အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ဒီလိုကာကွယ်ပါ

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ဒီလိုကာကွယ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
26 May 2022 1:53 pm တွင် တင်ခဲ့သည်
363 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

လူစုံတက်စုံရှိပြီး တစ်နေ့ကို အနည်းဆုံး ၆ နာရီနဲ့အထက် နေရတဲ့ အလုပ်ခွင်မှာ ရောဂါ အမျိုးမျိုး ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ကူးစက်မှုနဲ့အတူ အလုပ်ခွင်ဖိအား။ နေထိုင်မှု ပုံစံတွေကြောင့်လည်း ကျန်းမာရေး ပြဿနာအမျိုးမျိုး ခံစားရနိုင်ပါတယ်။

ကိုယ်တိုင်မှာရော လုပ်ဖော်ကိုင်ဖက်တွေမှာပါ ရောဂါကူးစက်မှု ကင်းစေဖို့ဆိုရင် ရုံးတွင်းမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကိုယ်တိုင်ကစပြီး ကာကွယ်ဖို့လိုပါမယ်။

ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။

အလုပ်ခွင်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ

အလုပ်ခွင်မှာ အခုလို ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

တုပ်ကွေး

Stomach Flu

ဓာတ်မတည့်မှု

ခေါင်းကိုက်

ခါးနာ

အစာမကြေတာမျိုး ခံစားရနိုင်ပါတယ်။

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာကို ဒီလို ကာကွယ်ပါ

အလုပ်လည်း ကောင်းကောင်း လုပ်နိုင်ပြီး ကျန်းမာနေစေဖို့ဆိုရင် ဒီအချက်လေးတွေကို သေချာလိုက်နာဖို့ လိုပါမယ်။

အာဟာရ ပြည့်ဝအောင်စားပါ

ရောဂါ တော်တော်များများကို ကာကွယ်ဖို့က ကိုယ်ခံအား ကောင်းဖို့ လိုပါမယ်။ ဒါကြောင့် နေ့စဉ် အာဟာရ ပြည့်ဝအောင် ပြင်ဆင် စားသောက်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။

အပြင်စာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ အစား သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အိမ်ချက် ထမင်းဘူးလေး ယူသွားဖို့ မမေ့ပါနဲ့။

ရေသောက်ဖို့ မမေ့ပါနဲ့

ခေါင်းကိုက်တာ။ ကြွက်သားတွေ တောင့်တင်းတာနဲ့၊ အိုင်ဒီယာတွေ ပျောက်တယ်ဆိုတာ တစ်ခါတစ်ခါမှာ ရေသောက်နည်း နေတာကြောင့် ဖြစ်နိုင်ပါတယ်။

ရေသောက်နည်းတာက ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် ဝမ်းချုပ်တာနဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို ကိုယ်ခံအားကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ရေသောက်ဖို့ မမေ့ပါနဲ့။ အလုပ်များနေရင်တောင် တစ်နေ့ကို ရေ ၈ ခွက် သောက်ပေးပါ။

လက်ဆေးပါ

ရုံးကို ရောက်ပြီဆိုတာနဲ့ အရင်ဆုံး ဘာကိုမှ မကိုင်ခင် လက်ဆေးပါ။ ခုံနဲ့ အသုံးအဆောင်တွေကို သန့်စင်ပြီးချိန်မှာ လက်ဆေးပါ။ အစားမစားခင်၊ အများသုံး ပစ္စည်းတွေ ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာက ထွက်တဲ့အခါမျိုးတွေမှာ မမေ့မလျော့ လက်ဆေးပါ။

မျက်လုံးကို အနားပေးပါ

တစ်နေကုန် စခရင်မ်ကို ကြည့်နေရတာကြောင့် မျက်လုံးခြောက်တာ၊ မျက်လုံးညောင်းပြီး ခေါင်းကိုက်တာကို သက်သာစေဖို့အတွက် မျက်လုံးကို အနားပေးတဲ့အနေနဲ့ ကွန်ပျူတာကနေ ခပ်ဝေးဝေးကို လှမ်းကြည့်တာ၊ စိမ်းစိုတဲ့ မြင်ကွင်းတွေကို ကြည့်တာမျိုး လုပ်ပေးပါ။ မျက်လုံး ကျန်းမာစေပြီး မျက်လုံးညောင်းတာကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

