မိုးတွင်းမှာ ဘေးကင်းစွာနေဖို့ အကြံပြုချက် (၈) ချက်

မိုးတွင်းမှာ ဘေးကင်းစွာနေဖို့ အကြံပြုချက် (၈) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
1 Jun 2022 12:24 pm တွင် တင်ခဲ့သည်
1047 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မိုးရွာသံကြားရခြင်း၊ မြေသင်းနံ့ရှူရှိုက်ရခြင်းနဲ့ ပွင့်လာတဲ့ပန်းပွင့်တွေနဲ့ပနံရတင့်တယ်နေတဲ့ စိမ်းလန်းစိုပြေတဲ့သစ်ပင်တွေမြင်တွေ့ရခြင်းတို့ကို ဘယ်သူတွေကများ မကြိုက်နှစ်သက်ကြပါလိမ့်။ ဟုတ်ကဲ့၊ တကယ်တော့ မုတ်သုံမိုးရာသီကို ကြိုက်နှစ်သက်ဖို့ရာ အကြောင်းရင်းများစွာ ရှိပါတယ်။

အရေးပါဆုံးအကြောင်းရင်းတစ်ခုကတော့ မိုးဆိုတာ ခြစ်ခြစ်တောက်ပူပြင်းလှတဲ့ နွေအပူကုန်ဆုံးခြင်းကို ညွှန်ပြခြင်းနဲ့ ပူစပ်ပူလောင်အိုက်စပ်လှတဲ့နွေဒဏ်ကနေ များစွာသက်သာရာရစေခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီစိုစိုစွတ်စွတ်ရာသီဟာ အထူးသဖြင့် ကြိုတင်ပြင်ဆင်မှုမရှိထားဘူးဆိုရင် လမ်းမတော်တဆမှုတွေကနေ ဓာတ်အားပြတ်တောက်မှုတွေအထိ ဒုက္ခပြဿနာများစွာကို အတော်လေးဖြစ်စေနိုင်ပါတယ်။

 

ဒါကြောင့် အကယ်၍ သင့်အနေနဲ့ ဒီနှစ်မိုးတွင်းကို ကံမကောင်းတဲ့ ဘယ်ဖြစ်ရပ်မှ မကြုံဆုံရဘဲ ဖြတ်သန်းချင်တယ်ဆိုရင် အောက်ဖော်ပြပါလေးတွေကတော့ သင့်အနေနဲ့ လိုက်ကိုလိုက်နာရမယ့် ထိရောက်ရိုးရှင်းတဲ့ မိုးရာသီဘေးကင်းလုံခြုံရေးအကြံပြုချက်လေးတွေပဲဖြစ်ပါတယ်။

မိုးရာသီအတွက် လိုအပ်သော ဘေးကင်းလုံခြုံရေးအကြံပြုချက်များ

ဤအချက်တွေကတော့ သင်နဲ့သင့်မိသားစုကို ဘေးမသီရန်မခံစေဖို့ ကူညီပေးမယ့် မုတ်ရာသီဘေးကင်းလုံခြုံရေးသတိပေးချက်အချို့ဖြစ်ပါတယ်။

၁။ လျှပ်စစ်ကြိုးများအား မထိရ

မိုးတွင်းကာလအတွက် အရေးကြီးဆုံးဘေးကင်းလုံခြုံရေးအကြံပြုချက်တစ်ခုကတော့ လျှပ်စစ်ဝိုင်ယာကြိုးတွေနဲ့ ဝေးဝေးနေဖို့ပါပဲ၊ အထူးသဖြင့် ပြတ်လုဆဲဆဲဖြစ်နေတဲ့ကြိုးတွေ၊ ဓာတ်တိုင်ကနေ တွဲလောင်းကျနေ၊ ပြုတ်ကျနေတဲ့ ကြိုးတွေကနေပဲ ဖြစ်ပါတယ်။ ဒီကြိုးတွေမှာ လျှပ်စစ်ဓာတ်ရှိနေဆဲဖြစ်တာကြောင့် သူတို့ကို သွားထိမိခြင်းက အသက်ကိုပင်သေစေနိုင်ပါတယ်။

အကယ်၍ သင့်မှာ ကလေးတွေ ရှိတယ်ဆိုရင် လျှပ်စစ်မီးကြိုးတွေ၊ ဓာတ်တိုင်တွေနဲ့ ဝေးဝေးနေဖို့အတွက် ကလေးတွေကို အသိပညာပေးပါ။ အကယ်၍ ဒီဝိုင်ယာကြိုးတွေက ရေအိုင်ထဲကျနေတယ်ဆိုရင်လည်း အဲဒီရေအိုင်နဲ့ဝေးနိုင်သမျှဝေးဝေးနေပါ၊ ဘာကြောင့်လဲဆိုတော့ အဲဒီရေအိုင်ထဲ ခြေထောက်ဝင်ထိမိရင်တောင်မှ ဓာတ်လိုက်နိုင်လို့ပါပဲ။

