ဒူးရင်းသီးရဲ့ ကျန်းမာရေး ကောင်းကျိုး၊ ဆိုးကျိုးများ

ဒူးရင်းသီးရဲ့ ကျန်းမာရေး ကောင်းကျိုး၊ ဆိုးကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
17 May 2022 12:38 pm တွင် တင်ခဲ့သည်
6211 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဒူးရင်းသီးဟာ King of fruits တဲ့..။ သစ်သီးတွေထဲမှာတော့ ဘုရင်ကြီးပေါ့လေ..။

ဒါပေမဲ့ ဒူးရင်းသီးလို့ဆိုလိုက်ရင် သူက မွှေးသလား? နံသလား? ဆိုတာကို အရင်ရှင်းရပြန်ကော..။

ဒူးရင်းသီးနံ့အမှန်တရားက ဘာလဲပေါ့..။

ဒူးရင်းသီးကြိုက်သူတွေအတွက်တော့..ဒူးရင်းသီးအနံ့သည်.......အီစိမ့်နေအောင် မွှေးသည်။

‘ အနံ့ရရုံဖြင့် မစားရမနေနိုင်ဖြစ်သွားလောက်သည်အထိ မွှေးပျံ့သည်’ ပေါ့..။

မကြိုက်တဲ့သူတွေအတွက်တော့..ဒူးရင်းသီးအနံ့သည်..

ပျို့အန်ချင်စရာကောင်းသည်။

‘ အနံ့ရရုံဖြင့် ခေါင်းကိုက်လောက်စေတဲ့အထိ ဆိုးရွားလွန်းသည်' ပေါ့လေ။

ဒီတော့ ဒူးရင်းသီးအမှန်တရားဟာ သူ့ဘက်ကကြည့် သူမှန်၊ ကိုယ့်ဘက်ကကြည့် ကိုယ်မှန်ဆိုပြီး နှစ်ဘက်ရှိနေတဲ့အတွက် ကြိုက်သူနဲ့ မကြိုက်သူကြား ငြင်းခုန်နေမယ့်အစား ကိုယ့်အတွက်တော့အမှန်တရား၊ သူ့အတွက်လည်း အမှန်တရားပဲဆိုပြီး နားလည်ပေးလိုက်ကြရအောင်ဗျာ။

ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ ဒူးရင်းသီးမှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။

ဒီတော့ ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ဒူးရင်းပင်တွေရှိတဲ့ဘက်မှာ နေမယ်ဆိုတဲ့သူတွေအတွက် ဒူးရင်းသီးက ကျန်းမာရေးအတွက် ဘာတွေကောင်းပြီး ဘာတွေဆိုးစေလဲဆိုတာ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

 

ဒူးရင်းသီးရဲ့ကောင်းကျိုးများ

(၁) ကျန်းမာရေးနှင့်ညီသည့် အဆီဓာတ်များ ပါဝင်ခြင်း

ဒူးရင်းသီးမှာ မပြည့်ဝဆီတွေကြွယ်ဝပြီး အဲ့ဒီအဆီတွေက ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ လေဖြတ်တာ ဖြစ်စေမှုတွေကို လျှော့ချပေးနိုင်ပါတယ်တဲ့..။

 

(၂) စိတ်ပင်ပန်းမှုသက်သာစေခြင်းနှင့် နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း

ဒူးရင်းသီးမှာ tryptophan ဆိုတဲ့ အမိုင်နိုင်အက်ဆစ်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီအက်ဆစ်က စိတ်ပင်ပန်းမှုကို ပြေလျော့သက်သာစေပြီး အာရုံဝင်စားမှုမြင့်စေသလို သင့်ရဲ့ အိပ်စက်မှုကိုလည်း ထိန်းချုပ်ပေးလို့ ပုံမှန်ထက်စောပြီး အိပ်မောကျစေပါတယ်။ ( tryptophan ဟာ လူတွေအတွက် မရှိမဖြစ် အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်က အလိုအလျောက် ထုတ်မပေးနိုင်ဘဲ အစားအသောက်တွေကနေတဆင့်ဖြည့်ဆည်းပေးရတာဖြစ်ပါတယ်)

 

(၃) ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ခြင်း

ဒူးရင်းသီးမှာ ဗီတာမင်စီ ပါဝင်လို့ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ ဖရီးရယ်ဒီကယ်များကို ဆန့်ကျင် ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးလို့ ရောဂါပိုးတွေနဲ့ ဗိုင်းရပ်စ်တွေရဲ့တိုက်ခိုက်ခြင်းကို တွန်းလှန်ပေးနိုင်ပါတယ်။

