စင်္ကာပူမှ သရဲခြောက်သောနေရာများနှင့် ပရလောကဖြစ်ရပ်ဆန်းများ

စင်္ကာပူမှ သရဲခြောက်သောနေရာများနှင့် ပရလောကဖြစ်ရပ်ဆန်းများ - Property News in Myanmar from iMyanmarHouse.com
26 May 2022 12:06 pm တွင် တင်ခဲ့သည်
5490 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူသည် မြေနေရာရှားပါးလှသည့် မြို့ပြနိုင်ငံဖြစ်သည့်အပြင် မအိပ်စက်သောနေရာဟု ဆိုရမလောက် ၂၄ နာရီ သက်ဝင်လှုပ်ရှား သွားလာနေကြရာ ဝိဉာဉ်များသည်ပင် သင့်တော်သည့်ခိုအောင်းနားနေရန် နေရာ မရှိနိုင်အောင်ပင်။

သို့တစေ ထိုမျှသက်ဝင်လှုပ်ရှားနေသောမြို့ပြနိုင်ငံတွင်လည်း ပရလောကဖြစ်ရပ်များ ပေါ်ပေါက်သည်သာပင်။

စင်္ကာပူမှ သရဲတစ္ဆေများခြောက်လှန့်ရာ အချို့နေရာများမှာ အများပြည်သူတို့ သွားလာနိုင်သည့် နေရာများဖြစ်ရာ သင့်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စူးစမ်းနိုင်သည်။ အချို့နေရာများမှာမူ နိုင်ငံတော်ပိုင်မြေ (သို့မဟုတ်) ပုဂ္ဂလိက အဆောက်အအုံများတွင်ဖြစ်ရာ ကိုယ်တိုင်သွားရောက် လေ့လာမှု ပြုနိုင်မည် မဟုတ်ပေ။

၁။ Spooner လမ်း

ထိုနေရာသည် ကြောက်မက်ဖွယ်အသံများ ကြားရခြင်း၊ ရိုးကနဲ ရိပ်ကနဲ လှုပ်ရှားမှုများတွေ့ရခြင်း၊ လူနေခန်းများတွင် တစ္ဆေသရဲများတွေ့မြင်ရခြင်း၊ လှစ်ခနဲ ဖြတ်ပြေးသွားသည့်အရိပ်ကြီးများ တွေ့ရခြင်း အစရှိသဖြင့် မဆုံးနိုင်အောင်ပင်။

Spooner လမ်းပေါ်ရှိ HDB ခန်းများသည် စင်္ကာပူ၏ သက်တမ်းအရင့်ဆုံး အဆောက်အအုံများတွင် ပါဝင်သည်။

ထိုလူနေခန်းများကို ၁၉၇၀ ပြည့်လွန် အလယ်ပိုင်းကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အနီးရှိ တန်ဂျောင် ပဂါး ဘူတာရုံ (ယခုအသုံးမပြုတော့) တွင် အလုပ်လုပ်ကြသည့် ဝန်ထမ်းနှင့်မိသားစုများ နေထိုင်ရန် ယခင်က အသုံးပြုခဲ့သည်။

အဆိုပါမီးရထားဘူတာ အသုံးပြုမှုရပ်ဆိုင်းသွားပြီးနောက်ပိုင်း ယခုလူနေခန်းများတွင် နှစ်ပေါင်းများစွာ လူသူကင်းမဲ့သွားခဲ့သည်။ လက်ရှိတွင်မူ ထိုအခန်းများကို ဝင်ငွေနည်းပါးသူများ နေထိုင်သည့် အငှားအိမ်ရာခန်းများအဖြစ် အသုံးပြုထားသည်။

ထိုအိမ်ရာတွင် နေထိုင်သူများနှင့် ပရလောကသုတေသီတို့၏ ပြောကြားချက်များအရ Spooner လမ်းပေါ်တွင် ကြုံခဲ့ရသော ခြောက်ခြားဖွယ်ဖြစ်ရပ်များစွာ ရှိနေသည်။

တန်ဂျောင်ပဂါးရှိ Kampong Bahru လမ်းမှတဆင့် Spooner လမ်းသို့ လွယ်ကူစွာ ရောက်ရှိနိုင်သည်။ Rail Corridor ဖြင့်လည်း သွားနိုင်သည်။

