အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း

အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း - Property Knowledge in Myanmar from iMyanmarHouse.com
3 Jun 2022 11:49 am တွင် တင်ခဲ့သည်
502 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ကနေပဲ အလုပ်လုပ်တဲ့အခါ တစ်အိမ်လုံးက ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ရုံးခန်း ဖြစ်လာပါတယ်။ အလုပ်ဆိုတာကလည်း သက်သောင့်သက်သာဖြစ်တဲ့နေရာမှာဆို ပိုပြီး လုပ်ချင်စိတ်ဖြစ်တဲ့အတွက် အိမ်မှာဆိုရင် အိပ်ရာတို့ ဆိုဖာတို့က မျက်စိကျစရာပါ။

အစပိုင်းမှာတော့ စားပွဲနဲ့ ခုံနဲ့ လုပ်ကောင်း လုပ်ကြပေမယ့် နောက်ကျတော့ လက်တော့က အိပ်ရာနား ရောက်လာ၊ တစ်ဆင့်တက်ပြီး အိပ်ရာပေါ် ရောက်လာတော့တာပါပဲ။ လှဲပြီး၊ ခေါင်းအုံးလေးတွေကို မှီပြီး အလုပ်လုပ်ရတဲ့ အခွင့်အရေးကို ရုံးမှာမှ မရနိုင်ဘဲလေ။ ဒီလိုမျိုး အိပ်ရာပေါ်မှာ၊ ဆိုဖာပေါ်မှာ အလုပ်လုပ်တာက ဇိမ်ကျတယ်ဆိုပေမယ့် တကယ် ကျန်းမာရေးအတွက်တော့ သိပ်မကောင်းလှပါဘူး။

ဘာကြောင့်လဲဆိုတာ ကြည့်ကြည့်ရအောင်။

အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း

ကိုယ်နေဟန်ထား မမှန်ဘူး။

သိတဲ့အတိုင်း အိပ်ရာပေါ်၊ ဆိုဖာပေါ် ရောက်သွားပြီဆိုရင် တစ်ခုခုကို မှီနေရမှ။ နောက်က ကုတင်ပေါင် ဒါမှမဟုတ် နံရံကိုမှီ၊ ခပ်လျှောလျှောလေးထိုင်၊ ခေါင်းအုံးလေးပေါ် စာရင်းစာအုပ်၊ လက်တော့လေးတင်ပြီး အလုပ်လုပ်ရတာ တယ်လည်း ဇိမ်ကျပါတယ်။ ပြဿနာက ညနေစောင်းလို့ ရုံးဆင်းပြီ၊ နားမယ်ဆိုပြီး ထလိုက်တာနဲ့ ခါးထဲက မျက်ခနဲနာတာ၊ လက်ပြင်တွေ ငုပ်တာ၊ ဇက်ကြောတွေ တက်တာ စတာတွေကို တစ်ခုပြီး တစ်ခု ခံစားရတာပါ။ တစ်နေကို ပုံစံမမှန်ဘဲ ထိုင်ခဲ့မိတဲ့ ရလဒ်တွေပေါ့။

အိပ်ချိန်ထိခိုက်တာ

အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေက အလုပ်ကို အိပ်ရာထဲမှာ မလုပ်ဖို့၊ အလုပ်ခန်းနဲ့ အိပ်ခန်း ခွဲထားဖို့ အကြံပေးလေ့ရှိပါတယ်။ အိပ်ရာထဲမှာ အလုပ်လုပ်တာ ကြာလာတဲ့အခါ အလုပ်နဲ့ အိပ်ရာ မကွဲတော့ဘဲ အိပ်ရာမြင်တိုင်း အလုပ်အကြောင်း စဉ်းစားမိလို့ပါပဲ။ ညအိပ်တဲ့အချိန်ထိတောင် အလုပ်ကို လက်မလွှတ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။

