The Mask ဖြင့် ကမ္ဘာကျော်ခဲ့သူ Jim Carrey ၏ ဒေါ်လာ ၁၅ သန်းတန် လော့စ်အိန်ဂျလိစံအိမ်

The Mask ဖြင့် ကမ္ဘာကျော်ခဲ့သူ Jim Carrey ၏ ဒေါ်လာ ၁၅ သန်းတန် လော့စ်အိန်ဂျလိစံအိမ် - Property News in Myanmar from iMyanmarHouse.com
30 May 2022 11:06 am တွင် တင်ခဲ့သည်
2340 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကနေဒါရုပ်ရှင်သရုပ်ဆောင် ဂျင်မ်ကာရေးသည် ၁၉၉၄ ခုနှစ်က ရုံတင်ပြသခဲ့သော စူပါသူရဲကောင်း ဟာသဇာတ်ကား The Mask ဖြင့် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။

အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသမီး Cameron Diaz အတွက် ပထမဆုံး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်သည့် ပွဲဦးထွက်ဇာတ်ကားလည်း ဖြစ်သည်။

ဂျင်မ်ကာရေးသည် အစိမ်းရောင်သစ်သားမှော်မျက်နှာဖုံးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည့် ဘဏ်စာရေး Stanley Ipkiss အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဘဏ်စာရေး Stanley သည် မှော်မျက်နှာဖုံး၏ မှော်စွမ်းအားများရရှိကာ ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် အသုံးပြုခဲ့ပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင်မူ ဂျင်မ်ကာရေးသည် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်အထိ ရိုက်ကူးထုတ်လွှင့် ခဲ့သော In Living Color ဟာသဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများထားပြီး ဖြစ်သည်။

ဂျင်မ်ကာရေးကို ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၊ တိုရွန်တိုမြို့၏ ဆင်ခြေဖုံး Newmarket အရပ်တွင် မွေးဖွားသည်။ မိဘများမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ ဂီတသမားများ ဖြစ်ကြသည်။

ဂျင်မ်ကာရေး၏ အထက်တွင် မွေးချင်း ၃ ဦးရှိပြီး ဂျင်မ်ကာရေးမှာ အငယ်ဆုံးဖြစ်သည်။

ဂျင်မ်ကာရေးသည် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်နိုင်ငံသားအဖြစ် ရရှိခဲ့ရာ အမေရိကန်နှင့် သူ၏ဇာတိကနေဒါ နှစ်နိုင်ငံတို့၏ နိုင်ငံသားအဖြစ် ရပ်တည်နေသည်။

(ဂျင်မ်ကာရေး အချစ်ရေး)

ဂျင်မ်ကာရေးသည် ၁၉၈၃ ခုနှစ်တွင် အဆိုတော် Linda Ronstadt နှင့် ၈ လကြာချစ်ကြိုက်ခဲ့သည်။

ဂျင်မ်ကာရေးသည် ၂ ကြိမ် လက်ထပ်ခဲ့ဖူးသူ ဖြစ်သည်။

ပထမအိမ်ထောင်မှာ ရုပ်ရှင်မင်းသမီးဟောင်း Melissa Womer ဖြစ်ပြီး ၁၉၈၇ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လက်ထပ်ခဲ့သည်။ ၎င်းတို့၏ သမီးကလေး Jane Erin Carrey ကို ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် မွေးဖွားသည်။

ဂျင်မ်ကာရေးနှင့် Womer တို့ ၁၉၉၅ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။

၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်တွင် ဂျင်မ်ကာရေးသည် Dumb and Dumber တွင် တွဲဖက်သရုပ်ဆောင်ခဲ့သူ Lauren Holly နှင့် လက်ထပ်ခဲ့ပြီး ၎င်းတို့၏ အိမ်ထောင်ရေးမှာ တစ်နှစ်ပင် မကြာမြင့်ခဲ့ချေ။

ယင်းနောက် ဂျင်မ်ကာရေးသည် Me, Myself and Irene ဇာတ်ကားတွင် အတူသရုပ်ဆောင်ခဲ့သူ ရုပ်ရှင်မင်းသမီး Renée Zellweger နှင့် စေ့စပ်ခဲ့ရာ စေ့စပ်ကာလသက်တမ်းမှာ ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိဖြစ်ပြီး လက်မထပ်ဖြစ်ခဲ့။