၂။ Sungei Api Api and Pasir Ris ပန်းခြံ

သရဲမအုပ်စု ကျီစားခြောက်လှန့်မှုများ ကြုံရတတ်သည့်နေရာဖြစ်သည်။

ဤပန်းခြံသည် လူသတ်မှုများ၊ မိမိကိုယ်ကို အဆုံးစီရင်မှုများဖြစ်ပွားသည့်နေရာဟူသော သတင်းများရှိသည်။

ရှေးယခင်က ယခုနေရာသည် တောအုပ်ကြီးတစ်ခုဖြစ်ခဲ့ပြီး အောက်လမ်းပညာ အစီအရင်များ ပြုလုပ်ရာနေရာဖြစ်သည်ဟူသော သတင်းများလည်း ရှိသည်။

Sungei Api Api သည် ယခုအခါ အပြေးလေ့ကျင့်ခန်း ပြုလုပ်ကြရာနေရာတစ်ခုဖြစ်နေပြီး ညဉ့်နက်ပိုင်းသွားလျှင်မူ ကိုယ့်အပြစ်နှင့်ကိုယ်သာဖြစ်၏။

၃။ Nee Soon Rubber အိမ်ရာ

အမျိုးသမီးတစ္ဆေသရဲတို့၏ ခြောက်လှန့်မှုများ တွေ့ကြုံရလေ့ရှိသည်။

နေအိမ်ခန်းများ၏ လသာဆောင်များ၊ လှေကားထစ်များတွင် တွေ့ရလေ့ရှိသည်။

တူးမြောင်းတွင် ငါးမျှားနေသူတို့ကို အော်ခေါ်ခြင်း၊ Sembawang ပန်းခြံကို ဖြတ်လာသူတို့အား စိုက်ကြည့်နေခြင်းမျိုးလည်း ကြုံရတတ်၏။

ယခင်က ထိုနေရာသည် ရာဘာပင်များ အလွန်ပေါများသည့်နေရာတစ်ခုဖြစ်ပြီး အမျိုးသမီးသရဲတို့ ကျက်စားရာနေရာအဖြစ်လည်း လူသိများသည်။

နောက်ပိုင်းတွင် တိုက်ခန်းများ၊ စက်မှုအဆောက်အအုံများဆောက်ရန် ရာဘာပင်များကို ရှင်းလင်းလိုက်သော်လည်း ဝိဉာဉ်များမှာ ဆက်လက်ရှိနေမြဲ ဖြစ်သည်။

သင့်အနေဖြင့် သတ္တိကောင်းသည်ဆိုလျှင် Sembawang Park သို့ ညဘက်လမ်းလျှောက်ထွက်ကြည့်နိုင်ပါသည်။

၄။ Pulau Tekong

ခြောက်လှန့်သည့် တစ္ဆေသရဲများစွာရှိသော်လည်း အများအားဖြင့် ကြုံရတတ်သည်မှာ တပ်သားသစ် တစ္ဆေ၊ Jacob’s Ladder တွင် ဆံပင်ရှည်ရှည် အဖြူရောင်အရိပ်တစ္ဆေနှင့် အိပ်ဆောင်များတွင် လှည့်လည်သွားလာနေတတ်သော မြေးအဘွားသရဲ ၂ ကောင်တို့ ဖြစ်သည်။

တစ္ဆေခြောက်သော ဖြစ်ရပ်များမှာ စင်္ကာပူ၏ အစောပိုင်းကာလများအပေါ် အခြေတည်သည်။ ထိုနေရာတွင် ရှေးယခင်က တရုတ်လူမျိုးအများစု နေထိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် Tekong ကို စစ်ဘက်အတွက် အသုံးပြုရန် ရယူလိုက်သည့်အခါ တရုတ်လူမျိုးများ ရွှေ့ပြောင်းပေးကြရသည်။

ယင်းနောက်ပိုင်း တပ်သားလူသစ်များ မကြာခဏ တစ္ဆေခြောက်ခံရသည့်ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။

စင်္ကာပူအမျိုးသားတပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူတို့အား မေးကြည့်လျှင် Tekong မှ ဖြစ်ရပ်များစွာကို ကြားရနိုင်သည်။

၅။ Old Tampines လမ်း

အမျိုးသမီးတစ္ဆေတို့ ခြောက်လှန့်မှု များပြားသည့်နေရာဖြစ်သည်။ ကိုယ်ဝန်ဆောင်ကာလအတွင်း (သို့မဟုတ်) မီးဖွားစဉ်အတွင်း သေဆုံးခဲ့ရသူတို့၏ ဝိဉာဉ်များသည် ယခုနေရာဝန်းကျင်တွင် လှည့်လည်သွားလာနေကြသည်။

