ဘိုးဘပိုင်မြေဝယ်သူတွေ ရောင်းသူအမည်ပေါက်မှ ဝယ်သင့်သလေ....

ဘိုးဘပိုင်မြေဝယ်သူတွေ ရောင်းသူအမည်ပေါက်မှ ဝယ်သင့်သလေ.... - Property Knowledge in Myanmar from iMyanmarHouse.com
25 May 2022 1:54 pm တွင် တင်ခဲ့သည်
1354 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အိမ်ခြံမြေ ဆိုတာ အမြဲတန်းဝယ်ရောင်းလုပ်နေကြတဲ့… ကုန်ပစ္စည်းမျိုးမဟုတ်တဲ့အတွက် မြေနဲ့အိမ် ဝယ်သူဘဲဖြစ်ဖြစ်၊ ရောင်းသူဘဲဖြစ်ဖြစ်၊ ဝယ်ကြ၊ ရောင်းကြတော့မယ်ဆိုရင် ရောင်းမှားဝယ်မှား ဖြစ်မှာ စိုးရိမ်ကြလို့ပါဘဲ။ အင်တာနက် မပေါ်ခင်ကတော့ အသိအကျွမ်းမိတ်ဆွေနဲ့ ဖြစ်စေ ၊ အိမ်ခြံမြေ ပွဲစားများမှ တဆင့် ကျွမ်းကျင်သူကို ရှာကြတယ်။ ရှေ့နေကိုရှာကြတယ်ပေါ့။

“အိမ်ခြံမြေ ဝယ်လိုသူအမျိုးမျိုး ကွင်းဆင်း၍ လိုင်းပေါ်မှာလည်း တနေကုန် “

ယနေ့ အင်တာနက် ခေတ်မှာတော့ အရင်ခေတ်ကလို ပင်ပင်ပန်းပန်း ရှာနေစရာမလိုတော့ပါ။ လိုင်းပေါ်မှာ ရှာဖွေလိုက်တာနဲ့ အိမ်ခြံမြေ အကျိုးဆောင် များ ၊ ရှေ့နေရှေ့ရပ် များကို တွေ့နိုင်ပါတယ်။

အဲဒီလို ဝယ်ယူချင်သူတွေ ရှာဖွေနေတဲ့ အထဲမှာ မောင်ကောင်းဖေ လည်းပါ‌ဝင်လာပါတယ်။ မောင်ကောင်းဖေနဲ့ တွေ့တာနဲ့ သူတို့သိချင်တဲ့ မြေကိစ္စ ၊ တိုက်ခန်းကိစ္စတွေ မေးကြတာတော့တာဘဲ။

ဝယ်သူတချို့ကတော့ မြေကွက် ဖြစ်စေ၊ တိုက်ခန်း ဖြစ်စေ ၊ ကိုယ်တိုင် ကွင်းဆင်းရှာဖွေပြီးမှ မောင်ကောင်းဖေကို ဖုန်းဆက်ပြီး စာချုပ်ချုပ်ပေးဖို့ ပြောကြပါတယ်။ တချို့ဝယ်သူတွေကျတော့လည်း ပွဲစားတွေနဲ့ချိတ်ဆက်ပြီးမှ မောင်ကောင်းဖေ ကို လာခေါ်ကြတာလည်း ရှိပါတယ်။

အခု ဖုန်းဆက်လာသူကတော့ လိုင်းပေါ်ကမဟုတ်ဘဲ အသိမိတ်ဆွေမှ တစ်ဆင့် ဆက်သွယ်လာသူ “ တင့်တင့်ထွန်း “ ဖြစ်ပါတယ်။ သူမ ဝယ်မှာက “အင်းစိန်” ပိန္နဲကုန်း ရပ်ကွက်အတွင်းက မြေနဲ့အိမ်ပါ။ နေရာကလည်း အကွက်အကွင်းကျပါတယ်။ အင်းစိန်ဈေး၊ အင်းစိန်စုပေါင်းရုံး ၊ အင်းစိန်ဘူတာ၊ အင်းစိန်ပန်းခြံ တို့နဲ့ အနီးဆုံးနေရာပါ။

