အဝတ်အစားတွေကို မီးပူတိုက်စရာမလိုဘဲ တွန့်ရာခေါက်ရာတွေ ပျောက်သွားစေမယ့် နည်းလမ်း (၈) ခု

အဝတ်အစားတွေကို မီးပူတိုက်စရာမလိုဘဲ တွန့်ရာခေါက်ရာတွေ ပျောက်သွားစေမယ့် နည်းလမ်း (၈) ခု - Property Knowledge in Myanmar from iMyanmarHouse.com
2 Jun 2022 12:34 pm တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မီးပူတိုက်ဖို့ အဆင်မပြေတဲ့အခါ အပြင်သွားဖို့ရှိလာရင် အရမ်းကို အခက်တွေ့ပါတယ်။ တွန့်ကြေနေတဲ့အင်္ကျီနဲ့ အပြင်မသွားချင်ဘူး ဆိုရင်တော့ မီးပူတိုက်စရာမလိုဘဲ အင်္ကျီတွေကို ပြန့်ပြူးသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။

နည်းလမ်း (၁)

ဖျန်းလို့ရတဲ့ ဘူးတစ်ခုထဲမှာ ရေအေး ၅၀၀ မီလီလီတာ၊ ချည်သားနူးညံ့စေတဲ့ဆေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း သို့မဟုတ် ၂ ဇွန်းထည့်ပြီး လှုပ်ခါလိုက်ပါ။ လှုပ်ခါပြီးတဲ့အခါ တွန့်ကြေနေတဲ့ အင်္ကျီတွေပေါ်မှာ ဖြန်းလိုက်ပြီး လက်နဲ့ ဆန့်ဆွဲလိုက်ပါ။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့အခါ အင်္ကျီတွေပေါ်မှာ တွန့်ကြေနေတာတွေ ပျောက်သွားမှာပါ။ ဒီနည်းလမ်းက ချည်သားအင်္ကျီတွေက ပိုးသားလိုပါ နူးညံသွားစေပါတယ်။

နည်းလမ်း (၂)

ဖျန်းဘူးထဲမှာ ရေထည့်ပြီး တွန့်ကြေနေတဲ့ အဝတ်အစားတွေကို ဖျန်းလိုက်ပါ။ အဲဒီနောက် အဝတ်အစားတွေကို လက်နဲ့ ပွတ်တိုက်ပြီး ဖြန့်လိုက်ပါ။ ပြီးရင် အဝတ်အစားတွေကို ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံပါ။ ချည်သားဆိုရင် လေကို အပူပေးပြီး မှုတ်လို့ရပါတယ်။ နူးညံ့တဲ့ပိုးသားလို ဆိုရင်တော့ လေအေးနဲ့ မှုတ်ပါ။

နည်းလမ်း (၃)

နောက်တစ်နည်းကတော့ ဆံပင်ဖြောင့်စက်နဲ့ပါ။ တွ့န်ကြေနေတဲ့ အဝတ်အစားတွေပေါ်ကို ရေအနည်းငယ် တို့ထားလိုက်ပါ။ ပြီးရင် ဆံပင်ဖြောင့်စက်ကို အပူအနည်းငယ်ပေးပြီး အဝတ်အစားတွေပေါ်မှာ ဖြည်းဖြည်းချင်း မီးပူတိုက်သလို တိုက်လိုက်ပါ။

ဆံပင်ဖြောင့်စက်က အပူချိန်မြင့်သွားတတ်တာကြောင့် အဝတ်အစားတွန့်ရာခေါက်ရာတွေကို ခဏအတွင်း ပြေသွားစေပါတယ်။ ဒါပေမယ့် ပါးလွှာတဲ့ချည်သားတွေဆိုရင်တော့ အဝတ်အစားတွေ မီးကျွမ်းသွားနိုင်ပါတယ်။

နည်းလမ်း (၄)

အဝတ်အစားတွေတွန့်ခေါက်နေရင် ရေပူနဲ့ ခဏစိမ်ထားလိုက်ပါ။ ပြီးရင်အဝတ်လှမ်းတဲ့ချိတ်နဲ့ ချိတ်ထားလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံပေးပါ။ လီနင်နဲ့ချုပ်ထားတဲ့အဝတ်အစားဆိုရင်တော့ အချိန်ပိုကြာတတ်ပါတယ်။