ညဉ့်နက်ပိုင်းများတွင် ယခုလမ်းမှ ဖြတ်သန်းပါက စက်ဘီး၊ ဆိုင်ကယ်စီးသူတို့သည် ပိုလေးလာသည်ကို ခံစားကြရလေ့ရှိသည်။ ထိုသို့ ကြုံတွေ့ရချိန်တွင် လွန်စွာမွှေးပျံ့သော ရနံ့များလည်း ရလေ့ရှိသည်ဟု ဆို၏။

နောက်ပိုင်းတွင် ထိုလမ်းကို အဆင့်မြှင့်တင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ခြောက်ခြားဖွယ်သစ်ပင်များစွာကို ခုတ်လှဲခဲ့သော်လည်း သင့်အနေဖြင့် သတ္တိကောင်းပါက ညဉ့်သန်းခေါင်ကျော် ၂ နာရီထိုးခန့်တွင် ဖြတ်သန်းကြည့်နိုင်ပါသည်။

၆။ Matilda စံအိမ်

စံအိမ်ဝန်းကျင်ရှိ သစ်ပင်အုပ်များတွင် ဆံပင်ရှည်ဖြင့် အမျိုးသမီးတစ်ဦးကို တွေ့ရလေ့ရှိသည်ဟု ဆိုသည်။

Matilda စံအိမ်ကြီးတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားအချို့ သေဆုံးခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သည်။

Matilda စံအိမ်ကြီးကို အိုင်ယာလန်ရှေ့နေ Alexander Cashin က သူ၏ ဇနီးအတွက် ၁၉၀၂ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး Matilda မှာ မိခင်ဖြစ်သူ၏ အမည်ဖြစ်သည်။

ယင်းစံအိမ်သည် Cashin မိသားစုပိုင်ဆိုင်မှုအောက်တွင် အတန်ကြာရှိခဲ့ပြီး နောက်ပိုင်းတွင် လူသူကင်းမဲ့သွားကာ စင်္ကာပူအစိုးရက လွှဲပြောင်းရယူခဲ့သည်။ ယင်းအိမ်ကြီးကို ဖြိုဖျက်၍ မရခြင်းနှင့် ပတ်သက်ပြီး ပြောစမှတ်များစွာရှိခဲ့သည်။

အိမ်ကြီးအား ဖြိုချရန် (သို့မဟုတ်) အကြီးစားပြုပြင်မှုများလုပ်ရန် ကြိုးပမ်းတိုင်း အတားအဆီး အခက်အခဲ ပြဿနာများစွာ ကြုံရလေ့ရှိသည်ဟု ဆိုသည်။

နောက်ပိုင်းတွင် Matilda House ကို Punggol အရပ်ရှိ ကွန်ဒိုမီနီယံတစ်ခု၏ ကလပ်အဖွဲ့ဝင်များအတွက် နေရာအဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင်မူ ခြောက်လှန့်သည့်ဖြစ်ရပ်များ မကြားရတော့။

၇။ Every Singapore စာသင်ကျောင်း

အိမ်သာများအတွင်း မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြသည့် မိန်းကလေးတို့၏ ဝိဉာဉ်များက ခြောက်လှန့်မှုများ ဖြစ်ပွားရာနေရာဖြစ်သည်။ အထူးသဖြင့် Design and Technology ဘက်တွင် ခြောက်လှန့်မှုများ ဖြစ်ပွားတတ်သည်။

စာသင်ကျောင်းတိုင်းတွင် ကိုယ်ပိုင်သရဲဇာတ်လမ်းများ ရှိဟန်ပေါ်သည်။ သင်၏ မိတ်ဆွေသူငယ်ချင်းများကို ကျောင်းသားကျောင်းသူဘဝက စာသင်ကျောင်းမှ ခြောက်ခြားဖွယ်ဇာတ်လမ်းများအကြောင်း မေးကြည့်ပါ။ မတူညီသော ဇာတ်လမ်းများစွာ ကြားရနိုင်သည်။

