ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန် လျှို့ဝှက်စံအိမ်ကြီး

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန် လျှို့ဝှက်စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
2 Jun 2022 11:16 am တွင် တင်ခဲ့သည်
801 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၁ ခုနှစ်အတွင်း Drone ဖြင့် ရိုက်ကူးရယူထားသည့် ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ဖူးသည်။

အဆိုပါဗွီဒီယိုတွင် ရုရှားနိုင်ငံ ပင်လယ်နက် ကမ်းခြေအနီးတွင် ဆောက်လုပ်ထားသော ရုရှားသမ္မတဗလာဒီမာ ပူတင်၏ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ တန်ကြေးရှိ လျှို့ဝှက်စံအိမ်ကြီးကို ရိုက်ကူးထားခြင်းဖြစ်သည်။

(ပူတင်၏ လျှို့ဝှက်စံအိမ်ဟု ပြောဆိုနေကြသောစံအိမ်တွင် အိပ်ခန်း ၁၁ ခန်း ပါဝင်သည်)

အဆိုပါ YouTube ဗွီဒီယိုဖိုင်သည် လွှင့်တင်ပြီး ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၅၄ သန်းကျော် ရှိခဲ့သည်။

၂ နာရီနီးပါးကြာမြင့်သော ဗွီဒီယိုဖိုင်တွင် အလွန်ခမ်းနားကြိးကျယ်လှသော စံအိမ်ကြီးကို ရိုက်ကူးပြသထားရာ ရဟတ်ယာဉ်ကွင်း ၂ ခု၊ ဧည့်ဂေဟာအိမ်တစ်လုံးအပြင် ကျယ်ပြောလှသော စံအိမ်အတွင်း အခြားအဆောင်ဆောင် အခန်းခန်းတို့ များစွာ ပါဝင်သည်။

ယင်းဗွီဒီယိုကို ရုရှားနိုင်ငံရေးသမား၊ သမ္မတပူတင်အပေါ် အမြဲဝေဖန်ပြောဆိုတတ်သူ Alexei Navalny က လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။ Navalny သည် ပြီးခဲ့သောနှစ်အတွင်း ဂျာမနီနိုင်ငံတွင် အာရုံကြောထိခိုက်စေသည့်အဆိပ်ဖြင့် လုပ်ကြံခံရမှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသေးသည်။

Navalny သည် ယခုအခါ မော်စကိုရှိ အကျဉ်းထောင်တစ်ခုတွင် ဖမ်းဆီးခံထားရသည်။

Navalny ၏ စွပ်စွဲပြောဆိုချက်အရ ပူတင်သည် သူ၏ ဘီလျံနာမိတ်ဆွေများထံမှ တရားမဝင်ငွေများရယူ သုံးစွဲကာ ပင်လယ်နက်ဒေသရှိ စံအိမ်ကြီးကို လျှို့ဝှက်စွာ ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။

“ဒီလိုငွေတွေနဲ့ သူတို့ဆရာအတွက် နန်းတော်ကြီးတစ်ခု ဆောက်လုပ်ခဲ့ကြတယ်”ဟု Navalny က ဗွီဒီယိုထဲတွင် ပြောကြားထားသည်။

နန်းတော်တမျှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးသည် ခြံအကျယ် ၁၇၀ ဧကပေါ်တွင် တည်ရှိပြီး ခန့်မှန်းတန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့်ရှိကြောင်း Navalny က ခန့်မှန်းသည်။

Navalny ၏ စွပ်စွဲချက်အရ စံအိမ်ဝန်းနှင့် ကပ်လျက် ပိုမိုကျယ်ဝန်းသော မြေနေရာကြီးကို ရုရှားထောက်လှမ်းရေးအဖွဲ့ (FSB) က ပိုင်ဆိုင်သည်ဟု ဆိုသည်။

ကရင်မလင်နန်းတော်ကမူ သမ္မတပူတင်နှင့် အဆိုပါစံအိမ် ဆက်နွှယ်မှုမရှိကြောင်း ငြင်းဆိုထားသည်။