၂၀၀၂ ခုနှစ်တွင် ဂျင်မ်ကာရေးသည် January Jones နှင့် ချစ်ကြိုက်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ဂျင်မ်ကာရေးသည် မော်ဒယ်နှင့် ရုပ်ရှင်မင်းသမီး Jenny McCarthy နှင့် ဆုံစည်းခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဇွန်လတွင် ၎င်းတို့၏ အချစ်ရေးကို လူသိရှင်ကြားချပြခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလတွင် ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။

၂၀၁၂ ခုနှစ်တွင် ဂျင်မ်ကာရေးသည် အိုင်ယာလန် မိတ်ကပ်ပညာရှင် Cathriona White နှင့် ဆုံစည်းခဲ့ပြီး ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ တွဲခဲ့ကြသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် Cathriona မှ ဆေးလွန်ကာသေဆုံးခဲ့ရာ လော့စ်အိန်ဂျလိ အာဏာပိုင်တို့က မိမိကိုယ်ကိုယ် အဆုံးစီရင်မှုအဖြစ် သတ်မှတ်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်တွင် ကျင်းပသော ရွှေကမ္ဘာလုံးဆုပေးပွဲသို့ ဂျင်မ်ကာရေးက ချစ်သူသစ် Ginger Gonzaga နှင့်အတူ တက်ရောက်ခဲ့သည်။

သို့သော် ချစ်သူသက်တမ်း ၁ နှစ်မပြည့်မီ လမ်းခွဲခဲ့ကြသည်။

(ဂျင်မ်ကာရေး၏ လော့စ်အိန်ဂျလိစံအိမ်)

ဂျင်မ်ကာရေးသည် ဆုရ ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

သူသည် ဟာသ သရုပ်ဆောင်ဖြစ်သည့်အပြင် စာရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူလည်း ဖြစ်သည်။

ကနေဒါနိုင်ငံ ဇာတိ ဂျင်မ်ကာရေးက ကျော်ကြားမှုကို ရှာဖွေရန် ဟောလိဝုဒ်သို့ သွားရောက်ခဲ့ရာ သူ၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

ဂျင်မ်ကာရေးသည် စံအိမ်များစွာ ပိုင်ဆိုင်ထားသည့်အနက် လော့စ်အိန်ဂျလိမြို့၊ ဘရန့်ထ်ဝုဒ်အရပ်မှ စံအိမ်ကို လေ့လာကြည့်ပါမည်။

(ဂျင်မ်ကာရေး ဘယ်မှာနေလဲ)

ဂျင်မ်ကာရေး၏ လော့စ်အိန်ဂျလိစံအိမ်တွင် အိပ်ခန်း ၅ ခန်းနှုင့် ရေချိုးခန်း ၉ ခန်းပါပြီး စံအိမ်အကျယ်မှာ စတုရန်းပေ ၈၀၀၀ ကျော်ရှိသည်။

စံအိမ်နှင့် ခြံဝန်းအတွင်း ကြီးမားသည့်ရေကူးကန်၊ ရေပူစိမ်ကန်နှင့် တင်းနစ်ကွင်းတစ်ခုတို့လည်း ရှိသည်။

ခြံနောက်ဘက်နေရာမှာ အလွန်ကျယ်ဝန်းလှသည့်နေရာဖြစ်ပြီး ကြည့်စရာ၊ လုပ်စရာ များလှသည်။

စံအိမ်၏ အတွင်းအပြင် ဗိသုကာဟန်တို့မှာ လွန်စွာနှစ်လိုဖွယ်ကောင်းလှသည်။

ခြံနောက်ဘက်တွင် ဧည့်ဂေဟာတစ်ခုလည်း ရှိသည်။

ဧည့်ဂေဟာအိမ်တွင် အိပ်ခန်း ၁ ခန်းနှင့် မီးဖိုဆောင်ငယ်တစ်ခုလည်း ပါသည်။

စံအိမ်ရှေ့တွင် ကြီးမားကျယ်ပြောသည့် ယာဉ်ရပ်နားရန်နေရာ ပါဝင်ရာ လာရောက်လည်ပတ်သူများစွာ၏ ကားများ ရပ်နားထားနိုင်သည်။

