သူ ၊ Walk the line (၂၀၀၅) ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ ဖြစ်သည်။ ရိစ် ဝစ်သာစပွန်း၏ စံအိမ်သည် ယခင်က မင်္ဂလာခန်းမအဖြစ် အသုံးပြုခဲ့သောနေရာတစ်ခုဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ဝစ်သာစပွန်းက လော့စ်အိန်ဂျလိမြို့အနောက်ဘက် မာလီဘူးအရပ်တွင်တည်ရှိသော အိပ်ခန်း ၃ ခန်းပါ စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဝစ်သာစပွန်း၏ အိပ်ခန်းတွင် ထုတ်တန်းဖော် မျက်နှာကြက်များ၊ အုတ်ဖြင့်ပြုလုပ်ထားသော မီးလင်းဖိုများ၊ ကျွန်းသားကာ နံရံများတွေ့ရသည်။

 

၉။ အက်ရှင်ကြယ်ပွင့် စတားလုံး၏ အိပ်ခန်း

Rocky ဇာတ်လမ်းတွဲများတွင် ရမ်ဘိုအဖြစ် သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့သူ ဆီဗက်စတာ စတားလုံးသည် အိမ်တွင်း မွမ်းမံမှုပိုင်းတွင် ဂန္ထဝင်ဟန်ကို နှစ်သက်လိမ့်မည်ဟု မထင်ခဲ့ကြ။ သို့သော် သူ၏ ကိုလိုနီဗိသုကာဟန် အိပ်ခန်းကို ကြည့်ရှုလိုက်လျှင် ကျွန်ုပ်တို့၏အထင်မှားကြောင်း တွေ့နိုင်သည်။ သူ၏ ဝါးကွပ်ထားသော အိပ်ယာအပေါ်ဘက်ကို သေချာစွာကြည့်လျှင် မှန်ကို တွေ့နိုင်သည်။

 

၁၀။ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဆူဆန် ဆရန်းဒန်၏ အိပ်ခန်း

ဆူဆန် ဆရန်းဒန် (Susan Sarandon) သည် အမေရိကန် ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး Dead man walking (၁၉၉၅) ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီး အော်စကာဆု ရရှိခဲ့သူ ဖြစ်သည်။

သူ့နည်းတူ သူ၏ အိပ်ခန်းမှာလည်း လှပကာ ပြစ်မျိုးမဲ့မထင် ဖြစ်၏။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: WHAT CELEBRITY BEDROOMS LOOK LIKE (loveproperty)

 

[Zawgyi]

ဂ်နီဖာလိုပက္ဇ္တို႔စံုတြဲႏွင့္ အျခားကမၻာေက်ာ္တို႔၏ အိပ္ခန္းမ်ား

 

ရုပ္ရွင္ႏွင့္ ဂီတကိုႏွစ္သက္ျမတ္ႏိုးေသာ ပရိသတ္တို႔က ၎တို႔၏ အႏွစ္သက္ဆံုး အေက်ာ္အေမာ္္ၾကယ္ပြင့္ႏွင့္ စပ္လ်ဥ္းျပီး အရာရာကို သိလိုၾကသည္။

ယုတ္စြအဆံုး ၎တို႔၏အိပ္ခန္းကိုပါ ေတြ႔လိုၾက၏။

ေအာက္တြင္ ကမၻာ့အေက်ာ္ၾကားဆံုး ၾကယ္ပြင့္တို႔ အိပ္စက္ရာ အခန္းမ်ားအေၾကာင္းကို အဓိကအခ်က္အလက္တို႔ျဖင့္ ေဖာ္ျပအပ္ပါသည္။

၁။ အေမရိကန္ ေပါ့ပ္ၾကယ္ပြင့္ Ariana Grande ၏ ခ်စ္စဖြယ္ ေက်းလက္ဟန္အိပ္ခန္း

အားရီးယားနား ဂရန္းဒီ (Ariana Grande) ကဲ့သို႔ ကမၻာေက်ာ္ ေပါ့ပ္ဂီတၾကယ္ပြင့္မေလးတစ္ဦးသည္ ေခတ္ေဟာင္း တူးေဒၚဟန္ မြမ္းမံမႈဒီဇိုင္းမ်ဳိးႏွင့္ ေနထိုင္လိမ့္မည္ဟု သင္ေတြးထင္ခဲ့လိမ့္မည္ မဟုတ္ေခ်။