ဒါ့အပြင် မိုးရာသီမှာ ဓာတ်အားကြိုး၊ ဓာတ်တိုင်ရဲ့ အောက်တည့်တည့် (သို့) ဘေးကပ်လျက် ယာဉ်ရပ်နားခြင်းကိုလည်း မပြုလုပ်ပါနဲ့။ အဆောက်အအုံတွေရဲ့ တံခါးက လျှပ်စစ်ခေါင်းလောင်းတွေကို မိုးရေစီးဆင်းနေချိန်၊ ရေစိုစွတ်နေချိန်မှာ ခေါင်းလောင်းနှိပ်ခြင်းကိုလည်း ရှောင်ကြဉ်ပါ။

၂။ မိုးရေထဲ လမ်းမလျှောက်ရ

မိုးရေထဲလမ်းလျှောက်ရခြင်း (သို့) ရေအိုင်ထဲ ခုန်ပေါက်ရခြင်းတွေဟာ ပျော်စရာကောင်းကောင်းရနိုင်ပါတယ်၊ အထူးသဖြင့် ဒီလိုအခွင့်အခါနဲ့ကြုံကြိုက်ရခြင်းနည်းပါးကာ စိတ်လွတ်ကိုယ်လွတ်ပြုမူခွင့်ရချိန်တွေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း သတိပြုဆင်ခြင်ရမယ့်အချက်တစ်ချက်ကတော့ လမ်းပေါ်မှာ အိုင်နေတဲ့ရေနဲ့ ဝေးဝေးနေဖို့ပဲဖြစ်ပါတယ်။ ဒီလိုရေအိုင်တွေဟာ အမြင်အားဖြင့် သန့်စင်တယ်ထင်ရပေမဲ့ တကယ်တမ်းကျ သူတို့မှာ ကူးစက်ရောဂါတွေနဲ့ မှိုယားနားကူးစက်မှုတွေ ဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားတွေ များစွာပါဝင်ပါတယ်။ အခြားသူတွေထက် ဆီးချိုရောဂါဝေဒနာရှင်တွေက ပိုပြီးတော့တောင် အန္တရာယ်ကြီးမားပါတယ်။

အကယ်၍ သင်သွားမယ့်နေရာကိုရောက်ဖို့ အဲဒီလိုရေအိုင်ကို မဖြစ်မနေနင်းဖြတ်တာကလွဲပြီး အခြားရွေးချယ်စရာမရှိပါက သင့်ခြေထောက်ကို ဆပ်ပြာ၊ သန့်စင်တဲ့ရေရယ်နဲ့ နှံ့နှံ့စပ်စပ်သေချာပြန်ဆေးကြောပေးပါ။ စိုစွတ်နေတဲ့ ခြေအိတ်တွေ၊ စိုစွတ်နေတဲ့ အလုံပိတ်ဖိနပ်တွေကိုလည်း မစီးပါနဲ့၊ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဖိနပ်တွေမှာ ပိုးမွှားပေါင်းစုံပါဝင်နေနိုင်လို့ပါပဲ။

ရာဘာလည်ရှည်ဖိနပ်၊ လုံခြုံတဲ့ဖိနပ်စီးခြင်းကလည်း မုတ်သုံရာသီမှာ ဘေးကင်းကင်းနေနိုင်ဖို့အတွက် ထိပ်တန်းအကြံပြုချက်တစ်ချက်ဖြစ်ပါတယ်။

၃။ ခြင်သတိပြုပါ

မိုးတွင်းရောက်ပြီးဆိုရင် ခြင်နဲ့အခြားပိုးကောင်ဖျက်ကောင်တွေကို သတိပြုရမှာကလည်း ထိပ်တန်းအဆင့်ဖြစ်တာ အသေအချာပါ။

ခြင်တွေဟာ ရေသေတွေမှာ ဥဥကြတာကြောင့် မုတ်သုံရာသီဟာ ခြင်အပေါက်ဖွားဆုံးရာသီဖြစ်ရခြင်းပဲဖြစ်ပါတယ်။

