လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) တွင် ကွင်းအမှတ် တူ၊ ဦးပိုင် တူ၊ ဧရိယာဧက အတူတူဖြစ်နေပြီး လုပ်ပိုင်ခွင့်ရသူ အမည်နှစ်မျိုးဖြစ်နေခြင်းကိစ္စကို ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်း

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) တွင် ကွင်းအမှတ် တူ၊ ဦးပိုင် တူ၊ ဧရိယာဧက အတူတူဖြစ်နေပြီး လုပ်ပိုင်ခွင့်ရသူ အမည်နှစ်မျိုးဖြစ်နေခြင်းကိစ္စကို ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
17 May 2022 11:38 am တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ရှေးဦးစွာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထပ်နေသည်ကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ရာ ပုံစံ(၇) ကို မည်ကဲ့သို့ ရယူနိုင်သည်၊ လျှောက်ထားနိုင်သည်တို့ကို သိရှိရန် လိုအပ်ပါသည်။ ပုံစံ(၇) ကို အောက်ပါအတိုင်းလျှောက်ထားဆောင်ရွက်နိုင်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို လျှောက်ထားရာမှာ လျှောက်လွှာပုံစံ(၁)ကို ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ အခမဲ့ ရယူနိုင်ပါသည်။ လျှောက်လွှာပုံစံကိုရရင် အရင်ဆုံးပုံစံကို ပြည့်စုံစွာ ဖြည့်စွက်ပြီးတဲ့နောက်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်း အင်းဦးစီးဌာနရုံး ကိုလျှောက်ထားရပါသည်။ အဆိုပါလုပ်ငန်းစဉ်တွေကိုတော့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေက ဆောင်ရွက်ပေးမှာဖြစ်ပါသည်။

မြို့နယ်ဦးစီးမှူးရုံးဟာ လျှောက်လွှာကိုလက်ခံရရှိတာနဲ့ စာတွဲဖွင့်လှစ်ပြီး လျှောက်လွှာကို လက်ခံရရှိ သည့်နေ့မှ (၁၅) ရက်အတွင်း ကန့်ကွက်လိုသူ ရှိ/မရှိ ကြော်ငြာရပါသည်။ ကြော်ငြာကို မြို့နယ်ဦးစီးမှူးရုံးနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ပါသည်။ စတင်ကြော်ငြာတဲ့နေ့ကနေ ရပ်ပေါင်း(၃၀) အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာတာဖြစ်ပါသည်။

အထက်ပါအတိုင်း ကြော်ငြာထားစဉ်အတွင်း မြို့နယ်ဦးစီးမှူးရုံးဟာ လျှောက်လွှာမှတ်ပုံတင်စာရင်းမှာ ဖြည့်သွင်းခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်စစ်ဆေးချက်ပုံစံ(၄) ကိုဖြည့်သွင်းခြင်းများကို ပြုလုပ်ပါသည်။

စိစစ်ရတဲ့ အချက်တွေကတော့ -

(က) လျှောက်ထားသူဟာ အသက်(၁၈) နှစ်ပြည့်ပြီးသူ ဟုတ်/မဟုတ်

(ခ) လျှောက်ထားသူသည် နိုင်ငံသား ဟုတ်/မဟုတ်

(ဂ) လယ်ယာမြေဥပဒေ ပုဒ်မ ၆ ပါ အချက်များနဲ့ ညီညွှတ်ခြင်း ရှိ/မရှိ

(ဃ) လျှောက်ထားသူသည် လယ်ယာမြေဥပဒေ အာဏာမတည်မီ လယ်ယာမြေနှင့် သက်ဆိုင် သော တည်ဆဲဥပဒေနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ် လုပ်ကိုင်နေသူဖြစ်ပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက် ပါ/မပါ

(င) လျှောက်လွှာတွင် ဖော်ပြထားသော ကွင်းအမှတ်၊ ဦးပိုင်အမှတ်၊ ဧရိယာနှင့် မြေအမျိုးအစား တို့သည် မြို့နယ်ဦးစီးဌာနမှူးရုံး၏ စာရင်းမြေပုံနှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးသွား မှာဖြစ်ပါသည်။

