မီးဖွင့် အိပ်မလား မီးပိတ်အိပ်မလား

မီးဖွင့် အိပ်မလား မီးပိတ်အိပ်မလား - Property Knowledge in Myanmar from iMyanmarHouse.com
31 May 2022 10:36 am တွင် တင်ခဲ့သည်
1069 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အိပ်တဲ့အခါ ဖြစ်သင့်တာကတော့ မီးပိတ်ပြီး

သက်သောင့်သက်သာ အိပ်သင့်တာပေါ့နော်။ ဒါပေမယ့် လူတိုင်းကတော့ မီးပိတ်ပြီး အိပ်ဖို့ အဆင်မပြေပါဘူး။ တချို့က အမှောင်ထဲမှာ နေရတာ ကြောက်တဲ့အတွက် မီးဖွင့် ပြီးမှ အိပ်တတ်ကြတာမျိုးလည်း ရှိပါတယ်။ မီးဖွင့်ပြီး အိပ်တာက ယေဘူယျအားဖြင့်တော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပေမယ့် ဒီလိုပဲ အိပ်တတ်ရင် ဘယ်လိုလုပ်ကြမလဲ။

မီးအလင်းရောင်နဲ့ အိပ်စက်ခြင်း

မီးအလင်းရောင် အထူးသဖြင့် ညမှာ ဖွင့်ထားတတ်တဲ့ မီးချောင်းတွေ၊ မီးလုံးတွေက အိပ်စက်ခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။

ကိုယ်ထဲမှာ ဇီဝနာရီဆိုတာရှိပါတယ်။ ဒီဇီဝနာရီက အလင်းရောင်ကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။ ဆိုလိုတာက လင်းနေတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်က နေ့ဘက်လို့ မှတ်ယူပြီး လူကို လန်းနေအောင် လုပ်ထားပါတယ်။ မှောင်နေမှ ညရောက်နေပြီလို့ သတ်မှတ်ပြီး အိပ်ချင်စိတ်ပေါ်လာပါတယ်။ ဒါက ခန္ဓာသိ သဘာဝဖြစ်စဉ်ပါ။ ဒါကြောင့် လင်းနေရင် နေ့ဘက်လို့ ယူဆပြီး အိပ်ချိန်မှာ လန်းနေနိုင်ပါတယ်။

နောက်တစ်ခုက မယ်လတိုနင်ဟော်မုန်းပါ။ မှောင်နေရင် ခန္ဓာကိုယ်ရဲ့ Pineal glandကနေ အိပ်ချိန်ရောက်ပြီလို့ ယူဆပြီး မယ်လတိုနင် ထုတ်ပေးပါတယ်။ မယ်လတိုနင်များလာရင် လူက မှိန်းပြီး အိပ်ငိုက်လာပါတယ်။ လင်းနေရင်တော့ မယ်လတိုနင် ထုတ်တာနည်းသွားပြီး အိပ်ချင်စိတ်လည်း ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အိပ်ချိန်မမှန်တဲ့သူ၊ အိပ်မပျော်တဲ့သူတွေကို မယ်လတိုနင် အားဆေးတိုက်ကြတာပါ။

လူတွေ အိပ်စက်တဲ့အခါ အပြင်က ကြည့်သလို မျက်လုံးမှိတ်ပြီး ခေါခနဲ အိပ်ပျော်သွားတာမဟုတ်ပါဘူး။ ဦးနှောက်ထဲမှာ sleep cyclesတွေ အများကြီး ဖြစ်သွားပါတယ်။ မီးဖွင့်ထားတာက ဒီcyclesတွေကို ပျက်ယွင်းစေပါတယ်။ ဒါကြောင့် အိပ်နေတုန်း ခဏခဏ နိုးတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ ခြုံပြောရရင် မီးပိတ်ပြီး အိပ်တာက ပိုကောင်းပါတယ်။

 

ဘာကြောင့် မီးဖွင့် ပြီး အိပ်ကြတာလဲ။

ဆောင်းပါးအစမှာ ပြောခဲ့သလို လူတိုင်းမှ မီးပိတ်ပြီးမှ အိပ်တတ်ကြတာ မဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင်လည်း မီးအလင်းရောင်ကို မြင်နေရမှ အိပ်ပျော်တာမျိုးပါ။ မီးဖွင့်ပြီး အိပ်ကြတဲ့ အကြောင်းရင်း အများစုက