နည်းလမ်း (၅)

လျှော်ပြီးသားအဝတ်အစားတွေကို လေပူမှုတ်ပေးပြီး ဖွရင်းခြောက်သွေ့စေတဲ့ လှိမ့်သွေ့စက် သင့်မှာရှိရင်တော့ အဲဒီစက်ထဲကို တွန့်ကြေနေတဲ့ အဝတ်အစားတွေ ထည့်လိုက်ပါ။ ပြီးရင် ရေခဲတုံးနှစ်တုံးထပ်ထည့်ပြီး အပူချိန်မြင့်မြင့်နဲ့ ၁၀မိနစ်ကြာအောင် အခြောက်ခံလိုက်ပါ။

ရေခဲတုံးလေးတွေ အရည်ပျော်သွားရင် ရေနွေးငွေ့တွေထွက်လာပြီး အင်္ကျီမှာ တွန့်ကြေတာတွေ ပျောက်သွားပါတယ်။ ဒါပေမယ့် လှိမ့်သွေ့စက်ကို အသုံးမပြုခင်မှာ သင့်ရဲ့အင်္ကျီက လှိမ့်သွေံစက်ထဲကို အပူချိန်မြင့်မြင့်နဲ့ ထည့်လို့ရလားဆိုတာကို အညွှန်းမှာ အရင်ဖတ်သင့်ပါတယ်။

နည်းလမ်း (၆)

ပိတ်စတစ်ခုကို ရေစိုအောင် စွတ်ပြီး ရေတွေပြောင်အောင် ညှစ်လိုက်ပါ။ အဲဒီနောက် တွန့်ကြေတဲ့အဝတ်အစားပေါ်မှာ ရေစွတ်ထားတဲ့ပိတ်စကို မိနစ် ၃၀ ခန့်တင်ထားပါ။ ပြီးရင် အဝတ်ကို ခါလိုက်ပါ။ ၁၅ မိနစ်ခန့်ခြောက်သွေ့အောင် လှန်းထားပြီးရင်တော့ အင်္ကျီပေါ်က တွန့်ခေါက်ရာတွေ ပျောက်သွားပါပြီ။

နည်းလမ်း (၇)

မီးပူတိုက်လို့မရတဲ့ နေရာတွေမှာ ရေနွေးအိုးထဲကို ရေနွေးထည့်ပြီး မီးပူတိုက်သလို တိုက်နိုင်ပါတယ်။ ဒါမှမဟုတ် အဝတ်အစားတွေကို ဆူနေတဲ့ ရေနွေးအိုးနားကို ယူသွားလို့လည်း ရပါတယ်။ ရေနွေးငွေ့တွေကလည်း အင်္ကျီက တွန့်ကြေနေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

နည်းလမ်း (၈)

အဝတ်အစား အခြောက်ခံစက်ထဲမှာ အဝတ်အစားတွေနဲ့အတူ ရေခဲတုံးလေးအနည်းငယ် ထည့်ပါ။ အခြောက်ခံစက်ကို အပူချိန်အနည်းငယ်မြင့်ထားပါ။ ၅ မိနစ်ခန့် ကြာပြီးရင်တော့ ရေခဲတုံးလေးတွေ ပျော်သွားပြီး အဝတ်အစားတွေကလည်း စိုထိုင်းထိုင်း ဖြစ်သွားပါပြီ။ ဒီနည်းကတော့ မီးပူတိုက်သလောက်တော့ မထိရောက်ပါဘူး။ ဒါပေမယ့် အဝတ်အစားမှာ တွန့်ကြေတာတွေတော့ ပျောက်သွားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: lovemedia

[Zawgyi]



နည်းလမ်း (၁)


နည်းလမ်း (၂)


နည်းလမ်း (၃)



နည်းလမ်း (၄)


နည်းလမ်း (၅)



နည်းလမ်း (၆)


နည်းလမ်း (၇)


နည်းလမ်း (၈)





Credit: lovemedia

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service