အိမ်ခြံ‌မြေရောင်းရာ တရားဝင်လင်မယားဖြစ်သူက ကန့်ကွက်နိုင်ခြင်း

အိမ်ခြံ‌မြေရောင်းရာ တရားဝင်လင်မယားဖြစ်သူက ကန့်ကွက်နိုင်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
26 May 2022 12:28 pm တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ရုံးခန်းသို့ စာရေးသူရောက်သည့်အခါ ဦးကောင်းမြင့်ရောက်နှင့်နေသည်ကိုတွေ့လိုက်ရသည်။ ဦးကောင်းမြင့်မှာ အိမ်ခြံမြေ  ဝယ်ရောင်းတစ်ဦးဖြစ်သည်။ အတွေ့အကြုံများပြီဖြစ် ၍ အခက်အခဲရှိမှ စာရေးသူထံ ရောက်လာလေ့ရှိသည်။

''ဦးကောင်းမြင့် မလာတာ အတော်ကြာပြီ၊ အခက်အခဲတစ်ခုတွေ့ နေလို့လား''

''ပြောစရာဖြစ်နေပြီ ဆရာ၊ ကိစ္စရှိမှပဲ ဆရာ့ဆီရောက်တော့တယ်''

''အိမ် ခြံ မြေ အရောင်းအဝယ် ပြန်ကောင်းနေပြီလား''

''အကောင်းကြီးတော့ မဟုတ် ဘူး။ ဒါပေမယ့် အခုကာလမှာတော့ အဝယ်နည်းနည်းလိုက်လာတယ်''

''အခုလောလောဆယ် ဦးကောင်းမြင့်ဘယ်မှာ ဝယ်ထားသေးသလဲ''

''ဒဂုံမြို့သစ်အရှေ့မှာ မြေနဲ့ အိမ်ဝယ်ဖို့သွားတယ်ဆရာ''

''ဘာအခက်အခဲရှိနေလို့လဲ''

''မြေကွက် က ဂရန်မြေ၊ အမည်ပေါက်က ဖခင်အမည်ပေါက်''

''ရောင်းမယ်ဆိုတော့ သားသမီးတွေက အဝေမတည့်လို့ ကန့်ကွက် ကြတယ်၊ ဒီလို မဟုတ်ဘူးလား''

''ဆရာပြောသလို ရိုးရိုးရှင်းရှင်းဆိုတော့ ပြဿနာမဟုတ်ဘူး။ အခု ကိစ္စက ထူးထူးခြားခြားလေးဖြစ်နေ လို့''

''ထူးခြားတယ်ဆိုတော့ ပြောပြပါဦး''

''အမည်ပေါက် ဖခင်နဲ့၊ မိခင်နှစ်ဦးလုံး ကွယ်လွန်သွားပြီ။ မိဘများမရှိတော့ မုဆိုးမဖြစ်တဲ့ အစ်မနဲ့ညီမ ဖြစ်သူတို့ အတူနေကြတယ်''

''ညီမဖြစ်သူက မိသားစုရှိလား''

''ညီမဖြစ်သူက သူ့မိသားစုရှိတယ်။ အစ်မဖြစ်တဲ့ မုဆိုးမမှာ သားသမီးမကျန်ခဲ့ဘူး။ မူလက အစ်မဖြစ်သူမှာ မိဘတွေနဲ့အတူနေတယ်။ ဖခင်လည်းဆုံး၊ ခင်ပွန်းလည်းဆုံးသွားတော့ တစ်ယောက်တည်းဖြစ်နေလို့ ညီမမိသားစုကို ခေါ်ထားတယ်''

''ညီမနှစ်ယောက်ခွဲဝေလိုက်ရင် ပြီးပြီမဟုတ်လား။ ဒီလိုကိစ္စမျိုး ဦးကောင်းမြင့် အဆင်ပြေအောင် လုပ်တတ်ပါတယ်'' စာရေးသူက စကားကို ဖြတ်၍မေးလိုက်ခြင်းဖြစ်သည်။

''ဒီလို ဆရာ၊ အခုအစ်မဖြစ်သူကလည်း ကွယ်လွန်သွားပြီ။ ဒါ ကြောင့် ညီမအငယ်က ရောင်းချင်တယ် ဆရာ''

