အပျောက်တိုက်ခန်းကို ဝယ်ယူထားသူများသည် အဆောက်အဦ ခိုင်ခံ့မှုမရှိသည့်အခါ၊ ပြိုကျပျက်ဆီးသည့်အခါ အခန်းပြန်လည်ရရှိနိုင်သလား။ အန္တရာယ်ရှိအဆောက်အဦ ဆိုတာဘာလဲ။

အပျောက်တိုက်ခန်းကို ဝယ်ယူထားသူများသည် အဆောက်အဦ ခိုင်ခံ့မှုမရှိသည့်အခါ၊ ပြိုကျပျက်ဆီးသည့်အခါ အခန်းပြန်လည်ရရှိနိုင်သလား။ အန္တရာယ်ရှိအဆောက်အဦ ဆိုတာဘာလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
3 Jun 2022 12:50 pm တွင် တင်ခဲ့သည်
441 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အန္တရာယ်ရှိအဆောက်အဦ DB (Dangerous Building)မှာ အချိန်မရွေး ပြိုကျနိုင်ပြီး နေထိုင်သူနှင့် အနီးအနားရှိသည့်လူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည့် အဆောက်အဦကို ခေါ်ပါသည်။

အန္တရာယ်ရှိအဆောက်အဦကို အိမ်ရှင်မှလည်းကောင်း၊ နေထိုင်သူမှလည်းကောင်း၊ ပတ်ဝန်းကျင်မှ လည်းကောင်း မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားမှုအပေါ် ရှေးဦးစွာ စစ်ဆေးပြီး အသေးစားပြင်ဆင်ရန် (သို့မဟုတ်) အကြီးစားပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည်။

ထိုသို့ မဟုတ်ဘဲအန္တရာယ်ရှိအဆောက်အဦဖြစ်နေပါက စစ်ဆေးရေးအဖွဲ့ကြီးဖြင့် ထပ်မံစစ်ဆေးဆောင်ရွက်ပါသည်။ ထိုအဖွဲ့၏ စစ်ဆေးချက်ကို မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပြီးနောက် နိုင်ငံပိုင်သတင်းစာမှတဆင့် မြေရှင်မှလာရောက်ပိုင်ဆိုင်မှုတင်ပြရန် အကြောင်းကြားပါသည်။ ပိုင်ဆိုင်မှုမှန်က မြေရှင်မှ မိမိကြိုက်ရာစည်ပင်အသိအမှတ်ပြုလိုင်စင်ရကန်ထရိုက်တာလိုင်စင်ရအင်ဂျင်နီယာတို့ဖြင့် အန္တရာယ်ရှိအဆောက်အဦကိုဖြိုဖျက်၍ အသစ်ပြန်လည်တည်ဆောက်ရေးကြီးကြပ်အဖွဲ့မှ နေထိုင်သူများအား ခေါ်၍ နေရာချထားပေးပြီး ဆောက်လုပ်စေပါသည်။

အိမ်ရှင်၊ မြေရှင်နှင့် နေထိုင်သူများ၏ အခွင့်အရေးမှာ -

• နေထိုင်သူများကို လက်ရှိအခန်းများ၏ အကျယ်အဝန်းအတိုင်း ပြန်လည်နေရာချထားပေးပါသည်။

• အခန်းရသူများမှ ကန်ထရိုက်တာကို အရစ်လိုက်ခွဲ၍ အလိုက်ငွေပေးရပါမည်။ ပျက်ကွက်လျှင် အခန်းရယူသူစာရင်းမှ ပယ်ဖျက်ပါသည်။

• စည်ပင်၏ သတ်မှတ်အခွင့်အရေးမှအပ အခြားမည်သည့်အခွင့်အရေးမျှမရရှိပါ။

• အန္တရာယ်ရှိအဆောက်အဦမှ ဖယ်ရှားမပေးသူကို တည်ဆဲဥပဒေအရ အရေးယူပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေပ်ာက္တိုက္ခန္းကို ၀ယ္ယူထားသူမ်ားသည္ အေဆာက္အဦ ခိုင္ခံ့မႈမရွိသည့္အခါ၊ ၿပိဳက်ပ်က္ဆီးသည့္အခါ အခန္းျပန္လည္ရရွိႏိုင္သလား။ အႏၲရာယ္ရွိအေဆာက္အဦ ဆိုတာဘာလဲ။

