မိုးရာသီအတွက် နေအိမ်ထိန်းသိမ်းရေး အကြံပြုချက်များ

မိုးရာသီအတွက် နေအိမ်ထိန်းသိမ်းရေး အကြံပြုချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
30 May 2022 10:19 am တွင် တင်ခဲ့သည်
888 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဇွန်လကနေ အောက်တိုဘာလလောက်အထိ ကြာမြင့်တတ်တဲ့ မိုးရာသီမှာ လေပြင်းမုန်တိုင်းတွေ၊ မိုးသက်လေပြင်းတွေနဲ့ ရေကြီးရေလျှံမှု/ရေလွှမ်းမိုးမှုတွေ အချိန်မရွေး ဖြစ်ပွားနိုင်တာဟာ မကောင်းမပေမဲ့လို့ ကောင်းသတင်းတစ်ခုတော့ ရှိပါသေးတယ်။ အဲဒါကတော့ သင့်နေအိမ်ကို ရေကြီးရေလျှံမှု/ရေလွှမ်းမိုးမှုတွေရဲ့ ရန်ကနေ ချမ်းသာရစေနိုင်ဖို့ရာ ဒါမှမဟုတ် အပျက်အစီးကြီးကြီးမားမားမှန်သမျှကို ကာကွယ်ဖို့ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ရာ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာပဲဖြစ်ပါတယ်။

နောက်မှ စိတ်မကောင်းဝမ်းနည်းရတာထက် ဘေးမသီရန်မခမထိမခိုက်ဖြစ်ခြင်းက ပိုကောင်းတယ် မဟုတ်ပါလား? အကြံ့ခိုင်အတောင့်တင်းဆုံး အိမ်တွေပင် အရည်အသွေး‌ကောင်းမွန်တဲ့ ကုန်ကြမ်းတွေနဲ့ ဆောက်လုပ်ထားသည့်တိုင် အက်ကွဲ၊ ယိုစိမ့်မှုတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒီလိုမျိုးပုံမှန်ယိုယွင်းပျက်စီးမှုတွေဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကာ အနာဂတ်မှာ ပိုမိုဆိုးရွားကြီးမားတဲ့ပြဿနာတွေကို ရှောင်ရှားဖို့ရာ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်သင့်ပါတယ်။ ပြောရရင်တော့ ကျွန်ုပ်တို့ရဲ့အိမ်ဆိုတာ ကျွန်ုပ်တို့ကိုယ်တိုင်တွေရဲ့ သက်တမ်းတိုးပေးခြင်းတစ်မျိုးဖြစ်ကာ ပုံမှန်ပြုပြင်ထိန်းသိမ်းသင့်ပါတယ်။

ဒီဆောင်ပါးမှာ ကျွန်ုပ်တို့တွေက မိုးရာသီအတွက် နေအိမ်ပြုပြင်ထိန်းသိမ်းရေးအကြံပြုချက်အနည်းငယ်ကို တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။

၁။ အိမ်ခေါင်မိုးများ၊ ရေတံလျှောက်များ၊ ရေမြောင်းများကို စစ်ဆေးပါ

 

အိမ်ခေါင်မိုးဆိုတာ လေပြင်းမုန်တိုင်းတွေဒဏ်ကနေ ပထမဆုံးခံတပ်ပဲဖြစ်ပါတယ်။ အကယ်၍ နေအိမ်ရဲ့ အလုံးစုံသော ခံစားမှုအပေါ် သက်ရောက်မှုသိပ်မရှိပေသည့်တိုင်တောင်မှ ခေါင်းမိုးဆိုတာ သင့်အိမ်မှာ သင်နဲ့ ကျန်တဲ့သူတွေအားလုံးကို ဘေးကင်းလုံခြုံစေရာမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

ရေတံလျှောက်တွေနဲ့ ရေမြောင်းတွေသည်လည်းပဲ ရေစီးဆင်းစေရာမှာနဲ့ သဘာဝဘေးတွေကြောင့် ဖြစ်ပေါ်ရတဲ့ အဆင်မပြေမှုတွေကနေ ကာကွယ်ပေးရာမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ ရေတံလျှောက်တွေနဲ့ ရေမြောင်းတွေ တစ်ခုခုအဆင်မပြေဖြစ်ပါက နေအိမ်ရှိ သက်ဆိုင်ရာနေရာတွေမှာ ရေလျှံမှု၊ ရေယိုစိမ့်မှု စသဖြင့် ဖြစ်ပွားနိုင်ပါတယ်။