 

(၄) သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ခြင်း

ဒူးရင်းသီးမှာ ပိုတက်စီယမ်ကြွယ်ဝစွာပါဝင်နေတာက သွေးပေါင်ချိန်အတက်အကျဖြစ်စေတဲ့ ဆားဓာတ်နဲ့ အရည်ဓာတ်တွေကို ထိန်းညှိမှုကို အကူအညီဖြစ်စေနိုင်ပါတယ်။

 

(၅) အစာခြေနိုင်စွမ်း မြင့်စေခြင်း

ဒူးရင်းသီးမှာ အမျှင်ဓာတ်တွေပါလို့ အစာခြေမှုကို အကူအညီပေးနိုင်ပါတယ်။ ဗီတာမင် B1 နဲ့ B3 တို့ ပါနေတာကလည်း အာဟာရတွေစုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ သူ့ကို စားနေရင်းနဲ့ အရေးပါတဲ့ အာဟာရ ဓာတ်တွေ ရနေမှာပါ။

ကောင်းကျိုးတွေပြောပြီးပြီဆိုတော့ ဒီတစ်ခါတော့ သူ့ရဲ့ဆိုးကျိုးတွေကကော ဘာတွေဖြစ်မလဲ။ ဆက်ကြည့် လိုက်ရအောင်..။

ဒူးရင်းသီးရဲ့ဆိုးကျိုးများ

(၁) ကယ်လိုရီပါဝင်မှုမြင့်မားခြင်း

ဒူးရင်းသီး ၆၀၂ ဂရမ် (၃၆ ကျပ်သားခန့်) မှာ ၈၈၅ ကယ်လိုရီပါဝင်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် တစ်နေ့တာစားသုံးသင့်တဲ့ ပျမ်းမျှကယ်လိုရီပမာဏရဲ့ ၄၄ ရာခိုင်နှုန်းထိ စားသုံးပြီး ဖြစ်သွားစေပါတယ်။

 

(၂) သကြားဓာတ်ပါဝင်မှုမြင့်မားခြင်း

ဆီးချို၊ သွေးချို ဝေဒနာရှင်တွေအနေနဲ့ ဒူးရင်းသီးကို တစ်ထိုင်တည်းနဲ့အများကြီးစားမိရင် သွေးတွင်းသကြားဓာတ်မြင့်တက်မှု ကြုံရနိုင်ပါတယ်။

(၃) အပူစာအသီး

တရုတ်ဆေးပညာအလိုအရ ဒူးရင်းသီးကို အပူစာအသီးအုပ်စုထဲမှာ ထည့်ထားပြီး အများကြီးစားရင် လည်ချောင်းနာတာ၊ ခံတွင်းနာတွေဖြစ်တာ၊ ဝမ်းချုပ်တာနဲ့ သလိပ်ထတာတွေဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။

ဆိုတော့ ဒူးရင်းသီးမှာက ကောင်းကျိုးတွေကော၊ ဆိုးကျိုးတွေကော အများကြီးရှိနေပါတယ်။ ဒါပေမဲ့ မနေ နိုင်ဘူး၊ စားကိုစားမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေသက်သာစေဖို့ စားပြီးရင် ရေများများသောက်ပေးဖို့ လိုပါတယ်တဲ့ဗျာ..။

ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်တဲ့အစားအသောက်တွေအကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: greenwaymyanmar

 

 

[Zawgyi]

ဒူးရင္းသီးရဲ႕ က်န္းမာေရး ေကာင္းက်ိဳး၊ ဆိုးက်ိဳးမ်ား

 

ဒူးရင္းသီးဟာ King of fruits တဲ့..။ သစ္သီးေတြထဲမွာေတာ့ ဘုရင္ႀကီးေပါ့ေလ..။

ဒါေပမဲ့ ဒူးရင္းသီးလို႔ဆိုလိုက္ရင္ သူက ေမႊးသလား? နံသလား? ဆိုတာကို အရင္႐ွင္းရျပန္ေကာ..။

ဒူးရင္းသီးနံ႔အမွန္တရားက ဘာလဲေပါ့..။

ဒူးရင္းသီးႀကိဳက္သူေတြအတြက္ေတာ့..ဒူးရင္းသီးအနံ႔သည္.......အီစိမ့္ေနေအာင္ ေမႊးသည္။

‘ အနံ႔ရ႐ုံျဖင့္ မစားရမေနႏိုင္ျဖစ္သြားေလာက္သည္အထိ ေမႊးပ်ံ႕သည္’ ေပါ့..။

မႀကိဳက္တဲ့သူေတြအတြက္ေတာ့..ဒူးရင္းသီးအနံ႔သည္..

