ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်းအကြောင်း

ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
16 May 2022 12:31 pm တွင် တင်ခဲ့သည်
5103 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ပေါင်နှံခြင်းဟုဆိုရာတွင် အမိန့်ရအပေါင်ဆိုင်တွင် ပေါင်နှံခြင်းပြုသူများရှိသကဲ့သို့ ခင်မင်သူမိတ်ဆွေများထံ အကူအညီတောင်း၍ ပေါင်နှံသူများလည်းရှိပေသည်။ လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် ငွေရေးကြေးရေးအခက်အခဲများဖြစ်ပေါ်သည့်အခါ မိမိပိုင်ဆိုင်သောပစ္စည်းတို့ကို ထုခွဲရောင်းချခြင်း၊ ပေါင်နှံခြင်း စသည်တို့ပြုလုပ်ကြခြင်းဖြင့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ကြရပေသည်။ ထိုသို့ ပေါင်နှံမည်ဆိုပါက အမိန့်ရအပေါင်ဆိုင်တွင် ပေါင်နှံခြင်းကသာ ပိုမိုစိတ်ချရမှာဖြစ်ပါသည်။ ပေါင်နှံရာတွင် သိထားသင့်သည့် စည်းကမ်းချက်များကို ဗဟုသုတသိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

ပုဂ္ဂလိကအပေါင်ဆိုင် ဆိုသည်မှာ စည်းကမ်းရပ်များနှင့်အညီ စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနက ထုတ်ပေးသည့် လိုင်စင်ကိုရယူပြီး စည်ပင်သာယာရေးနယ်နိမိတ်အတွင်း တည်ထောင်ထားသော ပုဂ္ဂလိက အပေါင်ဆိုင်ကိုဆိုသည်။

ပုဂ္ဂလိကအပေါင်ဆိုင်စည်းကမ်းများ

အပေါင်ဆိုင်အတွက် သတ်မှတ်ထားသော စည်းကမ်းရပ်များမှာ အောက်ပါ အတိုင်းဖြစ်သည် -

၁။ အပေါင်ခံသူသည် လိုင်စင်တွင် သတ်မှတ်ထားသည့် ဆိုင်အတွင်းသာ အပေါင်ခံသူအဖြစ် ဆောင်ရွက်ရမည်၊

၂။ လိုင်စင်နှင့်ခွင့်ပြုထားသည့် ဆိုင်အပြင်ဘက်၌ “ ပုဂ္ဂလိကအပေါင်ဆိုင်” ဟူသော စာလုံးကို ထင်ရှား ပီပြင် ပီသစွာ ရေး၍ထားရမည်၊

၃။ အပေါင်ခံသူသည် သတ်မှတ်ထားသည့် အောက်ပါအချက်အလက်များကို လက်ခံဖြတ်ပိုင်းနှင့် ပေါင်နှံသူသို့ ပေးရန်ဖြတ်ပိုင်းပေါ်တွင် မြန်မာဘာသာဖြင့် စုံလင်စွာရေးသား ရမည်၊

- အပေါင်ခံပစ္စည်းအမျိုးအမည်၊ အကြောင်းအရာအစုံအလင်၊

(လက်ဝတ် လက်စား၊ ရွှေထည်၊ ငွေထည်၊ စိန်ထည်၊ ကျောက်ထည် စသည်များဖြစ်လျှင် ၎င်းတို့၏ အရေအတွက်နှင့် အလေးချိန်များ)

- အပေါင်ပစ္စည်းအတွက် ချေးငှားထုတ်ပေးသည့် ငွေပေါင်း၊

- တောင်းခံရမည့်အတိုးနှုန်း (ဤစည်းကမ်းများနှင့်အညီ သတ်မှတ်ထားသည့် အတိုးနှုန်း)

- ပေါင်နှံမှုပြုလုပ်သည့် ခုနှစ်၊ လ၊ ရက် နှင့် အချိန်နာရီ၊

- ပေါင်နှံသူ၏အမည်၊ အလုပ်အကိုင်၊ နေရပ်နှင့် ၎င်း၏လက်ဝဲဘက် လက်မ လက်ဗွေနှိပ် အမှတ်၊ အမျိုးသားမှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပေါင်နှံသူမှာ ပစ္စည်းရှင် မဟုတ်လျှင် ပစ္စည်းရှင်၏ အမည်၊ အလုပ်အကိုင်နှင့် နေရပ်( ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင် မိတ္တူပူးတွဲရန်)၊