''ဈေးပေါတယ်ထင်ပြီး ဦးကောင်းမြင့်ဝယ်လိုက်တယ်ပေါ့''

''ဈေးက သက်သာလှတယ်တော့ မဟုတ်ပါဘူး။ သင့်တင့်တယ်လို့ ထင်တယ်။ ပြီးတော့ အမွေဆက်ခံခွင့်ကလည်း ရှင်းနေတော့ စရန်ငွေပေးလိုက်တယ် ဆရာ''

''အခု ဘယ်လိုကိစ္စပေါ်လာလို့လဲ''

''အစ်မဖြစ်သူရဲ့ လင်ယောက်ျားဆိုပြီး ကန့်ကွက်လာလို့ ဆရာ''

''ဦးကောင်းမြင့်ပြောတော့၊ အစ်မရဲ့ လင်ယောက်ျားက ကွယ်လွန်သွားပြီဆို၊ အခု နောက်တစ်ယောက်ပေါ်လာတာလား''

''ဟုတ်တယ် ဆရာ။ သူနဲ့ ပေါင်း သင်းခဲ့ပါတယ်ဆိုပြီး ကန့်ကွက်တောင်းဆိုတာပဲ ဆရာ။ အဲဒါ ဘယ်လိုဖြစ်နိုင်သလဲလို့ ဆရာ့ဆီ အကြံလာတောင်းတာ ဆရာ''

''ထူးထူးခြားခြားကိစ္စဆိုတော့ ဥပဒေအကြံပေးခ နှစ်ဆတောင်းရမယ် ထင်တယ်''

''ပြောစရာလိုလို့လား ဆရာရယ်။ ကျွန်တော်လည်း ကန့်ကွက်ချက်ကို ကြားလိုက်တော့ အံ့သြပြီး အတော်စိတ်ပူသွားတယ်။ အမှုအ ခင်းတွေများဖြစ်နေမလားဆရာ''

''ပြောလို့တော့ မရဘူးဗျ။ ဒါပေမယ့် တရားဝင် ဇနီးအဖြစ် ပေါင်းသင်းခဲ့တာတော့ အခိုင်အမာပြဖို့လိုလိမ့်မယ်''

''ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကန့်ကွက်စာပဲတင်ခဲ့တာ ဆရာ၊ ဘာအထောက်အထားမှတော့တင်ပြတာ မရှိဘူး''

''အဲဒီလူက ဘယ်မှာနေတာလဲ။ တစ်ရပ်ကွက်တည်းလား''

''မဟုတ်ဘူး။ စမ်းချောင်းမြို့နယ် မှာ သူ့မိသားစုနဲ့အတူနေတယ်''

''မိသားစုနဲ့အတူနေတယ်ဆိုတော့ ဇနီးမယားရှိသလား''

''ဇနီးနဲ့တော့ ကွဲနေတယ် ပြောတယ်။ ဒါကြောင့် ကွယ်လွန်သွားတဲ့ အစ်မဖြစ်သူနဲ့ ပေါင်းသင်းနေတယ်ဆိုပြီး ကန့်ကွက်တာ ဆရာ၊ ဥပဒေက ဘယ်လိုရှိပါသလဲ ဆရာ''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရတော့လက်ထပ်မှု တရားဝင်ဖြစ်ဖို့အတွက် အခမ်းအနား၊ လက်ထပ် စာချုပ်ရှိစရာမလိုဘူး။ နှစ်ဦးပေါင်း သင်းနေထိုင်မှုဟာ တရားဝင်လင်မယားအဖြစ် လူသိရှင်ကြားပေါင်းသင်း နေထိုင်မှုဖြစ်ဖို့လိုပါတယ်။ တစ်နည်း ပြောရရင်တော့ လင်နဲ့မယားပေါင်းသင်းမှုမှာ ရပ်ရွာရပ်ကွက် ပတ်ဝန်းကျင်က ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြုဆက်ဆံကြောင်း ထင်ရှားဖို့လို ပါတယ်''

''တိတ်တဆိတ်ပေါင်းသင်း ဆက်ဆံမှုမျိုးဆိုရင် တရားမဝင်ဘူး ပေါ့''