၈။ စင်္ကာပူ အမျိုးသားပြတိုက်

စင်္ကာပူအမျိုးသားပြတိုက်၏ ညွှန်ကြားရေးမှူး၊ ဗြိတိသျှဆရာဝန် ကားလ် အလက်ဇန်းဒါး ဂစ်ဘ်ဆင် ဟီးလ်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားပြီးနောက်ပိုင်း ခြောက်လှန့်မှုများ ဖြစ်ပေါ်လာသည်။ ရာစုနှစ်ချီကာ သက်တမ်းရှိသော ပြတိုက်အတွင်း အခြောက်လှန့်ဆုံးနေရာမှာ ဝိတိုရိယဟန် ခရုပတ်လှေကားတွင်ဖြစ်သည်ဟု ဆိုကြသည်။

သင့်အနေဖြင့် စင်္ကာပူအမျိုးသားပြတိုက်သို့ သွားရောက်လည်ပတ်နိုင်သော်လည်း အဆိုပါ လှေကားနေရာကိုမူ ကြည့်ရှုနိုင်မည် မဟုတ်ချေ။ ထိုနေရာကို လာရောက်လေ့လာသူများအား သွားလာခွင့်မပေးဘဲ ပိတ်ပင်ထားသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The most haunted places in Singapore (timeout)

[Zawgyi]

စကၤာပူမွ သရဲေျခာက္ေသာေနရာမ်ားႏွင့္ ပရေလာကျဖစ္ရပ္ဆန္းမ်ား

စကၤာပူသည္ ေျမေနရာရွားပါးလွသည့္ ျမိဳ႕ျပႏိုင္ငံျဖစ္သည့္အျပင္ မအိပ္စက္ေသာေနရာဟု ဆိုရမေလာက္ ၂၄ နာရီ သက္ဝင္လႈပ္ရွား သြားလာေနၾကရာ ဝိဥာဥ္မ်ားသည္ပင္ သင့္ေတာ္သည့္ခိုေအာင္းနားေနရန္ ေနရာ မရွိႏိုင္ေအာင္ပင္။

သို႔တေစ ထိုမွ်သက္ဝင္လႈပ္ရွားေနေသာျမိဳ႕ျပႏုိင္ငံတြင္လည္း ပရေလာကျဖစ္ရပ္မ်ား ေပၚေပါက္သည္သာပင္။

စကၤာပူမွ သရဲတေစၦမ်ားေျခာက္လွန္႔ရာ အခ်ဳိ႕ေနရာမ်ားမွာ အမ်ားျပည္သူတို႔ သြားလာႏိုင္သည့္ ေနရာမ်ားျဖစ္ရာ သင့္အေနျဖင့္ ကိုယ္တိုင္ကိုယ္က် သြားေရာက္စူးစမ္းႏိုင္သည္။ အခ်ဳိ႕ေနရာမ်ားမွာမူ ႏိုင္ငံေတာ္ပိုင္ေျမ (သို႔မဟုတ္) ပုဂၢလိက အေဆာက္အအံုမ်ားတြင္ျဖစ္ရာ ကိုယ္တိုင္သြားေရာက္ ေလ့လာမႈ ျပဳႏိုင္မည္ မဟုတ္ေပ။

၁။ Spooner လမ္း

ထိုေနရာသည္ ေၾကာက္မက္ဖြယ္အသံမ်ား ၾကားရျခင္း၊ ရိုးကနဲ ရိပ္ကနဲ လႈပ္ရွားမႈမ်ားေတြ႔ရျခင္း၊ လူေနခန္းမ်ားတြင္ တေစၦသရဲမ်ားေတြ႔ျမင္ရျခင္း၊ လွစ္ခနဲ ျဖတ္ေျပးသြားသည့္အရိပ္ၾကီးမ်ား ေတြ႔ရျခင္း အစရွိသျဖင့္ မဆံုးႏိုင္ေအာင္ပင္။

Spooner လမ္းေပၚရွိ HDB ခန္းမ်ားသည္ စကၤာပူ၏ သက္တမ္းအရင့္ဆံုး အေဆာက္အအံုမ်ားတြင္ ပါဝင္သည္။

ထိုလူေနခန္းမ်ားကို ၁၉၇၀ ျပည့္လြန္ အလယ္ပိုင္းကာလမ်ားက ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ အနီးရွိ တန္ေဂ်ာင္ ပဂါး ဘူတာရံု (ယခုအသံုးမျပဳေတာ့) တြင္ အလုပ္လုပ္ၾကသည့္ ဝန္ထမ္းႏွင့္မိသားစုမ်ား ေနထုိင္ရန္ ယခင္က အသံုးျပဳခဲ့သည္။