မီးဖွင့်ပြီး အိပ်ရတာ ကြိုက်လို့

အမှောင်ကို ကြောက်တာကြောင့် မီးပိတ်လိုက်ရင် အိပ်ရတာ သက်သောင့်သက်သာ မဖြစ်တော့ပါဘူး။ ဒါကြောင့် ဖွင့်ထားတာပါ။ နောက်တစ်ခုက အမှောင်ကို ကြောက်လို့ မဟုတ်ပေမယ့် မျက်လုံးမှိတ်ထားရင်တောင် မီးရောင်လေးကို ခံစားမိနေမှ စိတ်လုံခြုံမှု ရတာကြောင့် ဖွင့်ထားတာဖြစ်ပါတယ်။

ချော်လဲမှာ ကြောက်လို့

အထူးသဖြင့်တော့ လူကြီးတွေပါ။ ညဘက်အိမ်သာထသွားတဲ့အခါ ကောင်းကောင်းမမြင်ရမှာ၊ မတော်တဆ ချော်လဲမှာကို ကြောက်တဲ့အတွက် အိပ်တည်းက မီးဖွင့်ထားတာပဲ ဖြစ်ပါတယ်။

အတူနေတဲ့သူက မီးဖွင့်ပြီးမှ အိပ်တတ်လို့

ဒါကတော့ ဇနီးမောင်နှံတွေကြားမှာ ဖြစ်တတ်တာပါ။ တစ်ယောက်က မီးပိတ်ထားရင် လုံးဝမအိပ်တတ်တဲ့အတွက် ဖွင့်ပြီး အိပ်ဖြစ်သွားတာပါ။

မီးဖွင့် အိပ်ခြင်းနဲ့ ကျန်းမာရေး

မီးဖွင့်ပြီး အိပ်တာက အိပ်စက်ခြင်းသာမကဘဲ တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ကင်ဆာဖြစ်စေနိုင်ပါတယ်။

လေ့လာချက်တွေအရ ညဘက်မှာ မီးဖွင့်ပြီး အိပ်တာက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။

အဝလွန်စေတယ်။

မီးဖွင်ပြီး အိပ်တာက ကိုယ်တွင်းက ဇီဝဖြစ်စဉ်ကို သက်ရောက်မှု ရှိတာကြောင့် အဝလွန်နိုင်ခြေရှိပါတယ်။ မီးဖွင့်ပြီး ညဘက်မှာ အိပ်ပျော်နေသည့်တိုင် ရေရှည်မှာ ဒီပြဿနာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မျက်ရိုးကိုက်စေတယ်။

မျက်လုံးမှိတ်ထားပေမယ့်လည်း မီးလင်းနေတဲ့အခါ မျက်လုံးကြွက်သားတွေက အလိုအလျောက်ကျုံ့သွားပါတယ်။ ဒါကြောင့် မနက်မိုးလင်းလာတဲ့အခါ မျက်ရိုးတွေ ကိုက်ပြီး မျက်စိညောင်းတာ ဖြစ်တတ်ပါတယ်။

စိတ်ကျစေနိုင်တယ်။

ညဘက်မှာ မီးဖွင့်အိပ်တာအပါအဝင် အိပ်ခါနီး ဖုန်းသုံးတာကလည်း စကရင်ကထွက်တဲ့ အလင်းရောင်ကြောင့် ကော်တီစောလို့ ခေါ်တဲ့ stress hormone အပြောင်းအလဲကို ဖြစ်စေနိုင်ပါတယ်။ ဒီဟော်မုန်းက စိတ်ဖိစီးတဲ့အခါ ထွက်လာတဲ့ ဟော်မုန်းပဲ ဖြစ်ပါတယ်။

မီးဖွင့် ပြီးမှ အိပ်တတ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

မီးပိတ်ပြီး အိပ်တာက ကျန်းမာရေးအတွက် ပိုကောင်းတယ်။ ပိုအိပ်ပျော်တယ်ဆိုတာ မသိလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြောခဲ့သလို အကြောင်းရင်းတွေ ရှိနေလို့သာ မီးဖွင့်ပြီး အိပ်ကြတာပါ။ လတ်တလောမှာ မီးပိတ်ပြီး မအိပ်နိုင်သေးဘူးဆိုရင်တောင် မီးဖွင့်ပြီး အိပ်လို့ အိပ်မပျော်တာ၊ ကျန်းမာရေး ထိခိုက်မှုတွေ မဖြစ်အောင် ဒီလို ပြောင်းလဲနိုင်ပါတယ်။