ခြင်တွေဟာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ အခြားရောဂါတွေကို ကူးစက်စေနိုင်တာကြောင့် လျှပ်စစ်ဓာတ်အားသုံးခြင်ပြေးစက်၊ ခြင်ဆေးခွေ စသဖြင့် အသုံးပြုဖို့ စဉ်းကို စဉ်းစားရပါမယ်။ အင်းဆက်ပြေးစေတဲ့ စပရေးဖျန်းဆေးရည်တွေကလည်း အံ့အားသင့်စရာကောင်းလောက်အောင် အစွမ်းပြနိုင်ပါတယ်၊ ဆေးရည်ငွေ့ကို တိုက်ရိုက်မရှူရှိုက်မိစေဖို့တော့ လိုတာပေါ့နော်။

ဒါ့အပြင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေဝတ်ကာ ဖြစ်နိုင်ရင် အမှောင်ထဲ အပြင်ဘက်မှာ မထိုင်ပါနဲ့။ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေ တပ်ဆင်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။

၄။ ဖြည်းဖြည်းနှင့်‌ဘေးကင်းစွာ ယာဉ်မောင်းနှင်ပါ

လမ်းမတော်တဆမှု၊ ယာဉ်မတော်တဆမှုတွေဟာ မိုးတွင်းမှာ အဖြစ်အများဆုံးပါပဲ။ ဒါကြောင့် ယာဉ်မောင်းနှင်သူတွေအနေနဲ့ ဒီရာသီမှာ အထူးသတိထားဖို့ လိုအပ်ပါတယ်။

ယာဉ်ကြီးတွေနဲ့ ဝေးဝေးမောင်းကာ မိုးရေထဲမှာလည်း သင့်ယာဉ်ကို မြင်သာအောင် ရှေ့မီးဖွင့်မောင်းပါ။

ယာဉ်မမောင်းခင် လောင်စာဆီ၊ ဘရိတ်၊ တာယာနဲ့ ဝိုင်ဘာ (wiper) တွေကို စစ်ဆေးဖို့ကိုလည်း မမေ့ပါနဲ့။

၅။ အီလက်ထရောနစ်ပစ္စည်းများအား ပလပ်ဖြုတ်ထားပါ

ဝိုင်ယာကြိုးတွေကို မထိမကိုင်ရဆိုတဲ့အချက်အပြင် မိုးတွင်းမှာ လျှပ်စစ်ဘေးအန္တရာယ်ကင်းဝေးစေရေးအကြံပြုချက်တစ်ချက်ကတော့ မိုးသည်းထန်စွာရွာသွန်းချိန်မှာ အီလက်ထ‌ရောနစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ဖို့ပါပဲ။ အကြောင်းရင်းကတော့ ဗို့အားမတည်မငြိမ်ဖြစ်ခြင်းနဲ့ လျှပ်စစ်ဓာတ်အားလျော့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဗို့အား အလွန်အကျွံ နည်းခြင်း (သို့) များခြင်းဟာ သင့်ရဲ့အဖိုးတန်အီလက်ထရောနစ်အသုံးအဆောင်ပစ္စည်းတွေကို ပျက်စီးစေနိုင်ပါတယ်။

ဒါ့အပြင် မိုးရေကြောင့်၊ လေထုစိုထိုင်းမှုကြောင့် သင့်ဝိုင်ယာကြိုးတွေ စိုစွတ်ကုန်ရင်လည်း အဲဒီအီလက်ထရောနစ်ပစ္စည်းတွေကို ကိုင်မိသူအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မိုးသည်းထန်ပြီဆိုရင် အဲဒီစက်ပစ္စည်းတွေအားလုံးကို ခလုတ်ပိတ်ထားဖို့၊ ပလပ်ဖြုတ်ထားဖို့ အကြံပြုတာပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ရေခဲသေတ္တာနဲ့ တီဗီလိုမျိုး အီလက်ထရောနစ်ပစ္စည်းတွေကို မိုးတွင်းအခါမှာ ပြတင်းပေါက်တွေနဲ့ ဝေးဝေးထားဖို့ စဉ်းစားပါ။

၆။ ပြတင်းပေါက်များအား သေချာပိတ်ပါ

ဒီအချက်ကတော့ မပြောလည်းဘဲ လူတိုင်းဆောင်ရွက်ကြတဲ့အချက်ဖြစ်ပါတယ်။ မိုးရေတွေ အိမ်ထဲမဝင်လာနိုင်အောင်နဲ့ ခြင်နဲ့ အခြားပိုးကောင်တွေပါ အိမ်ထဲ မကျူးကျော်လာနိုင်အောင် မိုးရွာပြီဆို ပြတင်းပေါက်တွေပိတ်ကြတာပဲဖြစ်ပါတယ်။ တကယ်၍ သင့်ပြတင်းပေါက်က ပိတ်ရအဆင်မပြေ၊ မလုံဘူးဆိုရင် လက်သမားခေါ်ကာ အတတ်နိုင်ဆုံးကောင်းအောင် ပြင်ဆင်ပါ။

