ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ မဲရာ စထရိ၏ စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ မဲရာ စထရိ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
1 Jun 2022 11:19 am တွင် တင်ခဲ့သည်
1717 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

The Iron Lady ဇာတ်ကားတွင် အင်္ဂလန်ဝန်ကြီးချုပ် မာဂရက်သက်ချာအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး မဲရာ စထရိ (Meryl Streep) သည် အော်စကာ ၃ ဆုရှင် ဖြစ်သည်။

(မဲရာ စထရိ ဘယ်သူလဲ)

 

မဲရာ စထရိသည် အမေရိကန် ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။

ရွှေကမ္ဘာလုံးဆု ၇ ဆုနှင့် အော်စကာဆု ၃ ဆုရရှိထားသူ မဲရာစထရိသည် ၁၉၇၇ ခုနှစ်မှစတင်ပြီး ရုပ်ရှင်နယ်သို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

သူ၏ ထင်ရှားသော ရုပ်ရှင်များတွင် Kramer vs. Kramer, Sophie's Choice, Death Becomes Her နှင့် The Devil Wears Prada ဇာတ်ကားများ ပါဝင်သည်။

သူ့တွင် သားသမီး ၄ ဦးရှိပြီး အားလုံးမှာ အမေ၏ ရုပ်ရှင်လောက ခြေရာကို နင်းနိုင်ကြသူများ ဖြစ်သည်။

မဲရာ စထရိသည် ၁၉၇၉ ခုနှစ်က ရုံတင်ခဲ့သော Kramer vs. Kramer ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ပို့ မင်းသမီး အော်စကာဆု၊ ၁၉၈၂ ခုနှစ်က ပြသခဲ့သော Sophie's Choice ဇာတ်ကားတွင် နာဇီတို့၏ သုတ်သင်ခံရမှုမှ လွတ်မြောက်ခဲ့သူ မိန်းကလေးတစ်ဦးအဖြစ် သရုပ်ဆောင်ကာ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီး အော်စကာဆုနှင့် ၂၀၁၁ ခုနှစ်က ရုံတင်ပြသခဲ့သော The Iron Lady ဇာတ်ကားတွင် ဗြိတိသျှ ဝန်ကြီးချုပ် မာဂရက်သက်ချာအဖြစ် သရုပ်ဆောင်ကာ တတိယမြောက် အော်စကာဆုတို့ကို ရရှိခဲ့သည်။

(မဲရာ စထရိ အချစ်ရေး)

မဲရာ စထရိသည် ရုပ်ရှင်မင်းသား John Cazale နှင့် ၃ နှစ်ခန့် အတူနေခဲ့ပြီး ၁၉၇၈ ခုနှစ်၊ မတ်လတွင် Cazale မှာ အဆုပ်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။

Cazale ကွယ်လွန်ပြီး ၆ လအကြာတွင် မဲရာသည် ပန်းပုဆရာ Don Gummer နှင့် လက်ထပ်ခဲ့သည်။

၎င်းတို့နှစ်ဦးမှ သားသမီး ၄ ဦးထွန်းကားရာ သားဖြစ်သူ ဂီတပညာရှင် Henry Wolfe Gummer (၁၉၇၉ မွေး)၊ သမီးများဖြစ်သော Mary Willa "Mamie" Gummer (၁၉၈၃ မွေး), Grace Jane Gummer (၁၉၈၆ မွေး) နှင့် Louisa Jacobson Gummer (၁၉၉၁ မွေး) တို့ဖြစ်ကြပြီး ၃ ဦးလုံးမှာ ရုပ်ရှင်မင်းသမီးများ ဖြစ်ကြသည်။

၁၉၈၅ ခုနှစ်တွင် ၎င်းတို့မိသားစုသည် ကွန်နက်တီကပ်ပြည်နယ်ရှိ ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းတန် စံအိမ်တစ်လုံးသို့ ပြောင်းရွှေ့ခဲ့ကြသည်။

အဆိုပါစံအိမ်တွင် မဲရာခင်ပွန်း၏ လက်ရာများကို ပြသထားနိုင်မည့် အနုပညာစတူဒီယိုတစ်ခုလည်း ပါဝင်သည်။

အဆိုပါ စံအိမ်တွင် ၁၉၉၀ ပြည့်နှစ်အထိ နေထိုင်ခဲ့ပြီး ၁၉၉၀ တွင်မူ လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်ရှိ ကန်ဒေါ်လာ ၃ သန်းတန် စံအိမ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် Pasadena အရပ်ရှိ စံအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

(မဲရာ စထရိ၏ ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၁၆၀)

(မဲရာ စထရိ ဘယ်မှာနေလဲ)

မဲရာ စထရိသည် လှပကာ ကျေးလက်ဆန်သော စံအိမ်တစ်လုံးတွင် နေထိုင်လျက်ရှိပြီး Pasadena အရပ်တွင် တည်ရှိသည်။

Pasadena သည် လော့စ်အိန်ဂျလိမြို့လယ်မှ အရှေ့မြောက်ဘက်တွင် တည်ရှိသော မြို့ငယ်ကလေးတစ်ခု ဖြစ်ပြီး လူဦးရေ ၁၄၁ ၃၉၈ ဦးနေထိုင်သည့်နေရာ ဖြစ်သည်။

