၈ ပေ ၉ လက်မသာရှိသော လန်ဒန်နေအိမ် ပေါင် ၁ သန်းကျော် (မြန်မာကျပ်ငွေ သိန်းပေါင်း ၃ သောင်းကျော်) ဖြင့် ရောင်းမည်

၈ ပေ ၉ လက်မသာရှိသော လန်ဒန်နေအိမ် ပေါင် ၁ သန်းကျော် (မြန်မာကျပ်ငွေ သိန်းပေါင်း ၃ သောင်းကျော်) ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
1 Jun 2022 10:42 am တွင် တင်ခဲ့သည်
3354 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် မျက်နှာစာ ၉ ပေပင် မရှိသော စံအိမ်တစ်လုံးကို ပေါင် ၁ ဒသမ ၃ သန်း (မြန်မာကျပ်ငွေအားဖြင့် ၃၀၃၇၃ သိန်း) ခန့်ဖြင့် ရောင်းချရန် ဈေးကွက်ဝင်လာသည်။

နေအိမ်ပြင်ပမှ ကြည့်လျှင် အိပ်ခန်း ၂ ခန်းပါ ယခုအိမ်မှာ အလွန်သေးငယ်ကျဉ်းမြောင်းသည်ဟူသည့် ခံစားချက်သာ ရရှိမည် ဖြစ်သည်။

သင်၏ မျက်လုံးများ အကြည့်မမှားပါ။ နေအိမ်မှာ အမှန်တကယ်ပင် ကျဉ်းမြောင်းပါသည်။

အကျယ်ဆုံးနေရာတွင် ၈ ပေနှင့် ၉ လက်မသာရှိပြီး အကျဉ်းဆုံးနေရာတွင်မူ ၆ ပေ ၈ လက်မသာ ရှိသည်။

နေအိမ်မှာ ၄ ထပ်ဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်း ၈၉၈ ဒသမ ၅ စတုရန်းပေ ရှိသည်။

ကျဉ်းမြောင်းသော နေအိမ်အတွင်း လိုက်ဖက်စေမည့် မွမ်းမံပြင်ဆင်မှုမျိုး ပြုလုပ်ထားသည်။

အိမ်ရှေ့တံခါးမှ ဝင်လိုက်သည်နှင့် မြေညီအောက်ထပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ရိုးစင်းသည့် လှေကားဘေးတွင် နံရံကပ်ဘီရိုများတွေ့ရမည် ဖြစ်သည်။

ကွန်ကရစ်ကြမ်းခင်းထားသည့် အခန်းလယ်တွင် ရေစိမ်ကန်ပါသည့် ခေတ်မီရေချိုးခန်းတစ်ခု ရှိသည်။

 

(အောက်ထပ်မှ အနုပညာလက်ရာ)

(ကောင်းကင်အလင်းရသည့် ရေချိုးခန်း)

အပေါ်သို့ တစ်ထပ်တက်သွားလျှင် မီးဖိုဆောင်သို့ ရောက်သည်။ ထိုနေရာတွင် နေရာချွေတာသည့် လှေကားကို တွေ့နိုင်သည်။ နေရာကန့်သတ်ချက်ရှိရာ ရနိုင်သည့်ဘောင်အတွင်း ဒီဇိုင်းဖော်ထားသည်ကို ဓာတ်ပုံများမှတဆင့် လေ့လာကြည့်နိုင်သည်။ မီးဖိုဆောင်မှာ လှပကာချစ်စဖွယ်ဖြစ်ပြီး သစ်ကြမ်းခင်းများ၊ မှန်ကွက်ပုံဖော် မျက်နှာကြက်တို့ကို တွေ့ရသည်။

ယခုအထပ်တွင် ဧည့်ကြိုခန်းရှိပြီး ထိုအခန်းမှတဆင့် ပန်းဥယျာဉ်သို့ ပေါက်သည်။ တောအုပ်တစ်ခုအသွင် ခံစားရစေမည့် ဥယျာဉ်ငယ်လေး ဖြစ်သည်။

 

(မြေညီအပေါ်ထပ်မှ ဧည့်ကြိုခန်း)

(မီးဖိုဆောင်)

(ထူးခြားသည့် လှေကား)

(ကျဉ်းမြောင်းသည့် ပန်းဥယျာဉ်လေး)

အပေါ်ထပ်သို့ ဆက်သွားလျှင် ပထမအိပ်ခန်းတစ်ခုကို တွေ့ရမည်ဖြစ်ပြီး ခေတ်မီ သစ်သားကြမ်းခင်းများ၊ ဥယျာဉ်ကို တွေ့မြင်နေရသည့် ကြီးမားလှသည့်ပြတင်းပေါက်တစ်ခု၊ ယင်းနောက် ဒုတိယမြောက် အိပ်ခန်း တစ်ခုတို့ကို တွေ့ရမည် ဖြစ်သည်။