ပုံစံ မှန်မှန် ထိုင်ပါ

ထိုင်တဲ့ ပုံစံ မမှန်တာက ခါးနာတာနဲ့ တင်ပါးနာတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ ခါးနာမှု ကင်းစေဖို့ဆိုရင် ခါးကို မတ်မတ်လေးထားပြီး ပုံစံ မှန်မှန် ထိုင်ပါ။ ထိုင်ခုံနဲ့ စားပွဲကို အဆင်ပြေတဲ့ အမြင့်ဖြစ်စေဖို့လည်း သတိပြုပါ။

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက အလုပ်ကြောင့် အညောင်းမိတာကို သက်သာစေနိုင်သလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို အကောင်းဆုံး တုံ့ပြန်နိုင်စေမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

အလုပ္ခြင္မွာ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ က်န္းမာေရးျပႆနာေတြကို ဒီလိုကာကြယ္ပါ

လူစုံတက္စုံ႐ွိၿပီး တစ္ေန႔ကို အနည္းဆုံး ၆ နာရီနဲ႔အထက္ ေနရတဲ့ အလုပ္ခြင္မွာ ေရာဂါ အမ်ိဳးမ်ိဳး ကူးစက္ႏိုင္ပါတယ္။ ေရာဂါပိုးေတြ ကူးစက္မႈနဲ႔အတူ အလုပ္ခြင္ဖိအား။ ေနထိုင္မႈ ပုံစံေတြေၾကာင့္လည္း က်န္းမာေရး ျပႆနာ အမ်ိဳးမ်ိဳး ခံစားရႏိုင္ပါတယ္။

ကိုယ္တိုင္မွာေရာ လုပ္ေဖာ္ကိုင္ဖက္ေတြမွာပါ ေရာဂါကူးစက္မႈ ကင္းေစဖို႔ဆိုရင္ ႐ုံးတြင္းမွာ အျဖစ္မ်ားတဲ့ က်န္းမာေရးျပႆနာေတြကို ကိုယ္တိုင္ကစၿပီး ကာကြယ္ဖို႔လိုပါမယ္။ ဘယ္လို ကာကြယ္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြကိုေတာ့ ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ေနာ္။

အလုပ္ခြင္မွာ အျဖစ္မ်ားတဲ့ က်န္းမာေရး ျပႆနာမ်ား

အလုပ္ခြင္မွာ အခုလို ေရာဂါေတြ ျဖစ္ေပၚခံစားရႏိုင္ပါတယ္။

တုပ္ေကြး

Stomach Flu

ဓာတ္မတည့္မႈ

ေခါင္းကိုက္

ခါးနာ

အစာမေၾကတာမ်ိဳး ခံစားရႏိုင္ပါတယ္။

အလုပ္ခြင္မွာ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ က်န္းမာေရး ျပႆနာကို ဒီလို ကာကြယ္ပါ

အလုပ္လည္း ေကာင္းေကာင္း လုပ္ႏိုင္ၿပီး က်န္းမာေနေစဖို႔ဆိုရင္ ဒီအခ်က္ေလးေတြကို ေသခ်ာလိုက္နာဖို႔ လိုပါမယ္။

အာဟာရ ျပည့္ဝေအာင္စားပါ

ေရာဂါ ေတာ္ေတာ္မ်ားမ်ားကို ကာကြယ္ဖို႔က ကိုယ္ခံအား ေကာင္းဖို႔ လိုပါမယ္။ ဒါေၾကာင့္ ေန႔စဥ္ အာဟာရ ျပည့္ဝေအာင္ ျပင္ဆင္ စားေသာက္တတ္တဲ့ အေလ့အက်င့္ကို ေမြးျမဴပါ။