- ဖြတ်ပိုင်းများပေါ်တွင် အမှတ်စဉ်၊ အပေါင်ဆိုင်အမည်၊ အပေါင်ဆိုင်တည်ရှိရာ နေရပ် (သို့မဟုတ်) လမ်းအမည်ကိုပုံနှိပ်စာဖြင့် ရိုက်နှိပ်ရမည်။

၄။ အပေါင်ခံသူသည် ဖြတ်ပိုင်းစာအုပ်မှ ဖြတ်ပိုင်းတစ်ပိုင်းကို ပေါင်နှံသူအားပေးအပ်ရမည်။

၅။ ပေါင်နှံသူက အပေါင်လက်မှတ်ဖြတ်ပိုင်းပျောက်ဆုံး၍ မိတ္တူလက်မှတ်ဖြတ်ပိုင်းတစ်စောင် ရယူလိုလျှင် အပေါင်ခံသူက တစ်စောင်အတွက် အဖွဲ့က သတ်မှတ်ထားသော နှုန်းယူ၍ မိတ္တူ ဖြတ်ပိုင်းတစ်စောင်ပေးရမည်။ ထိုသို့ထုတ်ပေးထားသည့် မိတ္တူဖြတ်ပိုင်းဖြင့် အပေါင်ပစ္စည်းများ ကို ရွေးယူစေရမည်။

၆။ ချေးငွေအပေါ်တောင်းခံရမည့် အတိုးနှုန်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

- အပေါင်ပစ္စည်း (ရွှေထည်) ၏ ပထမတစ်လ၏ အစိတ်အပိုင်းအတွက် ငွေ( ၁၀ဝိ/-) လျှင် (သုံးကျပ်) ထက်မပိုသော အတိုးနှုန်း၊ နောက်လများတွင် ငွေ( ၁၀ဝိ/-) အပေါ် တစ်လ သုံးကျပ် ထက်မပိုသော အတိုးနှုန်း။

- တစ်လကျော်လွန်သော အချိန်ကာလအတွင်း (၁၅) ရက်အထိ လဝက်အတိုးနှုန်း၊ (၁၅) ရက်ကျော်လွန်ပါက တစ်လအတိုးနှုန်း၊

၇။ အတိုးနှုန်းစာရင်းကို လူအများမြင်သာအောင်ဆိုင်အတွင်း၌ ထင်ရှားပီသစွာရေး၍ ဆွဲကပ် ရမည်။

၈။ အပေါင်ဆိုင်တွင် ည(၈) နာရီမှ နောက်တစ်နေ့ နံနက်(၆) နာရီအတွင်း အပေါင်လက်ခံခြင်း၊ ငွေချေး ခြင်း၊ အရွေးခံခြင်း၊ လက်မှတ်လဲခြင်းများ လုံးဝ မပြုလုပ်ရ။

၉။ အသက်(၁၆) နှစ် မပြည့်သေးသူမှ ပစ္စည်းလာရောက်ပေါင်နှံခြင်းကို လုံးဝလက်မခံရ။

၁၀။ ပေါင်နှံသူက မိမိပစ္စည်းကို ကျသင့်သည့် အတိုးနှုန်းများပေး၍ ရွေးယူလျှင် ပစ္စည်းပေါင် သည့်နေ့မှ (၅) လအတွင်း ရွေးယူရမည်။

၁၁။ ကန့်သတ်ထားသည့် (၅)လအတွင်း မရွေးနိုင်သေး၍ အပေါင်လက်မှတ်လဲလိုလျှင် လဲခွင့်ပြုရမည်။ အပေါင်လက်မှတ်လဲလိုလျှင် ထိုပစ္စည်းပေါင်နှံခြင်းသည် လက်မှတ်လဲလှယ်သည့်နေ့ ရှေ့လာမည့် (၅)လ အတွင်း ထိုပစ္စည်းကို ကျသင့်သည့် အတိုးပေးလျှင် အရွေးခံရမည်။

၁၂။ ပေါင်နှံသူက ချေးငွေရင်းတစ်ချို့တစ်ဝက် (သို့မဟုတ်) အတိုးပေးဆပ်လျှင် လက်ခံရမည်။ ထိုသို့ ပေးဆပ်ခြင်းကို လက်လံလျှင် အပေါင်ဖြတ်ပိုင်းလက်မှတ်၏ လက်ခံဖြတ်ပိုင်းနှင့် ပေါင်နှံသူအားပေးသည့် ဖြတ်ပိုင်းပေါ်တွင် ယင်းသို့ ပေးဆပ်သည့်ငွေနှင့် နေ့စွဲကို ထင်ရှားစွာရေးမှတ်ထားရှိရမည်။