အားရီးယားနားသည္ ကယ္လီဖိုးနီးယားျပည္နယ္တြင္ အေက်ာ္အေမာ္တို႔ အေျခခ်ေနထိုင္ၾကေသာ Montecito အရပ္ရွိ ပံုျပင္ဆန္ဆန္ စံအိမ္တစ္လံုးကို ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လအတြင္း ကမၻာေက်ာ္ဟာသ သရုပ္ေဆာင္၊ ရုပ္ရွင္မင္းသမီး Ellen DeGeneres ထံမွ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ထူးျခားခ်က္မွာ အဆိုပါစံအိမ္သည္ ၁၇၀၀ ျပည့္လြန္ကာလမ်ားကတည္းက အဂၤလန္မွ သေဘၤာျဖင့္ သယ္ေဆာင္လာခဲ့ေသာ အိမ္တစ္လံုးျဖစ္သည္။

၂။ ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ စံုတြဲ၏ အခ်စ္ဗိမၼာန္

ေဂ်လိုဟု အတိုေကာက္ေခၚၾကသူ ဂ်နီဖာလိုပက္ဇ္သည္ အမ်ဳိးသား ၇ ဦးႏွင့္ ခ်စ္ၾကိဳက္ (သို႔မဟုတ္) လက္ထပ္ခဲ့ရာတြင္ ပုလဲဆိပ္ကမ္းဇာတ္ကားျဖင့္ ကမၻာေက်ာ္ခဲ့သူ ရုပ္ရွင္မင္းသား ဘင္ အက္ဖလက္ (Ben Affleck) လည္း တစ္ဦးအပါအဝင္ ျဖစ္သည္။

ေဂ်လိုသည္ ဘင္ အက္ဖလက္ႏွင့္ ၂၀၀၂ ခုႏွစ္မွ ၂၀၀၄ ခုႏွစ္အထိ ခ်စ္ၾကိဳက္ခဲ့ျပီးမွ လမ္းခြဲခဲ့ၾကသည္။ ေဂ်လို၏ အခ်စ္ေရးဇာတ္လမ္းမ်ားတစ္ေလွ်ာက္ ဘင္အက္ဖလက္ႏွင့္ လမ္းခြဲခဲ့ရျခင္းအတြက္ အသဲကြဲခဲ့ရကာ ထိုတစ္ၾကိမ္သာ ဘဝတြင္ အခ်စ္အတြက္ ထိခိုက္ခံစားဖူးေၾကာင္း သူမကိုယ္တိုင္ ထုတ္ေျပာဖူးသည္။

သို႔ေသာ္ ၂၀၂၂ ခုႏွစ္၊ ဧျပီလ ၈ ရက္တြင္မူ ၎တို႔ႏွစ္ဦး ျပန္လည္ေစ့စပ္ထားျပီျဖစ္ေၾကာင္း ေၾကညာထားသည္။

ေဂ်လို၏ လက္ရွိခ်စ္ဗိမၼာန္မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘဲလ္အဲရ္အရပ္တြင္ျဖစ္ျပီး ဘင္ အက္ဖလက္ႏွင့္ အတူေနထုိင္လ်က္ရွိသည္။ အိပ္ခန္း ၁၀ ခန္းပါ စံအိမ္၏ တန္ေၾကးမွာ ကန္ေဒၚလာ သန္း ၅၀ ျဖစ္ျပီး ေဂ်လိုတို႔ စံုတြဲ၏ အိပ္ခန္းမွာ ခမ္းနားလွသည္။

၃။ နာမည္ၾကီး ေမာ္ဒယ္ ခိုင္လီ ဂ်င္နာႏွင့္ ရက္ပ္အဆိုေတာ္ ထရဲ႕ဗစ္ စေကာ့တို႔ စံုတြဲ အိပ္ခန္

နာမည္ၾကီး ေမာ္ဒယ္ ခိုင္လီ ဂ်င္နာ (Kylie Jenner) ႏွင့္ ရက္ပ္အဆိုေတာ္ ထရဲ႕ဗစ္ စေကာ့ (Travis Scotts)တို႔ စံုတြဲ အိပ္ခန္းတည္ရွိရာစံအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္တြင္ တည္ရွိသည္။