အျပင္စာေတြ၊ ျပဳျပင္ထားတဲ့ အစားအစာေတြ အစား သန္႔႐ွင္းၿပီး အာဟာရျပည့္ဝတဲ့ အိမ္ခ်က္ ထမင္းဘူးေလး ယူသြားဖို႔ မေမ့ပါနဲ႔။

ေရေသာက္ဖို႔ မေမ့ပါနဲ႔

ေခါင္းကိုက္တာ။ ႂကြက္သားေတြ ေတာင့္တင္းတာနဲ႔၊ အိုင္ဒီယာေတြ ေပ်ာက္တယ္ဆိုတာ တစ္ခါတစ္ခါမွာ ေရေသာက္နည္း ေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

ေရေသာက္နည္းတာက ဆီးလမ္းေၾကာင္း ပိုးဝင္တာ အပါအဝင္ ဝမ္းခ်ဳပ္တာနဲ႔ အျခားေသာ က်န္းမာေရး ျပႆနာေတြကို ျဖစ္ေစႏိုင္သလို ကိုယ္ခံအားကို အားနည္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေရေသာက္ဖို႔ မေမ့ပါနဲ႔။ အလုပ္မ်ားေနရင္ေတာင္ တစ္ေန႔ကို ေရ ၈ ခြက္ ေသာက္ေပးပါ။

လက္ေဆးပါ

႐ုံးကို ေရာက္ၿပီဆိုတာနဲ႔ အရင္ဆုံး ဘာကိုမွ မကိုင္ခင္ လက္ေဆးပါ။ ခုံနဲ႔ အသုံးအေဆာင္ေတြကို သန္႔စင္ၿပီးခ်ိန္မွာ လက္ေဆးပါ။ အစားမစားခင္၊ အမ်ားသုံး ပစၥည္းေတြ ကိုင္တြယ္ၿပီးတိုင္း၊ အိမ္သာက ထြက္တဲ့အခါမ်ိဳးေတြမွာ မေမ့မေလ်ာ့ လက္ေဆးပါ။

မ်က္လုံးကို အနားေပးပါ

တစ္ေနကုန္ စခရင္မ္ကို ၾကည့္ေနရတာေၾကာင့္ မ်က္လုံးေျခာက္တာ၊ မ်က္လုံးေညာင္းၿပီး ေခါင္းကိုက္တာကို သက္သာေစဖို႔အတြက္ မ်က္လုံးကို အနားေပးတဲ့အေနနဲ႔ ကြန္ပ်ဴတာကေန ခပ္ေဝးေဝးကို လွမ္းၾကည့္တာ၊ စိမ္းစိုတဲ့ ျမင္ကြင္းေတြကို ၾကည့္တာမ်ိဳး လုပ္ေပးပါ။ မ်က္လုံး က်န္းမာေစၿပီး မ်က္လုံးေညာင္းတာေၾကာင့္ ေခါင္းကိုက္တာကို သက္သာေစႏိုင္ပါတယ္။

ပုံစံ မွန္မွန္ ထိုင္ပါ

ထိုင္တဲ့ ပုံစံ မမွန္တာက ခါးနာတာနဲ႔ တင္ပါးနာတာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အလုပ္ခြင္မွာ ခါးနာမႈ ကင္းေစဖို႔ဆိုရင္ ခါးကို မတ္မတ္ေလးထားၿပီး ပုံစံ မွန္မွန္ ထိုင္ပါ။ ထိုင္ခုံနဲ႔ စားပြဲကို အဆင္ေျပတဲ့ အျမင့္ျဖစ္ေစဖို႔လည္း သတိျပဳပါ။

ေလ့က်င့္ခန္း လုပ္ပါ

ေလ့က်င့္ခန္းလုပ္တာက အလုပ္ေၾကာင့္ အေညာင္းမိတာကို သက္သာေစႏိုင္သလို ကိုယ္ခံအားကိုလည္း ေကာင္းေစပါတယ္။ စိတ္က်န္းမာေရးကိုလည္း ေကာင္းမြန္ေစၿပီး အလုပ္ခြင္ဖိအားေတြေၾကာင့္ စိတ္ဖိစီးမႈဒဏ္ကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ေစမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service