အိပ်ရာအဝေးက မီးကိုပဲ ဖွင့်ထားပါ။

ဆိုလိုတာက အိပ်ရာပေါ်၊ ကိုယ့်မျက်နှာပေါ် အလင်းကို တိုက်ရိုက် မကျစေဘဲ ခပ်ဝေးဝေးမှာပဲ မီးဖွင့်ထားပါ။ မီးအလင်းရောင် မြင်ရလို့ စိတ်လုံခြုံမှုရရင် ရပါပြီ။

မီးကို မှိန်ချပါ။

မလွဲသာလို့ အခန်းထဲမှာပဲ ထွန်းရရင်တောင် မီးကို မှိန်ချထားလိုက်ပါ။ ညအိပ်မီးလုံးတွေလည်း သုံးနိုင်ပါတယ်။ ဒါတွေက သုံးနေကျ မီးလုံး၊ မီးချောင်းတွေထက် ပိုမှိန်ပါတယ်။

စားပွဲတင် မီးအိမ်၊ ဓာတ်မီး ဆောင်ထားပါ။

လူကြီးတွေက ညတရေးနိုး အိမ်သာထသွားတဲ့အခါ ချော်လဲမှာ စိုးရင် လက်လှမ်းမီတဲ့နေရာမှာ မီးအိမ်၊ ဓာတ်မီးလေး ချထားပေးလိုက်ပါ။ ဒါလေး ထွန်းပြီးမှ ထရင် အန္တရာယ်ကင်းပါတယ်။

Warm lightကို သုံးပါ။

မီးအရောင် အဖြူတွေက မျက်လုံးကို စူးစေပြီး အိပ်မပျော်တာကို ဖြစ်စေပါတယ်။ မီးဖွင့်ထားမှ အိပ်လို့ရမယ်ဆိုရင်တော့ မီးလုံးအနီ၊ လိမ္မော်ရောင်ဖျော့ဖျော့လေးတွေကို ပြောင်းထွန်းပါ။ လေ့လာချက်တွေအရ ဒီအရောင်တွေက အဖြူရောင်လောက် အိပ်စက်ခြင်း ဇီဝနာရီကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။

မျက်လုံးအကာ သုံးပါ။

ဒါကတော့ တစ်ယောက်က မီးဖွင့်ပြီး တစ်ယောက်က မီးမှောင်မှ အိပ်တတ်တဲ့ သူတွေအတွက်ပါ။ ကိုယ်က မီးပိတ်ထားမှ အိပ်တတ်တယ်။ ဖွင့်ထားတာက အနှောင့်အယှက်ဖြစ်တယ်လို့ ယူဆရင် မျက်လုံးအကာလေးတပ်ပြီး အိပ်ပါ။

မီးဖွင့်ထားတာက လုံးဝအိပ်မပျော်တာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ပင်ပန်းလာတဲ့အခါ အလိုလို အိပ်ပျော်သွားပါတယ်။ ဒါပေမယ့် မီးပိတ်အိပ်တာလောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြောင့် တတ်နိုင်ရင် ပိတ်အိပ်တာကတော့ အကောင်းဆုံးပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

မီးဖြင့္ အိပ္မလား မီးပိတ္အိပ္မလား

 

အိပ္တဲ့အခါ ျဖစ္သင့္တာကေတာ့ မီးပိတ္ၿပီး

သက္ေသာင့္သက္သာ အိပ္သင့္တာေပါ့ေနာ္။ ဒါေပမယ့္ လူတိုင္းကေတာ့ မီးပိတ္ၿပီး အိပ္ဖို႔ အဆင္မေျပပါဘူး။ တခ်ိဳ႕က အေမွာင္ထဲမွာ ေနရတာ ေၾကာက္တဲ့အတြက္ မီးဖြင့္ ၿပီးမွ အိပ္တတ္ၾကတာမ်ိဳးလည္း ႐ွိပါတယ္။ မီးဖြင့္ၿပီး အိပ္တာက ေယဘူယ်အားျဖင့္ေတာ့ က်န္းမာေရးနဲ႔ မညီၫြတ္ဘူးဆိုေပမယ့္ ဒီလိုပဲ အိပ္တတ္ရင္ ဘယ္လိုလုပ္ၾကမလဲ။