“ဒီသတင်းက မမှန်ပါဘူး။ သူက ဘယ်နန်းတော်ရဲ့ ပိုင်ရှင်မှ မဟုတ်ပါဘူး”ဟု ပူတင်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်က CNN သတင်းဌာနသို့ ပြောသည်။

“ဒါတွေက ကောလာဟလတွေပါ။ ဒီဟာတွေက သမ္မတပူတင်နဲ့ ဆက်နွှယ်မှု တကယ်မရှိပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပူတင်၏ လျှို့ဝှက်စံအိမ်ဟုဆိုသော လျှို့ဝှက်စံအိမ်သည် ရုရှားနိုင်ငံတောင်ပိုင်း ပင်လယ်နက် ကမ်းရိုးတန်းမြို့ဖြစ်သော Gelendzhik မြို့အနီးတွင် တည်ရှိပြီး လေယာဉ်မပျံသန်းရဇုန်ထဲတွင် တည်ရှိသည်ဟု ဆိုသည်။

“ဒီနေရာကို ဘယ်သူမှ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းကနေ လာလို့မရနိုင်ပါဘူး။ အဲဒီမှာ အလုပ်လုပ်တဲ့ ထောင်ပေါင်းများစွာသော လုပ်သားတွေကိုလည်း ကင်မရာလေးပဲပါတဲ့ ရိုးရိုးဆဲလ်ဖုန်းတောင် ယူဆောင်လာခွင့် မပေးပါဘူး”

(ဗွီဒီယိုထဲတွင် ပြောကြားချက်အရ ရုရှားထောက်လှမ်းရေးအဖွဲ့သည် ပူတင်၏ နန်းတော်ကို ဝန်းပတ်ထားသည့် မြေနေရာကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်)

အဆိုပါဗွီဒီယိုကို Navalny ၏ အကျိုးအမြတ်အတွက် မဟုတ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်း (FBK) က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

FBK ၏ ထုတ်ပြန်ချက်အရ ထိုစံအိမ်ကြီးကို ဆောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် ကန်ထရိုက်လက်ခွဲတစ်ခုက အဆောက်အအုံ၏ ပုံစံအသေးစိတ်အချက်အလက်များ FBK အား ပေးခဲ့သည်ဟု ဆိုသည်။

အဆောက်အအုံ ပုံစံအချက်အလက်များအရ ထိုစံအိမ်သည် ရုရှားတွင် အကြီးမားဆုံး ပုဂ္ဂလိက လူနေ အဆောက်အအုံတစ်ခုဖြစ်ပြီး လူနေကြမ်းခင်းဧရိယာ ၁၉၀၀၀၀ စတုရန်းပေနှင့်အထက် ကျယ်ဝန်းကြောင်း FBK က ဖော်ပြသည်။

(ရဟတ်ယာဉ်ကွင်းဘေး မြက်ခင်းစိမ်းဝန်းပတ်ထားသည့် အမိုးခုံးအောက်တွင် မြေအောက် ဟော်ကီကွင်း တည်ရှိကြောင်း ဗွီဒီယိုထဲတွင် တွေ့ရသည်)

ထိုဗွီဒီယိုကို ရိုက်ကူးနိုင်ရန် FBK မှ ဝန်ထမ်းများသည် ပင်လယ်နက်အတွင်း လှေတစ်စင်းဖြင့် ထွက်ခွာခဲ့ပြီး အဆောက်အအုံအပေါ် drone လွှတ်ကာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ဗွီဒီယိုထဲတွင် Navalny က နောက်ခံစကားပြောပေးထားသည်။ ခမ်းနားလှသော စံအိမ်ကြီးအပြင် ရဟတ်ယာဉ်ကွင်း ၂ ခု၊ မြေအောက်ဟော်ကီကွင်း၊ ဘုရားကျောင်းတစ်ခု၊ ပန်းပုရုပ်ဥယျာဉ်၊ လက်စ မသတ်သေးသော အမိုးမဲ့ ပွဲကြည့်စင်တစ်ခု၊ ရုက္ခဗေဒဥယျာဉ်တစ်ခုနှင့် ပျိုးခင်းနေရာတို့အပြင် စတုရန်းပေ ၂၇၀၀၀ အထိ ကျယ်ဝန်းသော ဧည့်ဂေဟာသို့ ဦးတည်သွားသော အလျား ၂၆၀ ပေရှိ တံတားတစ်ခုတို့ကို ခမ်းနားထည်ဝါစွာ တွေ့ရသည်။