 

မိုးဦးမကျမီ (မိုးရာသီမတိုင်မီ) တစ်လလောက်အလိုကတည်းက စတင်ကာ အိမ်ခေါင်မိုး၊ ရေတံလျှောက်နဲ့ ရေမြောင်းတွေမှာ အက်ကွဲရာတွေ၊ အပေါက်တွေ ရှိမရှိ စစ်ဆေးတာက အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အက်ကွဲကြောင်းတွေ၊ အပေါက်တွေမှန်သမျှကို သေချာပြန်ပိတ်ကာ ပိတ်ဆို့မှုတွေမရှိအောင်လည်း လုပ်ပါ။

၂။ လျှပ်စစ်ကြိုးများသွယ်တန်းဖွဲ့စည်းပုံများကို စစ်ဆေးပါ

 

 

ပလတ်ပေါက်များမှသည် ဝိုင်ယာကြိုးများအထိ၊ မိန်းခလုတ်များအထိ သင့်အိမ်ရှိ လျှပ်စစ်ကြိုးများသွယ်တန်းဖွဲ့စည်းပုံများကို စစ်ဆေးပါ။ ယင်းက မတော်တဆမီးလောင်မှုတွေကို ဖြစ်စေနိုင်တဲ့ ရေယိုစိမ့်မှု၊ ဝိုင်ယာကြိုးပေါက်ပြဲပျက်စီးမှုတွေကို အချိန်မီတွေ့ရှိနိုင်တာကြောင့် သင့်အိမ်အတွက် ဘေးကင်းမှုနောက်ထပ်အလွှာတစ်လွှာ ဖန်တီးဖို့ရာ သင့်ကို ကူညီပေးပါလိမ့်မယ်။

အကယ်၍ သင့်ဘာသာ ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်မသိပါက စိတ်မပူပါနဲ့။ လူတိုင်းလုပ်တတ်ကြတာမျိုး မဟုတ်ပါဘူး။ ဒီစစ်ဆေးမှုကို တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် လျှပ်စစ်ပညာရှင်ငှားပြီး ဆောင်ရွက်စေတာ အကောင်းဆုံးပါပဲ။

၃။ ဖျက်ဆီးတတ်သော ပိုးမွှားတိရစ္ဆာန်၊ ခြင်နှင့် ၎င်းတို့နှင့်အတူပါလာသော အန္တရာယ်များအား သတိပြုပါ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာတစ်ဝန်း ၂၀၁၅ ခုနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၁၆၉,၀၀၀ ခုကျော်ရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ၎င်းအရေအတွက်ဟာ ယခုအခါ သိသိသာသာလျော့နည်းကျဆင်းသွားပေမဲ့လည်း သွေးလွန်တုပ်ကွေးဖြစ်ပွားရခြင်းမှာ နေအိမ်များရှိ မှောင်မိုက်ပြီး တန့်နေတဲ့ ရေတွင် ‌ပေါက်ဖွားတဲ့ ခြင်းများကြောင့်ဖြစ်ပြီး မိုးရာသီတွင် အဖြစ်အများဆုံးဖြစ်တယ်ဆိုတဲ့ အချက်ကတော့ ဆက်လက်မှန်ကန်နေဆဲပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့တစ်အိမ်လုံးကို ရေသေတွေကနေနဲ့ မိုးတွင်းမှာ နေအိမ်ရှိ (အထူးသဖြင့် နေအိမ်အပြင်ဘက်) အချို့နေရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ မိုးရေအိုင်ငယ်လေးတွေကနေ ကင်းဝေစေတာ အကောင်းဆုံးပါပဲ။ ဒါတွေက ပိုးကောင်တွေကို ဆွဲဆောင်ပြီး ခြင်တွေ ပေါက်ပွားဖို့အတွက် အကောင်းဆုံးပတ်ဝန်းကျင်တွေ ဖြစ်လာမှာမို့ပါ။ ဒီအချက်တွေကို မှတ်သားထားကာ ရက်အနည်းငယ်ကြာ မိုးဆက်တိုက်ရွာသွန်းပြီးစတွင် ခြံတစ်ခုလုံး၊ ရေကူးကန်တစ်ခုလုံး၊ ငါးကန်တစ်ခုလုံးအား သန့်ရှင်းခြင်းဖြင့် မိမိရဲ့မိသားစုအား ဘေးကင်းစေတာ အကောင်းဆုံးဖြစ်ပါတယ်။