ခိုင္လီ ဂ်င္နာသည္ ကန္ေဒၚလာ သန္း ၉၀၀ ခန္႔ ခ်မ္းသာၾကြယ္ဝသူတစ္ဦးျဖစ္၏။

သမီးကေလး Stormi ကို ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ေမြးဖြားခဲ့ျပီးေနာက္ ခိုင္လီႏွင့္ ထရဲ႕ဗစ္ စေကာ့တို႔က ဘီဗာလီေဟးလ္စံအိမ္ကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း ကန္ေဒၚလာ ၁၃ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ခိုင္လီဂ်င္နာတို႔စံုတြဲ၏ လွပထည္ဝါေသာ အိပ္ခန္းမွာ အျဖဴႏွင့္အမည္း ေရာယွက္ထားျပီး ရင္သပ္ရႈေမာဖြယ္ ေခ်ာက္ကမ္းပါးရႈခင္းကို ရႈျမင္ခံစားႏိုင္သည့္ေနရာျဖစ္သည္။

၄။ ေတလာဆြစ္၏ နယူးေယာက္စံအိမ္မွ အိပ္ခန္း

ဆုေပါင္းမ်ားစြာ ရရွိထားသည့္ ကမၻာေက်ာ္ ကန္းထရီးအဆိုေတာ္ ေတလာဆြစ္သည္ ကန္ေဒၚလာ ၈၁ သန္းခန္႔ ခ်မ္းသာၾကြယ္ဝသူတစ္ဦး ျဖစ္သည္။

ေတလာဆြစ္ အိပ္စက္အနားယူဖြယ္ရွိေသာ အခန္းမ်ားစြာအနက္တစ္ခန္းကို ေလ့လာၾကည့္ပါ။

ေတလာဆြစ္၏ နယူးေယာက္စံအိမ္သည္ သမိုင္းဝင္ေရွးေဟာင္းအေဆာက္အအံုတစ္ခုရွိ လူေနခန္း ၄ ခုအနက္တစ္ခုျဖစ္ျပီး ေတလာဆြစ္က အခန္းမ်ားကို ေပါင္းစပ္ရန္ စီစဥ္ေနသည္။

၅။ အေမရိကန္ရက္ပ္အဆိုေတာ္ ဖရဲ၏ အိပ္ခန္း

အေမရိကန္ ရက္ပ္အဆိုေတာ္ ဖရဲဝီလ်ံ၏ စံအိမ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverley Hills Post Office အရပ္တြင္ တည္ရွိသည္။ ဖရဲသည္ မွန္သားအတိျပီးေသာ စံအိမ္ကို ၂၀၁၈ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

လူေနၾကမ္းခင္းဧရိယာ စတုရန္းေပ ၁၇၀၀၀ ေက်ာ္ရွိျပီး ဖရဲ ေရြးခ်ယ္အိပ္စက္ႏိုင္မည့္ အိပ္ခန္း ၁၀ ခန္း ပါဝင္သည္။ ေဖာ္ျပပါအိပ္ခန္းမွာ မီးလင္းဖိုတစ္ခု၊ နည္းပညာျမင့္ ရုပ္သံဖန္သားျပင္၊ အစိမ္းေရာင္ စက်င္ေက်ာက္တို႔ျဖင့္ မြမ္းမံထားသည့္ ေရခ်ဳိးခန္းတို႔ ပါဝင္ေသာ ခမ္းနားသည့္ အိပ္ခန္းတစ္ခုျဖစ္ျပီး ဂီတအေက်ာ္အေမာ္တစ္ဦး အတြက္ သင့္ေလ်ာ္သည့္ အိပ္ခန္းတစ္ခန္းလည္း ျဖစ္သည္။

၆။ ေကာ့တ္ေနး ကာဒါရွန္၏ အိပ္ခန္း

ကာဒါရွန္ ညီအစ္မမ်ားမွတစ္ဦးျဖစ္သူ ေကာ့တ္ေနး ကာဒါရွန္ (Kourtney Kardashian) သည္ လူမႈကြန္ရက္ တြင္ ဓာတ္ပံုမ်ားတင္ရျခင္းကို ႏွစ္သက္သူတစ္ဦးျဖစ္ရာ သူ၏ Calabasas အရပ္မွ စံအိမ္အတြင္းပိုင္း ျမင္ကြင္း မ်ားကို ပရိသတ္မ်ား ေတြ႔ျမင္ခြင့္ရၾကသည္။

အင္စတာဂရမ္တြင္ ေတြ႔ရေသာ ဓာတ္ပံုမ်ားအရ ေကာ့တ္ေနး၏ အိပ္ခန္းမွာ သန္႔ရွင္းကာ ေအးခ်မ္းလွသည္။