အလုပ်မပြီးတာ

ဒါကတော့ အပေါ်ကနဲ့ ပြောင်းပြန်ပါ။ အိပ်ရာက သက်သောင့်သက်သာ ဖြစ်လွန်းတဲ့အတွက် အလုပ်လုပ်ရင်း အိပ်ငိုက်နိုင်သလို၊ ပျင်းတာ၊ လေးလံထိုင်းမှိုင်းတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ အလုပ်ပြီးဖို့ အချိန်ပိုယူရပါတယ်။

သန့်ရှင်းမှု မရှိတာ

အိပ်ရာဆိုတာ တစ်နေ့ ၈နာရီလောက် နေရတဲ့ နေရာမို့လို့ သန့်သန့်ရှင်းရှင်း ထားသင့်ပါတယ်။ လက်ပ်တော့၊ ဖုန်း၊ စာရင်းစာအုပ်၊ တစ်ခါတလေ မုန့်တွေကိုပါ အိပ်ရာထဲကို ယူလာတာက အိပ်ရာကို ညစ်ပတ်စေပါတယ်။ ပြီးရင် ညကျတော့လည်း ဒီနေရာမှာပဲ ပြန်အိပ်မှာဆိုတော့ နောက်ပိုင်းကျရင် အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ ဘယ်လိုလုပ်ကြမလဲ။

အကောင်းဆုံးကတော့ အိပ်ရာမှာ အလုပ်လုပ်တာကို ရှောင်ဖို့ပါပဲ။ အနည်းဆုံးတော့ ကုတင်ပေါ်က ဆင်းပြီး အောက်မှာ သီးသန့် စားပွဲခင်းပြီး လုပ်သင့်ပါတယ်။ အခန်းကျဉ်းလို့ နေရာ မကျယ်ဘူး၊ ကျန်းမာရေး အခြေအနေအရဆိုရင်တော့ အောက်ပါ အချက်တွေကို လိုက်နာပါ။

အောက်ခံသား အမာပေါ်မှာ ထိုင်ပါ။

ဆိုလိုတာက အောက်က မွေ့ယာပျော့လေလေ၊ ကိုယ်က နစ်ဝင်လေလေ ကိုယ်နေဟန်ထား မမှန်လေပါပဲ။ ဒါကြောင့် မွေ့ရာမာမာ ဒါမှမဟုတ် မွေ့ရာကိုဖယ်ပြီး ဖျာပေါ်မှာ ထိုင်လုပ်သင့်ပါတယ်။

ထိုင်တဲ့ ပုံစံမှန်ပါစေ။

အိပ်ရာပေါ်မှာလှဲ၊ ဗိုက်ပေါ် လက်ပ်တော့တင်ပြီး မမှီမကမ်း အလုပ်မလုပ်ပါနဲ့။ နောက်ကို ခပ်လျှောလျှော မှီပြီးလည်း အလုပ်မလုပ်ပါနဲ့။ ဒါတွေက ညနေကျရင် ညောင်းညာကိုက်ခဲတာကို ဖြစ်စေပါလိမ့်မယ်။ အိပ်ရာပေါ်မှာ ပုံစံမှန်မှန် ထိုင်ပါ။ ခြေဆင်းထိုင်တာဖြစ်ဖြစ်၊ တင်ပလ္လင်ခွေ ထိုင်တာဖြစ်ဖြစ် ခါးကို မတ်မတ်ထားပါ။ နောက်ကို သေချာမှီပြီး လွတ်နေတဲ့နေရာကို ခေါင်းအုံး ဒါမှမဟုတ် စောင်ခေါက်လေး ခံထားပါ။

ခါးကို ရှေ့ကိုင်းပြီး မထိုင်ပါနဲ့။ အိပ်ရာပေါ်မှာ စားပွဲတစ်လုံး တင်ထားပါ။ အလုပ်လုပ်မယ့် လက်ပ်တော့၊ စာရင်းစာအုပ်တွေက စားပွဲပေါ်တင်ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားပါ။ ခြေဆင်းထိုင်မယ်ဆို ဒူးခေါက်ခွက်အောက်မှာ စောင်လေး ခုထားပါ။

