နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်၏ နယူးယောက်အိမ် ၂ လုံး ဒေါ်လာ ၁၈ သန်းဖြင့် ရောင်းမည်
နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက်၏ နယူးယောက်အိမ် ၂ လုံး ဒေါ်လာ ၁၈ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
19 May 2022 12:10 pm တွင် တင်ခဲ့သည်
660 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(ဂျွန်စတိန်းဘက် ဘယ်သူလဲ)
ဂျွန်စတိန်းဘက် (မွေး ၁၉၀၂) သည် အမေရိကန်စာရေးဆရာဖြစ်သည်။ ဝတ္ထုရှည် ၁၆ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၅ အုပ်နှင့် အခြား ၆ အုပ်တို့ ရေးသားခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် စာပေနိုဘယ်ဆု ရရှိခဲ့သည်။
ထင်ရှားသည့် စာပေလက်ရာများမှာ Of mice and men (1937) ၊ The Grapes of Wrath (1939) ၊ East of Eden (1952) တို့ ဖြစ်သည်။
(မြန်မာဘာသာသို့ ပြန်ဆိုထားပြီးဖြစ်သော စာအုပ်များ)
The Grapes of Wrath- (မြန်မာနိုင်ငံတွင် ဗြိတိသျှကိုလိုနီခေတ် အဓိပတိ ဒေါက်တာဘမော်က ဤစာအုပ်ကိုဖတ်ကာ ရှိုက်ကြီးတငင် ငိုကြွေးဖူးသည်)
The Grapes of Wrath ကို ဆရာမောင်ထွန်းသူက ဒေါသမာန်ဟု မြန်မာပြန်ထားသည်။
The Moon is down - အောင်ခန့်- အရှုံးနှင့်အနိုင်
East of Eden - မိုးဝေ- အပယ်ခံသား
The Pearl ထင်လင်း ပုလဲတေးသံ၊ (ဒဂုံရွှေမျှား ဂြိုဟ်မွှေတဲ့ပုလဲ)၊
Of mice and men မောင်ထွန်းသူ- တို့ပိုင်တဲ့မြေ ၁၉၈၇ (မိုးဝေ- ကိုယ့်မြေကိုယ့်ယာ)
Tortilla Flat တို့ဘဝ တို့ကမ္ဘာ -မောင်ထွန်းသူ ၁၉၈၇
The Canery Row ကင်နရီရိုး -မောင်ထွန်းသူ ၁၉၉၃
The Red Pony ထင်လင်း- မြင်းနီကလေး
The Burning Bright - ထင်လင်း- မီးလျှံပန်း
အကယ်၍ သင့်အနေဖြင့် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်မှ အိမ်ခြံမြေများကို ဝယ်ယူနိုင်သည့် ငွေရှိမည်ဆိုပါက အမေရိက၏ အကြီးမြတ်ဆုံး စာရေးဆရာကြီးများထဲမှတစ်ဦး နေထိုင်ခဲ့ဖူးသော အိမ်ကို ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာပြီ ဖြစ်သည်။
မန်ဟက်တန်အရပ်မှ မြို့ပေါ်နေအိမ် ၂ လုံးကို စုစုပေါင်း ကန်ဒေါ်လာ ၁၈ သန်းဈေးခေါ်ထားသည်။ အဆိုပါအိမ်တွင် တခါက နိုဘယ်ဆုရ စာရေးဆရာကြီး ဂျွန်စတိန်းဘက် နေထိုင်သွားခဲ့ဖူးသည်။
တည်နေရာမှာ မန်ဟက်တန်ရပ်၊ အရှေ့ ၇၈ လမ်းတွင် တည်ရှိသည်။ ယခုအိမ်များကို တစ်အိမ်ချင်းလည်း ခွဲကာ ဝယ်ယူနိုင်ပြီး တစ်အိမ်ချင်းဈေးနှုန်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၉၅ သန်းဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် စာပေနိုဘယ်ဆုရရှိခဲ့သူ ဂျွန်စတိန်းဘက်သည် မကွယ်လွန်မီ ၆ နှစ်အလိုက ယခုအိမ်များမှ တစ်လုံးတွင် နေထိုင်ခဲ့ပြီး ကျန်အိမ်များကို အငှားချထားခဲ့သည်။
“Of Mice and Men” “The Grapes of Wrath” နှင့် “East of Eden” စာအုပ်များဖြင့် နာမည်ကျော်သူ ဂျွန်စတိန်းဘက်သည် အသက် ၆၆ နှစ်အရွယ် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့သည်။
အိမ်ခြံမြေမှတ်တမ်းများအရ ဂျွန်စတိန်းဘက်သည် ယခုအိမ်များကို ၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက်တွင် မိသားစုတစ်ခုတည်းက ၅၅ နှစ်ကြာ ပိုင်ဆိုင်ထားခဲ့သည်။
(၁၉၆၂ ခုနှစ်အတွင်း နယူးယောက်မြို့၊ Sag Harbor တွင် ဂျွန်စတိန်းဘက်ကို မှန်ပြောင်းတစ်လက်ဖြင့် တွေ့ရပုံ)
(အိမ်အသီးသီးမှာ စတုရန်းပေ ၃၀၀၀ အကျယ်အဝန်းရှိသည်)
(နေအိမ်ပြင်ပနေရာများ၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၂၀၀၀ ကျော်ရှိသည်)
(ဧည့်ခန်း)
အိမ်တစ်ဆောင်တွင် ၄ ထပ်စီပါဝင်ပြီး အိပ်ခန်း ၄ ခန်းစီပါကာ စတုရန်းပေ ၃၀၀၀ စီအကျယ်အဝန်းရှိသည်။
အရောင်းဈေးကွက်တင်ပေးသည်မှာ Corcoran အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Elizabeth Sahlman, Meredith Verona, Becca Schreiber နှင့် Lorand Kovacs တို့ ဖြစ်ကြသည်။
(မီးဖိုဆောင် ၂ ခုအနက်မှ တစ်ခုကို တွေ့ရပုံ)
(အိမ် ၂ လုံးအနက်မှ တစ်ခု၏ ညစာစားခန်း)
(အိမ်တစ်လုံး၏ အိပ်ခန်း ၄ ခန်းအနက်မှ တစ်ခန်း)
(အခြားအိပ်ခန်းတစ်ခု၏ အတွင်းပိုင်း)
ဂျွန်စတိန်းဘက် နောက်ဆုံးနေထိုင်သွားသည်မှာ အရှေ့ ၇၂ လမ်းမှ အထပ်မြင့်အဆောက်အအုံတစ်ခု၏ ၃၄ ထပ်တွင်ဖြစ်ပြီး အဆိုပါအခန်းတွင် ဂျွန်စတိန်းဘက်၏ စားပွဲဟောင်းတစ်လုံး ယနေ့တိုင်ရှိသေးသည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Manhattan townhouses that belonged to John Steinbeck list for $18M (nypost)
[Zawgyi]
(ဧည့်ခန်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service