ထိုအထပ်တွင်မူ ရေချိုးခန်းမရှိချေ။ အိမ်သာသို့ သွားရန် လှေကားထစ် အနည်းငယ် ဆင်းကာ သွားရမည်ဖြစ်သည်။

ရေစိမ်ကန်အတွင်းရှိနေချိန်တွင် ကျဉ်းမြောင်းသည့်နေရာတစ်ခုတွင် ရှိနေသကဲ့သို့ ခံစားခဲ့ရသည်မဟုတ်လော။

(အပေါ်ထပ် အိပ်ခန်း)

(အိမ်တွင်းရုံးခန်းအဖြစ် အသုံးပြုနိုင်မည့်နေရာ)

(ပန်းခြံငယ်ကို တွေ့မြင်နေရသည့် အခြားတစ်ထပ်မှ အိပ်ခန်းတစ်ခု)

နေအိမ်ကို ဈေးကွက်တင်သည့် Dexters ၏ ဖော်ပြချက်အရ လန်ဒန်ရှိ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးနေရာများမှ တစ်ခုတွင် တည်ရှိသော ထူးခြားသည့်နေအိမ်ဟု ဖော်ပြသည်။

အထပ်လေးထပ်ကို စတီးနှင့် ကျွန်းလှေကားတို့ဖြင့် ဆက်သွယ်ပေးထားပြီး၊ တောင်ဘက်သို့ မျက်နှာပြုသည့် နေအိမ်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ပန်းဥယျာဉ်ငယ်နှင့် ကိုယ်ပိုင်ကားရပ်နားရန်နေရာတို့လည်း ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

London Fields ပန်းခြံနှင့် ခြေလျင်ခရီး ၂ မိနစ်သာသွားရပြီး Broadway Market နှင့်လည်း နီးကာ Dalston Junction ဘူတာနှင့် တစ်မိုင်ပင် မဝေးလှချေ။

သင့်တွင် ပေါင် ၁ ဒသမ ၃ သန်းရှိပြီး ကျဉ်းမြောင်းသော နေအိမ်ကလေးများကို နှစ်သက်ပါက ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref Skinny London house that’s less than 9ft wide goes on sale for £1.3million (metro)

 

 

[Zawgyi]

၈ ေပ ၉ လက္မသာရွိေသာ လန္ဒန္ေနအိမ္ ေပါင္ ၁ သန္းေက်ာ္ (ျမန္မာက်ပ္ေငြ သိန္းေပါင္း ၃ ေသာင္းေက်ာ္) ျဖင့္ ေရာင္းမည္

 

အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕တြင္ မ်က္ႏွာစာ ၉ ေပပင္ မရွိေသာ စံအိမ္တစ္လံုးကို ေပါင္ ၁ ဒသမ ၃ သန္း (ျမန္မာက်ပ္ေငြအားျဖင့္ ၃၀၃၇၃ သိန္း) ခန္႔ျဖင့္ ေရာင္းခ်ရန္ ေစ်းကြက္ဝင္လာသည္။

ေနအိမ္ျပင္ပမွ ၾကည့္လွ်င္ အိပ္ခန္း ၂ ခန္းပါ ယခုအိမ္မွာ အလြန္ေသးငယ္က်ဥ္းေျမာင္းသည္ဟူသည့္ ခံစားခ်က္သာ ရရွိမည္ ျဖစ္သည္။

သင္၏ မ်က္လံုးမ်ား အၾကည့္မမွားပါ။ ေနအိမ္မွာ အမွန္တကယ္ပင္ က်ဥ္းေျမာင္းပါသည္။

အက်ယ္ဆံုးေနရာတြင္ ၈ ေပႏွင့္ ၉ လက္မသာရွိျပီး အက်ဥ္းဆံုးေနရာတြင္မူ ၆ ေပ ၈ လက္မသာ ရွိသည္။

ေနအိမ္မွာ ၄ ထပ္ျဖစ္ျပီး စုစုေပါင္းအက်ယ္အဝန္း ၈၉၈ ဒသမ ၅ စတုရန္းေပ ရွိသည္။

က်ဥ္းေျမာင္းေသာ ေနအိမ္အတြင္း လိုက္ဖက္ေစမည့္ မြမ္းမံျပင္ဆင္မႈမ်ဳိး ျပဳလုပ္ထားသည္။

အိမ္ေရွ႕တံခါးမွ ဝင္လိုက္သည္ႏွင့္ ေျမညီေအာက္ထပ္သို႔ ေရာက္ရွိမည္ျဖစ္ျပီး ရိုးစင္းသည့္ ေလွကားေဘးတြင္ နံရံကပ္ဘီရိုမ်ားေတြ႔ရမည္ ျဖစ္သည္။

ကြန္ကရစ္ၾကမ္းခင္းထားသည့္ အခန္းလယ္တြင္ ေရစိမ္ကန္ပါသည့္ ေခတ္မီေရခ်ဳိးခန္းတစ္ခု ရွိသည္။

(ေအာက္ထပ္မွ အႏုပညာလက္ရာ)