လှုပ်လှုပ်ရှားရှားနေပါ။

နာရီဝက်လောက်ကြာတိုင်း အိပ်ရာထဲကထ အကြောဆန့်ပေးပါ။ ထိုင်နေတဲ့ ပုံစံကို ပြန်စစ်ပါ။ ခေါင်းအုံးတွေ၊ စောင်တွေကို နေရာတကျ ပြန်ထားပါ။ ခါးကို အကြောလျှော့တဲ့အနေနဲ့ ကြမ်းပြင်အမာပေါ်မှာ ခြေဆန့် လက်ဆန့် ခဏလှဲပါ။

အိပ်ရာထဲမှာ ပစ္စည်းတွေ အများကြီး မထားပါနဲ့။

အိပ်ရာ မညစ်ပတ်စေဖို့ အလုပ်နဲ့ မဆိုင်တဲ့ ပစ္စည်းတွေကို အများကြီး မယူထားပါနဲ့။

အိပ်ရာခင်းကိုလည်း မကြာခဏ လဲပေးပါ။

အိပ်ရာပေါ်မှာ အလုပ်လုပ်တဲ့အချိန်ကို လျှော့ပါ။

မနက်တစ်ပိုင်းကို အလုပ်စားပွဲမှာ လုပ်ပြီး နေ့လယ်ကို အိပ်ရာပေါ်မှာ လုပ်တာ ဒါမှမဟုတ် အိပ်ရာပေါ်မှာ တစ်နေ့ ၃နာရီထက် ပိုမလုပ်ဖို့ သတ်မှတ်ထားတာ စသဖြင့် စည်းကမ်း လုပ်ကြည့်ပါ။ အိပ်ရာပေါ်မှာ အလုပ်လုပ်တဲ့အချိန်ကို တတ်နိုင်သမျှ လျှော့ကြည့်ပါ။

နာကျင်ကိုက်ခဲမှုတွေကို လျစ်လျူမရှုပါနဲ့။

ညနေ အလုပ်သိမ်း အိပ်ရာပေါ်က ထလိုက်လို့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီဆို လျစ်လျူမရှုပါနဲ့။ ဒီလိုဖြစ်လာခဲ့ရင်

-နောက်ရက်တွေမှာ အိပ်ရာပေါ်မှာ မလုပ်ဘဲ အလုပ်စားပွဲမှာ ကိုယ်နေဟန်ထား မှန်မှန် ပြန်ထိုင်ပါ။

-မကြာခဏ အကြောလျှော့ပေးပါ။

–ရေနွေးအိတ်ကပ်ပေးပါ။

-Diclofenac၊ ပရုတ်အေး စသဖြင့် ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့ လိမ်းဆေးတွေ၊ ဖြန်းဆေးတွေ သုံးပေးပါ။

ဒါတွေကတော့ အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်းတွေပါပဲ။ အိပ်ရာပေါ်မှာ အလုပ်လုပ်နေမိသေးတယ်ဆိုရင်လည်း အပေါ်က အချက်တွေကို လိုက်နာဖို့ မမေ့ပါနဲ့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

အိပ္ရာေပၚမွာ အလုပ္မလုပ္သင့္တဲ့ အေၾကာင္းရင္း

အိမ္ကေနပဲ အလုပ္လုပ္တဲ့အခါ တစ္အိမ္လုံးက ကိုယ့္ရဲ႕ လုပ္ငန္းခြင္၊ ႐ုံးခန္း ျဖစ္လာပါတယ္။ အလုပ္ဆိုတာကလည္း သက္ေသာင့္သက္သာျဖစ္တဲ့ေနရာမွာဆို ပိုၿပီး လုပ္ခ်င္စိတ္ျဖစ္တဲ့အတြက္ အိမ္မွာဆိုရင္ အိပ္ရာတို႔ ဆိုဖာတို႔က မ်က္စိက်စရာပါ။