''တစ်ယောက်တည်းနေတဲ့ မုဆိုးမဆိုတော့၊ ဝင်ထွက်ပြီး အကူအညီပေးတာမျိုးလည်း ရှိနိုင်တာပေါ့။ အခွင့်အရေးယူမယ့် သူတွေလည်း ရှိ နိုင်တာပဲ။ ဒါကြောင့် ညီမ မိသားစုကို ခေါ်ထားတာလည်း ဖြစ်နိုင်တယ်''

''ရပ်ကွက်ရုံးက အထောက်အထားတောင်းပြီး ညှိနှိုင်းပေးရင် ဖြစ် နိုင်တယ်ပေါ့နော်''

''တရားစွဲဆိုတောင်းတဲ့ အဆင့်ထိလည်းဖြစ်နိုင်တယ်။ ဒီအဖြစ်အပျက်နဲ့တူတဲ့ တရားရုံးချုပ်က ဆုံးဖြတ်ချက်တစ်ခုကို သတိရမိတယ်''ဟု စာရေးသူက ဦးကောင်းမြင့်ကိုပြောပြီး၊ မှတ်သားထားသည့် စီရင်ထုံးတစ်ခုကို ဖတ်ပြလိုက်ပါသည်။

''ပြောပြပါဦး ဆရာ၊ ဗဟုသုတ အဖြစ် မှတ်ထားရအောင်''

''တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တဲ့ ဒေါ်ကျင်မြနှင့် ဦးထွန်းလူ ၁၉၇၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၉) အမှုမှာ ဦးထွန်းလူက သေသူ ဒေါ်ကျင်တင်ရဲ့ ခင်ပွန်းဖြစ် တယ်ဆိုပြီး ညီမအရင်းဖြစ်သူ ဒေါ်ကျင်မြအပေါ် ဒေါ်ကျင်တင် ဝေစုကို ရလိုမှု တရားစွဲတာဖြစ်တယ်။ တရားရုံးတော်က မြန်မာ့ဓလေ့ထုံး တမ်းဥပဒေတွင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုဆိုသည်မှာ တရားဝင်လင်မယားအဖြစ် အထင်အရှား နေထိုင်ပေါင်းသင်းဆက်ဆံမှုမျိုးကို ဆိုလိုသည်။ တိတ်တဆိတ် ပေါင်းသင်းဆက်ဆံမှုမျိုးကို မဆိုလိုပေ။ လင်နှင့်မယား ပေါင်းသင်းမှုမှာ ရပ်ရွာက ဇနီးမောင်နှံအဖြစ် အသိ အမှတ်ပြုဆက်ဆံကြောင်း ထင်ရှားစေရမည်။ ဦးထွန်းလူအနေဖြင့် လင်မယားအဖြစ်နေထိုင်သွားလာကြောင်း သက်သေမတင်ပြနိုင်ခြင်း၊ ဒေါ်ကျင်တင် ဆေးရုံတက်နေစဉ်က မလာခြင်း၊ အထောက်အထား ခိုင်မာစွာ မတင်ပြနိုင်သဖြင့် တရားဝင် လင် ယောက်ျားမဟုတ်ဟု ဆုံးဖြတ်ခဲ့ပါတယ်''

''ဇနီးဖြစ်ကြောင်း အထောက်အထား မခိုင်လုံရင်တော့ ရပိုင်ခွင့်ရှိမှာ မဟုတ်ဘူးပေါ့''

''မှန်ပါတယ်။ အထောက်အထား မခိုင်လုံလို့ ရပ်ကွက်အုပ်ချုပ် ရေးမှူး ရှေ့မှာပဲ ကြေအေးသွားရင် တော့ပြီးသွားမှာပေါ့။ ဒါမှမဟုတ်ရင် တရားရုံးမှာ အမှုအခင်း ဖြစ်နိုင်တဲ့အတွက် ဦးကောင်းမြင့် စဉ်းစားဆုံး ဖြတ်ပါလို့''အကြံပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ျခံ‌ေျမေရာင္းရာ တရားဝင္လင္မယားျဖစ္သူက ကန္႔ကြက္ႏိုင္ျခင္း

 