မဲရာ စထရိ၏ စံအိမ်တွင် အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်ပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၃၀၀၀ ရှိသည်။

၁၉၅၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော မှန်နံရံများမှ တဆင့် လှပသော ရှုမျှော်ခင်းများကို ရှုမြင်နိုင်သည်။

စံအိမ်အတွင်း မြင့်မားသော မျက်နှာကြက်များ၊ တာရာဇိုကြမ်းခင်းများနှင့် ဂျပန်ဟန် မွမ်းမံပုံများ တွေ့ရသည်။

ထို့အပြင် ထုတ်တန်းဖော်မျက်နှာကြက်များနှင့် မီးလင်းဖိုတစ်ခုလည်း တွေ့ရသည်။

ပင်မစံအိမ်နှင့်တွဲလျက် စတူဒီယိုတစ်ခုလည်း ပါဝင်သည်။

ခြံဝန်းအတွင်း စိမ်းလန်းသော သစ်ပင်များနှင့် ရေကူးကန်တစ်ခုလည်း တွေ့ရသည်။

(စံအိမ်အချက်အလက်များ)

အိပ်ခန်း - ၃ ခန်း

ရေချိုးခန်း - ၃ ခန်း

အကျယ်အဝန်း- ၃၀၈၇ စတုရန်းပေ

တန်ကြေး- ကန်ဒေါ်လာ ၅ ဒသမ ၈ သန်း

မဲရာ စထရိ၏ အိမ်လိပ်စာ- S San Rafael Ave, Pasadena, CA 91105

 

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meryl Streep House: The Pasadena Home (urbansplatter)

 

 

[Zawgyi]

ျဗိတိန္ဝန္ၾကီးခ်ဳပ္ မာဂရက္သက္ခ်ာဇာတ္ကားျဖင့္ ေအာ္စကာဆုရခဲ့သူ မဲရာ စထရိ၏ စံအိမ္

 

The Iron Lady ဇာတ္ကားတြင္ အဂၤလန္ဝန္ၾကီးခ်ဳပ္ မာဂရက္သက္ခ်ာအျဖစ္ သရုပ္ေဆာင္ကာ ေအာ္စကာဆုရခဲ့သူ ေဟာလိဝုဒ္ရုပ္ရွင္မင္းသမီး မဲရာ စထရိ (Meryl Streep) သည္ ေအာ္စကာ ၃ ဆုရွင္ ျဖစ္သည္။

(မဲရာ စထရိ ဘယ္သူလဲ)

မဲရာ စထရိသည္ အေမရိကန္ ရုပ္ရွင္မင္းသမီးတစ္ဦး ျဖစ္သည္။ ေရႊကမၻာလံုးဆု ၇ ဆုႏွင့္ ေအာ္စကာဆု ၃ ဆုရရွိထားသူ မဲရာစထရိသည္ ၁၉၇၇ ခုႏွစ္မွစတင္ျပီး ရုပ္ရွင္နယ္သုိ႔ ဝင္ေရာက္ခဲ့သူ ျဖစ္သည္။

သူ၏ ထင္ရွားေသာ ရုပ္ရွင္မ်ားတြင္ Kramer vs. Kramer, Sophie's Choice, Death Becomes Her ႏွင့္ The Devil Wears Prada ဇာတ္ကားမ်ား ပါဝင္သည္။

သူ႔တြင္ သားသမီး ၄ ဦးရွိျပီး အားလံုးမွာ အေမ၏ ရုပ္ရွင္ေလာက ေျခရာကို နင္းႏိုင္ၾကသူမ်ား ျဖစ္သည္။

မဲရာ စထရိသည္ ၁၉၇၉ ခုႏွစ္က ရံုတင္ခဲ့ေသာ Kramer vs. Kramer ဇာတ္ကားျဖင့္ အေကာင္းဆံုး ဇာတ္ပို႔ မင္းသမီး ေအာ္စကာဆု၊ ၁၉၈၂ ခုႏွစ္က ျပသခဲ့ေသာ Sophie's Choice ဇာတ္ကားတြင္ နာဇီတို႔၏ သုတ္သင္ခံရမႈမွ လြတ္ေျမာက္ခဲ့သူ မိန္းကေလးတစ္ဦးအျဖစ္ သရုပ္ေဆာင္ကာ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသမီး ေအာ္စကာဆုႏွင့္ ၂၀၁၁ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ The Iron Lady ဇာတ္ကားတြင္ ျဗိတိသွ် ဝန္ၾကီးခ်ဳပ္ မာဂရက္သက္ခ်ာအျဖစ္ သရုပ္ေဆာင္ကာ တတိယေျမာက္ ေအာ္စကာဆုတို႔ကို ရရွိခဲ့သည္။

(မဲရာ စထရိ အခ်စ္ေရး)