စံအိမ်တည်နေရာမှာ လော့စ်အိန်ဂျလိ၏ လူကုံထံရပ်ကွက်ဖြစ်သော Brentwood တွင် တည်ရှိပြီး အနီးဝန်းကျင်တွင် ကယ်လီဖိုးနီးယားတက္ကသိုလ် (UCLA) ရှိသည်။

ကမ္ဘာကျော်တို့ အခြေချနေထိုင်သည့် ဘီဗာလီဟေးလ်အရပ်နှင့်လည်း နီးကပ်စွာ တည်ရှိသည်။

(စံအိမ်အချက်အလက်များ)

အိပ်ခန်း- ၅ ခန်း

ရေချိုးခန်း- ၉ ခန်း

စံအိမ်အကျယ်အဝန်း- ၈၀၂၉ စတုရန်းပေ

တန်ဖိုး- ကန်ဒေါ်လာ ၁၅ ဒသမ ၂ သန်း

စံအိမ်လိပ်စာ- N Tigertail Rd, Los Angeles, CA 90049 ဂျင်မ်ကာရေး၏ ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၁၈၀

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jim Carrey House: The Los Angeles Pad (urbansplatter)

 

 

 

[Zawgyi]

The Mask ျဖင့္ ကမၻာေက်ာ္ခဲ့သူ Jim Carrey ၏ ေဒၚလာ ၁၅ သန္းတန္ ေလာ့စ္အိန္ဂ်လိစံအိမ္

ကေနဒါရုပ္ရွင္သရုပ္ေဆာင္ ဂ်င္မ္ကာေရးသည္ ၁၉၉၄ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ စူပါသူရဲေကာင္း ဟာသဇာတ္ကား The Mask ျဖင့္ ကမၻာေက်ာ္ခဲ့သူ ျဖစ္သည္။

အဆိုပါဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ ရုပ္ရွင္မင္းသမီး Cameron Diaz အတြက္ ပထမဆံုး ရုပ္ရွင္ေလာကသို႔ စတင္ဝင္ေရာက္သည့္ ပြဲဦးထြက္ဇာတ္ကားလည္း ျဖစ္သည္။

ဂ်င္မ္ကာေရးသည္ အစိမ္းေရာင္သစ္သားေမွာ္မ်က္ႏွာဖံုးတစ္ခုကို ရွာေဖြေတြ႔ရွိခဲ့သည့္ ဘဏ္စာေရး Stanley Ipkiss အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ဘဏ္စာေရး Stanley သည္ ေမွာ္မ်က္ႏွာဖံုး၏ ေမွာ္စြမ္းအားမ်ားရရွိကာ ရာဇဝတ္မႈမ်ားကို တိုက္ဖ်က္ရာတြင္ အသံုးျပဳခဲ့ပံုကို ရိုက္ကူးထားျခင္း ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္မူ ဂ်င္မ္ကာေရးသည္ ၁၉၉၀ ျပည့္ႏွစ္မွ ၁၉၉၄ ခုႏွစ္အထိ ရိုက္ကူးထုတ္လႊင့္ ခဲ့ေသာ In Living Color ဟာသဇာတ္လမ္းတြဲမ်ားတြင္ သရုပ္ေဆာင္ခဲ့မႈျဖင့္ လူသိမ်ားထားျပီး ျဖစ္သည္။

ဂ်င္မ္ကာေရးကို ကေနဒါႏိုင္ငံ၊ အြန္ေတရီယိုျပည္နယ္၊ တိုရြန္တိုျမိဳ႕၏ ဆင္ေျခဖံုး Newmarket အရပ္တြင္ ေမြးဖြားသည္။ မိဘမ်ားမွာ ေဆာက္လုပ္ေရးလုပ္ငန္းရွင္၊ ဂီတသမားမ်ား ျဖစ္ၾကသည္။

ဂ်င္မ္ကာေရး၏ အထက္တြင္ ေမြးခ်င္း ၃ ဦးရွိျပီး ဂ်င္မ္ကာေရးမွာ အငယ္ဆံုးျဖစ္သည္။

ဂ်င္မ္ကာေရးသည္ ၂၀၀၄ ခုႏွစ္၊ ေအာက္တိုဘာလတြင္ အေမရိကန္ႏိုင္ငံသားအျဖစ္ ရရွိခဲ့ရာ အေမရိကန္ႏွင့္ သူ၏ဇာတိကေနဒါ ႏွစ္ႏိုင္ငံတို႔၏ ႏိုင္ငံသားအျဖစ္ ရပ္တည္ေနသည္။