ပ်ိဳ႕အန္ခ်င္စရာေကာင္းသည္။

‘ အနံ႔ရ႐ုံျဖင့္ ေခါင္းကိုက္ေလာက္ေစတဲ့အထိ ဆိုး႐ြားလြန္းသည္' ေပါ့ေလ။

ဒီေတာ့ ဒူးရင္းသီးအမွန္တရားဟာ သူ႕ဘက္ကၾကည့္ သူမွန္၊ ကိုယ့္ဘက္ကၾကည့္ ကိုယ္မွန္ဆိုၿပီး ႏွစ္ဘက္႐ွိေနတဲ့အတြက္ ႀကိဳက္သူနဲ႔ မႀကိဳက္သူၾကား ျငင္းခုန္ေနမယ့္အစား ကိုယ့္အတြက္ေတာ့အမွန္တရား၊ သူ႕အတြက္လည္း အမွန္တရားပဲဆိုၿပီး နားလည္ေပးလိုက္ၾကရေအာင္ဗ်ာ။

က်န္းမာေရး႐ႈေထာင့္ကၾကည့္ရင္ေတာ့ ဒူးရင္းသီးမွာ ေကာင္းက်ိဳးေတြ႐ွိသလို ဆိုးက်ိဳးေတြလည္း ႐ွိေနပါတယ္။

ဒီေတာ့ ကမ႓ာႀကီးႏွစ္ျခမ္းကြဲသြားရင္ေတာင္ ဒူးရင္းပင္ေတြ႐ွိတဲ့ဘက္မွာ ေနမယ္ဆိုတဲ့သူေတြအတြက္ ဒူးရင္းသီးက က်န္းမာေရးအတြက္ ဘာေတြေကာင္းၿပီး ဘာေတြဆိုးေစလဲဆိုတာ ႐ွာေဖြေဖာ္ျပေပးလိုက္ပါတယ္။

 

ဒူးရင္းသီးရဲ႕ေကာင္းက်ိဳးမ်ား

(၁) က်န္းမာေရးႏွင့္ညီသည့္ အဆီဓာတ္မ်ား ပါဝင္ျခင္း

ဒူးရင္းသီးမွာ မျပည့္ဝဆီေတြႂကြယ္ဝၿပီး အဲ့ဒီအဆီေတြက ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အျပင္ ႏွလုံးေရာဂါနဲ႔ ေလျဖတ္တာ ျဖစ္ေစမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္တဲ့..။

 

(၂) စိတ္ပင္ပန္းမႈသက္သာေစျခင္းႏွင့္ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစျခင္း

ဒူးရင္းသီးမွာ tryptophan ဆိုတဲ့ အမိုင္ႏိုင္အက္ဆစ္ဓာတ္တစ္မ်ိဳးပါဝင္ပါတယ္။ အဲ့ဒီအက္ဆစ္က စိတ္ပင္ပန္းမႈကို ေျပေလ်ာ့သက္သာေစၿပီး အာ႐ုံဝင္စားမႈျမင့္ေစသလို သင့္ရဲ႕ အိပ္စက္မႈကိုလည္း ထိန္းခ်ဳပ္ေပးလို႔ ပုံမွန္ထက္ေစာၿပီး အိပ္ေမာက်ေစပါတယ္။ ( tryptophan ဟာ လူေတြအတြက္ မ႐ွိမျဖစ္ အမိုင္ႏိုအက္ဆစ္တစ္မ်ိဳးျဖစ္ၿပီး ခႏၶာကိုယ္က အလိုအေလ်ာက္ ထုတ္မေပးႏိုင္ဘဲ အစားအေသာက္ေတြကေနတဆင့္ျဖည့္ဆည္းေပးရတာျဖစ္ပါတယ္)

 

(၃) ကိုယ္ခံအားကို ျမႇင့္တင္ေပးႏိုင္ျခင္း

ဒူးရင္းသီးမွာ ဗီတာမင္စီ ပါဝင္လို႔ ခႏၶာကိုယ္အတြက္ အႏၲရာယ္႐ွိတဲ့ ဖရီးရယ္ဒီကယ္မ်ားကို ဆန္႔က်င္ ကာကြယ္ေပးႏိုင္သလို ကိုယ္ခံအားစနစ္ကိုျမႇင့္တင္ေပးလို႔ ေရာဂါပိုးေတြနဲ႔ ဗိုင္းရပ္စ္ေတြရဲ႕တိုက္ခိုက္ျခင္းကို တြန္းလွန္ေပးႏိုင္ပါတယ္။

