ဒေါ်လာသန်း ၁၀၀ တန် ကိုယ်ပိုင်ကျွန်းဝယ်မည့် အမေရိကန်က မြို့ငယ်လေး

ဒေါ်လာသန်း ၁၀၀ တန် ကိုယ်ပိုင်ကျွန်းဝယ်မည့် အမေရိကန်က မြို့ငယ်လေး - Property News in Myanmar from iMyanmarHouse.com
3 Jun 2022 10:52 am တွင် တင်ခဲ့သည်
846 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်မှ ဒါရီယန်အမည်ရှိ မြို့ငယ်ကလေးသည် ဒေါ်လာ သန်း ၁၀၀ တန် ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ယူရန် စီစဉ်လျက်ရှိသည်။

 

(ကွန်နက်တီကပ်ပြည်နယ်၊ ဒါရီမြို့တွင် တည်ရှိသော မဟာကျွန်း-Great Island အမည်ရှိ ကျွန်း၊ ယခုအခါ ဒါရီယန်မြို့ကလေးက ဝယ်ယူရန် စီစဉ်နေ)

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဝယ်ယူခြင်းမဟုတ်ဘဲ မြို့ကလေး၏ ကိုယ်ပိုင်အဖြစ် မြို့ပိုင်နက်အတွင်း တည်ရှိသော ကျွန်းတစ်ကျွန်းကို ဝယ်ယူရန် စီစဉ်လာခြင်း ဖြစ်သည်။

ဝေါစထရိဂျာနယ်တွင် ဖော်ပြချက်အရ နယူးယောက်မြို့တော်မှ မိုင် ၅၀ ခန့်သာဝေးကွာသော မြို့ကလေးသည် အကြမ်းဖျင်းအားဖြင့် ဧက ၆၀ ခန့် ကျယ်ဝန်းသော Great Island ကို ဝယ်ယူရန် သဘောတူညီချက်ရရှိထားပြီ ဖြစ်ကြောင်း ဖော်ပြသည်။

ပိုင်ရှင်များမှာ မုန့်ဖုတ်ပေါင်ဒါမှုန့် လုပ်ငန်းရှင် William Ziegler မှ ဆင်းသက်လာသူများဖြစ်ကြပြီး ကျွန်းကို ဈေးနှုန်း ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ရောင်းချခြင်းဖြစ်သည်။

Great Island သည် ထိုဒေသတခွင်တွင် မဖွံ့ဖြိုးသေးဘဲကျန်ရစ်သည့် အကြီးမားဆုံးသော မြေနေရာလည်း ဖြစ်သည်။

Ziegler (၁၉၀၅ ခုနှစ်တွင် ကွယ်လွန်ခဲ့) သည် အဆိုပါကျွန်းကို ၁၉၀၀ ပြည့်နှစ်ဝန်းကျင်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နွေရာသီစံအိမ်အဖြစ် အသုံးပြုခဲ့သည်။

“မြို့ကလေးအတွက် ဒီကျွန်းရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့ နောက်ထပ်အခွင့်အရေး ရှိမလာနိုင်ပါဘူး။ ကျွန်မတို့အားလုံးရဲ့ အကျိုးအတွက် ဒီကျွန်းလိုမျိုး ပိုင်ဆိုင်မှုတစ်ခု ထပ်မံဖြည့်တင်းဖို့အတွက်ပေါ့။ နောင် နှစ်ပေါင်း ၂၀၀ လောက်ကြာတဲ့အခါကျရင် နောင်လာနောက်သားတွေဟာ ဒီကျွန်းကို လာရောက်ကြရင်း ကျွန်တော်တို့ အခုလုပ်ခဲ့တဲ့ ဝယ်ယူမှုကို ကောင်းချီးပေးနေကြလိမ့်မှာ ဖြစ်ပါတယ်” ဒါရီယန်မြို့ ဘုတ်အဖွဲ့ဝင်တစ်ဦးက ဘုတ်အဖွဲ့အစည်းတွင် ပြောကြားသည်။

(Great Island သို့ မြေသားလမ်းတစ်ခုမှတဆင့် သွားရောက်နိုင်သည်)

(Great Island သည် Long Island Sound နှင့်အပြိုင် ကမ်းရိုးတန်းတစ်လျှောက် ၁ မိုင်ခန့် ဖြန့်ကျက်တည်ရှိသည်)