(ဂ်င္မ္ကာေရး အခ်စ္ေရး)

ဂ်င္မ္ကာေရးသည္ ၁၉၈၃ ခုႏွစ္တြင္ အဆိုေတာ္ Linda Ronstadt ႏွင့္ ၈ လၾကာခ်စ္ၾကိဳက္ခဲ့သည္။

ဂ်င္မ္ကာေရးသည္ ၂ ၾကိမ္ လက္ထပ္ခဲ့ဖူးသူ ျဖစ္သည္။

ပထမအိမ္ေထာင္မွာ ရုပ္ရွင္မင္းသမီးေဟာင္း Melissa Womer ျဖစ္ျပီး ၁၉၈၇ ခုႏွစ္၊ မတ္လ ၂၈ ရက္တြင္ လက္ထပ္ခဲ့သည္။ ၎တို႔၏ သမီးကေလး Jane Erin Carrey ကို ၁၉၈၇ ခုႏွစ္၊ စက္တင္ဘာလ ၆ ရက္တြင္ ေမြးဖြားသည္။

ဂ်င္မ္ကာေရးႏွင့္ Womer တို႔ ၁၉၉၅ ခုႏွစ္တြင္ ကြာရွင္းျပတ္စဲခဲ့သည္။

၁၉၉၆ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္တြင္ ဂ်င္မ္ကာေရးသည္ Dumb and Dumber တြင္ တြဲဖက္သရုပ္ေဆာင္ခဲ့သူ Lauren Holly ႏွင့္ လက္ထပ္ခဲ့ျပီး ၎တို႔၏ အိမ္ေထာင္ေရးမွာ တစ္ႏွစ္ပင္ မၾကာျမင့္ခဲ့ေခ်။

ယင္းေနာက္ ဂ်င္မ္ကာေရးသည္ Me, Myself and Irene ဇာတ္ကားတြင္ အတူသရုပ္ေဆာင္ခဲ့သူ ရုပ္ရွင္မင္းသမီး Renée Zellweger ႏွင့္ ေစ့စပ္ခဲ့ရာ ေစ့စပ္ကာလသက္တမ္းမွာ ၁၉၉၉ ခုႏွစ္မွ ၂၀၀၀ ျပည့္ႏွစ္အထိျဖစ္ျပီး လက္မထပ္ျဖစ္ခဲ့။

၂၀၀၂ ခုႏွစ္တြင္ ဂ်င္မ္ကာေရးသည္ January Jones ႏွင့္ ခ်စ္ၾကိဳက္ခဲ့သည္။

၂၀၀၅ ခုႏွစ္တြင္ ဂ်င္မ္ကာေရးသည္ ေမာ္ဒယ္ႏွင့္ ရုပ္ရွင္မင္းသမီး Jenny McCarthy ႏွင့္ ဆံုစည္းခဲ့ျပီး ၂၀၀၆ ခုႏွစ္၊ ဇြန္လတြင္ ၎တို႔၏ အခ်စ္ေရးကို လူသိရွင္ၾကားခ်ျပခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္၊ ဧျပီလတြင္ ၎တို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကသည္။

၂၀၁၂ ခုႏွစ္တြင္ ဂ်င္မ္ကာေရးသည္ အိုင္ယာလန္ မိတ္ကပ္ပညာရွင္ Cathriona White ႏွင့္ ဆံုစည္းခဲ့ျပီး ၂၀၁၂ မွ ၂၀၁၅ ခုႏွစ္အထိ တြဲခဲ့ၾကသည္။

၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္တြင္ Cathriona မွ ေဆးလြန္ကာေသဆံုးခဲ့ရာ ေလာ့စ္အိန္ဂ်လိ အာဏာပိုင္တို႔က မိမိကိုယ္ကိုယ္ အဆံုးစီရင္မႈအျဖစ္ သတ္မွတ္ခဲ့ၾကသည္။

၂၀၁၉ ခုႏွစ္တြင္ က်င္းပေသာ ေရႊကမၻာလံုးဆုေပးပြဲသုိ႔ ဂ်င္မ္ကာေရးက ခ်စ္သူသစ္ Ginger Gonzaga ႏွင့္အတူ တက္ေရာက္ခဲ့သည္။