၇။ ထီးနှင့်မိုးကာ ဆောင်ထားပါ

မိုးတွင်းမှာ အပြင်ထွက်တိုင်း ထီးနဲ့မိုးကာကို ဆောင်ပါ။ ဒီအကျင့်က သင့်ကို အအေးမိဖျားနာခြင်းမှ ကာကွယ်ပေးရုံသာမက မိုဘိုင်းဖုန်း၊ ခေါက်ပိုက်ဆံအိတ်နဲ့ ကတ်တွေလိုမျိုး သင့်အဖိုးတန်ပစ္စည်းတွေကိုပါ မိုးရေမစိုအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် မိုးတွင်းအပြင်ထွက်ရင် ပလတ်စတစ်အိတ်လေးတွေပါ ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကယ်၍ သင်မိုးမိရင်တောင်မှ သင့်လက်ကိုင်အိတ် (သို့) ကျောပိုးအိတ် စတာတွေကို မိုးရေစိုပြီး ပျက်စီးမှာ စိတ်ပူစရာမလိုတော့ပါဘူး။

၈။ အရေးပေါ်အိတ်ပြင်ထားပါ

လျှပ်စစ်မီးပြတ်ခြင်းနဲ့ ရေကြီးခြင်းတွေဟာ မိုးတွင်းကာလဟာရဲ့ ဒုက္ခအများဆုံးအပိုင်းပဲဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်တွေကို သင့်အနေနဲ့ မတွန်းလှန်နိုင်၊ ကြိုတင်မခန့်မှန်းနိုင်တာကြောင့်ကြိုတင်ပြင်ဆင်မှုရှိထားတာ အကောင်းဆုံးပါ၊ အထူးသဖြင့် အဲဒီဒုက္ခတွေကြုံတွေရနိုင်ခြေရှိတဲ့ အရပ်မှာ နေထိုင်တယ်ဆိုရင်ပေါ့။

ဒါကြောင့် အဲဒီလို အခြေအနေနဲ့ ကြုံရပါက အသက်သာဆုံးဖြတ်သန်းနိုင်စေဖို့ အောက်ပါပစ္စည်းတွေကို သင့်ရဲ့အရေးပေါ်အိတ်ထဲ ပါဝင်စေရပါမယ်။

- သန့်စင်သောရေ

- ခြင်ပြေးဆေးခရင်မ်/လိမ်းဆေး

- အပူချိန်တိုင်းကိရိယာ

- ပတ်တီးနှင့် ဂွမ်းဖတ်

- အနာလိမ်းဆေး

- ဆေးဝါးများ

- မပုပ်မသိုးနိုင်သောအစားအစာများ

- ဘက်ထရီအခြေပြု အရေးပေါ်ဓာတ်မီး

- တစ်ကိုယ်စာအဝတ်များနှင့်ခြေအိတ်များ

iMyanmarHouse.com ကို ယုံကြည်အားပေးသူ၊ စာရှုသူအားလုံး မိုးတွင်းကာလအခါသမယကို ဘေးမသီရန်မခ ဖြတ်သန်းဆင်နွှဲနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 8 Essential Tips on How to Stay Safe During the Rainy Season (zameen)

 

 

[Zawgyi]

မိုးတြင္းမွာ ေဘးကင္းစြာေနဖို႔ အၾကံျပဳခ်က္ (၈) ခ်က္

 

မိုး႐ြာသံၾကားရျခင္း၊ ေျမသင္းနံ႔႐ွဴ႐ိႈက္ရျခင္းနဲ႔ ပြင့္လာတဲ့ပန္းပြင့္ေတြနဲ႔ပနံရတင့္တယ္ေနတဲ့ စိမ္းလန္းစိုေျပတဲ့သစ္ပင္ေတြျမင္ေတြ႕ရျခင္းတို႔ကို ဘယ္သူေတြကမ်ား မႀကိဳက္ႏွစ္သက္ၾကပါလိမ့္။ ဟုတ္ကဲ့၊ တကယ္ေတာ့ မုတ္သုံမိုးရာသီကို ႀကိဳက္ႏွစ္သက္ဖို႔ရာ အေၾကာင္းရင္းမ်ားစြာ ႐ွိပါတယ္။