(ရင်သပ်ရှုမောဖွယ် ရှုခင်းတစ်ခု)

အခြားသော အသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် မသိရသေးချေ။

ဘုတ်အဖွဲ့ဝင် မက်ခ်နယ်လီက ဝေါစထရိဂျာနယ်သို့ ပြောသည်မှာ စာချုပ်ချုပ်ဆိုမှုမှာ ပထမဆင့်သာရှိသေးပြီး အဆင့်များစွာ ကျန်သေးကြောင်း၊ အခြားသော မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ အတည်ပြုချက် ရရန်လိုသေးကြောင်း ပြောသည်။

၂၀၁၆ ခုနှစ်အတွင်းက အဆိုပါကျွန်းကို အရောင်းဈေးကွက်တင်ခဲ့ရာတွင် ကန်ဒေါ်လာ ၁၇၅ သန်းအထိ ဈေးခေါ်ခဲ့သည်။

Great Island သို့ မြေသားလမ်းတစ်ခုမှတဆင့် ရောက်ရှိနိုင်ပြီး Steinkraus မိသားစုပိုင်သော ကုမ္ပဏီတစ်ခုက ထိန်းချုပ်ထားသည်။

Steinkraus မိသားစုသည် Ziegler ၏ မြေးမ ဟယ်လင်မှ ဆင်းသက်လာသူများဖြစ်ကြသည်။

(ကြီးမားကျယ်ဝန်းသော ပင်မစံအိမ်)

(ခြံဝန်းအတွင်းမှ ရေကူးကန်)

(မြင်းမွေးမြူရေးအဆောက်အအုံတွင် အမိုးခုံး မျက်နှာကြက်များ တွေ့ရသည်)

(နှမ်းဖတ်ကျောက်များဖြင့် ဆောက်လုပ်ထားသော မြင်းဇောင်း)

(ဧက ၆၀ ကျယ်ဝန်းသော ကျွန်းပေါ်တွင် ထိုင်စရာနေရာများ အလွန်များပြားလှသည်)

ကျွန်းပေါ်တွင် အီတလီဗိသုကာဟန်စံအိမ်တစ်လုံးပါဝင်ပြီး စတုရန်းပေ ၁၃၀၀၀ ကျော်ကျယ်ဝန်းကာ ၁၉၀၅ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ကျွန်းပေါ်တွင် ဧည့်ဂေဟာအိမ်၊ ကျွန်းစောင့်အိမ်နှင့် ရေနက်ဆိပ်ခံတစ်ခုတို့လည်း ပါဝင်သည်။

Grand Central Terminal ကို ဆောက်လုပ်ခဲ့သည့် နာမည်ကျော် ဗိသုကာပညာရှင်ကြီး Rafael Gustavino က မြင်းဇောင်းနေရာကို ဒီဇိုင်းဆွဲပေးခဲ့ခြင်းဖြစ်ပြီး အမိုးခုံးမျက်နှာကြက်မှာ မြို့လယ်ဘူတာရုံတစ်ခုနှင့် သဏ္ဍာန်တူနေသည်။

နှမ်းဖတ်ကျောက်ဖြင့် ပြုလုပ်ထားသောမြင်းဇောင်းအပြင် indoor နှင့် outdoor မြင်းစီးကွင်းများ ပါဝင်သည်။

Ziegler မှ ဆင်းသက်လာသူ ကွယ်လွန်သွားပြီဖြစ်သော William Steinkraus သည် မက္ကဆီကိုစီးတီးတွင် ကျင်းပခဲ့သော ၁၉၆၈ အိုလံပစ်ပွဲတော်တွင် တစ်ဦးချင်းမြင်းစီး ရွှေတံဆိပ်ပင် ရရှိခဲ့သည်။

အရောင်းဈေးကွက်တင်ပေးသူမှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jennifer Leahy ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Small Connecticut town in contract to buy $100M private island (nypost)

 

 

 

[Zawgyi]

ေဒၚလာသန္း ၁၀၀ တန္ ကိုယ္ပိုင္ကၽြန္းဝယ္မည့္ အေမရိကန္က ျမိဳ႕ငယ္ေလး

အေမရိကန္ျပည္ေထာင္စု၊ ကြန္နက္တီကပ္ျပည္နယ္မွ ဒါရီယန္အမည္ရွိ ျမိဳ႕ငယ္ကေလးသည္ ေဒၚလာ သန္း ၁၀၀ တန္ ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္း ဝယ္ယူရန္ စီစဥ္လ်က္ရွိသည္။