အစပိုင္းမွာေတာ့ စားပြဲနဲ႔ ခုံနဲ႔ လုပ္ေကာင္း လုပ္ၾကေပမယ့္ ေနာက္က်ေတာ့ လက္ေတာ့က အိပ္ရာနား ေရာက္လာ၊ တစ္ဆင့္တက္ၿပီး အိပ္ရာေပၚ ေရာက္လာေတာ့တာပါပဲ။ လွဲၿပီး၊ ေခါင္းအုံးေလးေတြကို မွီၿပီး အလုပ္လုပ္ရတဲ့ အခြင့္အေရးကို ႐ုံးမွာမွ မရႏိုင္ဘဲေလ။ ဒီလိုမ်ိဳး အိပ္ရာေပၚမွာ၊ ဆိုဖာေပၚမွာ အလုပ္လုပ္တာက ဇိမ္က်တယ္ဆိုေပမယ့္ တကယ္ က်န္းမာေရးအတြက္ေတာ့ သိပ္မေကာင္းလွပါဘူး။

ဘာေၾကာင့္လဲဆိုတာ ၾကည့္ၾကည့္ရေအာင္။

အိပ္ရာေပၚမွာ အလုပ္မလုပ္သင့္တဲ့ အေၾကာင္းရင္း

ကိုယ္ေနဟန္ထား မမွန္ဘူး။

သိတဲ့အတိုင္း အိပ္ရာေပၚ၊ ဆိုဖာေပၚ ေရာက္သြားၿပီဆိုရင္ တစ္ခုခုကို မွီေနရမွ။ ေနာက္က ကုတင္ေပါင္ ဒါမွမဟုတ္ နံရံကိုမွီ၊ ခပ္ေလွ်ာေလွ်ာေလးထိုင္၊ ေခါင္းအုံးေလးေပၚ စာရင္းစာအုပ္၊ လက္ေတာ့ေလးတင္ၿပီး အလုပ္လုပ္ရတာ တယ္လည္း ဇိမ္က်ပါတယ္။ ျပႆနာက ညေနေစာင္းလို႔ ႐ုံးဆင္းၿပီ၊ နားမယ္ဆိုၿပီး ထလိုက္တာနဲ႔ ခါးထဲက မ်က္ခနဲနာတာ၊ လက္ျပင္ေတြ ငုပ္တာ၊ ဇက္ေၾကာေတြ တက္တာ စတာေတြကို တစ္ခုၿပီး တစ္ခု ခံစားရတာပါ။ တစ္ေနကို ပုံစံမမွန္ဘဲ ထိုင္ခဲ့မိတဲ့ ရလဒ္ေတြေပါ့။

အိပ္ခ်ိန္ထိခိုက္တာ

အိပ္စက္ျခင္းနဲ႔ ပတ္သက္တဲ့ ကြၽမ္းက်င္ပညာ႐ွင္ေတြက အလုပ္ကို အိပ္ရာထဲမွာ မလုပ္ဖို႔၊ အလုပ္ခန္းနဲ႔ အိပ္ခန္း ခြဲထားဖို႔ အၾကံေပးေလ့႐ွိပါတယ္။ အိပ္ရာထဲမွာ အလုပ္လုပ္တာ ၾကာလာတဲ့အခါ အလုပ္နဲ႔ အိပ္ရာ မကြဲေတာ့ဘဲ အိပ္ရာျမင္တိုင္း အလုပ္အေၾကာင္း စဥ္းစားမိလို႔ပါပဲ။ ညအိပ္တဲ့အခ်ိန္ထိေတာင္ အလုပ္ကို လက္မလႊတ္ႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။

အလုပ္မၿပီးတာ

ဒါကေတာ့ အေပၚကနဲ႔ ေျပာင္းျပန္ပါ။ အိပ္ရာက သက္ေသာင့္သက္သာ ျဖစ္လြန္းတဲ့အတြက္ အလုပ္လုပ္ရင္း အိပ္ငိုက္ႏိုင္သလို၊ ပ်င္းတာ၊ ေလးလံထိုင္းမိႈင္းတာ စတာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒီေတာ့ အလုပ္ၿပီးဖို႔ အခ်ိန္ပိုယူရပါတယ္။