ပင်မစံအိမ်တွင် အိပ်ခန်း ၁၁ ခန်း၊ ဧည့်ခန်းနှင့် ညစာစားခန်းနေရာများစွာ၊ သီးသန့်ရုပ်ရှင်ရုံတစ်ခု၊ လာ့စ်ဗီးဂပ်စ် ဟန် ကာစီနိုကစားဝိုင်းနေရာ၊ ရေကူးကန်တစ်ခု၊ ချွေးထုတ်ခန်း၊ တူရကီရေစိမ်ကန်၊ ကော့တေးနေရာ၊ အားကစား လေ့ကျင့်ခန်းမနှင့် ဝန်ထမ်းဆောင်များ ပါဝင်ကြောင်း Navalny ၏ ပြောကြားချက်တွင် ပါဝင်သည်။

ပင်လယ်ကို စီးမိုးတွေ့မြင်နေရသည့် ချောက်ကမ်းပါးဘေးတွင် မြေအောက် အရက်မြည်းစမ်းခန်းတစ်ခုပင် ဆောက်လုပ်ထားသေးသည်။

ရိုက်တာသတင်းဌာနက ၂၀၁၄ ခုနှစ်အတွင်းပြုလုပ်ခဲ့သည့် စုံစမ်းချက်အရ သမ္မတပူတင်၏ ရင်းနှီးသော ချမ်းသာကြွယ်ဝသူ ၂ ဦးက ကုမ္ပဏီတစ်ခုထံ ငွေများ တရားမဝင်လွှဲပြောင်းပေးခဲ့ပြီး ပင်လယ်နက်ဒေသမှ ယခုစံအိမ်ကို ဆောက်လုပ်ရာတွင် ကူညီခဲ့သည်ဟု ဆိုသည်။

ပူတင်၏ လျှို့ဝှက်နန်းတော်သည် နှစ်ပေါင်းများစွာ လူတို့စိတ်ဝင်စားသည့်အကြောင်းရပ် ဖြစ်နေခဲ့သည်။

၂၀၁၀ ပြည့်နှစ်အတွင်း ရုရှားစီးပွားရေးလုပ်ငန်းရှင် ဆာဂျီ ကိုလက်စ်နီကော့ဗ်က ထိုစဉ်က ရုရှားသမ္မတဖြစ်သူ ဒီမီထရိ မက်ဗီဒက်ထံ ပေးစာတစ်စောင် ရေးသားပေးပို့ဖူးသည်။

ပေးစာအတွင်း ဖော်ပြထားသည်မှာ ပူတင်၏ မိတ်ဆွေတစ်ဦးက ပင်လယ်နက်ဒေသတွင် ပူတင်အတွက် ခမ်းနားထည်ဝါလှသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်နေကြောင်း ရေးသားခဲ့ဖူးသည်။

သမ္မတပူတင်၏ တရားဝင်ရုံးစိုက်ရာမှာ ကရင်မလင်နန်းတော်ဖြစ်ပြီး မော်စကိုမြို့လယ်တွင် အခိုင်အမာဆောက်လုပ်ထားသည့် အဆောက်အအုံဝန်းကြီးဖြစ်သည်။

ကရင်မလင်နန်းတော်တွင် အဆောက်အအုံပေါင်း ၁၅ လုံးကျော်၊ မျှော်စင်ပေါင်း ၂၀ နှင့် ထု ၂၁ ပေ ထူထဲသော နံရံတံတိုင်း ၁ ဒသမ ၅ မိုင်က ဝန်းပတ်ထားသည်။