၄။ သင့်သိုလှောင်မှုနည်းလမ်းများအား အဆင့်မြှင့်ပါ

 

ဖြစ်နိုင်ရင် သင့်ပရိဘောဂနဲ့ လျှပ်စစ်ပစ္စည်းတွေကို မြှင့်တင်ပေးပါ၊ အထူးသဖြင့် သင့်အိမ်မှာ မြေအောက်ထပ် ဒါမှမဟုတ် အထပ်နိမ့် ရှိတယ် ဒါမှမဟုတ် သင့်အိမ်ကို မမြှင့်တင်ထားဘူးဆိုရင်ပေါ့။ ဒါဟာ ရုတ်တရက်ရေကြီးမှုအန္တရာယ်ကနေ ကာကွယ်ဖို့ပဲဖြစ်ပါတယ်။

အကယ်၍ သင်က သင့်စိတ်ကူးထဲကအိမ်ကို ဒီဇိုင်းဆွဲနေတုန်းပဲရှိသေးတယ်ဆိုရင်တော့ ကြံ့ခိုင်တောင့်တင်းထူထဲပြီး ‌ရေစိုခံတဲ့ သိုလှောင်မှုနည်းလမ်းတွေကို ရှာပါ၊ ၎င်းနည်းလမ်းတွေက သင့်ရဲ့ အဖိုးတန်ပိုင်ဆိုင်မှုတွေကို ခေါင်မိုးရေယိုခြင်း၊ ရေကြီးခြင်းတွေကြောင့် ရေစို၊ ပျက်စီးခြင်းများမှ ကာကွယ်ပေးပါလိမ့်မယ်။

ရေလွှမ်းမိုးမှုဒဏ်ကို ပိုမိုခံနိုင်ခြေရှိပြီး မှိုပြန့်ပွားခြင်းကဲ့သို့ ကျန်းမာရေးအန္တရာယ်မရှိတဲ့ သတ္တု၊ ကျောက်တုံး/ကျောက်ပြားနဲ့ ကျောက်စရစ်လိုမျိုး အရည်အသွေးမြင့်ကုန်ကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ ကြံ့ခိုင်တောင့်တင်းတဲ့ပရိဘောဂတွေကိုပဲ ရွေးချယ်ပါ။

ဘယ်ရာသီ၊ ဘယ်လိုမျိုး ဥတုအခြေအနေ ဖြစ်ပါစေ၊ ကျွန်ုပ်တို့အားလုံးဟာ ဘေးကင်းလုံခြုံစွာ ရှိကြသင့်ပါတယ်။ ကမ္ဘာပေါ်မှာ သင့်အတွက် သင့်အိမ်ထက် ပိုပြီးဘေးကင်းစိတ်ချရတဲ့နေရာမျိုး မရှိသင့်ပါဘူးနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Home Maintenance Tips And Tricks For The Rainy Season (oaklane.ph)

 

 

[Zawgyi]

မိုးရာသီအတြက္ ေနအိမ္ထိန္းသိမ္းေရး အၾကံျပဳခ်က္မ်ား

ဇြန္လကေန ေအာက္တိုဘာလေလာက္အထိ ၾကာျမင့္တတ္တဲ့ မိုးရာသီမွာ ေလျပင္းမုန္တိုင္းေတြ၊ မိုးသက္ေလျပင္းေတြနဲ႔ ေရႀကီးေရလွ်ံမႈ/ေရလႊမ္းမိုးမႈေတြ အခ်ိန္မေ႐ြး ျဖစ္ပြားႏိုင္တာဟာ မေကာင္းမေပမဲ့လို႔ ေကာင္းသတင္းတစ္ခုေတာ့ ႐ွိပါေသးတယ္။ အဲဒါကေတာ့ သင့္ေနအိမ္ကို ေရႀကီးေရလွ်ံမႈ/ေရလႊမ္းမိုးမႈေတြရဲ႕ ရန္ကေန ခ်မ္းသာရေစႏိုင္ဖို႔ရာ ဒါမွမဟုတ္ အပ်က္အစီးႀကီးႀကီးမားမားမွန္သမွ်ကို ကာကြယ္ဖို႔ လုံေလာက္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔ရာ ျဖစ္ႏိုင္တဲ့ နည္းလမ္းေတြ ႐ွိတယ္ဆိုတာပဲျဖစ္ပါတယ္။