သန္႔႐ွင္းမႈ မ႐ွိတာ

အိပ္ရာဆိုတာ တစ္ေန႔ ၈နာရီေလာက္ ေနရတဲ့ ေနရာမို႔လို႔ သန္႔သန္႔႐ွင္း႐ွင္း ထားသင့္ပါတယ္။ လက္ပ္ေတာ့၊ ဖုန္း၊ စာရင္းစာအုပ္၊ တစ္ခါတေလ မုန္႔ေတြကိုပါ အိပ္ရာထဲကို ယူလာတာက အိပ္ရာကို ညစ္ပတ္ေစပါတယ္။ ၿပီးရင္ ညက်ေတာ့လည္း ဒီေနရာမွာပဲ ျပန္အိပ္မွာဆိုေတာ့ ေနာက္ပိုင္းက်ရင္ အေရျပားျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။

ဒီေတာ့ ဘယ္လိုလုပ္ၾကမလဲ။

အေကာင္းဆုံးကေတာ့ အိပ္ရာမွာ အလုပ္လုပ္တာကို ေ႐ွာင္ဖို႔ပါပဲ။ အနည္းဆုံးေတာ့ ကုတင္ေပၚက ဆင္းၿပီး ေအာက္မွာ သီးသန္႔ စားပြဲခင္းၿပီး လုပ္သင့္ပါတယ္။ အခန္းက်ဥ္းလို႔ ေနရာ မက်ယ္ဘူး၊ က်န္းမာေရး အေျခအေနအရဆိုရင္ေတာ့ ေအာက္ပါ အခ်က္ေတြကို လိုက္နာပါ။

ေအာက္ခံသား အမာေပၚမွာ ထိုင္ပါ။

ဆိုလိုတာက ေအာက္က ေမြ႕ယာေပ်ာ့ေလေလ၊ ကိုယ္က နစ္ဝင္ေလေလ ကိုယ္ေနဟန္ထား မမွန္ေလပါပဲ။ ဒါေၾကာင့္ ေမြ႕ရာမာမာ ဒါမွမဟုတ္ ေမြ႕ရာကိုဖယ္ၿပီး ဖ်ာေပၚမွာ ထိုင္လုပ္သင့္ပါတယ္။

ထိုင္တဲ့ ပုံစံမွန္ပါေစ။

အိပ္ရာေပၚမွာလွဲ၊ ဗိုက္ေပၚ လက္ပ္ေတာ့တင္ၿပီး မမွီမကမ္း အလုပ္မလုပ္ပါနဲ႔။ ေနာက္ကို ခပ္ေလွ်ာေလွ်ာ မွီၿပီးလည္း အလုပ္မလုပ္ပါနဲ႔။ ဒါေတြက ညေနက်ရင္ ေညာင္းညာကိုက္ခဲတာကို ျဖစ္ေစပါလိမ့္မယ္။ အိပ္ရာေပၚမွာ ပုံစံမွန္မွန္ ထိုင္ပါ။ ေျခဆင္းထိုင္တာျဖစ္ျဖစ္၊ တင္ပလႅင္ေခြ ထိုင္တာျဖစ္ျဖစ္ ခါးကို မတ္မတ္ထားပါ။ ေနာက္ကို ေသခ်ာမွီၿပီး လြတ္ေနတဲ့ေနရာကို ေခါင္းအုံး ဒါမွမဟုတ္ ေစာင္ေခါက္ေလး ခံထားပါ။