ထိုသို့စစ်ဆေးတဲ့ အခါမှ ကိုက်ညီမှု မရှိတဲ့ အချက်တွေကို တွေ့ရမယ်ဆိုရင် မြေပြင်မှာ အမှန် တကယ်ရှိနေတဲ့ အချက်တွေကို လျှောက်ထားသူနှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ တောင်သူလယ်သမားတွေ၊ ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နဲ့အတူ ကွင်းဆင်းစစ်ဆေးတိုင်းတာပြီးမှ အတည် ပြု ဆောင်ရွက်သွားမှာဖြစ်ပါသည်။ အချက်အားလုံးညီညွှတ်တယ်ဆိုရင်တော့ မြို့နယ်ဦးစီးမှူးရုံးဟာ လယ်ယာ မြေလုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲကို သဘောထားမှတ်ချက်နဲ့အတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြ သွားမှာဖြစ်ပါသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လုပ်ငန်းစာတွဲကိုလက်ခံရရှိတဲ့အခါမှာ လယ်ယာမြေ လုပ်ပိုင် ခွင့်စစ်ဆေးချက်ပုံစံ(၄)ပါအတိုင်း စစ်ဆေးပြီးတဲ့အခါမှာ သာမန်အားဖြင့် (၇)ရက်အတွင်း သဘောထား မှတ်ချက်နဲ့အတူ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ထံ ဆက်လက်တင်ပြသွားမှာဖြစ်ပါသည်။

ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဟာလည်း လုပ်ငန်းစာတွဲကို လက်ခံရရှိတဲ့အခါမှာ ထပ်ဆင့် စစ်ဆေးပြီးတဲ့နောက် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုကြောင်း (သို့မဟုတ်) ငြင်းပယ် ကြောင်း မြို့နယ်ဦးစီးမှူးရုံးသို့ အကြောင်းကြားခြင်းကို လျှေက်လွှာကိုလက်ခံရရှိတဲ့ နေ့ကစလို့ ရက်ပေါင်း(၁၅) ရက်အတွင်း အကြောင်းကြားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အကြောင်းကြားစာကိုလက်ခံရရှိတဲ့ မြို့နယ်ဦးစီးဌာနဟာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူကို လယ်ယာ မြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ရန်အတွက် ဦးစီးဌာနငွေစာရင်းမှာ မှတ်ပုံတင်ကြေးကို ပေးသွင်းစေမှာဖြစ်ပါသည်။ မှတ်ပုံတင်ကြေးပေးသွင်းပြီးပြီဆိုရင်တော့ လယ်ယာမြေလုပ်ပိုင်ခွင့်ရသူများစာရင်းမှတ်ပုံတင်(၅)မှာ မှတ်တမ်း တင်ပြီးတဲ့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြသွားမျာဖြစ်ပါသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဟာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အကြောင်းကြားချက်နဲ့ အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ကိုထုတ်ပေးသွားရန် ဖြစ်ပါသည်။

ပုံစံ(၇) ထပ်နေသည်ကို ဖြေရှင်းဆောင်ရွက်ရန်မှည လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထပ်နေတယ် တူနေတယ်ဆိုရင်တော့ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးကို သွားပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများ စာရင်းမှတ်ပုံတင်စာရင်းပုံစံ(၅) မှာ သွားရောက်စစ်ဆေးနိုင်မှာဖြစ်ပါသည်။

နောက်ထပ်ထွက်လာတဲ့ ပုံစံ(၇) ဟာ မှတ်ပုံတင်စာရင်းပုံစံ(၅) မှာ မပါဝင်ဘူးဆိုရင်တော့ သူက အတု ဖြစ်တာမို့ ဆိုင်ရာရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကနေတစ်ဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ တိုင်ကြားနိုင်ပါသည်။ လယ်ယာအငြင်းပွားမှုများကိုတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှာ အရင်ဆုံးဖြေရှင်းဆောင်ရွက်ရတာဖြစ်ပါသည်။