အေရးပါဆုံးအေၾကာင္းရင္းတစ္ခုကေတာ့ မိုးဆိုတာ ျခစ္ျခစ္ေတာက္ပူျပင္းလွတဲ့ ေႏြအပူကုန္ဆုံးျခင္းကို ၫႊန္ျပျခင္းနဲ႔ ပူစပ္ပူေလာင္အိုက္စပ္လွတဲ့ေႏြဒဏ္ကေန မ်ားစြာသက္သာရာရေစျခင္းပဲျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဒီစိုစိုစြတ္စြတ္ရာသီဟာ အထူးသျဖင့္ ႀကိဳတင္ျပင္ဆင္မႈမ႐ွိထားဘူးဆိုရင္ လမ္းမေတာ္တဆမႈေတြကေန ဓာတ္အားျပတ္ေတာက္မႈေတြအထိ ဒုကၡျပႆနာမ်ားစြာကို အေတာ္ေလးျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ အကယ္၍ သင့္အေနနဲ႔ ဒီႏွစ္မိုးတြင္းကို ကံမေကာင္းတဲ့ ဘယ္ျဖစ္ရပ္မွ မၾကဳံဆုံရဘဲ ျဖတ္သန္းခ်င္တယ္ဆိုရင္ ေအာက္ေဖာ္ျပပါေလးေတြကေတာ့ သင့္အေနနဲ႔ လိုက္ကိုလိုက္နာရမယ့္ ထိေရာက္႐ိုး႐ွင္းတဲ့ မိုးရာသီေဘးကင္းလုံျခဳံေရးအၾကံျပဳခ်က္ေလးေတြပဲျဖစ္ပါတယ္။

မိုးရာသီအတြက္ လိုအပ္ေသာ ေဘးကင္းလုံျခဳံေရးအၾကံျပဳခ်က္မ်ား

ဤအခ်က္ေတြကေတာ့ သင္နဲ႔သင့္မိသားစုကို ေဘးမသီရန္မခံေစဖို႔ ကူညီေပးမယ့္ မုတ္ရာသီေဘးကင္းလုံျခဳံေရးသတိေပးခ်က္အခ်ိဳ႕ျဖစ္ပါတယ္။

၁။ လွ်ပ္စစ္ႀကိဳးမ်ားအား မထိရ

မိုးတြင္းကာလအတြက္ အေရးႀကီးဆုံးေဘးကင္းလုံျခဳံေရးအၾကံျပဳခ်က္တစ္ခုကေတာ့ လွ်ပ္စစ္ဝိုင္ယာႀကိဳးေတြနဲ႔ ေဝးေဝးေနဖို႔ပါပဲ၊ အထူးသျဖင့္ ျပတ္လုဆဲဆဲျဖစ္ေနတဲ့ႀကိဳးေတြ၊ ဓာတ္တိုင္ကေန တြဲေလာင္းက်ေန၊ ျပဳတ္က်ေနတဲ့ ႀကိဳးေတြကေနပဲ ျဖစ္ပါတယ္။ ဒီႀကိဳးေတြမွာ လွ်ပ္စစ္ဓာတ္႐ွိေနဆဲျဖစ္တာေၾကာင့္ သူတို႔ကို သြားထိမိျခင္းက အသက္ကိုပင္ေသေစႏိုင္ပါတယ္။

အကယ္၍ သင့္မွာ ကေလးေတြ ႐ွိတယ္ဆိုရင္ လွ်ပ္စစ္မီးႀကိဳးေတြ၊ ဓာတ္တိုင္ေတြနဲ႔ ေဝးေဝးေနဖို႔အတြက္ ကေလးေတြကို အသိပညာေပးပါ။ အကယ္၍ ဒီဝိုင္ယာႀကိဳးေတြက ေရအိုင္ထဲက်ေနတယ္ဆိုရင္လည္း အဲဒီေရအိုင္နဲ႔ေဝးႏိုင္သမွ်ေဝးေဝးေနပါ၊ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီေရအိုင္ထဲ ေျခေထာက္ဝင္ထိမိရင္ေတာင္မွ ဓာတ္လိုက္ႏိုင္လို႔ပါပဲ။

ဒါ့အျပင္ မိုးရာသီမွာ ဓာတ္အားႀကိဳး၊ ဓာတ္တိုင္ရဲ႕ ေအာက္တည့္တည့္ (သို႔) ေဘးကပ္လ်က္ ယာဥ္ရပ္နားျခင္းကိုလည္း မျပဳလုပ္ပါနဲ႔။ အေဆာက္အအုံေတြရဲ႕ တံခါးက လွ်ပ္စစ္ေခါင္းေလာင္းေတြကို မိုးေရစီးဆင္းေနခ်ိန္၊ ေရစိုစြတ္ေနခ်ိန္မွာ ေခါင္းေလာင္းႏွိပ္ျခင္းကိုလည္း ေ႐ွာင္ၾကဥ္ပါ။