အမေရိကန်နှင့် မတူသည့်အချက်မှာ အမေရိကန်တွင်ဆိုလျှင် သမ္မတသည် အိမ်ဖြူတော်တွင် နေထိုင်၊ ရုံးထိုင်သော်လည်း ရုရှားသမ္မတမှာမူ ကရင်မလင်နန်းတော်တွင် နေထိုင်ခြင်း မပြုပေ။

သမ္မတပူတင်နေထိုင်သည့်နေရာမှာ မော်စကိုမြို့တော်၏ အနောက်ဘက် Rublyovka တွင် တည်ရှိသော Novo Ogoryevo အမည်ရှိ စံအိမ်ဖြစ်ပြီး မြင့်မားသည့် အုတ်တံတိုင်းကြီးများခတ်ထားကာ အစောင့်များက ကင်းလှည့်ပေးလျက်ရှိသည်။

FBK ၏ ဗွီဒီယိုတွင် ဖော်ပြချက်အရ Rublyovka အရပ်ရှိ အခမ်းနားဆုံးစံအိမ်သည်ပင်လျှင် ပင်လယ်နက်မှ စံအိမ်နှင့်ယှဉ်လျှင် အဆပေါင်းများစွာ ကျဉ်းမြောင်းသည်ဟု ဆိုသည်။

ရုရှားသမ္မတပူတင်၏ ကြွယ်ဝမှုမှာ ပုစ္ဆာတစ်ရပ်အနေဖြင့်သာ ရှိနေသည်။

ဘလွန်းဘာ့နှင့် ဖော့ဘ်မဂ္ဂဇင်းကြီးများ၏ ကမ္ဘာ့အချမး်သာဆုံးပုဂ္ဂိုလ်များစာရင်းတွင် သမ္မတပူတင် ပါဝင်ဖူးခြင်း မရှိချေ။

သို့သော် ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်အထက်လွှတ်တော်တွင် ကြားနာချက်အရ ပူတင်အပေါ် ဝေဖန်မှုများ ပြုလုပ်တတ်သူ Bill Browder ၏ ခန့်မှန်းချက်အရ ရုရှားသမ္မတပူတင်သည် ကန်ဒေါ်လာ ၂၀၀ ဘီလီယံခန့် ချမ်းသာကြွယ်ဝနေပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်ကြောင်း ထွက်ဆိုခဲ့ဖူးသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Drone footage purports to show Vladimir Putin's secret $1.4 billion palace on Russia's Black Sea (insider)

[Zawgyi]

ရုရွားသမၼတ ဗလာဒီမာပူတင္၏ ကန္ေဒၚလာ ၁ ဒသမ ၄ ဘီလီယံတန္ လွ်ိဳ႕ဝွက္စံအိမ္ၾကီး

၂၀၂၁ ခုႏွစ္အတြင္း Drone ျဖင့္ ရိုက္ကူးရယူထားသည့္ ဗြီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာခဲ့ဖူးသည္။

အဆိုပါဗြီဒီယိုတြင္ ရုရွားႏိုင္ငံ ပင္လယ္နက္ ကမ္းေျခအနီးတြင္ ေဆာက္လုပ္ထားေသာ ရုရွားသမၼတဗလာဒီမာ ပူတင္၏ ကန္ေဒၚလာ ၁ ဒသမ ၄ ဘီလီယံ တန္ေၾကးရွိ လွ်ိဳ႕ဝွက္စံအိမ္ၾကီးကို ရိုက္ကူးထားျခင္းျဖစ္သည္။

(ပူတင္၏ လွ်ို႕ဝွက္စံအိမ္ဟု ေျပာဆိုေနၾကေသာစံအိမ္တြင္ အိပ္ခန္း ၁၁ ခန္း ပါဝင္သည္)