 

အႏၲရာယ္ရွိအေဆာက္အဦ DB (Dangerous Building)မွာ အခ်ိန္မေရြး ၿပိဳက်ႏိုင္ၿပီး ေနထိုင္သူႏွင့္ အနီးအနားရွိသည့္လူမ်ား၏ အသက္အႏၲရာယ္ကို ထိခိုက္ေစႏိုင္သည့္ အေဆာက္အဦကို ေခၚပါသည္။

အႏၲရာယ္ရွိအေဆာက္အဦကို အိမ္ရွင္မွလည္းေကာင္း၊ ေနထိုင္သူမွလည္းေကာင္း၊ ပတ္၀န္းက်င္မွ လည္းေကာင္း ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ ေလွ်ာက္ထားႏိုင္ပါသည္။ ေလွ်ာက္ထားမႈအေပၚ ေရွးဦးစြာ စစ္ေဆးၿပီး အေသးစားျပင္ဆင္ရန္ (သို႔မဟုတ္) အႀကီးစားျပင္ဆင္ရန္ ဆံုးျဖတ္ႏိုင္သည္။

ထိုသို႔ မဟုတ္ဘဲအႏၲရာယ္ရွိအေဆာက္အဦျဖစ္ေနပါက စစ္ေဆးေရးအဖြဲ႕ႀကီးျဖင့္ ထပ္မံစစ္ေဆးေဆာင္ရြက္ပါသည္။ ထိုအဖြဲ႔၏ စစ္ေဆးခ်က္ကို ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ တင္ျပအတည္ျပဳခ်က္ရယူၿပီးေနာက္ ႏိုင္ငံပိုင္သတင္းစာမွတဆင့္ ေျမရွင္မွလာေရာက္ပိုင္ဆိုင္မႈတင္ျပရန္ အေၾကာင္းၾကားပါသည္။ ပိုင္ဆိုင္မႈမွန္က ေျမရွင္မွ မိမိႀကိဳက္ရာစည္ပင္အသိအမွတ္ျပဳလိုင္စင္ရကန္ထ႐ိုက္တာလိုင္စင္ရအင္ဂ်င္နီယာတို႔ျဖင့္ အႏၲရာယ္ရွိအေဆာက္အဦကိုၿဖိဳဖ်က္၍ အသစ္ျပန္လည္တည္ေဆာက္ေရးႀကီးၾကပ္အဖြဲ႔မွ ေနထိုင္သူမ်ားအား ေခၚ၍ ေနရာခ်ထားေပးၿပီး ေဆာက္လုပ္ေစပါသည္။

အိမ္ရွင္၊ ေျမရွင္ႏွင့္ ေနထိုင္သူမ်ား၏ အခြင့္အေရးမွာ -

• ေနထိုင္သူမ်ားကို လက္ရွိအခန္းမ်ား၏ အက်ယ္အ၀န္းအတိုင္း ျပန္လည္ေနရာခ်ထားေပးပါသည္။

• အခန္းရသူမ်ားမွ ကန္ထ႐ိုက္တာကို အရစ္လိုက္ခြဲ၍ အလိုက္ေငြေပးရပါမည္။ ပ်က္ကြက္လွ်င္ အခန္းရယူသူစာရင္းမွ ပယ္ဖ်က္ပါသည္။

• စည္ပင္၏ သတ္မွတ္အခြင့္အေရးမွအပ အျခားမည္သည့္အခြင့္အေရးမွ်မရရွိပါ။

• အႏၲရာယ္ရွိအေဆာက္အဦမွ ဖယ္ရွားမေပးသူကို တည္ဆဲဥပေဒအရ အေရးယူပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service