၂။ မိုးေရထဲ လမ္းမေလွ်ာက္ရ

မိုးေရထဲလမ္းေလွ်ာက္ရျခင္း (သို႔) ေရအိုင္ထဲ ခုန္ေပါက္ရျခင္းေတြဟာ ေပ်ာ္စရာေကာင္းေကာင္းရႏိုင္ပါတယ္၊ အထူးသျဖင့္ ဒီလိုအခြင့္အခါနဲ႔ၾကဳံႀကိဳက္ရျခင္းနည္းပါးကာ စိတ္လြတ္ကိုယ္လြတ္ျပဳမူခြင့္ရခ်ိန္ေတြမွာပဲျဖစ္ပါတယ္။ ဒါေပမဲ့လည္း သတိျပဳဆင္ျခင္ရမယ့္အခ်က္တစ္ခ်က္ကေတာ့ လမ္းေပၚမွာ အိုင္ေနတဲ့ေရနဲ႔ ေဝးေဝးေနဖို႔ပဲျဖစ္ပါတယ္။ ဒီလိုေရအိုင္ေတြဟာ အျမင္အားျဖင့္ သန္႔စင္တယ္ထင္ရေပမဲ့ တကယ္တမ္းက် သူတို႔မွာ ကူးစက္ေရာဂါေတြနဲ႔ မိႈယားနားကူးစက္မႈေတြ ျဖစ္ေစႏိုင္တဲ့ ဗက္တီးရီးယားေတြ မ်ားစြာပါဝင္ပါတယ္။ အျခားသူေတြထက္ ဆီးခ်ိဳေရာဂါေဝဒနာ႐ွင္ေတြက ပိုၿပီးေတာ့ေတာင္ အႏၲရာယ္ႀကီးမားပါတယ္။

အကယ္၍ သင္သြားမယ့္ေနရာကိုေရာက္ဖို႔ အဲဒီလိုေရအိုင္ကို မျဖစ္မေနနင္းျဖတ္တာကလြဲၿပီး အျခားေ႐ြးခ်ယ္စရာမ႐ွိပါက သင့္ေျခေထာက္ကို ဆပ္ျပာ၊ သန္႔စင္တဲ့ေရရယ္နဲ႔ ႏွံ႔ႏွံ႔စပ္စပ္ေသခ်ာျပန္ေဆးေၾကာေပးပါ။ စိုစြတ္ေနတဲ့ ေျခအိတ္ေတြ၊ စိုစြတ္ေနတဲ့ အလုံပိတ္ဖိနပ္ေတြကိုလည္း မစီးပါနဲ႔၊ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီလိုဖိနပ္ေတြမွာ ပိုးမႊားေပါင္းစုံပါဝင္ေနႏိုင္လို႔ပါပဲ။

ရာဘာလည္႐ွည္ဖိနပ္၊ လုံျခဳံတဲ့ဖိနပ္စီးျခင္းကလည္း မုတ္သုံရာသီမွာ ေဘးကင္းကင္းေနႏိုင္ဖို႔အတြက္ ထိပ္တန္းအၾကံျပဳခ်က္တစ္ခ်က္ျဖစ္ပါတယ္။

၃။ ျခင္သတိျပဳပါ

မိုးတြင္းေရာက္ၿပီးဆိုရင္ ျခင္နဲ႔အျခားပိုးေကာင္ဖ်က္ေကာင္ေတြကို သတိျပဳရမွာကလည္း ထိပ္တန္းအဆင့္ျဖစ္တာ အေသအခ်ာပါ။

ျခင္ေတြဟာ ေရေသေတြမွာ ဥဥၾကတာေၾကာင့္ မုတ္သုံရာသီဟာ ျခင္အေပါက္ဖြားဆုံးရာသီျဖစ္ရျခင္းပဲျဖစ္ပါတယ္။

ျခင္ေတြဟာ ငွက္ဖ်ား၊ ေသြးလြန္တုပ္ေကြးနဲ႔ အျခားေရာဂါေတြကို ကူးစက္ေစႏိုင္တာေၾကာင့္ လွ်ပ္စစ္ဓာတ္အားသုံးျခင္ေျပးစက္၊ ျခင္ေဆးေခြ စသျဖင့္ အသုံးျပဳဖို႔ စဥ္းကို စဥ္းစားရပါမယ္။ အင္းဆက္ေျပးေစတဲ့ စပေရးဖ်န္းေဆးရည္ေတြကလည္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ အစြမ္းျပႏိုင္ပါတယ္၊ ေဆးရည္ေငြ႕ကို တိုက္႐ိုက္မ႐ွဴ႐ိႈက္မိေစဖို႔ေတာ့ လိုတာေပါ့ေနာ္။