 

(၄) ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးႏိုင္ျခင္း

ဒူးရင္းသီးမွာ ပိုတက္စီယမ္ႂကြယ္ဝစြာပါဝင္ေနတာက ေသြးေပါင္ခ်ိန္အတက္အက်ျဖစ္ေစတဲ့ ဆားဓာတ္နဲ႔ အရည္ဓာတ္ေတြကို ထိန္းညႇိမႈကို အကူအညီျဖစ္ေစႏိုင္ပါတယ္။

 

(၅) အစာေျခႏိုင္စြမ္း ျမင့္ေစျခင္း

ဒူးရင္းသီးမွာ အမွ်င္ဓာတ္ေတြပါလို႔ အစာေျခမႈကို အကူအညီေပးႏိုင္ပါတယ္။ ဗီတာမင္ B1 နဲ႔ B3 တို႔ ပါေနတာကလည္း အာဟာရေတြစုပ္ယူႏိုင္စြမ္းကို ျမႇင့္တင္ေပးပါတယ္။ သူ႕ကို စားေနရင္းနဲ႔ အေရးပါတဲ့ အာဟာရ ဓာတ္ေတြ ရေနမွာပါ။

ေကာင္းက်ိဳးေတြေျပာၿပီးၿပီဆိုေတာ့ ဒီတစ္ခါေတာ့ သူ႕ရဲ႕ဆိုးက်ိဳးေတြကေကာ ဘာေတြျဖစ္မလဲ။ ဆက္ၾကည့္ လိုက္ရေအာင္..။

ဒူးရင္းသီးရဲ႕ဆိုးက်ိဳးမ်ား

(၁) ကယ္လိုရီပါဝင္မႈျမင့္မားျခင္း

ဒူးရင္းသီး ၆၀၂ ဂရမ္ (၃၆ က်ပ္သားခန္႔) မွာ ၈၈၅ ကယ္လိုရီပါဝင္ပါတယ္။ ဒါဟာ အ႐ြယ္ေရာက္ၿပီးသူ တစ္ေယာက္အတြက္ တစ္ေန႔တာစားသုံးသင့္တဲ့ ပ်မ္းမွ်ကယ္လိုရီပမာဏရဲ႕ ၄၄ ရာခိုင္ႏႈန္းထိ စားသုံးၿပီး ျဖစ္သြားေစပါတယ္။

(၂) သၾကားဓာတ္ပါဝင္မႈျမင့္မားျခင္း

ဆီးခ်ိဳ၊ ေသြးခ်ိဳ ေဝဒနာ႐ွင္ေတြအေနနဲ႔ ဒူးရင္းသီးကို တစ္ထိုင္တည္းနဲ႔အမ်ားႀကီးစားမိရင္ ေသြးတြင္းသၾကားဓာတ္ျမင့္တက္မႈ ၾကဳံရႏိုင္ပါတယ္။

(၃) အပူစာအသီး

တ႐ုတ္ေဆးပညာအလိုအရ ဒူးရင္းသီးကို အပူစာအသီးအုပ္စုထဲမွာ ထည့္ထားၿပီး အမ်ားႀကီးစားရင္ လည္ေခ်ာင္းနာတာ၊ ခံတြင္းနာေတြျဖစ္တာ၊ ဝမ္းခ်ဳပ္တာနဲ႔ သလိပ္ထတာေတြျဖစ္ေစတတ္တယ္လို႔ ဆိုပါတယ္။

ဆိုေတာ့ ဒူးရင္းသီးမွာက ေကာင္းက်ိဳးေတြေကာ၊ ဆိုးက်ိဳးေတြေကာ အမ်ားႀကီး႐ွိေနပါတယ္။ ဒါေပမဲ့ မေန ႏိုင္ဘူး၊ စားကိုစားမယ္ဆိုရင္ေတာ့ ေဘးထြက္ဆိုးက်ိဳးေတြသက္သာေစဖို႔ စားၿပီးရင္ ေရမ်ားမ်ားေသာက္ေပးဖို႔ လိုပါတယ္တဲ့ဗ်ာ..။

ဒူးရင္းသီးနဲ႔တြဲဖက္မစားသင့္တဲ့အစားအေသာက္ေတြအေၾကာင္းကိုလည္း ဆက္လက္ေဖာ္ျပေပးသြားပါဦးမယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service