ဝယ်ဖြစ်ရတဲ့ အကြောင်းကလည်း လက်ရှိနေထိုင်တဲ့ မိဘအိမ်နဲ့ နီးလို့ပါဘဲ။ တစ်နည်းအားဖြင့် ပြောရရင်…ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်း၊ ကိုယ့်အိမ်နဲ့လည်း အနီးဆုံးဆိုတော့ ရပ်ကွက် သံဃောဇဉ်လည်းရှိတယ် ဆိုရမှာပေါ့။ ကြိုက်လို့သာဝယ်ရမှာ ဈေးကလည်း သိပ်ပြီး သက်သာတာမဟုတ်ဘူးလေ။ (၃၅’x၆၀’) မြေနဲ့အိမ်ကို သိန်း (၂၀၀၀) လောက်ရှိတယ်။

အင်းစိန် ပိန္နဲကုန်းမြေ၊ အိန္ဒိယက အမျိုးတွေ အမည်ပေါက်နေ

မြေအကြောင်းလေ့လာကြည့်ရာ မြေအမျိုးအစားက ဘိုးဘပိုင် မြေပါဘဲ ။ မြေဧက တော်တော်များများဟာ မြန်မာနိုင်ငံသား အိန္ဒိယလူမျိုးတွေရဲ့ အမည်ပေါက်နေတာကို တွေ့ရတယ်။

လက်ရှိအနေအထားအရ စီးပွားရေး အချက်အခြာကျတဲ့ နေရာဖြစ်နေပြန်တော့ မြန်မာလူမျိုးများက ၎င်းတို့ထံမှာ တဆင့်ပြန်ဝယ်ပြီး မိမိတို့ အမည်ပေါက်ပြောင်းနေထိုင်သူတွေ ရှိသလိုဝယ်ယူပြီးအမည်ပေါက် မပြောင်းဘဲ အိန္ဒိယလူမျိုးတွေရဲ့ အမည်နဲ့ပဲ နေထိုင်သူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။

အခု “ တင့်တင့် “ တို့ဝယ်မယ့်မြေကလည်း မြန်မာနိုင်ငံသား အိန္ဒိယလူမျိုးများ အမည်ပေါက်နေတဲ့ မြေ (လန-၃၉) ဘိုးဘပိုင်မြေမျိုး ဖြစ်နေပါတယ်။

ဘိုးဘပိုင်မြေဆိုကတည်းက ပါမစ်လိုစာရွက်စာတမ်းလည်း မဟုတ်ဘူး၊ ဂရန်လို စာအုပ်လည်းမဟုတ်ဘူး ရောင်းသူပြတဲ့ အထောက်အထားတွေက မှတ်ပုံတင်အရောင်းအဝယ်စာချုပ်နဲ့ မြေပုံ/မြေရာဇဝင်ဘဲ တွေ့ရတယ်။

အဲဒီလို မှတ်ပုံတင် မြေကွက်အရောင်းအဝယ်စာချုပ် ဆိုကတည်းက ရောင်းသူရဲ့ အမည်ပေါက်ဟုတ်ရဲ့လား ကြည့်လိုက်တဲ့အခါ အမည်ပြောင်းထားတာ မတွေ့ရသေးဘူး။ စာချုပ်မှာပါတဲ့ မြေပုံမြေရာဇဝင်ကြည့်လိုက်တော့ မြန်မာနိုင်ငံသား ၊ အိန္ဒိယလူမျိုး (၅)ဦးရဲ့ အမည်ပေါက်နေတယ်။ ဒါဆိုရင်တော့ အခုရောင်းသူဟာ နာမည်မပြောင်းဘဲ မြေကွက်အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ကိုင်ပြီး ပြန်ရောင်းတာ ဖြစ်နေတယ်။

ရောင်းသူအမည်ပေါက်မြေမဟုတ်သေးတဲ့ အတွက် နာမည်ပြောင်းရင် အဆင့်တွေများတယ်။ အချိန် (၆)လ (တစ်နှစ်) ကြာသွားနိုင်တယ်လို့ ရှင်းပြလိုက်ပါတယ်။ ဝယ်သူတွေကလည်း မိဘနဲ့ အနီးအနားမှာ အတူနေချင်တာကြောင့် "ဆရာရယ် …. ဝယ်လို့ရရင့်တော့ဝယ်ချင်ပါတယ်။ ဆရာအနေနဲ့ ကျွန်မတို့အမည်ပေါက်တဲ့အထိ လုပ်ပေးလို့ ရတယ်မဟုတ်လား ".. မေးတော့ ….. "ရပါတယ်၊ အချိန်ပေးရမယ်" ပြောလိုက်တဲ့အခါ ဒါဆိုလည်း စရန်သိန်း (၅၀၀) စရန်ပေးမယ်ဆိုတာနဲ့ စရန်ပေးစာချုပ်ချုပ်ပေးလိုက်ရတယ်။