မီးအလင္းေရာင္နဲ႔ အိပ္စက္ျခင္း

မီးအလင္းေရာင္ အထူးသျဖင့္ ညမွာ ဖြင့္ထားတတ္တဲ့ မီးေခ်ာင္းေတြ၊ မီးလုံးေတြက အိပ္စက္ျခင္းအေပၚ သက္ေရာက္မႈ ႐ွိပါတယ္။

ကိုယ္ထဲမွာ ဇီဝနာရီဆိုတာ႐ွိပါတယ္။ ဒီဇီဝနာရီက အလင္းေရာင္ကို ေကာင္းေကာင္းတုံ႔ျပန္ႏိုင္ပါတယ္။ ဆိုလိုတာက လင္းေနတဲ့အခ်ိန္ဆိုရင္ ခႏၶာကိုယ္က ေန႔ဘက္လို႔ မွတ္ယူၿပီး လူကို လန္းေနေအာင္ လုပ္ထားပါတယ္။ ေမွာင္ေနမွ ညေရာက္ေနၿပီလို႔ သတ္မွတ္ၿပီး အိပ္ခ်င္စိတ္ေပၚလာပါတယ္။ ဒါက ခႏၶာသိ သဘာဝျဖစ္စဥ္ပါ။ ဒါေၾကာင့္ လင္းေနရင္ ေန႔ဘက္လို႔ ယူဆၿပီး အိပ္ခ်ိန္မွာ လန္းေနႏိုင္ပါတယ္။

ေနာက္တစ္ခုက မယ္လတိုနင္ေဟာ္မုန္းပါ။ ေမွာင္ေနရင္ ခႏၶာကိုယ္ရဲ႕ Pineal glandကေန အိပ္ခ်ိန္ေရာက္ၿပီလို႔ ယူဆၿပီး မယ္လတိုနင္ ထုတ္ေပးပါတယ္။ မယ္လတိုနင္မ်ားလာရင္ လူက မွိန္းၿပီး အိပ္ငိုက္လာပါတယ္။ လင္းေနရင္ေတာ့ မယ္လတိုနင္ ထုတ္တာနည္းသြားၿပီး အိပ္ခ်င္စိတ္လည္း ေပၚလာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အိပ္ခ်ိန္မမွန္တဲ့သူ၊ အိပ္မေပ်ာ္တဲ့သူေတြကို မယ္လတိုနင္ အားေဆးတိုက္ၾကတာပါ။

လူေတြ အိပ္စက္တဲ့အခါ အျပင္က ၾကည့္သလို မ်က္လုံးမွိတ္ၿပီး ေခါခနဲ အိပ္ေပ်ာ္သြားတာမဟုတ္ပါဘူး။ ဦးေႏွာက္ထဲမွာ sleep cyclesေတြ အမ်ားႀကီး ျဖစ္သြားပါတယ္။ မီးဖြင့္ထားတာက ဒီcyclesေတြကို ပ်က္ယြင္းေစပါတယ္။ ဒါေၾကာင့္ အိပ္ေနတုန္း ခဏခဏ ႏိုးတာ၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္တာေတြ ျဖစ္တတ္ပါတယ္။

ဒီေတာ့ ျခဳံေျပာရရင္ မီးပိတ္ၿပီး အိပ္တာက ပိုေကာင္းပါတယ္။

 

ဘာေၾကာင့္ မီးဖြင့္ ၿပီး အိပ္ၾကတာလဲ။

ေဆာင္းပါးအစမွာ ေျပာခဲ့သလို လူတိုင္းမွ မီးပိတ္ၿပီးမွ အိပ္တတ္ၾကတာ မဟုတ္ပါဘူး။ စာေရးသူကိုယ္တိုင္လည္း မီးအလင္းေရာင္ကို ျမင္ေနရမွ အိပ္ေပ်ာ္တာမ်ိဳးပါ။ မီးဖြင့္ၿပီး အိပ္ၾကတဲ့ အေၾကာင္းရင္း အမ်ားစုက