(ကြန္နက္တီကပ္ျပည္နယ္၊ ဒါရီျမိဳ႕တြင္ တည္ရွိေသာ မဟာကၽြန္း-Great Island အမည္ရွိ ကၽြန္း၊ ယခုအခါ ဒါရီယန္ျမိဳ႕ကေလးက ဝယ္ယူရန္ စီစဥ္ေန)

လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္က ဝယ္ယူျခင္းမဟုတ္ဘဲ ျမဳိ႕ကေလး၏ ကိုယ္ပိုင္အျဖစ္ ျမိဳ႕ပိုင္နက္အတြင္း တည္ရွိေသာ ကၽြန္းတစ္ကၽြန္းကို ဝယ္ယူရန္ စီစဥ္လာျခင္း ျဖစ္သည္။

ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ နယူးေယာက္ျမိဳ႕ေတာ္မွ မိုင္ ၅၀ ခန္႔သာေဝးကြာေသာ ျမိဳ႕ကေလးသည္ အၾကမ္းဖ်င္းအားျဖင့္ ဧက ၆၀ ခန္႔ က်ယ္ဝန္းေသာ Great Island ကို ဝယ္ယူရန္ သေဘာတူညီခ်က္ရရွိထားျပီ ျဖစ္ေၾကာင္း ေဖာ္ျပသည္။

ပိုင္ရွင္မ်ားမွာ မုန္႔ဖုတ္ေပါင္ဒါမႈန္႔ လုပ္ငန္းရွင္ William Ziegler မွ ဆင္းသက္လာသူမ်ားျဖစ္ၾကျပီး ကၽြန္းကို ေစ်းႏႈန္း ေဒၚလာ သန္း ၁၀၀ ေက်ာ္ျဖင့္ ေရာင္းခ်ျခင္းျဖစ္သည္။

Great Island သည္ ထုိေဒသတခြင္တြင္ မဖြံ႔ျဖိဳးေသးဘဲက်န္ရစ္သည့္ အၾကီးမားဆံုးေသာ ေျမေနရာလည္း ျဖစ္သည္။

Ziegler (၁၉၀၅ ခုႏွစ္တြင္ ကြယ္လြန္ခဲ့) သည္ အဆိုပါကၽြန္းကို ၁၉၀၀ ျပည့္ႏွစ္ဝန္းက်င္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေႏြရာသီစံအိမ္အျဖစ္ အသံုးျပဳခဲ့သည္။

“ျမိဳ႕ကေလးအတြက္ ဒီကၽြန္းရဲ႕ ကံၾကမၼာကို ထိန္းခ်ဳပ္ဖို႔ ေနာက္ထပ္အခြင့္အေရး ရွိမလာႏိုင္ပါဘူး။ ကၽြန္မတို႔အားလံုးရဲ႕ အက်ဳိးအတြက္ ဒီကၽြန္းလိုမ်ဳိး ပိုင္ဆိုင္မႈတစ္ခု ထပ္မံျဖည့္တင္းဖို႔အတြက္ေပါ့။ ေနာင္ ႏွစ္ေပါင္း ၂၀၀ ေလာက္ၾကာတဲ့အခါက်ရင္ ေနာင္လာေနာက္သားေတြဟာ ဒီကၽြန္းကို လာေရာက္ၾကရင္း ကၽြန္ေတာ္တို႔ အခုလုပ္ခဲ့တဲ့ ဝယ္ယူမႈကို ေကာင္းခ်ီးေပးေနၾကလိမ့္မွာ ျဖစ္ပါတယ္” ဒါရီယန္ျမိဳ႕ ဘုတ္အဖြဲ႔ဝင္တစ္ဦးက ဘုတ္အဖြဲ႔အစည္းတြင္ ေျပာၾကားသည္။

(Great Island သုိ႔ ေျမသားလမ္းတစ္ခုမွတဆင့္ သြားေရာက္ႏိုင္သည္)

(Great Island သည္ Long Island Sound ႏွင့္အျပိဳင္ ကမ္းရိုးတန္းတစ္ေလွ်ာက္ ၁ မိုင္ခန္႔ ျဖန္႔က်က္တည္ရွိသည္)