ဒါ့အျပင္ အက်ႌလက္႐ွည္၊ ေဘာင္းဘီ႐ွည္ေတြဝတ္ကာ ျဖစ္ႏိုင္ရင္ အေမွာင္ထဲ အျပင္ဘက္မွာ မထိုင္ပါနဲ႔။ ျပတင္းေပါက္ေတြမွာ ျခင္လုံဇကာေတြ တပ္ဆင္ပါ။ ျခင္ေထာင္ေထာင္အိပ္ပါ။

၄။ ျဖည္းျဖည္းႏွင့္‌ေဘးကင္းစြာ ယာဥ္ေမာင္းႏွင္ပါ

လမ္းမေတာ္တဆမႈ၊ ယာဥ္မေတာ္တဆမႈေတြဟာ မိုးတြင္းမွာ အျဖစ္အမ်ားဆုံးပါပဲ။ ဒါေၾကာင့္ ယာဥ္ေမာင္းႏွင္သူေတြအေနနဲ႔ ဒီရာသီမွာ အထူးသတိထားဖို႔ လိုအပ္ပါတယ္။

ယာဥ္ႀကီးေတြနဲ႔ ေဝးေဝးေမာင္းကာ မိုးေရထဲမွာလည္း သင့္ယာဥ္ကို ျမင္သာေအာင္ ေ႐ွ႕မီးဖြင့္ေမာင္းပါ။

ယာဥ္မေမာင္းခင္ ေလာင္စာဆီ၊ ဘရိတ္၊ တာယာနဲ႔ ဝိုင္ဘာ (wiper) ေတြကို စစ္ေဆးဖို႔ကိုလည္း မေမ့ပါနဲ႔။

၅။ အီလက္ထေရာနစ္ပစၥည္းမ်ားအား ပလပ္ျဖဳတ္ထားပါ

ဝိုင္ယာႀကိဳးေတြကို မထိမကိုင္ရဆိုတဲ့အခ်က္အျပင္ မိုးတြင္းမွာ လွ်ပ္စစ္ေဘးအႏၲရာယ္ကင္းေဝးေစေရးအၾကံျပဳခ်က္တစ္ခ်က္ကေတာ့ မိုးသည္းထန္စြာ႐ြာသြန္းခ်ိန္မွာ အီလက္ထ‌ေရာနစ္ပစၥည္းေတြကို ပလပ္ျဖဳတ္ဖို႔ပါပဲ။ အေၾကာင္းရင္းကေတာ့ ဗို႔အားမတည္မၿငိမ္ျဖစ္ျခင္းနဲ႔ လွ်ပ္စစ္ဓာတ္အားေလ်ာ့ျခင္းေၾကာင့္ပဲျဖစ္ပါတယ္။ ဗို႔အား အလြန္အကြၽံ နည္းျခင္း (သို႔) မ်ားျခင္းဟာ သင့္ရဲ႕အဖိုးတန္အီလက္ထေရာနစ္အသုံးအေဆာင္ပစၥည္းေတြကို ပ်က္စီးေစႏိုင္ပါတယ္။

ဒါ့အျပင္ မိုးေရေၾကာင့္၊ ေလထုစိုထိုင္းမႈေၾကာင့္ သင့္ဝိုင္ယာႀကိဳးေတြ စိုစြတ္ကုန္ရင္လည္း အဲဒီအီလက္ထေရာနစ္ပစၥည္းေတြကို ကိုင္မိသူအတြက္ အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ မိုးသည္းထန္ၿပီဆိုရင္ အဲဒီစက္ပစၥည္းေတြအားလုံးကို ခလုတ္ပိတ္ထားဖို႔၊ ပလပ္ျဖဳတ္ထားဖို႔ အၾကံျပဳတာပဲျဖစ္ပါတယ္။ ျဖစ္ႏိုင္ရင္ ေရခဲေသတၱာနဲ႔ တီဗီလိုမ်ိဳး အီလက္ထေရာနစ္ပစၥည္းေတြကို မိုးတြင္းအခါမွာ ျပတင္းေပါက္ေတြနဲ႔ ေဝးေဝးထားဖို႔ စဥ္းစားပါ။