မီးဖြင့္ၿပီး အိပ္ရတာ ႀကိဳက္လို႔

အေမွာင္ကို ေၾကာက္တာေၾကာင့္ မီးပိတ္လိုက္ရင္ အိပ္ရတာ သက္ေသာင့္သက္သာ မျဖစ္ေတာ့ပါဘူး။ ဒါေၾကာင့္ ဖြင့္ထားတာပါ။ ေနာက္တစ္ခုက အေမွာင္ကို ေၾကာက္လို႔ မဟုတ္ေပမယ့္ မ်က္လုံးမွိတ္ထားရင္ေတာင္ မီးေရာင္ေလးကို ခံစားမိေနမွ စိတ္လုံျခဳံမႈ ရတာေၾကာင့္ ဖြင့္ထားတာျဖစ္ပါတယ္။

ေခ်ာ္လဲမွာ ေၾကာက္လို႔

အထူးသျဖင့္ေတာ့ လူႀကီးေတြပါ။ ညဘက္အိမ္သာထသြားတဲ့အခါ ေကာင္းေကာင္းမျမင္ရမွာ၊ မေတာ္တဆ ေခ်ာ္လဲမွာကို ေၾကာက္တဲ့အတြက္ အိပ္တည္းက မီးဖြင့္ထားတာပဲ ျဖစ္ပါတယ္။

အတူေနတဲ့သူက မီးဖြင့္ၿပီးမွ အိပ္တတ္လို႔

ဒါကေတာ့ ဇနီးေမာင္ႏွံေတြၾကားမွာ ျဖစ္တတ္တာပါ။ တစ္ေယာက္က မီးပိတ္ထားရင္ လုံးဝမအိပ္တတ္တဲ့အတြက္ ဖြင့္ၿပီး အိပ္ျဖစ္သြားတာပါ။

မီးဖြင့္ အိပ္ျခင္းနဲ႔ က်န္းမာေရး

မီးဖြင့္ၿပီး အိပ္တာက အိပ္စက္ျခင္းသာမကဘဲ တျခားက်န္းမာေရးျပႆနာေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

ကင္ဆာျဖစ္ေစႏိုင္ပါတယ္။

ေလ့လာခ်က္ေတြအရ ညဘက္မွာ မီးဖြင့္ၿပီး အိပ္တာက ရင္သားကင္ဆာ၊ ဆီးက်ိတ္ကင္ဆာတို႔နဲ႔ ဆက္စပ္မႈ ႐ွိတယ္လို႔ ဆိုပါတယ္။

အဝလြန္ေစတယ္။

မီးဖြင္ၿပီး အိပ္တာက ကိုယ္တြင္းက ဇီဝျဖစ္စဥ္ကို သက္ေရာက္မႈ ႐ွိတာေၾကာင့္ အဝလြန္ႏိုင္ေျခ႐ွိပါတယ္။ မီးဖြင့္ၿပီး ညဘက္မွာ အိပ္ေပ်ာ္ေနသည့္တိုင္ ေရ႐ွည္မွာ ဒီျပႆနာျဖစ္လာႏိုင္တယ္လို႔ ဆိုပါတယ္။

မ်က္႐ိုးကိုက္ေစတယ္။

မ်က္လုံးမွိတ္ထားေပမယ့္လည္း မီးလင္းေနတဲ့အခါ မ်က္လုံးႂကြက္သားေတြက အလိုအေလ်ာက္က်ံဳ႕သြားပါတယ္။ ဒါေၾကာင့္ မနက္မိုးလင္းလာတဲ့အခါ မ်က္႐ိုးေတြ ကိုက္ၿပီး မ်က္စိေညာင္းတာ ျဖစ္တတ္ပါတယ္။

စိတ္က်ေစႏိုင္တယ္။

ညဘက္မွာ မီးဖြင့္အိပ္တာအပါအဝင္ အိပ္ခါနီး ဖုန္းသုံးတာကလည္း စကရင္ကထြက္တဲ့ အလင္းေရာင္ေၾကာင့္ ေကာ္တီေစာလို႔ ေခၚတဲ့ stress hormone အေျပာင္းအလဲကို ျဖစ္ေစႏိုင္ပါတယ္။ ဒီေဟာ္မုန္းက စိတ္ဖိစီးတဲ့အခါ ထြက္လာတဲ့ ေဟာ္မုန္းပဲ ျဖစ္ပါတယ္။