(ရင္သပ္ရႈေမာဖြယ္ ရႈခင္းတစ္ခု)

အျခားေသာ အေသးစိတ္အခ်က္အလက္မ်ားကိုမူ လတ္တေလာတြင္ မသိရေသးေခ်။

ဘုတ္အဖြဲ႔ဝင္ မက္ခ္နယ္လီက ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္မွာ စာခ်ဳပ္ခ်ဳပ္ဆိုမႈမွာ ပထမဆင့္သာရွိေသးျပီး အဆင့္မ်ားစြာ က်န္ေသးေၾကာင္း၊ အျခားေသာ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ားထံမွ အတည္ျပဳခ်က္ ရရန္လိုေသးေၾကာင္း ေျပာသည္။

၂၀၁၆ ခုႏွစ္အတြင္းက အဆိုပါကၽြန္းကို အေရာင္းေစ်းကြက္တင္ခဲ့ရာတြင္ ကန္ေဒၚလာ ၁၇၅ သန္းအထိ ေစ်းေခၚခဲ့သည္။

Great Island သုိ႔ ေျမသားလမ္းတစ္ခုမွတဆင့္ ေရာက္ရွိႏိုင္ျပီး Steinkraus မိသားစုပိုင္ေသာ ကုမၸဏီတစ္ခုက ထိန္းခ်ဳပ္ထားသည္။

Steinkraus မိသားစုသည္ Ziegler ၏ ေျမးမ ဟယ္လင္မွ ဆင္းသက္လာသူမ်ားျဖစ္ၾကသည္။

(ၾကီးမားက်ယ္ဝန္းေသာ ပင္မစံအိမ္)

(ျခံဝန္းအတြင္းမွ ေရကူးကန္)

(ျမင္းေမြးျမဴေရးအေဆာက္အအံုတြင္ အမိုးခံုး မ်က္ႏွာၾကက္မ်ား ေတြ႔ရသည္)

(ႏွမ္းဖတ္ေက်ာက္မ်ားျဖင့္ ေဆာက္လုပ္ထားေသာ ျမင္းေဇာင္း)

(ဧက ၆၀ က်ယ္ဝန္းေသာ ကၽြန္းေပၚတြင္ ထိုင္စရာေနရာမ်ား အလြန္မ်ားျပားလွသည္)

ကၽြန္းေပၚတြင္ အီတလီဗိသုကာဟန္စံအိမ္တစ္လံုးပါဝင္ျပီး စတုရန္းေပ ၁၃၀၀၀ ေက်ာ္က်ယ္ဝန္းကာ ၁၉၀၅ ခုႏွစ္ခန္႔က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ကၽြန္းေပၚတြင္ ဧည့္ေဂဟာအိမ္၊ ကၽြန္းေစာင့္အိမ္ႏွင့္ ေရနက္ဆိပ္ခံတစ္ခုတို႔လည္း ပါဝင္သည္။

Grand Central Terminal ကို ေဆာက္လုပ္ခဲ့သည့္ နာမည္ေက်ာ္ ဗိသုကာပညာရွင္ၾကီး Rafael Gustavino က ျမင္းေဇာင္းေနရာကို ဒီဇိုင္းဆြဲေပးခဲ့ျခင္းျဖစ္ျပီး အမိုးခံုးမ်က္ႏွာၾကက္မွာ ျမိဳ႕လယ္ဘူတာရံုတစ္ခုႏွင့္ သ႑ာန္တူေနသည္။

ႏွမ္းဖတ္ေက်ာက္ျဖင့္ ျပဳလုပ္ထားေသာျမင္းေဇာင္းအျပင္ indoor ႏွင့္ outdoor ျမင္းစီးကြင္းမ်ား ပါဝင္သည္။

Ziegler မွ ဆင္းသက္လာသူ ကြယ္လြန္သြားျပီျဖစ္ေသာ William Steinkraus သည္ မကၠဆီကိုစီးတီးတြင္ က်င္းပခဲ့ေသာ ၁၉၆၈ အိုလံပစ္ပြဲေတာ္တြင္ တစ္ဦးခ်င္းျမင္းစီး ေရႊတံဆိပ္ပင္ ရရွိခဲ့သည္။

အေရာင္းေစ်းကြက္တင္ေပးသူမွာ Douglas Elliman အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Jennifer Leahy ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Small Connecticut town in contract to buy $100M private island (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service