(ေကာင္းကင္အလင္းရသည့္ ေရခ်ဳိးခန္း)

အေပၚသို႔ တစ္ထပ္တက္သြားလွ်င္ မီးဖိုေဆာင္သို႔ ေရာက္သည္။ ထိုေနရာတြင္ ေနရာေခၽြတာသည့္ ေလွကားကို ေတြ႔ႏိုင္သည္။ ေနရာကန္႔သတ္ခ်က္ရွိရာ ရႏိုင္သည့္ေဘာင္အတြင္း ဒီဇိုင္းေဖာ္ထားသည္ကို ဓာတ္ပံုမ်ားမွတဆင့္ ေလ့လာၾကည့္ႏိုင္သည္။ မီးဖိုေဆာင္မွာ လွပကာခ်စ္စဖြယ္ျဖစ္ျပီး သစ္ၾကမ္းခင္းမ်ား၊ မွန္ကြက္ပံုေဖာ္ မ်က္ႏွာၾကက္တို႔ကို ေတြ႔ရသည္။

ယခုအထပ္တြင္ ဧည့္ၾကိဳခန္းရွိျပီး ထိုအခန္းမွတဆင့္ ပန္းဥယ်ာဥ္သို႔ ေပါက္သည္။ ေတာအုပ္တစ္ခုအသြင္ ခံစားရေစမည့္ ဥယ်ာဥ္ငယ္ေလး ျဖစ္သည္။

(ေျမညီအေပၚထပ္မွ ဧည့္ၾကိဳခန္း)

(မီးဖိုေဆာင္)

(ထူးျခားသည့္ ေလွကား)

(က်ဥ္းေျမာင္းသည့္ ပန္းဥယ်ာဥ္ေလး)

အေပၚထပ္သုိ႔ ဆက္သြားလွ်င္ ပထမအိပ္ခန္းတစ္ခုကို ေတြ႔ရမည္ျဖစ္ျပီး ေခတ္မီ သစ္သားၾကမ္းခင္းမ်ား၊ ဥယ်ာဥ္ကို ေတြ႔ျမင္ေနရသည့္ ၾကီးမားလွသည့္ျပတင္းေပါက္တစ္ခု၊ ယင္းေနာက္ ဒုတိယေျမာက္ အိပ္ခန္း တစ္ခုတို႔ကို ေတြ႔ရမည္ ျဖစ္သည္။

ထိုအထပ္တြင္မူ ေရခ်ဳိးခန္းမရွိေခ်။ အိမ္သာသို႔ သြားရန္ ေလွကားထစ္ အနည္းငယ္ ဆင္းကာ သြားရမည္ျဖစ္သည္။

ေရစိမ္ကန္အတြင္းရွိေနခ်ိန္တြင္ က်ဥ္းေျမာင္းသည့္ေနရာတစ္ခုတြင္ ရွိေနသကဲ့သို႔ ခံစားခဲ့ရသည္မဟုတ္ေလာ။

(အေပၚထပ္ အိပ္ခန္း)

(အိမ္တြင္းရံုးခန္းအျဖစ္ အသံုးျပဳႏိုင္မည့္ေနရာ)

(ပန္းျခံငယ္ကို ေတြ႔ျမင္ေနရသည့္ အျခားတစ္ထပ္မွ အိပ္ခန္းတစ္ခု)

ေနအိမ္ကို ေစ်းကြက္တင္သည့္ Dexters ၏ ေဖာ္ျပခ်က္အရ လန္ဒန္ရွိ စိတ္လႈပ္ရွားဖြယ္အေကာင္းဆံုးေနရာမ်ားမွ တစ္ခုတြင္ တည္ရွိေသာ ထူးျခားသည့္ေနအိမ္ဟု ေဖာ္ျပသည္။

အထပ္ေလးထပ္ကို စတီးႏွင့္ ကၽြန္းေလွကားတို႔ျဖင့္ ဆက္သြယ္ေပးထားျပီး၊ ေတာင္ဘက္သို႔ မ်က္ႏွာျပဳသည့္ ေနအိမ္ျဖစ္ေၾကာင္း၊ ကိုယ္ပိုင္ပန္းဥယ်ာဥ္ငယ္ႏွင့္ ကိုယ္ပိုင္ကားရပ္နားရန္ေနရာတို႔လည္း ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

London Fields ပန္းျခံႏွင့္ ေျခလ်င္ခရီး ၂ မိနစ္သာသြားရျပီး Broadway Market ႏွင့္လည္း နီးကာ Dalston Junction ဘူတာႏွင့္ တစ္မိုင္ပင္ မေဝးလွေခ်။

သင့္တြင္ ေပါင္ ၁ ဒသမ ၃ သန္းရွိျပီး က်ဥ္းေျမာင္းေသာ ေနအိမ္ကေလးမ်ားကို ႏွစ္သက္ပါက ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရးလည္း ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref Skinny London house that’s less than 9ft wide goes on sale for £1.3million (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service