မီးဖြင့္ ၿပီးမွ အိပ္တတ္တယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။

မီးပိတ္ၿပီး အိပ္တာက က်န္းမာေရးအတြက္ ပိုေကာင္းတယ္။ ပိုအိပ္ေပ်ာ္တယ္ဆိုတာ မသိလို႔ မဟုတ္ပါဘူး။ ဒါေပမယ့္ ေျပာခဲ့သလို အေၾကာင္းရင္းေတြ ႐ွိေနလို႔သာ မီးဖြင့္ၿပီး အိပ္ၾကတာပါ။ လတ္တေလာမွာ မီးပိတ္ၿပီး မအိပ္ႏိုင္ေသးဘူးဆိုရင္ေတာင္ မီးဖြင့္ၿပီး အိပ္လို႔ အိပ္မေပ်ာ္တာ၊ က်န္းမာေရး ထိခိုက္မႈေတြ မျဖစ္ေအာင္ ဒီလို ေျပာင္းလဲႏိုင္ပါတယ္။

အိပ္ရာအေဝးက မီးကိုပဲ ဖြင့္ထားပါ။

ဆိုလိုတာက အိပ္ရာေပၚ၊ ကိုယ့္မ်က္ႏွာေပၚ အလင္းကို တိုက္႐ိုက္ မက်ေစဘဲ ခပ္ေဝးေဝးမွာပဲ မီးဖြင့္ထားပါ။ မီးအလင္းေရာင္ ျမင္ရလို႔ စိတ္လုံျခဳံမႈရရင္ ရပါၿပီ။

မီးကို မွိန္ခ်ပါ။

မလြဲသာလို႔ အခန္းထဲမွာပဲ ထြန္းရရင္ေတာင္ မီးကို မွိန္ခ်ထားလိုက္ပါ။ ညအိပ္မီးလုံးေတြလည္း သုံးႏိုင္ပါတယ္။ ဒါေတြက သုံးေနက် မီးလုံး၊ မီးေခ်ာင္းေတြထက္ ပိုမွိန္ပါတယ္။

စားပြဲတင္ မီးအိမ္၊ ဓာတ္မီး ေဆာင္ထားပါ။

လူႀကီးေတြက ညတေရးႏိုး အိမ္သာထသြားတဲ့အခါ ေခ်ာ္လဲမွာ စိုးရင္ လက္လွမ္းမီတဲ့ေနရာမွာ မီးအိမ္၊ ဓာတ္မီးေလး ခ်ထားေပးလိုက္ပါ။ ဒါေလး ထြန္းၿပီးမွ ထရင္ အႏၲရာယ္ကင္းပါတယ္။

Warm lightကို သုံးပါ။

မီးအေရာင္ အျဖဴေတြက မ်က္လုံးကို စူးေစၿပီး အိပ္မေပ်ာ္တာကို ျဖစ္ေစပါတယ္။ မီးဖြင့္ထားမွ အိပ္လို႔ရမယ္ဆိုရင္ေတာ့ မီးလုံးအနီ၊ လိေမၼာ္ေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြကို ေျပာင္းထြန္းပါ။ ေလ့လာခ်က္ေတြအရ ဒီအေရာင္ေတြက အျဖဴေရာင္ေလာက္ အိပ္စက္ျခင္း ဇီဝနာရီကို မထိခိုက္ေစဘူးလို႔ ဆိုပါတယ္။

မ်က္လုံးအကာ သုံးပါ။

ဒါကေတာ့ တစ္ေယာက္က မီးဖြင့္ၿပီး တစ္ေယာက္က မီးေမွာင္မွ အိပ္တတ္တဲ့ သူေတြအတြက္ပါ။ ကိုယ္က မီးပိတ္ထားမွ အိပ္တတ္တယ္။ ဖြင့္ထားတာက အေႏွာင့္အယွက္ျဖစ္တယ္လို႔ ယူဆရင္ မ်က္လုံးအကာေလးတပ္ၿပီး အိပ္ပါ။

မီးဖြင့္ထားတာက လုံးဝအိပ္မေပ်ာ္တာေတာ့ မဟုတ္ပါဘူး။ ခႏၶာကိုယ္က ပင္ပန္းလာတဲ့အခါ အလိုလို အိပ္ေပ်ာ္သြားပါတယ္။ ဒါေပမယ့္ မီးပိတ္အိပ္တာေလာက္ေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္တာေၾကာင့္ တတ္ႏိုင္ရင္ ပိတ္အိပ္တာကေတာ့ အေကာင္းဆုံးပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service