ေနာက္မွ စိတ္မေကာင္းဝမ္းနည္းရတာထက္ ေဘးမသီရန္မခမထိမခိုက္ျဖစ္ျခင္းက ပိုေကာင္းတယ္ မဟုတ္ပါလား? အၾကံ့ခိုင္အေတာင့္တင္းဆုံး အိမ္ေတြပင္ အရည္အေသြး‌ေကာင္းမြန္တဲ့ ကုန္ၾကမ္းေတြနဲ႔ ေဆာက္လုပ္ထားသည့္တိုင္ အက္ကြဲ၊ ယိုစိမ့္မႈေတြ ၾကဳံေတြ႕ခံစားရႏိုင္ပါတယ္။ ဒီလိုမ်ိဳးပုံမွန္ယိုယြင္းပ်က္စီးမႈေတြဟာ ျဖစ္႐ိုးျဖစ္စဥ္ျဖစ္ကာ အနာဂတ္မွာ ပိုမိုဆိုး႐ြားႀကီးမားတဲ့ျပႆနာေတြကို ေ႐ွာင္႐ွားဖို႔ရာ ျပဳျပင္ထိန္းသိမ္းမႈ ျပဳလုပ္သင့္ပါတယ္။ ေျပာရရင္ေတာ့ ကြၽႏ္ုပ္တို႔ရဲ႕အိမ္ဆိုတာ ကြၽႏ္ုပ္တို႔ကိုယ္တိုင္ေတြရဲ႕ သက္တမ္းတိုးေပးျခင္းတစ္မ်ိဳးျဖစ္ကာ ပုံမွန္ျပဳျပင္ထိန္းသိမ္းသင့္ပါတယ္။

ဒီေဆာင္ပါးမွာ ကြၽႏ္ုပ္တို႔ေတြက မိုးရာသီအတြက္ ေနအိမ္ျပဳျပင္ထိန္းသိမ္းေရးအၾကံျပဳခ်က္အနည္းငယ္ကို တင္ျပေပးသြားမွာပဲျဖစ္ပါတယ္။

၁။ အိမ္ေခါင္မိုးမ်ား၊ ေရတံေလွ်ာက္မ်ား၊ ေရေျမာင္းမ်ားကို စစ္ေဆးပါ

အိမ္ေခါင္မိုးဆိုတာ ေလျပင္းမုန္တိုင္းေတြဒဏ္ကေန ပထမဆုံးခံတပ္ပဲျဖစ္ပါတယ္။ အကယ္၍ ေနအိမ္ရဲ႕ အလုံးစုံေသာ ခံစားမႈအေပၚ သက္ေရာက္မႈသိပ္မ႐ွိေပသည့္တိုင္ေတာင္မွ ေခါင္းမိုးဆိုတာ သင့္အိမ္မွာ သင္နဲ႔ က်န္တဲ့သူေတြအားလုံးကို ေဘးကင္းလုံျခဳံေစရာမွာ ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ပါတယ္။

ေရတံေလွ်ာက္ေတြနဲ႔ ေရေျမာင္းေတြသည္လည္းပဲ ေရစီးဆင္းေစရာမွာနဲ႔ သဘာဝေဘးေတြေၾကာင့္ ျဖစ္ေပၚရတဲ့ အဆင္မေျပမႈေတြကေန ကာကြယ္ေပးရာမွာ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ပါတယ္။ ေရတံေလွ်ာက္ေတြနဲ႔ ေရေျမာင္းေတြ တစ္ခုခုအဆင္မေျပျဖစ္ပါက ေနအိမ္႐ွိ သက္ဆိုင္ရာေနရာေတြမွာ ေရလွ်ံမႈ၊ ေရယိုစိမ့္မႈ စသျဖင့္ ျဖစ္ပြားႏိုင္ပါတယ္။