႐ုံးခန္းသို႔ စာေရးသူေရာက္သည့္အခါ ဦးေကာင္းျမင့္ေရာက္ႏွင့္ေနသည္ကိုေတြ႕လိုက္ရသည္။ ဦးေကာင္းျမင့္မွာ အိမ္ျခံေျမ  ဝယ္ေရာင္းတစ္ဦးျဖစ္သည္။ အေတြ႕အၾကဳံမ်ားၿပီျဖစ္ ၍ အခက္အခဲ႐ွိမွ စာေရးသူထံ ေရာက္လာေလ့႐ွိသည္။

''ဦးေကာင္းျမင့္ မလာတာ အေတာ္ၾကာၿပီ၊ အခက္အခဲတစ္ခုေတြ႕ ေနလို႔လား''

''ေျပာစရာျဖစ္ေနၿပီ ဆရာ၊ ကိစၥ႐ွိမွပဲ ဆရာ့ဆီေရာက္ေတာ့တယ္''

''အိမ္ ျခံ ေျမ အေရာင္းအဝယ္ ျပန္ေကာင္းေနၿပီလား''

''အေကာင္းႀကီးေတာ့ မဟုတ္ ဘူး။ ဒါေပမယ့္ အခုကာလမွာေတာ့ အဝယ္နည္းနည္းလိုက္လာတယ္''

''အခုေလာေလာဆယ္ ဦးေကာင္းျမင့္ဘယ္မွာ ဝယ္ထားေသးသလဲ''

''ဒဂုံၿမိဳ႕သစ္အေ႐ွ႕မွာ ေျမနဲ႔ အိမ္ဝယ္ဖို႔သြားတယ္ဆရာ''

''ဘာအခက္အခဲ႐ွိေနလို႔လဲ''

''ေျမကြက္က ဂရန္ေျမ၊ အမည္ေပါက္က ဖခင္အမည္ေပါက္''

''ေရာင္းမယ္ဆိုေတာ့ သားသမီးေတြက အေဝမတည့္လို႔ ကန္႔ကြက္ ၾကတယ္၊ ဒီလို မဟုတ္ဘူးလား''

''ဆရာေျပာသလို ႐ိုး႐ိုး႐ွင္း႐ွင္းဆိုေတာ့ ျပႆနာမဟုတ္ဘူး။ အခု ကိစၥက ထူးထူးျခားျခားေလးျဖစ္ေန လို႔''

''ထူးျခားတယ္ဆိုေတာ့ ေျပာျပပါဦး''

''အမည္ေပါက္ ဖခင္နဲ႔၊ မိခင္ႏွစ္ဦးလုံး ကြယ္လြန္သြားၿပီ။ မိဘမ်ားမ႐ွိေတာ့ မုဆိုးမျဖစ္တဲ့ အစ္မနဲ႔ညီမ ျဖစ္သူတို႔ အတူေနၾကတယ္''

''ညီမျဖစ္သူက မိသားစု႐ွိလား''

''ညီမျဖစ္သူက သူ႕မိသားစု႐ွိတယ္။ အစ္မျဖစ္တဲ့ မုဆိုးမမွာ သားသမီးမက်န္ခဲ့ဘူး။ မူလက အစ္မျဖစ္သူမွာ မိဘေတြနဲ႔အတူေနတယ္။ ဖခင္လည္းဆုံး၊ ခင္ပြန္းလည္းဆုံးသြားေတာ့ တစ္ေယာက္တည္းျဖစ္ေနလို႔ ညီမမိသားစုကို ေခၚထားတယ္''

''ညီမႏွစ္ေယာက္ခြဲေဝလိုက္ရင္ ၿပီးၿပီမဟုတ္လား။ ဒီလိုကိစၥမ်ိဳး ဦးေကာင္းျမင့္ အဆင္ေျပေအာင္ လုပ္တတ္ပါတယ္'' စာေရးသူက စကားကို ျဖတ္၍ေမးလိုက္ျခင္းျဖစ္သည္။

''ဒီလို ဆရာ၊ အခုအစ္မျဖစ္သူကလည္း ကြယ္လြန္သြားၿပီ။ ဒါ ေၾကာင့္ ညီမအငယ္က ေရာင္းခ်င္တယ္ ဆရာ''

''ေဈးေပါတယ္ထင္ၿပီး ဦးေကာင္းျမင့္ဝယ္လိုက္တယ္ေပါ့''