၁၃။ အပေါင်ခံသူသည် မိမိအပေါင်ခံထားသော ပစ္စည်းများကို လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ရမည်။

၁၄။ အပေါင်ခံသူသည် သတ်မှတ်ထားသောကာလအတွင်း ရွေးယူခြင်းမပြုသော အပေါင်ခံပစ္စည်းများကို လေလံတင် ရောင်းချမှုအား ဌာန၏ သဘောတူ အတည်ပြုချက်မရမီ လုံးဝမပြုလုပ်ရ။

၁၅။ အပေါင်ခံသူသည် ပစ္စည်းပေါင်သောနေ့မှ (၅)လကျော်လွန်လာလျှင် (သို့မဟုတ်) လက်မှတ်လဲလှယ်ခွင့် ပြုထားလျှင် ထိုလက်မှတ်အရကန့်သတ်ထားသည့် ကာလကုန်၍ အပေါင်ဆုံးသောပစ္စည်းများကို ထုခွဲရေားချရန် စာရင်းပြုလုပ်၍ ဌာနသို့ ပေးပို့ရမည်။ ဌာနသို့တင်ပြသော ပစ္စည်းစာရင်းတွင် အောက်ပါအချက်အလက်များ တင်ပြရမည် -

- ဖြတ်ပိုင်းလက်မှတ်အမှတ်စဉ်၊

- ပေါင်နှံသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊

- ပစ္စည်းအမျိုးအမည် (ရွှေ၊ ငွေ၊ စိန်၊ ကျောက်ထည်ဖြစ်လျှင် ၎င်းတို့၏ အလေးချိန်ဖော်ပြချက် အစုံအလင်)

- ချေးသည့်ငွေရင်း၊

- ကျသင့်သည့် အတိုင်း၊

- ပေါင်နှံသည့်နေ့စွဲ၊

၁၆။ အောက်ပါ အတိုင်းလေလံတင်ရောင်းချခြင်းကို ဆောင်ရွက်မည် -

- ထုခွဲရောင်းချခွင့်ရရှိပြီး အပေါင်ဆုံးပစ္စည်းများကို မည်သည့်နေ့ရက်၊ အချိန်၊ မည်သည့် နေရာတွင် လေလံတင်ရောင်းချမည့် အကြောင်းနှင့် လေလံတင်ရောင်းချမည့် ပစ္စည်းစာရင်းကို သက်ဆိုင်ရာ အပေါင်ဆိုင်တွင် လူအများမြင်သာသည့် နေရာတွင် ထား၍ လေလံတင် ရောင်းချမည့်နေ့ မတိုင်ခင် အနည်းဆုံး (၁၅)ရက် ကြိုတင်ဆွဲကပ်ကြေငြာရမည်။

- လေလံတင်ရောင်းချမည့် ပစ္စည်းကို ဌာနက ဤကိစ္စအလို့ငှာ တာဝန်ပေးအပ်ထားသည့် ဝန်ထမ်း ပုဂ္ဂိလ်က ကြီးကြပ် လေလံတင်ရောင်းချရမည်။

- လေလံတင်ရောင်းချသည့်ပစ္စည်းကို သတ်မှတ်ထားသည့် မှတ်ပုံတင်စာရင်းစာအုပ်တွင် လေလံပွဲကြီးကြပ်သော ပုဂ္ဂိုလ်နှင့် အပေါင်ခံသူ ပူးတွဲ လက်မှတ်ရေးထိုးရမည်။

- လေလံတင်ရောင်းချသော ငွေသည် ချေးငွေရင်း၊ ကျသင့်သော အတိုးငွေနှင့် လေလံစရိတ်ငွေ (၃)ရပ်ပေါင်းထက်ပိုလျှင် ထိုပိုငွေကို လေလံတင်ရောင်းချသည့်နေ့မှစ၍ (၃)လအတွင်း ထို ပစ္စည်းပေါင်သူက အပေါင်လက်မှတ်ပြ၍ တောင်းလျှင် ထိုပိုငွေကို ပေါင်သူအားပေးအပ်ရမည်။ ထိုငွေကို အပေါင်ခံပစ္စည်းပိုင်ရှင်သည် (၃၀)ရက်အတွင်း တောင်းဆိုခြင်းမပြုလျှင် ကော်မတီ ရန်ပုံငွေအရ ဘဏ်စာရင်းတွင်သွင်းရမည်။ သို့ရာတွင် လေလံတင်ရောင်းချသည့်နေ့မှ (၃) နှစ် အတွင်း အဆိုပါငွေကို ပစ္စည်းပေါင်သူ တောင်းယူနိုင်ခွင့်ရှိစေရမည်။