အဆိုပါမီးရထားဘူတာ အသံုးျပဳမႈရပ္ဆိုင္းသြားျပီးေနာက္ပိုင္း ယခုလူေနခန္းမ်ားတြင္ ႏွစ္ေပါင္းမ်ားစြာ လူသူကင္းမဲ့သြားခဲ့သည္။ လက္ရွိတြင္မူ ထိုအခန္းမ်ားကို ဝင္ေငြနည္းပါးသူမ်ား ေနထုိင္သည့္ အငွားအိမ္ရာခန္းမ်ားအျဖစ္ အသံုးျပဳထားသည္။

ထိုအိမ္ရာတြင္ ေနထိုင္သူမ်ားႏွင့္ ပရေလာကသုေတသီတို႔၏ ေျပာၾကားခ်က္မ်ားအရ Spooner လမ္းေပၚတြင္ ၾကံဳခဲ့ရေသာ ေျခာက္ျခားဖြယ္ျဖစ္ရပ္မ်ားစြာ ရွိေနသည္။

တန္ေဂ်ာင္ပဂါးရွိ Kampong Bahru လမ္းမွတဆင့္ Spooner လမ္းသို႔ လြယ္ကူစြာ ေရာက္ရွိႏိုင္သည္။ Rail Corridor ျဖင့္လည္း သြားႏိုင္သည္။

၂။ Sungei Api Api and Pasir Ris ပန္းျခံ

သရဲမအုပ္စု က်ီစားေျခာက္လွန္႔မႈမ်ား ၾကံဳရတတ္သည့္ေနရာျဖစ္သည္။

ဤပန္းျခံသည္ လူသတ္မႈမ်ား၊ မိမိကိုယ္ကို အဆံုးစီရင္မႈမ်ားျဖစ္ပြားသည့္ေနရာဟူေသာ သတင္းမ်ားရွိသည္။

ေရွးယခင္က ယခုေနရာသည္ ေတာအုပ္ၾကီးတစ္ခုျဖစ္ခ့ဲျပီး ေအာက္လမ္းပညာ အစီအရင္မ်ား ျပဳလုပ္ရာေနရာျဖစ္သည္ဟူေသာ သတင္းမ်ားလည္း ရွိသည္။

Sungei Api Api သည္ ယခုအခါ အေျပးေလ့က်င့္ခန္း ျပဳလုပ္ၾကရာေနရာတစ္ခုျဖစ္ေနျပီး ညဥ့္နက္ပိုင္းသြားလွ်င္မူ ကိုယ့္အျပစ္ႏွင့္ကိုယ္သာျဖစ္၏။

၃။ Nee Soon Rubber အိမ္ရာ

အမ်ဳိးသမီးတေစၦသရဲတို႔၏ ေျခာက္လွန္႔မႈမ်ား ေတြ႔ၾကံဳရေလ့ရွိသည္။

ေနအိမ္ခန္းမ်ား၏ လသာေဆာင္မ်ား၊ ေလွကားထစ္မ်ားတြင္ ေတြ႔ရေလ့ရွိသည္။

တူးေျမာင္းတြင္ ငါးမွ်ားေနသူတို႔ကို ေအာ္ေခၚျခင္း၊ Sembawang ပန္းျခံကို ျဖတ္လာသူတုိ႔အား စိုက္ၾကည့္ေနျခင္းမ်ဳိးလည္း ၾကံဳရတတ္၏။

ယခင္က ထိုေနရာသည္ ရာဘာပင္မ်ား အလြန္ေပါမ်ားသည့္ေနရာတစ္ခုျဖစ္ျပီး အမ်ဳိးသမီးသရဲတို႔ က်က္စားရာေနရာအျဖစ္လည္း လူသိမ်ားသည္။

ေနာက္ပိုင္းတြင္ တုိက္ခန္းမ်ား၊ စက္မႈအေဆာက္အအံုမ်ားေဆာက္ရန္ ရာဘာပင္မ်ားကို ရွင္းလင္းလိုက္ေသာ္လည္း ဝိဥာဥ္မ်ားမွာ ဆက္လက္ရွိေနျမဲ ျဖစ္သည္။

သင့္အေနျဖင့္ သတိၱေကာင္းသည္ဆိုလွ်င္ Sembawang Park သို႔ ညဘက္လမ္းေလွ်ာက္ထြက္ၾကည့္ႏိုင္ပါသည္။