မိုးဦးမက်မီ (မိုးရာသီမတိုင္မီ) တစ္လေလာက္အလိုကတည္းက စတင္ကာ အိမ္ေခါင္မိုး၊ ေရတံေလွ်ာက္နဲ႔ ေရေျမာင္းေတြမွာ အက္ကြဲရာေတြ၊ အေပါက္ေတြ ႐ွိမ႐ွိ စစ္ေဆးတာက အေကာင္းဆုံးအခ်ိန္ျဖစ္ပါတယ္။ အက္ကြဲေၾကာင္းေတြ၊ အေပါက္ေတြမွန္သမွ်ကို ေသခ်ာျပန္ပိတ္ကာ ပိတ္ဆို႔မႈေတြမ႐ွိေအာင္လည္း လုပ္ပါ။

၂။ လွ်ပ္စစ္ႀကိဳးမ်ားသြယ္တန္းဖြဲ႕စည္းပုံမ်ားကို စစ္ေဆးပါ

ပလတ္ေပါက္မ်ားမွသည္ ဝိုင္ယာႀကိဳးမ်ားအထိ၊ မိန္းခလုတ္မ်ားအထိ သင့္အိမ္႐ွိ လွ်ပ္စစ္ႀကိဳးမ်ားသြယ္တန္းဖြဲ႕စည္းပုံမ်ားကို စစ္ေဆးပါ။ ယင္းက မေတာ္တဆမီးေလာင္မႈေတြကို ျဖစ္ေစႏိုင္တဲ့ ေရယိုစိမ့္မႈ၊ ဝိုင္ယာႀကိဳးေပါက္ၿပဲပ်က္စီးမႈေတြကို အခ်ိန္မီေတြ႕႐ွိႏိုင္တာေၾကာင့္ သင့္အိမ္အတြက္ ေဘးကင္းမႈေနာက္ထပ္အလႊာတစ္လႊာ ဖန္တီးဖို႔ရာ သင့္ကို ကူညီေပးပါလိမ့္မယ္။

အကယ္၍ သင့္ဘာသာ ဘယ္လိုလုပ္ရမယ္ဆိုတာကို သင္မသိပါက စိတ္မပူပါနဲ႔။ လူတိုင္းလုပ္တတ္ၾကတာမ်ိဳး မဟုတ္ပါဘူး။ ဒီစစ္ေဆးမႈကို တစ္ႏွစ္လွ်င္ အနည္းဆုံးႏွစ္ႀကိမ္ လွ်ပ္စစ္ပညာ႐ွင္ငွားၿပီး ေဆာင္႐ြက္ေစတာ အေကာင္းဆုံးပါပဲ။

၃။ ဖ်က္ဆီးတတ္ေသာ ပိုးမႊားတိရစၧာန္၊ ျခင္ႏွင့္ ၎တို႔ႏွင့္အတူပါလာေသာ အႏၲရာယ္မ်ားအား သတိျပဳပါ

ကမ႓ာ့က်န္းမာေရးအဖြဲ႕ (WHO) က ကမ႓ာတစ္ဝန္း ၂၀၁၅ ခုႏွစ္မွာ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ ၁၆၉,၀၀၀ ခုေက်ာ္႐ွိခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။ ၎အေရအတြက္ဟာ ယခုအခါ သိသိသာသာေလ်ာ့နည္းက်ဆင္းသြားေပမဲ့လည္း ေသြးလြန္တုပ္ေကြးျဖစ္ပြားရျခင္းမွာ ေနအိမ္မ်ား႐ွိ ေမွာင္မိုက္ၿပီး တန္႔ေနတဲ့ ေရတြင္ ‌ေပါက္ဖြားတဲ့ ျခင္းမ်ားေၾကာင့္ျဖစ္ၿပီး မိုးရာသီတြင္ အျဖစ္အမ်ားဆုံးျဖစ္တယ္ဆိုတဲ့ အခ်က္ကေတာ့ ဆက္လက္မွန္ကန္ေနဆဲပဲျဖစ္ပါတယ္။