အဆိုပါ YouTube ဗြီဒီယိုဖိုင္သည္ လႊင့္တင္ျပီး ရက္ပိုင္းအတြင္း ၾကည့္ရႈသူ ၅၄ သန္းေက်ာ္ ရွိခဲ့သည္။

၂ နာရီနီးပါးၾကာျမင့္ေသာ ဗြီဒီယိုဖိုင္တြင္ အလြန္ခမ္းနားၾကိးက်ယ္လွေသာ စံအိမ္ၾကီးကို ရိုက္ကူးျပသထားရာ ရဟတ္ယာဥ္ကြင္း ၂ ခု၊ ဧည့္ေဂဟာအိမ္တစ္လံုးအျပင္ က်ယ္ေျပာလွေသာ စံအိမ္အတြင္း အျခားအေဆာင္ေဆာင္ အခန္းခန္းတို႔ မ်ားစြာ ပါဝင္သည္။

ယင္းဗြီဒီယိုကို ရုရွားႏိုင္ငံေရးသမား၊ သမၼတပူတင္အေပၚ အျမဲေဝဖန္ေျပာဆိုတတ္သူ Alexei Navalny က လႊင့္တင္ခဲ့ျခင္း ျဖစ္သည္။ Navalny သည္ ျပီးခဲ့ေသာႏွစ္အတြင္း ဂ်ာမနီႏိုင္ငံတြင္ အာရံုေၾကာထိခိုက္ေစသည့္အဆိပ္ျဖင့္ လုပ္ၾကံခံရမႈေၾကာင့္ ေသလုနီးပါး ျဖစ္ခဲ့ရေသးသည္။

Navalny သည္ ယခုအခါ ေမာ္စကိုရွိ အက်ဥ္းေထာင္တစ္ခုတြင္ ဖမ္းဆီးခံထားရသည္။

Navalny ၏ စြပ္စြဲေျပာဆိုခ်က္အရ ပူတင္သည္ သူ၏ ဘီလ်ံနာမိတ္ေဆြမ်ားထံမွ တရားမဝင္ေငြမ်ားရယူ သံုးစြဲကာ ပင္လယ္နက္ေဒသရွိ စံအိမ္ၾကီးကို လွ်ိဳ႕ဝွက္စြာ ေဆာက္လုပ္ခဲ့သည္ဟု ဆိုသည္။

“ဒီလိုေငြေတြနဲ႔ သူတို႔ဆရာအတြက္ နန္းေတာ္ၾကီးတစ္ခု ေဆာက္လုပ္ခဲ့ၾကတယ္”ဟု Navalny က ဗြီဒီယိုထဲတြင္ ေျပာၾကားထားသည္။

နန္းေတာ္တမွ် ၾကီးက်ယ္ခမ္းနားလွေသာ စံအိမ္ၾကီးသည္ ျခံအက်ယ္ ၁၇၀ ဧကေပၚတြင္ တည္ရွိျပီး ခန္႔မွန္းတန္ေၾကးမွာ ကန္ေဒၚလာ ၁ ဒသမ ၄ ဘီလီယံခန္႔ရွိေၾကာင္း Navalny က ခန္႔မွန္းသည္။

Navalny ၏ စြပ္စြဲခ်က္အရ စံအိမ္ဝန္းႏွင့္ ကပ္လ်က္ ပိုမိုက်ယ္ဝန္းေသာ ေျမေနရာၾကီးကို ရုရွားေထာက္လွမ္းေရးအဖြဲ႔ (FSB) က ပိုင္ဆိုင္သည္ဟု ဆိုသည္။

ကရင္မလင္နန္းေတာ္ကမူ သမၼတပူတင္ႏွင့္ အဆိုပါစံအိမ္ ဆက္ႏႊယ္မႈမရွိေၾကာင္း ျငင္းဆိုထားသည္။

“ဒီသတင္းက မမွန္ပါဘူး။ သူက ဘယ္နန္းေတာ္ရဲ႕ ပိုင္ရွင္မွ မဟုတ္ပါဘူး”ဟု ပူတင္၏ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ ဒီမီထရီ ပက္စ္ေကာ့ဗ္က CNN သတင္းဌာနသို႔ ေျပာသည္။