သို့ဖြစ်၍ လယ်ယာမြေလုပ်ပိုင်ခွင်ပြုလက်မှတ်ပုံစံ(၇) သည် ကွင်းအမှတ်တူ၊ ဦးပိုင်တူ၊ ဧရိယာ တူနေ ထပ်နေသည့် ကိစ္စများတွင် အထက်ဖော်ပြပါ နည်းအတိုင်းစိစစ်၍ ဖြေရှင်းဆောင်ရွက်နိုင်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ပုံစံ(၇) တြင္ ကြင္းအမွတ္ တူ၊ ဦးပိုင္ တူ၊ ဧရိယာဧက အတူတူျဖစ္ေနၿပီး လုပ္ပိုင္ခြင့္ရသူ အမည္ႏွစ္မ်ိဳးျဖစ္ေနျခင္းကိစၥကို ေျဖ႐ွင္းေဆာင္႐ြက္ရန္နည္းလမ္း

 

ေ႐ွးဦးစြာ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပုံစံ(၇) ထပ္ေနသည္ကို ေျဖ႐ွင္းေဆာင္႐ြက္ရမည္ျဖစ္ရာ ပုံစံ(၇) ကို မည္ကဲ့သို႔ ရယူႏိုင္သည္၊ ေလွ်ာက္ထားႏိုင္သည္တို႔ကို သိ႐ွိရန္ လိုအပ္ပါသည္။ ပုံစံ(၇) ကို ေအာက္ပါအတိုင္းေလွ်ာက္ထားေဆာင္႐ြက္ႏိုင္ပါသည္။

လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇)ကို ေလွ်ာက္ထားရာမွာ ေလွ်ာက္လႊာပုံစံ(၁)ကို ရပ္ကြက္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး႐ုံးေတြမွာ အခမဲ့ ရယူႏိုင္ပါသည္။ ေလွ်ာက္လႊာပုံစံကိုရရင္ အရင္ဆုံးပုံစံကို ျပည့္စုံစြာ ျဖည့္စြက္ၿပီးတဲ့ေနာက္မွာ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး႐ုံးမွတစ္ဆင့္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈႏွင့္ စာရင္း အင္းဦးစီးဌာန႐ုံး ကိုေလွ်ာက္ထားရပါသည္။ အဆိုပါလုပ္ငန္းစဥ္ေတြကိုေတာ့ ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာ အုပ္စု အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြက ေဆာင္႐ြက္ေပးမွာျဖစ္ပါသည္။

ၿမိဳ႕နယ္ဦးစီးမႉး႐ုံးဟာ ေလွ်ာက္လႊာကိုလက္ခံရ႐ွိတာနဲ႔ စာတြဲဖြင့္လွစ္ၿပီး ေလွ်ာက္လႊာကို လက္ခံရ႐ွိ သည့္ေန႔မွ (၁၅) ရက္အတြင္း ကန္႔ကြက္လိုသူ ႐ွိ/မ႐ွိ ေၾကာ္ျငာရပါသည္။ ေၾကာ္ျငာကို ၿမိဳ႕နယ္ဦးစီးမႉး႐ုံးနဲ႔ သက္ဆိုင္ရာ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး႐ုံးေတြမွာ ကပ္ပါသည္။ စတင္ေၾကာ္ျငာတဲ့ေန႔ကေန ရပ္ေပါင္း(၃၀) အတြင္း ကန္႔ကြက္ႏိုင္ေၾကာင္း ေၾကာ္ျငာတာျဖစ္ပါသည္။