ဘိုးဘပိုင်မြေဆိုရင်လေ အမွေဆက်ခံသူတွေ ပိုများလေ

မြေနှင့်အိမ် ရောင်းသူဘက်က ပြသတဲ့ စာချုပ်တွေအရ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ခန့်ကပင် မူလအမည်ပေါက် (၅)ဦး မှာ ကွယ်လွန်သွားခဲ့ကြတာကို တွေ့ရပါတယ်။ အမည်ပေါက်ကွယ်လွန်ခဲ့တဲ့အခါမှာ ဇနီး/သားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ထားကြပါတယ်။ တစ်ခါ ဇနီး/သားသမီး များမရှိတဲ့အခါ မြေး၊ မြစ် တို့က အမွေဆက်ခံပိုင်ဆိုင်ကြောင်း ဆက်လက်ပြုလုပ်ထားတာတွေ့ရပါတယ်။ အဲဒီတော့ ပိုင်ဆိုင်ကြောင်း စာချုပ် (၃)ဆင့် (၇)ဆင့် ဖြစ်နေတာကို တွေ့ရပါတယ်။

မြေပိုင်ဆိုင်မှု အကျယ်ကလည်း (၁၀) ဧကခန့်ရှိပါတယ်။ အမည်ပြောင်းရသေးတဲ့ မြေကွက်ပေါင်း (၅၀) ကျော် ရှိတာကို တွေ့ရတယ်။ အဲဒီအထဲမှာမှ အခုရောင်းသူက မြေကွက်တစ်ကွက်ကို မှတ်ပုံတင်စာချုပ်နဲ့ ဝယ်ထားတာပါ။ အမည်မပြောင်းခဲ့တဲ့အတွက် တဆင့်ကို ဝယ်ပြီးတဲ့နောက် အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ဖိုးနဲ့ အမည်ပြောင်းဖို့အတွက် အိန္ဒိယအနွယ်မြေအမည်ပေါက်သူတွေကို သူတို့ရဲ့ ပိုင်ဆိုင်ကြောင်း စာချုပ်တွေပြပေးဖို့ စာချုပ်ရုံးကိုခေါ်ရဦးမယ်။ အမည်ပြောင်းဖို့အတွက် စည်ပင်ကိုခေါ်ရဦးမယ်လေ။

ဘာကြောင့်လည်းဆိုတော့ ဘိုးဘပိုင်မြေဆိုတာ ဝယ်သူအမည်ပေါက်လုပ်မထားခဲ့ရင် ရန်ကုန်မြို့မြေစာရင်းမှာ မူလအမည်ပေါက် အိန္ဒိယလူမျိုး (၅)ဦးရဲ့ နာမည်က မဖျက်ရသေးလို့ပေါ့။ သူတို့ နာမည်တွေ မမြင်ချင်ရင် မြေကွက်အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်စာချုပ်ချုပ်ပြီး အမည်ပြောင်းလိုက်ရပါတယ်။ အင်း…. ဒီလိုအရှုပ်အထွေးများကြိုသိခဲ့ရင် "တင့်တင့်" အနေနဲ့ ဒီမြေနဲ့ အိမ်ဝယ်ချင်ပါတော့မလားလို့….. မောင်ကောင်းဖေ တွေးနေမိပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဘိုးဘပိုင္ေျမဝယ္သူေတြ ေရာင္းသူအမည္ေပါက္မွ ဝယ္သင့္သေလ....