အိပ္ခန္း ၇ ခန္းပါ စံအိမ္မွာ သူ၏ လက္တြဲေဖာ္ေနထုိင္ေသာအိမ္ႏွင့္ မေဝးလွ။

(ေကာလာဟလသတင္းမ်ားသာမွန္မည္ဆုိပါက ယခု ခင္ပြန္းျဖစ္ေနျပီဟုဆိုသည္။

ေကာ့တ္ေနး၏ လက္တြဲေဖာ္ Travis Barker ၏ လက္ရွိေနထိုင္ေသာ ေနအိမ္မွာ ၂၀၀၇ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၇။ လူးဝစ္ ဟန္မိတန္၏ အိပ္ခန္း

ဆာဘြဲ႔ရ ျဗိတိန္ျပိဳင္ကားေမာင္းခ်န္ပီယံ လူးဝစ္ ဟန္မိတန္သည္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္တြင္ ေခတ္ဆန္ေသာ Penthouse ခန္းတစ္ခန္းတြင္ ေနထုိင္ျပီး သူ၏ Master bedroom အပါအဝင္ အိပ္ခန္း ၅ ခန္း ပါဝင္သည္။ နားေနခန္း၊ Spa အသြင္ ေရခ်ဳိးခန္း၊ အဝတ္အစားလဲခန္းတို႔ပါဝင္ျပီး မန္ဟက္တန္၏ လွပေသာ ရႈခင္းျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။

၈။ ရုပ္ရွင္မင္းသမီး ရိစ္ ဝစ္သာစပြန္း၏ အိပ္ခန္း

အေမရိကန္ရုပ္ရွင္မင္းသမီး ရိစ္ ဝစ္သာစပြန္းသည္ ကမၻာ့သရုပ္ေဆာင္ေၾကးအျမင့္ဆံုး မင္းသမီးမ်ားထဲတြင္ တစ္ဦးပါဝင္သူ ၊ Walk the line (၂၀၀၅) ဇာတ္ကားျဖင့္ ေအာ္စကာဆုရခဲ့သူ ျဖစ္သည္။ ရိစ္ ဝစ္သာစပြန္း၏ စံအိမ္သည္ ယခင္က မဂၤလာခန္းမအျဖစ္ အသံုးျပဳခဲ့ေသာေနရာတစ္ခုျဖစ္သည္။

၂၀၁၉ ခုႏွစ္အတြင္း ဝစ္သာစပြန္းက ေလာ့စ္အိန္ဂ်လိျမိဳ႕အေနာက္ဘက္ မာလီဘူးအရပ္တြင္တည္ရွိေသာ အိပ္ခန္း ၃ ခန္းပါ စံအိမ္ကို ကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ဝစ္သာစပြန္း၏ အိပ္ခန္းတြင္ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား၊ အုတ္ျဖင့္ျပဳလုပ္ထားေသာ မီးလင္းဖိုမ်ား၊ ကၽြန္းသားကာ နံရံမ်ားေတြ႔ရသည္။

၉။ အက္ရွင္ၾကယ္ပြင့္ စတားလံုး၏ အိပ္ခန္း

Rocky ဇာတ္လမ္းတြဲမ်ားတြင္ ရမ္ဘိုအျဖစ္ သရုပ္ေဆာင္ကာ ကမၻာေက်ာ္ခဲ့သူ ဆီဗက္စတာ စတားလံုးသည္ အိမ္တြင္း မြမ္းမံမႈပိုင္းတြင္ ဂႏၳဝင္ဟန္ကို ႏွစ္သက္လိမ့္မည္ဟု မထင္ခဲ့ၾက။ သို႔ေသာ္ သူ၏ ကိုလိုနီဗိသုကာဟန္ အိပ္ခန္းကို ၾကည့္ရႈလိုက္လွ်င္ ကၽြႏု္ပ္တို႔၏အထင္မွားေၾကာင္း ေတြ႔ႏိုင္သည္။ သူ၏ ဝါးကြပ္ထားေသာ အိပ္ယာအေပၚဘက္ကို ေသခ်ာစြာၾကည့္လွ်င္ မွန္ကို ေတြ႔ႏိုင္သည္။

၁၀။ ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသမီး ဆူဆန္ ဆရန္းဒန္၏ အိပ္ခန္း

ဆူဆန္ ဆရန္းဒန္ (Susan Sarandon) သည္ အေမရိကန္ ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ျပီး Dead man walking (၁၉၉၅) ဇာတ္ကားျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီး ေအာ္စကာဆု ရရွိခဲ့သူ ျဖစ္သည္။

သူ႔နည္းတူ သူ၏ အိပ္ခန္းမွာလည္း လွပကာ ျပစ္မ်ဳိးမဲ့မထင္ ျဖစ္၏။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: WHAT CELEBRITY BEDROOMS LOOK LIKE (loveproperty)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service