၄။ Pulau Tekong

ေျခာက္လွန္႔သည့္ တေစၦသရဲမ်ားစြာရွိေသာ္လည္း အမ်ားအားျဖင့္ ၾကံဳရတတ္သည္မွာ တပ္သားသစ္ တေစၦ၊ Jacob’s Ladder တြင္ ဆံပင္ရွည္ရွည္ အျဖဴေရာင္အရိပ္တေစၦႏွင့္ အိပ္ေဆာင္မ်ားတြင္ လွည့္လည္သြားလာေနတတ္ေသာ ေျမးအဘြားသရဲ ၂ ေကာင္တို႔ ျဖစ္သည္။

တေစၦေျခာက္ေသာ ျဖစ္ရပ္မ်ားမွာ စကၤာပူ၏ အေစာပိုင္းကာလမ်ားအေပၚ အေျခတည္သည္။ ထိုေနရာတြင္ ေရွးယခင္က တရုတ္လူမ်ဳိးအမ်ားစု ေနထိုင္ခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ Tekong ကို စစ္ဘက္အတြက္ အသံုးျပဳရန္ ရယူလိုက္သည့္အခါ တရုတ္လူမ်ဳိးမ်ား ေရႊ႕ေျပာင္းေပးၾကရသည္။

ယင္းေနာက္ပိုင္း တပ္သားလူသစ္မ်ား မၾကာခဏ တေစၦေျခာက္ခံရသည့္ျဖစ္ရပ္မ်ား ေပၚေပါက္လာခဲ့သည္။

စကၤာပူအမ်ဳိးသားတပ္မေတာ္တြင္ တာဝန္ထမ္းေဆာင္ေနသူတို႔အား ေမးၾကည့္လွ်င္ Tekong မွ ျဖစ္ရပ္မ်ားစြာကို ၾကားရႏိုင္သည္။

၅။ Old Tampines လမ္း

အမ်ဳိးသမီးတေစၦတို႔ ေျခာက္လွန္႔မႈ မ်ားျပားသည့္ေနရာျဖစ္သည္။ ကိုယ္ဝန္ေဆာင္ကာလအတြင္း (သို႔မဟုတ္) မီးဖြားစဥ္အတြင္း ေသဆံုးခဲ့ရသူတို႔၏ ဝိဥာဥ္မ်ားသည္ ယခုေနရာဝန္းက်င္တြင္ လွည့္လည္သြားလာေနၾကသည္။

ညဥ့္နက္ပိုင္းမ်ားတြင္ ယခုလမ္းမွ ျဖတ္သန္းပါက စက္ဘီး၊ ဆိုင္ကယ္စီးသူတို႔သည္ ပိုေလးလာသည္ကို ခံစားၾကရေလ့ရွိသည္။ ထိုသို႔ ၾကံဳေတြ႔ရခ်ိန္တြင္ လြန္စြာေမႊးပ်ံ႕ေသာ ရနံ႔မ်ားလည္း ရေလ့ရွိသည္ဟု ဆို၏။

ေနာက္ပိုင္းတြင္ ထိုလမ္းကို အဆင့္ျမွင့္တင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီး ေျခာက္ျခားဖြယ္သစ္ပင္မ်ားစြာကို ခုတ္လွဲခဲ့ေသာ္လည္း သင့္အေနျဖင့္ သတိၱေကာင္းပါက ညဥ့္သန္းေခါင္ေက်ာ္ ၂ နာရီထိုးခန္႔တြင္ ျဖတ္သန္းၾကည့္ႏိုင္ပါသည္။

၆။ Matilda စံအိမ္

စံအိမ္ဝန္းက်င္ရွိ သစ္ပင္အုပ္မ်ားတြင္ ဆံပင္ရွည္ျဖင့္ အမ်ဳိးသမီးတစ္ဦးကို ေတြ႔ရေလ့ရွိသည္ဟု ဆိုသည္။

Matilda စံအိမ္ၾကီးတြင္ အလုပ္လုပ္ကိုင္ေနေသာ အလုပ္သမားအခ်ဳိ႕ ေသဆံုးခဲ့သည့္ ျဖစ္ရပ္မ်ား ရွိခဲ့သည္။

Matilda စံအိမ္ၾကီးကို အိုင္ယာလန္ေရွ႕ေန Alexander Cashin က သူ၏ ဇနီးအတြက္ ၁၉၀၂ ခုႏွစ္တြင္ ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ျပီး Matilda မွာ မိခင္ျဖစ္သူ၏ အမည္ျဖစ္သည္။