မဲရာ စထရိသည္ ရုပ္ရွင္မင္းသား John Cazale ႏွင့္ ၃ ႏွစ္ခန္႔ အတူေနခဲ့ျပီး ၁၉၇၈ ခုႏွစ္၊ မတ္လတြင္ Cazale မွာ အဆုပ္ကင္ဆာျဖင့္ ကြယ္လြန္သြားခဲ့သည္။

Cazale ကြယ္လြန္ျပီး ၆ လအၾကာတြင္ မဲရာသည္ ပန္းပုဆရာ Don Gummer ႏွင့္ လက္ထပ္ခဲ့သည္။

၎တို႔ႏွစ္ဦးမွ သားသမီး ၄ ဦးထြန္းကားရာ သားျဖစ္သူ ဂီတပညာရွင္ Henry Wolfe Gummer (၁၉၇၉ ေမြး)၊ သမီးမ်ားျဖစ္ေသာ Mary Willa "Mamie" Gummer (၁၉၈၃ ေမြး), Grace Jane Gummer (၁၉၈၆ ေမြး) ႏွင့္ Louisa Jacobson Gummer (၁၉၉၁ ေမြး) တို႔ျဖစ္ၾကျပီး ၃ ဦးလံုးမွာ ရုပ္ရွင္မင္းသမီးမ်ား ျဖစ္ၾကသည္။

၁၉၈၅ ခုႏွစ္တြင္ ၎တို႔မိသားစုသည္ ကြန္နက္တီကပ္ျပည္နယ္ရွိ ကန္ေဒၚလာ ၁ ဒသမ ၈ သန္းတန္ စံအိမ္တစ္လံုးသို႔ ေျပာင္းေရႊ႕ခဲ့ၾကသည္။

အဆုိပါစံအိမ္တြင္ မဲရာခင္ပြန္း၏ လက္ရာမ်ားကို ျပသထားႏိုင္မည့္ အႏုပညာစတူဒီယိုတစ္ခုလည္း ပါဝင္သည္။

အဆိုပါ စံအိမ္တြင္ ၁၉၉၀ ျပည့္ႏွစ္အထိ ေနထုိင္ခဲ့ျပီး ၁၉၉၀ တြင္မူ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘရန္႔ဝုဒ္အရပ္ရွိ ကန္ေဒၚလာ ၃ သန္းတန္ စံအိမ္သို႔ ေျပာင္းေရႊ႕ခဲ့ၾကသည္။

ယင္းေနာက္ပိုင္းတြင္ Pasadena အရပ္ရွိ စံအိမ္သို႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့ၾကသည္။

(မဲရာ စထရိ၏ ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၁၆၀)

(မဲရာ စထရိ ဘယ္မွာေနလဲ)

မဲရာ စထရိသည္ လွပကာ ေက်းလက္ဆန္ေသာ စံအိမ္တစ္လံုးတြင္ ေနထုိင္လ်က္ရွိျပီး Pasadena အရပ္တြင္ တည္ရွိသည္။

Pasadena သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္မွ အေရွ႕ေျမာက္ဘက္တြင္ တည္ရွိေသာ ျမိဳ႕ငယ္ကေလးတစ္ခု ျဖစ္ျပီး လူဦးေရ ၁၄၁ ၃၉၈ ဦးေနထိုင္သည့္ေနရာ ျဖစ္သည္။

မဲရာ စထရိ၏ စံအိမ္တြင္ အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါဝင္ျပီး အက်ယ္အဝန္းမွာ စတုရန္းေပ ၃၀၀၀ ရွိသည္။

၁၉၅၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ျပီး ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ မွန္နံရံမ်ားမွ တဆင့္ လွပေသာ ရႈေမွ်ာ္ခင္းမ်ားကို ရႈျမင္ႏိုင္သည္။

စံအိမ္အတြင္း ျမင့္မားေသာ မ်က္ႏွာၾကက္မ်ား၊ တာရာဇိုၾကမ္းခင္းမ်ားႏွင့္ ဂ်ပန္ဟန္ မြမ္းမံပံုမ်ား ေတြ႔ရသည္။

ထို႔အျပင္ ထုတ္တန္းေဖာ္မ်က္ႏွာၾကက္မ်ားႏွင့္ မီးလင္းဖိုတစ္ခုလည္း ေတြ႔ရသည္။

ပင္မစံအိမ္ႏွင့္တြဲလ်က္ စတူဒီယိုတစ္ခုလည္း ပါဝင္သည္။

ျခံဝန္းအတြင္း စိမ္းလန္းေသာ သစ္ပင္မ်ားႏွင့္ ေရကူးကန္တစ္ခုလည္း ေတြ႔ရသည္။

(စံအိမ္အခ်က္အလက္မ်ား)

အိပ္ခန္း - ၃ ခန္း

ေရခ်ဳိးခန္း - ၃ ခန္း

အက်ယ္အဝန္း- ၃၀၈၇ စတုရန္းေပ

တန္ေၾကး- ကန္ေဒၚလာ ၅ ဒသမ ၈ သန္း

မဲရာ စထရိ၏ အိမ္လိပ္စာ- S San Rafael Ave, Pasadena, CA 91105

 

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meryl Streep House: The Pasadena Home (urbansplatter)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service