အိမ္ျခံေျမ  ဆိုတာ အၿမဲတန္းဝယ္ေရာင္းလုပ္ေနၾကတဲ့… ကုန္ပစၥည္းမ်ိဳးမဟုတ္တဲ့အတြက္ ေျမနဲ႔အိမ္ ဝယ္သူဘဲျဖစ္ျဖစ္၊ ေရာင္းသူဘဲျဖစ္ျဖစ္၊ ဝယ္ၾက၊ ေရာင္းၾကေတာ့မယ္ဆိုရင္ ေရာင္းမွားဝယ္မွား ျဖစ္မွာ စိုးရိမ္ၾကလို႔ပါဘဲ။ အင္တာနက္ မေပၚခင္ကေတာ့ အသိအကြၽမ္းမိတ္ေဆြနဲ႔ ျဖစ္ေစ ၊ အိမ္ျခံေျမ ပြဲစားမ်ားမွ တဆင့္ ကြၽမ္းက်င္သူကို ႐ွာၾကတယ္။ ေ႐ွ႕ေနကို႐ွာၾကတယ္ေပါ့။

“အိမ္ျခံေျမ ဝယ္လိုသူအမ်ိဳးမ်ိဳး ကြင္းဆင္း၍ လိုင္းေပၚမွာလည္း တေနကုန္ “

ယေန႔ အင္တာနက္ ေခတ္မွာေတာ့ အရင္ေခတ္ကလို ပင္ပင္ပန္းပန္း ႐ွာေနစရာမလိုေတာ့ပါ။ လိုင္းေပၚမွာ ႐ွာေဖြလိုက္တာနဲ႔ အိမ္ျခံေျမ အက်ိဳးေဆာင္ မ်ား ၊ ေ႐ွ႕ေနေ႐ွ႕ရပ္ မ်ားကို ေတြ႕ႏိုင္ပါတယ္။

အဲဒီလို ဝယ္ယူခ်င္သူေတြ ႐ွာေဖြေနတဲ့ အထဲမွာ ေမာင္ေကာင္းေဖ လည္းပါ‌ဝင္လာပါတယ္။ ေမာင္ေကာင္းေဖနဲ႔ ေတြ႕တာနဲ႔ သူတို႔သိခ်င္တဲ့ ေျမကိစၥ ၊ တိုက္ခန္းကိစၥေတြ ေမးၾကတာေတာ့တာဘဲ။

ဝယ္သူတခ်ိဳ႕ကေတာ့ ေျမကြက္ ျဖစ္ေစ၊ တိုက္ခန္း ျဖစ္ေစ ၊ ကိုယ္တိုင္ ကြင္းဆင္း႐ွာေဖြၿပီးမွ ေမာင္ေကာင္းေဖကို ဖုန္းဆက္ၿပီး စာခ်ဳပ္ခ်ဳပ္ေပးဖို႔ ေျပာၾကပါတယ္။ တခ်ိဳ႕ဝယ္သူေတြက်ေတာ့လည္း ပြဲစားေတြနဲ႔ခ်ိတ္ဆက္ၿပီးမွ ေမာင္ေကာင္းေဖ ကို လာေခၚၾကတာလည္း ႐ွိပါတယ္။

အခု ဖုန္းဆက္လာသူကေတာ့ လိုင္းေပၚကမဟုတ္ဘဲ အသိမိတ္ေဆြမွ တစ္ဆင့္ ဆက္သြယ္လာသူ “ တင့္တင့္ထြန္း “ ျဖစ္ပါတယ္။ သူမ ဝယ္မွာက “အင္းစိန္” ပိႏၷဲကုန္း ရပ္ကြက္အတြင္းက ေျမနဲ႔အိမ္ပါ။ ေနရာကလည္း အကြက္အကြင္းက်ပါတယ္။ အင္းစိန္ေဈး၊ အင္းစိန္စုေပါင္း႐ုံး ၊ အင္းစိန္ဘူတာ၊ အင္းစိန္ပန္းျခံ တို႔နဲ႔ အနီးဆုံးေနရာပါ။