ယင္းစံအိမ္သည္ Cashin မိသားစုပိုင္ဆိုင္မႈေအာက္တြင္ အတန္ၾကာရွိခဲ့ျပီး ေနာက္ပိုင္းတြင္ လူသူကင္းမဲ့သြားကာ စကၤာပူအစိုးရက လႊဲေျပာင္းရယူခဲ့သည္။ ယင္းအိမ္ၾကီးကို ျဖိဳဖ်က္၍ မရျခင္းႏွင့္ ပတ္သက္ျပီး ေျပာစမွတ္မ်ားစြာရွိခဲ့သည္။

အိမ္ၾကီးအား ျဖိဳခ်ရန္ (သို႔မဟုတ္) အၾကီးစားျပဳျပင္မႈမ်ားလုပ္ရန္ ၾကိဳးပမ္းတိုင္း အတားအဆီး အခက္အခဲ ျပႆနာမ်ားစြာ ၾကံဳရေလ့ရွိသည္ဟု ဆိုသည္။

ေနာက္ပိုင္းတြင္ Matilda House ကို Punggol အရပ္ရွိ ကြန္ဒိုမီနီယံတစ္ခု၏ ကလပ္အဖြဲ႔ဝင္မ်ားအတြက္ ေနရာအျဖစ္ အသံုးျပဳခဲ့သည္။ ေနာက္ပိုင္းတြင္မူ ေျခာက္လွန္႔သည့္ျဖစ္ရပ္မ်ား မၾကားရေတာ့။

၇။ Every Singapore စာသင္ေက်ာင္း

အိမ္သာမ်ားအတြင္း မိမိကိုယ္ကို အဆံုးစီရင္ခဲ့ၾကသည့္ မိန္းကေလးတို႔၏ ဝိဥာဥ္မ်ားက ေျခာက္လွန္႔မႈမ်ား ျဖစ္ပြားရာေနရာျဖစ္သည္။ အထူးသျဖင့္ Design and Technology ဘက္တြင္ ေျခာက္လွန္႔မႈမ်ား ျဖစ္ပြားတတ္သည္။

စာသင္ေက်ာင္းတိုင္းတြင္ ကိုယ္ပိုင္သရဲဇာတ္လမ္းမ်ား ရွိဟန္ေပၚသည္။ သင္၏ မိတ္ေဆြသူငယ္ခ်င္းမ်ားကို ေက်ာင္းသားေက်ာင္းသူဘဝက စာသင္ေက်ာင္းမွ ေျခာက္ျခားဖြယ္ဇာတ္လမ္းမ်ားအေၾကာင္း ေမးၾကည့္ပါ။ မတူညီေသာ ဇာတ္လမ္းမ်ားစြာ ၾကားရႏိုင္သည္။

၈။ စကၤာပူ အမ်ဳိးသားျပတိုက္

စကၤာပူအမ်ဳိးသားျပတိုက္၏ ညႊန္ၾကားေရးမွဴး၊ ျဗိတိသွ်ဆရာဝန္ ကားလ္ အလက္ဇန္းဒါး ဂစ္ဘ္ဆင္ ဟီးလ္သည္ မိမိကိုယ္ကိုယ္ အဆံုးစီရင္သြားျပီးေနာက္ပိုင္း ေျခာက္လွန္႔မႈမ်ား ျဖစ္ေပၚလာသည္။ ရာစုႏွစ္ခ်ီကာ သက္တမ္းရွိေသာ ျပတိုက္အတြင္း အေျခာက္လွန္႔ဆံုးေနရာမွာ ဝိတိုရိယဟန္ ခရုပတ္ေလွကားတြင္ျဖစ္သည္ဟု ဆိုၾကသည္။

သင့္အေနျဖင့္ စကၤာပူအမ်ဳိးသားျပတိုက္သို႔ သြားေရာက္လည္ပတ္ႏိုင္ေသာ္လည္း အဆိုပါ ေလွကားေနရာကိုမူ ၾကည့္ရႈႏိုင္မည္ မဟုတ္ေခ်။ ထိုေနရာကို လာေရာက္ေလ့လာသူမ်ားအား သြားလာခြင့္မေပးဘဲ ပိတ္ပင္ထားသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The most haunted places in Singapore (timeout)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service