အထက်ဖော်ပြစည်းကမ်းရပ်များကို သိရှိခြင်းဖြင့် ပေါင်နှံသူနှင့် အပေါင်ခံသူတို့အဖို့ ဆောင်ရန် ရှောင်ရန်တို့ကို သိရှိနိုင်စေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ပုဂၢလိကအေပါင္ဆိုင္လုပ္ငန္းအေၾကာင္း

ေပါင္ႏွံျခင္းဟုဆိုရာတြင္ အမိန္႔ရအေပါင္ဆိုင္တြင္ ေပါင္ႏွံျခင္းျပဳသူမ်ား႐ွိသကဲ့သို႔ ခင္မင္သူမိတ္ေဆြမ်ားထံ အကူအညီေတာင္း၍ ေပါင္ႏွံသူမ်ားလည္း႐ွိေပသည္။ လက္လုပ္လက္စား အေျခခံလူတန္းစားမ်ားအတြက္ ေငြေရးေၾကးေရးအခက္အခဲမ်ားျဖစ္ေပၚသည့္အခါ မိမိပိုင္ဆိုင္ေသာပစၥည္းတို႔ကို ထုခြဲေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း စသည္တို႔ျပဳလုပ္ၾကျခင္းျဖင့္ အခက္အခဲမ်ားကို ေျဖ႐ွင္းေဆာင္႐ြက္ၾကရေပသည္။ ထုိသို႔ ေပါင္ႏွံမည္ဆိုပါက အမိန္႔ရအေပါင္ဆိုင္တြင္ ေပါင္ႏွံျခင္းကသာ ပိုမိုစိတ္ခ်ရမွာျဖစ္ပါသည္။ ေပါင္ႏွံရာတြင္ သိထားသင့္သည့္ စည္းကမ္းခ်က္မ်ားကို ဗဟုသုတသိ႐ွိႏိုင္ရန္ ေဖာ္ျပအပ္ပါသည္။

ပုဂၢလိကအေပါင္ဆိုင္ ဆိုသည္မွာ စည္းကမ္းရပ္မ်ားႏွင့္အညီ စည္ပင္သာယာေရး ေကာ္မတီ၊ အခြန္ဌာနက ထုတ္ေပးသည့္ လိုင္စင္ကိုရယူၿပီး စည္ပင္သာယာေရးနယ္နိမိတ္အတြင္း တည္ေထာင္ထားေသာ ပုဂၢလိက အေပါင္ဆိုင္ကိုဆိုသည္။

ပုဂၢလိကအေပါင္ဆိုင္စည္းကမ္းမ်ား

အေပါင္ဆိုင္အတြက္ သတ္မွတ္ထားေသာ စည္းကမ္းရပ္မ်ားမွာ ေအာက္ပါ အတိုင္းျဖစ္သည္ -

၁။ အေပါင္ခံသူသည္ လိုင္စင္တြင္ သတ္မွတ္ထားသည့္ ဆိုင္အတြင္းသာ အေပါင္ခံသူအျဖစ္ ေဆာင္႐ြက္ရမည္၊

၂။ လိုင္စင္ႏွင့္ခြင့္ျပဳထားသည့္ ဆိုင္အျပင္ဘက္၌ “ ပုဂၢလိကအေပါင္ဆိုင္” ဟူေသာ စာလုံးကို ထင္႐ွား ပီျပင္ ပီသစြာ ေရး၍ထားရမည္၊

၃။ အေပါင္ခံသူသည္ သတ္မွတ္ထားသည့္ ေအာက္ပါအခ်က္အလက္မ်ားကို လက္ခံျဖတ္ပိုင္းႏွင့္ ေပါင္ႏွံသူသို႔ ေပးရန္ျဖတ္ပိုင္းေပၚတြင္ ျမန္မာဘာသာျဖင့္ စုံလင္စြာေရးသား ရမည္၊