ဝယ္ျဖစ္ရတဲ့ အေၾကာင္းကလည္း လက္႐ွိေနထိုင္တဲ့ မိဘအိမ္နဲ႔ နီးလို႔ပါဘဲ။ တစ္နည္းအားျဖင့္ ေျပာရရင္…ကိုယ့္ရပ္ကြက္၊ ကိုယ့္လမ္း၊ ကိုယ့္အိမ္နဲ႔လည္း အနီးဆုံးဆိုေတာ့ ရပ္ကြက္ သံေဃာဇဥ္လည္း႐ွိတယ္ ဆိုရမွာေပါ့။ ႀကိဳက္လို႔သာဝယ္ရမွာ ေဈးကလည္း သိပ္ၿပီး သက္သာတာမဟုတ္ဘူးေလ။ (၃၅’x၆၀’) ေျမနဲ႔အိမ္ကို သိန္း (၂၀၀၀) ေလာက္႐ွိတယ္။

အင္းစိန္ ပိႏၷဲကုန္းေျမ၊ အိႏၵိယက အမ်ိဳးေတြ အမည္ေပါက္ေန

ေျမအေၾကာင္းေလ့လာၾကည့္ရာ ေျမအမ်ိဳးအစားက ဘိုးဘပိုင္ ေျမပါဘဲ ။ ေျမဧက ေတာ္ေတာ္မ်ားမ်ားဟာ ျမန္မာႏိုင္ငံသား အိႏၵိယလူမ်ိဳးေတြရဲ႕ အမည္ေပါက္ေနတာကို ေတြ႕ရတယ္။

လက္႐ွိအေနအထားအရ စီးပြားေရး အခ်က္အျခာက်တဲ့ ေနရာျဖစ္ေနျပန္ေတာ့ ျမန္မာလူမ်ိဳးမ်ားက ၎တို႔ထံမွာ တဆင့္ျပန္ဝယ္ၿပီး မိမိတို႔ အမည္ေပါက္ေျပာင္းေနထိုင္သူေတြ ႐ွိသလိုဝယ္ယူၿပီးအမည္ေပါက္ မေျပာင္းဘဲ အိႏၵိယလူမ်ိဳးေတြရဲ႕ အမည္နဲ႔႔ပဲ ေနထိုင္သူေတြ ႐ွိတာကိုလည္း ေတြ႕ရပါတယ္။

အခု “ တင့္တင့္ “ တို႔ဝယ္မယ့္ေျမကလည္း ျမန္မာႏိုင္ငံသား အိႏၵိယလူမ်ိဳးမ်ား အမည္ေပါက္ေနတဲ့ ေျမ (လန-၃၉) ဘိုးဘပိုင္ေျမမ်ိဳး ျဖစ္ေနပါတယ္။

ဘိုးဘပိုင္ေျမဆိုကတည္းက ပါမစ္လိုစာ႐ြက္စာတမ္းလည္း မဟုတ္ဘူး၊ ဂရန္လို စာအုပ္လည္းမဟုတ္ဘူး ေရာင္းသူျပတဲ့ အေထာက္အထားေတြက မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္နဲ႔ ေျမပုံ/ေျမရာဇဝင္ဘဲ ေတြ႕ရတယ္။

အဲဒီလို မွတ္ပုံတင္ ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္ ဆိုကတည္းက ေရာင္းသူရဲ႕ အမည္ေပါက္ဟုတ္ရဲ႕လား ၾကည့္လိုက္တဲ့အခါ အမည္ေျပာင္းထားတာ မေတြ႕ရေသးဘူး။ စာခ်ဳပ္မွာပါတဲ့ ေျမပုံေျမရာဇဝင္ၾကည့္လိုက္ေတာ့ ျမန္မာႏိုင္ငံသား ၊ အိႏၵိယလူမ်ိဳး (၅)ဦးရဲ႕ အမည္ေပါက္ေနတယ္။ ဒါဆိုရင္ေတာ့ အခုေရာင္းသူဟာ နာမည္မေျပာင္းဘဲ ေျမကြက္အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ ကိုင္ၿပီး ျပန္ေရာင္းတာ ျဖစ္ေနတယ္။