“ဒါေတြက ေကာလာဟလေတြပါ။ ဒီဟာေတြက သမၼတပူတင္နဲ႔ ဆက္ႏႊယ္မႈ တကယ္မရွိပါဘူး”ဟု ၎က ဆက္လက္ေျပာၾကားသည္။ ပူတင္၏ လွ်ိဳ႕ဝွက္စံအိမ္ဟုဆိုေသာ လွ်ဳိ႕ဝွက္စံအိမ္သည္ ရုရွားႏိုင္ငံေတာင္ပိုင္း ပင္လယ္နက္ ကမ္းရိုးတန္းျမိဳ႕ျဖစ္ေသာ Gelendzhik ျမိဳ႕အနီးတြင္ တည္ရွိျပီး ေလယာဥ္မပ်ံသန္းရဇုန္ထဲတြင္ တည္ရွိသည္ဟု ဆိုသည္။

“ဒီေနရာကို ဘယ္သူမွ ကုန္းလမ္း၊ ေရလမ္း၊ ေလေၾကာင္းလမ္းကေန လာလို႔မရႏိုင္ပါဘူး။ အဲဒီမွာ အလုပ္လုပ္တဲ့ ေထာင္ေပါင္းမ်ားစြာေသာ လုပ္သားေတြကိုလည္း ကင္မရာေလးပဲပါတဲ့ ရိုးရိုးဆဲလ္ဖုန္းေတာင္ ယူေဆာင္လာခြင့္ မေပးပါဘူး”

(ဗြီဒီယိုထဲတြင္ ေျပာၾကားခ်က္အရ ရုရွားေထာက္လွမ္းေရးအဖြဲ႔သည္ ပူတင္၏ နန္းေတာ္ကို ဝန္းပတ္ထားသည့္ ေျမေနရာကို ပိုင္ဆိုင္ထားသည္ဟု ဆိုသည္)

အဆိုပါဗီြဒီယိုကို Navalny ၏ အက်ဳိးအျမတ္အတြက္ မဟုတ္သည့္အဖြဲ႔အစည္းတစ္ခုျဖစ္ေသာ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရး ေဖာင္ေဒးရွင္း (FBK) က ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

FBK ၏ ထုတ္ျပန္ခ်က္အရ ထိုစံအိမ္ၾကီးကို ေဆာက္လုပ္ရာတြင္ ပါဝင္ခဲ့သည့္ ကန္ထရိုက္လက္ခြဲတစ္ခုက အေဆာက္အအံု၏ ပံုစံအေသးစိတ္အခ်က္အလက္မ်ား FBK အား ေပးခဲ့သည္ဟု ဆိုသည္။

အေဆာက္အအံု ပံုစံအခ်က္အလက္မ်ားအရ ထိုစံအိမ္သည္ ရုရွားတြင္ အၾကီးမားဆံုး ပုဂၢလိက လူေန အေဆာက္အအံုတစ္ခုျဖစ္ျပီး လူေနၾကမ္းခင္းဧရိယာ ၁၉၀၀၀၀ စတုရန္းေပႏွင့္အထက္ က်ယ္ဝန္းေၾကာင္း FBK က ေဖာ္ျပသည္။ (ရဟတ္ယာဥ္ကြင္းေဘး ျမက္ခင္းစိမ္းဝန္းပတ္ထားသည့္ အမိုးခံုးေအာက္တြင္ ေျမေအာက္ ေဟာ္ကီကြင္း တည္ရွိေၾကာင္း ဗြီဒီယိုထဲတြင္ ေတြ႔ရသည္)

ထိုဗြီဒီယိုကို ရိုက္ကူးႏိုင္ရန္ FBK မွ ဝန္ထမ္းမ်ားသည္ ပင္လယ္နက္အတြင္း ေလွတစ္စင္းျဖင့္ ထြက္ခြာခဲ့ျပီး အေဆာက္အအံုအေပၚ drone လႊတ္ကာ ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