ကြၽႏ္ုပ္တို႔ရဲ႕တစ္အိမ္လုံးကို ေရေသေတြကေနနဲ႔ မိုးတြင္းမွာ ေနအိမ္႐ွိ (အထူးသျဖင့္ ေနအိမ္အျပင္ဘက္) အခ်ိဳ႕ေနရာေတြမွာ ျဖစ္ေပၚတတ္တဲ့ မိုးေရအိုင္ငယ္ေလးေတြကေန ကင္းေဝေစတာ အေကာင္းဆုံးပါပဲ။ ဒါေတြက ပိုးေကာင္ေတြကို ဆြဲေဆာင္ၿပီး ျခင္ေတြ ေပါက္ပြားဖို႔အတြက္ အေကာင္းဆုံးပတ္ဝန္းက်င္ေတြ ျဖစ္လာမွာမို႔ပါ။ ဒီအခ်က္ေတြကို မွတ္သားထားကာ ရက္အနည္းငယ္ၾကာ မိုးဆက္တိုက္႐ြာသြန္းၿပီးစတြင္ ျခံတစ္ခုလုံး၊ ေရကူးကန္တစ္ခုလုံး၊ ငါးကန္တစ္ခုလုံးအား သန္႔႐ွင္းျခင္းျဖင့္ မိမိရဲ႕မိသားစုအား ေဘးကင္းေစတာ အေကာင္းဆုံးျဖစ္ပါတယ္။

၄။ သင့္သိုေလွာင္မႈနည္းလမ္းမ်ားအား အဆင့္ျမႇင့္ပါ

ျဖစ္ႏိုင္ရင္ သင့္ပရိေဘာဂနဲ႔ လွ်ပ္စစ္ပစၥည္းေတြကို ျမႇင့္တင္ေပးပါ၊ အထူးသျဖင့္ သင့္အိမ္မွာ ေျမေအာက္ထပ္ ဒါမွမဟုတ္ အထပ္နိမ့္ ႐ွိတယ္ ဒါမွမဟုတ္ သင့္အိမ္ကို မျမႇင့္တင္ထားဘူးဆိုရင္ေပါ့။ ဒါဟာ ႐ုတ္တရက္ေရႀကီးမႈအႏၲရာယ္ကေန ကာကြယ္ဖို႔ပဲျဖစ္ပါတယ္။

အကယ္၍ သင္က သင့္စိတ္ကူးထဲကအိမ္ကို ဒီဇိုင္းဆြဲေနတုန္းပဲ႐ွိေသးတယ္ဆိုရင္ေတာ့ ၾကံ့ခိုင္ေတာင့္တင္းထူထဲၿပီး ‌ေရစိုခံတဲ့ သိုေလွာင္မႈနည္းလမ္းေတြကို ႐ွာပါ၊ ၎နည္းလမ္းေတြက သင့္ရဲ႕ အဖိုးတန္ပိုင္ဆိုင္မႈေတြကို ေခါင္မိုးေရယိုျခင္း၊ ေရႀကီးျခင္းေတြေၾကာင့္ ေရစို၊ ပ်က္စီးျခင္းမ်ားမွ ကာကြယ္ေပးပါလိမ့္မယ္။

ေရလႊမ္းမိုးမႈဒဏ္ကို ပိုမိုခံႏိုင္ေျခ႐ွိၿပီး မိႈျပန္႔ပြားျခင္းကဲ့သို႔ က်န္းမာေရးအႏၲရာယ္မ႐ွိတဲ့ သတၱဳ၊ ေက်ာက္တုံး/ေက်ာက္ျပားနဲ႔ ေက်ာက္စရစ္လိုမ်ိဳး အရည္အေသြးျမင့္ကုန္ၾကမ္းေတြနဲ႔ ျပဳလုပ္ထားတဲ့ ၾကံ့ခိုင္ေတာင့္တင္းတဲ့ပရိေဘာဂေတြကိုပဲ ေ႐ြးခ်ယ္ပါ။

ဘယ္ရာသီ၊ ဘယ္လိုမ်ိဳး ဥတုအေျခအေန ျဖစ္ပါေစ၊ ကြၽႏ္ုပ္တို႔အားလုံးဟာ ေဘးကင္းလုံျခဳံစြာ ႐ွိၾကသင့္ပါတယ္။ ကမ႓ာေပၚမွာ သင့္အတြက္ သင့္အိမ္ထက္ ပိုၿပီးေဘးကင္းစိတ္ခ်ရတဲ့ေနရာမ်ိဳး မ႐ွိသင့္ပါဘူးေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Home Maintenance Tips And Tricks For The Rainy Season (oaklane.ph)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service