သို႔ေသာ္ ခ်စ္သူသက္တမ္း ၁ ႏွစ္မျပည့္မီ လမ္းခြဲခဲ့ၾကသည္။

(ဂ်င္မ္ကာေရး၏ ေလာ့စ္အိန္ဂ်လိစံအိမ္)

ဂ်င္မ္ကာေရးသည္ ဆုရ ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သူျဖစ္သည္။

သူသည္ ဟာသ သရုပ္ေဆာင္ျဖစ္သည့္အျပင္ စာေရးဆရာ၊ ရုပ္ရွင္ထုတ္လုပ္သူလည္း ျဖစ္သည္။

ကေနဒါႏိုင္ငံ ဇာတိ ဂ်င္မ္ကာေရးက ေက်ာ္ၾကားမႈကို ရွာေဖြရန္ ေဟာလိဝုဒ္သို႔ သြားေရာက္ခဲ့ရာ သူ၏အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့သည္။

ဂ်င္မ္ကာေရးသည္ စံအိမ္မ်ားစြာ ပိုင္ဆိုင္ထားသည့္အနက္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘရန္႔ထ္ဝုဒ္အရပ္မွ စံအိမ္ကို ေလ့လာၾကည့္ပါမည္။

(ဂ်င္မ္ကာေရး ဘယ္မွာေနလဲ)

ဂ်င္မ္ကာေရး၏ ေလာ့စ္အိန္ဂ်လိစံအိမ္တြင္ အိပ္ခန္း ၅ ခန္းႏွုင့္ ေရခ်ဳိးခန္း ၉ ခန္းပါျပီး စံအိမ္အက်ယ္မွာ စတုရန္းေပ ၈၀၀၀ ေက်ာ္ရွိသည္။

စံအိမ္ႏွင့္ ျခံဝန္းအတြင္း ၾကီးမားသည့္ေရကူးကန္၊ ေရပူစိမ္ကန္ႏွင့္ တင္းနစ္ကြင္းတစ္ခုတို႔လည္း ရွိသည္။

ျခံေနာက္ဘက္ေနရာမွာ အလြန္က်ယ္ဝန္းလွသည့္ေနရာျဖစ္ျပီး ၾကည့္စရာ၊ လုပ္စရာ မ်ားလွသည္။

စံအိမ္၏ အတြင္းအျပင္ ဗိသုကာဟန္တို႔မွာ လြန္စြာႏွစ္လိုဖြယ္ေကာင္းလွသည္။

ျခံေနာက္ဘက္တြင္ ဧည့္ေဂဟာတစ္ခုလည္း ရွိသည္။

ဧည့္ေဂဟာအိမ္တြင္ အိပ္ခန္း ၁ ခန္းႏွင့္ မီးဖုိေဆာင္ငယ္တစ္ခုလည္း ပါသည္။

စံအိမ္ေရွ႕တြင္ ၾကီးမားက်ယ္ေျပာသည့္ ယာဥ္ရပ္နားရန္ေနရာ ပါဝင္ရာ လာေရာက္လည္ပတ္သူမ်ားစြာ၏ ကားမ်ား ရပ္နားထားႏိုင္သည္။

စံအိမ္တည္ေနရာမွာ ေလာ့စ္အိန္ဂ်လိ၏ လူကံုထံရပ္ကြက္ျဖစ္ေသာ Brentwood တြင္ တည္ရွိျပီး အနီးဝန္းက်င္တြင္ ကယ္လီဖိုးနီးယားတကၠသိုလ္ (UCLA) ရွိသည္။

ကမၻာေက်ာ္တို႔ အေျခခ်ေနထိုင္သည့္ ဘီဗာလီေဟးလ္အရပ္ႏွင့္လည္း နီးကပ္စြာ တည္ရွိသည္။

(စံအိမ္အခ်က္အလက္မ်ား)

အိပ္ခန္း- ၅ ခန္း

ေရခ်ဳိးခန္း- ၉ ခန္း

စံအိမ္အက်ယ္အဝန္း- ၈၀၂၉ စတုရန္းေပ

တန္ဖိုး- ကန္ေဒၚလာ ၁၅ ဒသမ ၂ သန္း

စံအိမ္လိပ္စာ- N Tigertail Rd, Los Angeles, CA 90049 ဂ်င္မ္ကာေရး၏ ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၁၈၀

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jim Carrey House: The Los Angeles Pad (urbansplatter)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service