အထက္ပါအတုိင္း ေၾကာ္ျငာထားစဥ္အတြင္း ၿမိဳ႕နယ္ဦးစီးမႉး႐ုံးဟာ ေလွ်ာက္လႊာမွတ္ပုံတင္စာရင္းမွာ ျဖည့္သြင္းျခင္း၊ လယ္ယာေျမလုပ္ပိုင္ခြင့္စစ္ေဆးခ်က္ပုံစံ(၄) ကိုျဖည့္သြင္းျခင္းမ်ားကို ျပဳလုပ္ပါသည္။

စိစစ္ရတဲ့ အခ်က္ေတြကေတာ့ -

(က) ေလွ်ာက္ထားသူဟာ အသက္(၁၈) ႏွစ္ျပည့္ၿပီးသူ ဟုတ္/မဟုတ္

(ခ) ေလွ်ာက္ထားသူသည္ ႏိုင္ငံသား ဟုတ္/မဟုတ္

(ဂ) လယ္ယာေျမဥပေဒ ပုဒ္မ ၆ ပါ အခ်က္မ်ားနဲ႔ ညီၫႊတ္ျခင္း ႐ွိ/မ႐ွိ

(ဃ) ေလွ်ာက္ထားသူသည္ လယ္ယာေျမဥပေဒ အာဏာမတည္မီ လယ္ယာေျမႏွင့္ သက္ဆိုင္ ေသာ တည္ဆဲဥပေဒႏွင့္အညီ တရားဝင္လက္႐ွိ လက္ငုတ္ လုပ္ကိုင္ေနသူျဖစ္ပါက ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ စိစစ္ေထာက္ခံခ်က္ ပါ/မပါ

(င) ေလွ်ာက္လႊာတြင္ ေဖာ္ျပထားေသာ ကြင္းအမွတ္၊ ဦးပိုင္အမွတ္၊ ဧရိယာႏွင့္ ေျမအမ်ိဳးအစား တို႔သည္ ၿမိဳ႕နယ္ဦးစီးဌာနမႉး႐ုံး၏ စာရင္းေျမပုံႏွင့္ ကိုက္ညီမႈ ႐ွိ/မ႐ွိ တို႔ကို စစ္ေဆးသြား မွာျဖစ္ပါသည္။

ထိုသို႔စစ္ေဆးတဲ့ အခါမွ ကိုက္ညီမႈ မ႐ွိတဲ့ အခ်က္ေတြကို ေတြ႕ရမယ္ဆိုရင္ ေျမျပင္မွာ အမွန္ တကယ္႐ွိေနတဲ့ အခ်က္ေတြကို ေလွ်ာက္ထားသူႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ေတာင္သူလယ္သမားေတြ၊ ဆိုင္ရာရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးတို႔နဲ႔အတူ ကြင္းဆင္းစစ္ေဆးတိုင္းတာၿပီးမွ အတည္ ျပဳ ေဆာင္႐ြက္သြားမွာျဖစ္ပါသည္။ အခ်က္အားလုံးညီၫႊတ္တယ္ဆိုရင္ေတာ့ ၿမိဳ႕နယ္ဦးစီးမႉး႐ုံးဟာ လယ္ယာ ေျမလုပ္ပိုင္ခြင့္ လုပ္ငန္းစာတြဲကို သေဘာထားမွတ္ခ်က္နဲ႔အတူ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ထံ တင္ျပ သြားမွာျဖစ္ပါသည္္။

ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ လုပ္ငန္းစာတြဲကိုလက္ခံရ႐ွိတဲ့အခါမွာ လယ္ယာေျမ လုပ္ပိုင္ ခြင့္စစ္ေဆးခ်က္ပုံစံ(၄)ပါအတိုင္း စစ္ေဆးၿပီးတဲ့အခါမွာ သာမန္အားျဖင့္ (၇)ရက္အတြင္း သေဘာထား မွတ္ခ်က္နဲ႔အတူ ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ထံ ဆက္လက္တင္ျပသြားမွာျဖစ္ပါသည္။

ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ဟာလည္း လုပ္ငန္းစာတြဲကို လက္ခံရ႐ွိတဲ့အခါမွာ ထပ္ဆင့္ စစ္ေဆးၿပီးတဲ့ေနာက္ လယ္ယာေျမလုပ္ပိုင္ခြင့္ ေလွ်ာက္ထားခ်က္ကို ခြင့္ျပဳေၾကာင္း (သို႔မဟုတ္) ျငင္းပယ္ ေၾကာင္း ၿမိဳ႕နယ္ဦးစီးမႉး႐ုံးသို႔ အေၾကာင္းၾကားျခင္းကို ေလွ်က္လႊာကိုလက္ခံရ႐ွိတဲ့ ေန႔ကစလို႔ ရက္ေပါင္း(၁၅) ရက္အတြင္း အေၾကာင္းၾကားေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

အေၾကာင္းၾကားစာကိုလက္ခံရ႐ွိတဲ့ ၿမိဳ႕နယ္ဦးစီးဌာနဟာ လယ္ယာေျမလုပ္ပိုင္ခြင့္ရ႐ွိသူကို လယ္ယာ ေျမလုပ္ပိုင္ခြင့္မွတ္ပုံတင္ရန္အတြက္ ဦးစီးဌာနေငြစာရင္းမွာ မွတ္ပုံတင္ေၾကးကို ေပးသြင္းေစမွာျဖစ္ပါသည္။ မွတ္ပုံတင္ေၾကးေပးသြင္းၿပီးၿပီဆိုရင္ေတာ့ လယ္ယာေျမလုပ္ပိုင္ခြင့္ရသူမ်ားစာရင္းမွတ္ပုံတင္(၅)မွာ မွတ္တမ္း တင္ၿပီးတဲ့ေနာက္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ထံ တင္ျပသြားမ်ာျဖစ္ပါသည္။

ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ဟာ ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕က အေၾကာင္းၾကားခ်က္နဲ႔ အညီ လယ္ယာေျမလုပ္ပိုင္ခြင့္ရ႐ွိသူကို လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပုံစံ(၇) ကိုထုတ္ေပးသြားရန္ ျဖစ္ပါသည္။

ပုံစံ(၇) ထပ္ေနသည္ကို ေျဖ႐ွင္းေဆာင္႐ြက္ရန္မွည လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပုံစံ(၇) ထပ္ေနတယ္ တူေနတယ္ဆိုရင္ေတာ့ သက္ဆိုင္ရာၿမိဳ႕နယ္ဦးစီးမႉး႐ုံးကို သြားၿပီး လယ္ယာေျမလုပ္ပိုင္ခြင့္ ရ႐ွိသူမ်ား စာရင္းမွတ္ပုံတင္စာရင္းပုံစံ(၅) မွာ သြားေရာက္စစ္ေဆးႏိုင္မွာျဖစ္ပါသည္။

ေနာက္ထပ္ထြက္လာတဲ့ ပုံစံ(၇) ဟာ မွတ္ပုံတင္စာရင္းပုံစံ(၅) မွာ မပါဝင္ဘူးဆိုရင္ေတာ့ သူက အတု ျဖစ္တာမို႔ ဆိုင္ရာရပ္ေက်းလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ကေနတစ္ဆင့္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ထံ တိုင္ၾကားႏိုင္ပါသည္။ လယ္ယာအျငင္းပြားမႈမ်ားကိုေတာ့ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕မွာ အရင္ဆုံးေျဖ႐ွင္းေဆာင္႐ြက္ရတာျဖစ္ပါသည္။

သို႔ျဖစ္၍ လယ္ယာေျမလုပ္ပိုင္ခြင္ျပဳလက္မွတ္ပုံစံ(၇) သည္ ကြင္းအမွတ္တူ၊ ဦးပိုင္တူ၊ ဧရိယာ တူေန ထပ္ေနသည့္ ကိစၥမ်ားတြင္ အထက္ေဖာ္ျပပါ နည္းအတိုင္းစိစစ္၍ ေျဖ႐ွင္းေဆာင္႐ြက္ႏိုင္ပါေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service