''ေဈးက သက္သာလွတယ္ေတာ့ မဟုတ္ပါဘူး။ သင့္တင့္တယ္လို႔ ထင္တယ္။ ၿပီးေတာ့ အေမြဆက္ခံခြင့္ကလည္း ႐ွင္းေနေတာ့ စရန္ေငြေပးလိုက္တယ္ ဆရာ''

''အခု ဘယ္လိုကိစၥေပၚလာလို႔လဲ''

''အစ္မျဖစ္သူရဲ႕ လင္ေယာက်္ားဆိုၿပီး ကန္႔ကြက္လာလို႔ ဆရာ''

''ဦးေကာင္းျမင့္ေျပာေတာ့၊ အစ္မရဲ႕ လင္ေယာက်္ားက ကြယ္လြန္သြားၿပီဆို၊ အခု ေနာက္တစ္ေယာက္ေပၚလာတာလား''

''ဟုတ္တယ္ ဆရာ။ သူနဲ႔ ေပါင္း သင္းခဲ့ပါတယ္ဆိုၿပီး ကန္႔ကြက္ေတာင္းဆိုတာပဲ ဆရာ။ အဲဒါ ဘယ္လိုျဖစ္ႏိုင္သလဲလို႔ ဆရာ့ဆီ အၾကံလာေတာင္းတာ ဆရာ''

''ထူးထူးျခားျခားကိစၥဆိုေတာ့ ဥပေဒအၾကံေပးခ ႏွစ္ဆေတာင္းရမယ္ ထင္တယ္''

''ေျပာစရာလိုလို႔လား ဆရာရယ္။ ကြၽန္ေတာ္လည္း ကန္႔ကြက္ခ်က္ကို ၾကားလိုက္ေတာ့ အံ့ၾသၿပီး အေတာ္စိတ္ပူသြားတယ္။ အမႈအ ခင္းေတြမ်ားျဖစ္ေနမလားဆရာ''

''ေျပာလို႔ေတာ့ မရဘူးဗ်။ ဒါေပမယ့္ တရားဝင္ ဇနီးအျဖစ္ ေပါင္းသင္းခဲ့တာေတာ့ အခိုင္အမာျပဖို႔လိုလိမ့္မယ္''

''ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ကန္႔ကြက္စာပဲတင္ခဲ့တာ ဆရာ၊ ဘာအေထာက္အထားမွေတာ့တင္ျပတာ မ႐ွိဘူး''

''အဲဒီလူက ဘယ္မွာေနတာလဲ။ တစ္ရပ္ကြက္တည္းလား''

''မဟုတ္ဘူး။ စမ္းေခ်ာင္းၿမိဳ႕နယ္ မွာ သူ႕မိသားစုနဲ႔အတူေနတယ္''

''မိသားစုနဲ႔အတူေနတယ္ဆိုေတာ့ ဇနီးမယား႐ွိသလား''

''ဇနီးနဲ႔ေတာ့ ကြဲေနတယ္ ေျပာတယ္။ ဒါေၾကာင့္ ကြယ္လြန္သြားတဲ့ အစ္မျဖစ္သူနဲ႔ ေပါင္းသင္းေနတယ္ဆိုၿပီး ကန္႔ကြက္တာ ဆရာ၊ ဥပေဒက ဘယ္လို႐ွိပါသလဲ ဆရာ''

''ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒ အရေတာ့လက္ထပ္မႈ တရားဝင္ျဖစ္ဖို႔အတြက္ အခမ္းအနား၊ လက္ထပ္ စာခ်ဳပ္႐ွိစရာမလိုဘူး။ ႏွစ္ဦးေပါင္း သင္းေနထိုင္မႈဟာ တရားဝင္လင္မယားအျဖစ္ လူသိ႐ွင္ၾကားေပါင္းသင္း ေနထိုင္မႈျဖစ္ဖို႔လိုပါတယ္။ တစ္နည္း ေျပာရရင္ေတာ့ လင္နဲ႔မယားေပါင္းသင္းမႈမွာ ရပ္႐ြာရပ္ကြက္ ပတ္ဝန္းက်င္က ဇနီးေမာင္ႏွံအျဖစ္ အသိအမွတ္ျပဳဆက္ဆံေၾကာင္း ထင္႐ွားဖို႔လို ပါတယ္''

''တိတ္တဆိတ္ေပါင္းသင္း ဆက္ဆံမႈမ်ိဳးဆိုရင္ တရားမဝင္ဘူး ေပါ့''