၆။ ျပတင္းေပါက္မ်ားအား ေသခ်ာပိတ္ပါ

ဒီအခ်က္ကေတာ့ မေျပာလည္းဘဲ လူတိုင္းေဆာင္႐ြက္ၾကတဲ့အခ်က္ျဖစ္ပါတယ္။ မိုးေရေတြ အိမ္ထဲမဝင္လာႏိုင္ေအာင္နဲ႔ ျခင္နဲ႔ အျခားပိုးေကာင္ေတြပါ အိမ္ထဲ မက်ဴးေက်ာ္လာႏိုင္ေအာင္ မိုး႐ြာၿပီဆို ျပတင္းေပါက္ေတြပိတ္ၾကတာပဲျဖစ္ပါတယ္။ တကယ္၍ သင့္ျပတင္းေပါက္က ပိတ္ရအဆင္မေျပ၊ မလုံဘူးဆိုရင္ လက္သမားေခၚကာ အတတ္ႏိုင္ဆုံးေကာင္းေအာင္ ျပင္ဆင္ပါ။

၇။ ထီးႏွင့္မိုးကာ ေဆာင္ထားပါ

မိုးတြင္းမွာ အျပင္ထြက္တိုင္း ထီးနဲ႔မိုးကာကို ေဆာင္ပါ။ ဒီအက်င့္က သင့္ကို အေအးမိဖ်ားနာျခင္းမွ ကာကြယ္ေပး႐ုံသာမက မိုဘိုင္းဖုန္း၊ ေခါက္ပိုက္ဆံအိတ္နဲ႔ ကတ္ေတြလိုမ်ိဳး သင့္အဖိုးတန္ပစၥည္းေတြကိုပါ မိုးေရမစိုေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ဒါ့အျပင္ မိုးတြင္းအျပင္ထြက္ရင္ ပလတ္စတစ္အိတ္ေလးေတြပါ ေဆာင္သြားဖို႔ အၾကံျပဳခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အကယ္၍ သင္မိုးမိရင္ေတာင္မွ သင့္လက္ကိုင္အိတ္ (သို႔) ေက်ာပိုးအိတ္ စတာေတြကို မိုးေရစိုၿပီး ပ်က္စီးမွာ စိတ္ပူစရာမလိုေတာ့ပါဘူး။

၈။ အေရးေပၚအိတ္ျပင္ထားပါ

လွ်ပ္စစ္မီးျပတ္ျခင္းနဲ႔ ေရႀကီးျခင္းေတြဟာ မိုးတြင္းကာလဟာရဲ႕ ဒုကၡအမ်ားဆုံးအပိုင္းပဲျဖစ္ပါတယ္။ အဲဒီျဖစ္ရပ္ေတြကို သင့္အေနနဲ႔ မတြန္းလွန္ႏိုင္၊ ႀကိဳတင္မခန္႔မွန္းႏိုင္တာေၾကာင့္ႀကိဳတင္ျပင္ဆင္မႈ႐ွိထားတာ အေကာင္းဆုံးပါ၊ အထူးသျဖင့္ အဲဒီဒုကၡေတြၾကဳံေတြရႏိုင္ေျခ႐ွိတဲ့ အရပ္မွာ ေနထိုင္တယ္ဆိုရင္ေပါ့။

ဒါေၾကာင့္ အဲဒီလို အေျခအေနနဲ႔ ၾကဳံရပါက အသက္သာဆုံးျဖတ္သန္းႏိုင္ေစဖို႔ ေအာက္ပါပစၥည္းေတြကို သင့္ရဲ႕အေရးေပၚအိတ္ထဲ ပါဝင္ေစရပါမယ္။

- သန္႔စင္ေသာေရ

- ျခင္ေျပးေဆးခရင္မ္/လိမ္းေဆး

- အပူခ်ိန္တိုင္းကိရိယာ

- ပတ္တီးႏွင့္ ဂြမ္းဖတ္

- အနာလိမ္းေဆး

- ေဆးဝါးမ်ား

- မပုပ္မသိုးႏိုင္ေသာအစားအစာမ်ား

- ဘက္ထရီအေျချပဳ အေရးေပၚဓာတ္မီး

- တစ္ကိုယ္စာအဝတ္မ်ားႏွင့္ေျခအိတ္မ်ား

iMyanmarHouse.com ကို ယုံၾကည္အားေပးသူ၊ စာ႐ႈသူအားလုံး မိုးတြင္းကာလအခါသမယကို ေဘးမသီရန္မခ ျဖတ္သန္းဆင္ႏႊဲႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 8 Essential Tips on How to Stay Safe During the Rainy Season (zameen)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service