ခါးကို ေ႐ွ႕ကိုင္းၿပီး မထိုင္ပါနဲ႔။ အိပ္ရာေပၚမွာ စားပြဲတစ္လုံး တင္ထားပါ။ အလုပ္လုပ္မယ့္ လက္ပ္ေတာ့၊ စာရင္းစာအုပ္ေတြက စားပြဲေပၚတင္ၿပီး လက္တစ္ကမ္းအကြာေလာက္မွာ ထားပါ။ ေျခဆင္းထိုင္မယ္ဆို ဒူးေခါက္ခြက္ေအာက္မွာ ေစာင္ေလး ခုထားပါ။

လႈပ္လႈပ္႐ွား႐ွားေနပါ။

နာရီဝက္ေလာက္ၾကာတိုင္း အိပ္ရာထဲကထ အေၾကာဆန္႔ေပးပါ။ ထိုင္ေနတဲ့ ပုံစံကို ျပန္စစ္ပါ။ ေခါင္းအုံးေတြ၊ ေစာင္ေတြကို ေနရာတက် ျပန္ထားပါ။ ခါးကို အေၾကာေလွ်ာ့တဲ့အေနနဲ႔ ၾကမ္းျပင္အမာေပၚမွာ ေျခဆန္႔ လက္ဆန္႔ ခဏလွဲပါ။

အိပ္ရာထဲမွာ ပစၥည္းေတြ အမ်ားႀကီး မထားပါနဲ႔။

အိပ္ရာ မညစ္ပတ္ေစဖို႔ အလုပ္နဲ႔ မဆိုင္တဲ့ ပစၥည္းေတြကို အမ်ားႀကီး မယူထားပါနဲ႔။ အိပ္ရာခင္းကိုလည္း မၾကာခဏ လဲေပးပါ။

အိပ္ရာေပၚမွာ အလုပ္လုပ္တဲ့အခ်ိန္ကို ေလွ်ာ့ပါ။

မနက္တစ္ပိုင္းကို အလုပ္စားပြဲမွာ လုပ္ၿပီး ေန႔လယ္ကို အိပ္ရာေပၚမွာ လုပ္တာ ဒါမွမဟုတ္ အိပ္ရာေပၚမွာ တစ္ေန႔ ၃နာရီထက္ ပိုမလုပ္ဖို႔ သတ္မွတ္ထားတာ စသျဖင့္ စည္းကမ္း လုပ္ၾကည့္ပါ။ အိပ္ရာေပၚမွာ အလုပ္လုပ္တဲ့အခ်ိန္ကို တတ္ႏိုင္သမွ် ေလွ်ာ့ၾကည့္ပါ။

နာက်င္ကိုက္ခဲမႈေတြကို လ်စ္လ်ဴမ႐ႈပါနဲ႔။

ညေန အလုပ္သိမ္း အိပ္ရာေပၚက ထလိုက္လို႔ တစ္ကိုယ္လုံး နာက်င္ကိုက္ခဲေနၿပီဆို လ်စ္လ်ဴမ႐ႈပါနဲ႔။ ဒီလိုျဖစ္လာခဲ့ရင္

-ေနာက္ရက္ေတြမွာ အိပ္ရာေပၚမွာ မလုပ္ဘဲ အလုပ္စားပြဲမွာ ကိုယ္ေနဟန္ထား မွန္မွန္ ျပန္ထိုင္ပါ။

-မၾကာခဏ အေၾကာေလွ်ာ့ေပးပါ။

–ေရေႏြးအိတ္ကပ္ေပးပါ။

-Diclofenac၊ ပ႐ုတ္ေအး စသျဖင့္ ေရာင္ရမ္းနာက်င္မႈကို သက္သာေစတဲ့ လိမ္းေဆးေတြ၊ ျဖန္းေဆးေတြ သုံးေပးပါ။

ဒါေတြကေတာ့ အိပ္ရာေပၚမွာ အလုပ္မလုပ္သင့္တဲ့ အေၾကာင္းရင္းေတြပါပဲ။ အိပ္ရာေပၚမွာ အလုပ္လုပ္ေနမိေသးတယ္ဆိုရင္လည္း အေပၚက အခ်က္ေတြကို လိုက္နာဖို႔ မေမ့ပါနဲ႔။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service