ဗြီဒီယိုထဲတြင္ Navalny က ေနာက္ခံစကားေျပာေပးထားသည္။ ခမ္းနားလွေသာ စံအိမ္ၾကီးအျပင္ ရဟတ္ယာဥ္ကြင္း ၂ ခု၊ ေျမေအာက္ေဟာ္ကီကြင္း၊ ဘုရားေက်ာင္းတစ္ခု၊ ပန္းပုရုပ္ဥယ်ာဥ္၊ လက္စ မသတ္ေသးေသာ အမိုးမဲ့ ပြဲၾကည့္စင္တစ္ခု၊ ရုကၡေဗဒဥယ်ာဥ္တစ္ခုႏွင့္ ပ်ဳိးခင္းေနရာတို႔အျပင္ စတုရန္းေပ ၂၇၀၀၀ အထိ က်ယ္ဝန္းေသာ ဧည့္ေဂဟာသို႔ ဦးတည္သြားေသာ အလ်ား ၂၆၀ ေပရွိ တံတားတစ္ခုတုိ႔ကို ခမ္းနားထည္ဝါစြာ ေတြ႔ရသည္။

ပင္မစံအိမ္တြင္ အိပ္ခန္း ၁၁ ခန္း၊ ဧည့္ခန္းႏွင့္ ညစာစားခန္းေနရာမ်ားစြာ၊ သီးသန္႔ရုပ္ရွင္ရံုတစ္ခု၊ လာ့စ္ဗီးဂပ္စ္ ဟန္ ကာစီႏိုကစားဝိုင္းေနရာ၊ ေရကူးကန္တစ္ခု၊ ေခၽြးထုတ္ခန္း၊ တူရကီေရစိမ္ကန္၊ ေကာ့ေတးေနရာ၊ အားကစား ေလ့က်င့္ခန္းမႏွင့္ ဝန္ထမ္းေဆာင္မ်ား ပါဝင္ေၾကာင္း Navalny ၏ ေျပာၾကားခ်က္တြင္ ပါဝင္သည္။

ပင္လယ္ကို စီးမိုးေတြ႔ျမင္ေနရသည့္ ေခ်ာက္ကမ္းပါးေဘးတြင္ ေျမေအာက္ အရက္ျမည္းစမ္းခန္းတစ္ခုပင္ ေဆာက္လုပ္ထားေသးသည္။

ရိုက္တာသတင္းဌာနက ၂၀၁၄ ခုႏွစ္အတြင္းျပဳလုပ္ခဲ့သည့္ စံုစမ္းခ်က္အရ သမၼတပူတင္၏ ရင္းႏွီးေသာ ခ်မ္းသာၾကြယ္ဝသူ ၂ ဦးက ကုမၸဏီတစ္ခုထံ ေငြမ်ား တရားမဝင္လႊဲေျပာင္းေပးခဲ့ျပီး ပင္လယ္နက္ေဒသမွ ယခုစံအိမ္ကို ေဆာက္လုပ္ရာတြင္ ကူညီခဲ့သည္ဟု ဆိုသည္။

ပူတင္၏ လွ်ိဳ႕ဝွက္နန္းေတာ္သည္ ႏွစ္ေပါင္းမ်ားစြာ လူတုိ႔စိတ္ဝင္စားသည့္အေၾကာင္းရပ္ ျဖစ္ေနခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္အတြင္း ရုရွားစီးပြားေရးလုပ္ငန္းရွင္ ဆာဂ်ီ ကိုလက္စ္နီေကာ့ဗ္က ထုိစဥ္က ရုရွားသမၼတျဖစ္သူ ဒီမီထရိ မက္ဗီဒက္ထံ ေပးစာတစ္ေစာင္ ေရးသားေပးပို႔ဖူးသည္။