''တစ္ေယာက္တည္းေနတဲ့ မုဆိုးမဆိုေတာ့၊ ဝင္ထြက္ၿပီး အကူအညီေပးတာမ်ိဳးလည္း ႐ွိႏိုင္တာေပါ့။ အခြင့္အေရးယူမယ့္ သူေတြလည္း ႐ွိ ႏိုင္တာပဲ။ ဒါေၾကာင့္ ညီမ မိသားစုကို ေခၚထားတာလည္း ျဖစ္ႏိုင္တယ္''

''ရပ္ကြက္႐ုံးက အေထာက္အထားေတာင္းၿပီး ညႇိႏိႈင္းေပးရင္ ျဖစ္ ႏိုင္တယ္ေပါ့ေနာ္''

''တရားစြဲဆိုေတာင္းတဲ့ အဆင့္ထိလည္းျဖစ္ႏိုင္တယ္။ ဒီအျဖစ္အပ်က္နဲ႔တူတဲ့ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခ်က္တစ္ခုကို သတိရမိတယ္''ဟု စာေရးသူက ဦးေကာင္းျမင့္ကိုေျပာၿပီး၊ မွတ္သားထားသည့္ စီရင္ထုံးတစ္ခုကို ဖတ္ျပလိုက္ပါသည္။

''ေျပာျပပါဦး ဆရာ၊ ဗဟုသုတ အျဖစ္ မွတ္ထားရေအာင္''

''တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခဲ့တဲ့ ေဒၚက်င္ျမႏွင့္ ဦးထြန္းလူ ၁၉၇၉ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ (၉) အမႈမွာ ဦးထြန္းလူက ေသသူ ေဒၚက်င္တင္ရဲ႕ ခင္ပြန္းျဖစ္ တယ္ဆိုၿပီး ညီမအရင္းျဖစ္သူ ေဒၚက်င္ျမအေပၚ ေဒၚက်င္တင္ ေဝစုကို ရလိုမႈ တရားစြဲတာျဖစ္တယ္။ တရား႐ုံးေတာ္က ျမန္မာ့ဓေလ့ထုံး တမ္းဥပေဒတြင္ လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္မႈဆိုသည္မွာ တရားဝင္လင္မယားအျဖစ္ အထင္အ႐ွား ေနထိုင္ေပါင္းသင္းဆက္ဆံမႈမ်ိဳးကို ဆိုလိုသည္။ တိတ္တဆိတ္ ေပါင္းသင္းဆက္ဆံမႈမ်ိဳးကို မဆိုလိုေပ။ လင္ႏွင့္မယား ေပါင္းသင္းမႈမွာ ရပ္႐ြာက ဇနီးေမာင္ႏွံအျဖစ္ အသိ အမွတ္ျပဳဆက္ဆံေၾကာင္း ထင္႐ွားေစရမည္။ ဦးထြန္းလူအေနျဖင့္ လင္မယားအျဖစ္ေနထိုင္သြားလာေၾကာင္း သက္ေသမတင္ျပႏိုင္ျခင္း၊ ေဒၚက်င္တင္ ေဆး႐ုံတက္ေနစဥ္က မလာျခင္း၊ အေထာက္အထား ခိုင္မာစြာ မတင္ျပႏိုင္သျဖင့္ တရားဝင္ လင္ ေယာက်္ားမဟုတ္ဟု ဆုံးျဖတ္ခဲ့ပါတယ္''

''ဇနီးျဖစ္ေၾကာင္း အေထာက္အထား မခိုင္လုံရင္ေတာ့ ရပိုင္ခြင့္႐ွိမွာ မဟုတ္ဘူးေပါ့''

''မွန္ပါတယ္။ အေထာက္အထား မခိုင္လုံလို႔ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမႉး ေ႐ွ႕မွာပဲ ေၾကေအးသြားရင္ ေတာ့ၿပီးသြားမွာေပါ့။ ဒါမွမဟုတ္ရင္ တရား႐ုံးမွာ အမႈအခင္း ျဖစ္ႏိုင္တဲ့အတြက္ ဦးေကာင္းျမင့္ စဥ္းစားဆုံး ျဖတ္ပါလို႔''အၾကံေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service