ေရာင္းသူအမည္ေပါက္ေျမမဟုတ္ေသးတဲ့ အတြက္ နာမည္ေျပာင္းရင္ အဆင့္ေတြမ်ားတယ္။ အခ်ိန္ (၆)လ (တစ္ႏွစ္) ၾကာသြားႏိုင္တယ္လို႔ ႐ွင္းျပလိုက္ပါတယ္။ ဝယ္သူေတြကလည္း မိဘနဲ႔ အနီးအနားမွာ အတူေနခ်င္တာေၾကာင့္ "ဆရာရယ္ …. ဝယ္လို႔ရရင့္ေတာ့ဝယ္ခ်င္ပါတယ္။ ဆရာအေနနဲ႔ ကြၽန္မတို႔အမည္ေပါက္တဲ့အထိ လုပ္ေပးလို႔ ရတယ္မဟုတ္လား ".. ေမးေတာ့ ….. "ရပါတယ္၊ အခ်ိန္ေပးရမယ္" ေျပာလိုက္တဲ့အခါ ဒါဆိုလည္း စရန္သိန္း (၅၀၀) စရန္ေပးမယ္ဆိုတာနဲ႔ စရန္ေပးစာခ်ဳပ္ခ်ဳပ္ေပးလိုက္ရတယ္။

ဘိုးဘပိုင္ေျမဆိုရင္ေလ အေမြဆက္ခံသူေတြ ပိုမ်ားေလ

ေျမႏွင့္အိမ္ ေရာင္းသူဘက္က ျပသတဲ့ စာခ်ဳပ္ေတြအရ လြန္ခဲ့တဲ့ ၁၉၆၂ ခုႏွစ္ခန္႔ကပင္ မူလအမည္ေပါက္ (၅)ဦး မွာ ကြယ္လြန္သြားခဲ့ၾကတာကို ေတြ႕ရပါတယ္။ အမည္ေပါက္ကြယ္လြန္ခဲ့တဲ့အခါမွာ ဇနီး/သားသမီးမ်ားက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ထားၾကပါတယ္။ တစ္ခါ ဇနီး/သားသမီး မ်ားမ႐ွိတဲ့အခါ ေျမး၊ ျမစ္ တို႔က အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ဆက္လက္ျပဳလုပ္ထားတာေတြ႕ရပါတယ္။ အဲဒီေတာ့ ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ (၃)ဆင့္ (၇)ဆင့္ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

ေျမပိုင္ဆိုင္မႈ အက်ယ္ကလည္း (၁၀) ဧကခန္႔႐ွိပါတယ္။ အမည္ေျပာင္းရေသးတဲ့ ေျမကြက္ေပါင္း (၅၀) ေက်ာ္ ႐ွိတာကို ေတြ႕ရတယ္။ အဲဒီအထဲမွာမွ အခုေရာင္းသူက ေျမကြက္တစ္ကြက္ကို မွတ္ပုံတင္စာခ်ဳပ္နဲ႔ ဝယ္ထားတာပါ။ အမည္မေျပာင္းခဲ့တဲ့အတြက္ တဆင့္ကို ဝယ္ၿပီးတဲ့ေနာက္ အေရာင္းအဝယ္စာခ်ဳပ္မွတ္ပုံတင္ဖိုးနဲ႔ အမည္ေျပာင္းဖို႔အတြက္ အိႏၵိယအႏြယ္ေျမအမည္ေပါက္သူေတြကို သူတို႔ရဲ႕ ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ေတြျပေပးဖို႔ စာခ်ဳပ္႐ုံးကိုေခၚရဦးမယ္။ အမည္ေျပာင္းဖို႔အတြက္ စည္ပင္ကိုေခၚရဦးမယ္ေလ။

ဘာေၾကာင့္လည္းဆိုေတာ့ ဘိုးဘပိုင္ေျမဆိုတာ ဝယ္သူအမည္ေပါက္လုပ္မထားခဲ့ရင္ ရန္ကုန္ၿမိဳ႕ေျမစာရင္းမွာ မူလအမည္ေပါက္ အိႏၵိယလူမ်ိဳး (၅)ဦးရဲ႕ နာမည္က မဖ်က္ရေသးလို႔ေပါ့။ သူတို႔ နာမည္ေတြ မျမင္ခ်င္ရင္ ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ၿပီး အမည္ေျပာင္းလိုက္ရပါတယ္။ အင္း…. ဒီလိုအ႐ႈပ္အေထြးမ်ားႀကိဳသိခဲ့ရင္ "တင့္တင့္" အေနနဲ႔ ဒီေျမနဲ႔ အိမ္ဝယ္ခ်င္ပါေတာ့မလားလို႔….. ေမာင္ေကာင္းေဖ ေတြးေနမိပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service