ေပးစာအတြင္း ေဖာ္ျပထားသည္မွာ ပူတင္၏ မိတ္ေဆြတစ္ဦးက ပင္လယ္နက္ေဒသတြင္ ပူတင္အတြက္ ခမ္းနားထည္ဝါလွေသာ စံအိမ္ၾကီးတစ္လံုး ေဆာက္လုပ္ေနေၾကာင္း ေရးသားခဲ့ဖူးသည္။

သမၼတပူတင္၏ တရားဝင္ရံုးစိုက္ရာမွာ ကရင္မလင္နန္းေတာ္ျဖစ္ျပီး ေမာ္စကိုျမိဳ႕လယ္တြင္ အခိုင္အမာေဆာက္လုပ္ထားသည့္ အေဆာက္အအံုဝန္းၾကီးျဖစ္သည္။

ကရင္မလင္နန္းေတာ္တြင္ အေဆာက္အအံုေပါင္း ၁၅ လံုးေက်ာ္၊ ေမွ်ာ္စင္ေပါင္း ၂၀ ႏွင့္ ထု ၂၁ ေပ ထူထဲေသာ နံရံတံတိုင္း ၁ ဒသမ ၅ မိုင္က ဝန္းပတ္ထားသည္။

အေမရိကန္ႏွင့္ မတူသည့္အခ်က္မွာ အေမရိကန္တြင္ဆိုလွ်င္ သမၼတသည္ အိမ္ျဖဴေတာ္တြင္ ေနထုိင္၊ ရံုးထိုင္ေသာ္လည္း ရုရွားသမၼတမွာမူ ကရင္မလင္နန္းေတာ္တြင္ ေနထိုင္ျခင္း မျပဳေပ။

သမၼတပူတင္ေနထိုင္သည့္ေနရာမွာ ေမာ္စကိုျမိဳ႕ေတာ္၏ အေနာက္ဘက္ Rublyovka တြင္ တည္ရွိေသာ Novo Ogoryevo အမည္ရွိ စံအိမ္ျဖစ္ျပီး ျမင့္မားသည့္ အုတ္တံတိုင္းၾကီးမ်ားခတ္ထားကာ အေစာင့္မ်ားက ကင္းလွည့္ေပးလ်က္ရွိသည္။

FBK ၏ ဗြီဒီယိုတြင္ ေဖာ္ျပခ်က္အရ Rublyovka အရပ္ရွိ အခမ္းနားဆံုးစံအိမ္သည္ပင္လွ်င္ ပင္လယ္နက္မွ စံအိမ္ႏွင့္ယွဥ္လွ်င္ အဆေပါင္းမ်ားစြာ က်ဥ္းေျမာင္းသည္ဟု ဆိုသည္။

ရုရွားသမၼတပူတင္၏ ၾကြယ္ဝမႈမွာ ပု စၦာတစ္ရပ္အေနျဖင့္သာ ရွိေနသည္။

ဘလြန္းဘာ့ႏွင့္ ေဖာ့ဘ္မဂၢဇင္းၾကီးမ်ား၏ ကမၻာ့အခ်မး္သာဆံုးပုဂၢိဳလ္မ်ားစာရင္းတြင္ သမၼတပူတင္ ပါဝင္ဖူးျခင္း မရွိေခ်။

သို႔ေသာ္ ၂၀၁၇ ခုႏွစ္အတြင္း အေမရိကန္အထက္လႊတ္ေတာ္တြင္ ၾကားနာခ်က္အရ ပူတင္အေပၚ ေဝဖန္မႈမ်ား ျပဳလုပ္တတ္သူ Bill Browder ၏ ခန္႔မွန္းခ်က္အရ ရုရွားသမၼတပူတင္သည္ ကန္ေဒၚလာ ၂၀၀ ဘီလီယံခန္႔ ခ်မ္းသာၾကြယ္ဝေနျပီး ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္ေၾကာင္း ထြက္ဆိုခဲ့ဖူးသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Drone footage purports to show Vladimir Putin's secret $1.4 billion palace on Russia's Black Sea (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service