- အေပါင္ခံပစၥည္းအမ်ိဳးအမည္၊ အေၾကာင္းအရာအစုံအလင္၊

(လက္ဝတ္ လက္စား၊ ေ႐ႊထည္၊ ေငြထည္၊ စိန္ထည္၊ ေက်ာက္ထည္ စသည္မ်ားျဖစ္လွ်င္ ၎တို႔၏ အေရအတြက္ႏွင့္ အေလးခ်ိန္မ်ား)

- အေပါင္ပစၥည္းအတြက္ ေခ်းငွားထုတ္ေပးသည့္ ေငြေပါင္း၊

- ေတာင္းခံရမည့္အတိုးႏႈန္း (ဤစည္းကမ္းမ်ားႏွင့္အညီ သတ္မွတ္ထားသည့္ အတိုးႏႈန္း)

- ေပါင္ႏွံမႈျပဳလုပ္သည့္ ခုႏွစ္၊ လ၊ ရက္ ႏွင့္ အခ်ိန္နာရီ၊

- ေပါင္ႏွံသူ၏အမည္၊ အလုပ္အကိုင္၊ ေနရပ္ႏွင့္ ၎၏လက္ဝဲဘက္ လက္မ လက္ေဗြႏွိပ္ အမွတ္၊ အမ်ိဳးသားမွတ္ပုံတင္/ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္၊ ေပါင္ႏွံသူမွာ ပစၥည္း႐ွင္ မဟုတ္လွ်င္ ပစၥည္း႐ွင္၏ အမည္၊ အလုပ္အကိုင္ႏွင့္ ေနရပ္( ကိုယ္စားလွယ္လႊဲစာ၊ မွတ္ပုံတင္ မိတၱဴပူးတြဲရန္)၊

- ျဖတ္ပိုင္းမ်ားေပၚတြင္ အမွတ္စဥ္၊ အေပါင္ဆိုင္အမည္၊ အေပါင္ဆိုင္တည္႐ွိရာ ေနရပ္ (သို႔မဟုတ္) လမ္းအမည္ကိုပုံႏွိပ္စာျဖင့္ ႐ိုက္ႏွိပ္ရမည္။

၄။ အေပါင္ခံသူသည္ ျဖတ္ပိုင္းစာအုပ္မွ ျဖတ္ပိုင္းတစ္ပိုင္းကို ေပါင္ႏွံသူအားေပးအပ္ရမည္။

၅။ ေပါင္ႏွံသူက အေပါင္လက္မွတ္ျဖတ္ပိုင္းေပ်ာက္ဆုံး၍ မိတၱဴလက္မွတ္ျဖတ္ပိုင္းတစ္ေစာင္ ရယူလိုလွ်င္ အေပါင္ခံသူက တစ္ေစာင္အတြက္ အဖြဲ႕က သတ္မွတ္ထားေသာ ႏႈန္းယူ၍ မိတၱဴ ျဖတ္ပိုင္းတစ္ေစာင္ေပးရမည္။ ထိုသို႔ထုတ္ေပးထားသည့္ မိတၱဴျဖတ္ပိုင္းျဖင့္ အေပါင္ပစၥည္းမ်ား ကို ေ႐ြးယူေစရမည္။

၆။ ေခ်းေငြအေပၚေတာင္းခံရမည့္ အတိုးႏႈန္းမ်ားမွာ ေအာက္ပါ အတိုင္းျဖစ္ပါသည္ -

- အေပါင္ပစၥည္း (ေ႐ႊထည္) ၏ ပထမတစ္လ၏ အစိတ္အပိုင္းအတြက္ ေငြ( ၁၀ဝိ/-) လွ်င္ (သုံးက်ပ္) ထက္မပိုေသာ အတိုးႏႈန္း၊ ေနာက္လမ်ားတြင္ ေငြ( ၁၀ဝိ/-) အေပၚ တစ္လ သုံးက်ပ္ ထက္မပိုေသာ အတိုးႏႈန္း။

- တစ္လေက်ာ္လြန္ေသာ အခ်ိန္ကာလအတြင္း (၁၅) ရက္အထိ လဝက္အတိုးႏႈန္း၊ (၁၅) ရက္ေက်ာ္လြန္ပါက တစ္လအတိုးႏႈန္း၊

၇။ အတိုးႏႈန္းစာရင္းကို လူအမ်ားျမင္သာေအာင္ဆိုင္အတြင္း၌ ထင္႐ွားပီသစြာေရး၍ ဆြဲကပ္ ရမည္။

၈။ အေပါင္ဆိုင္တြင္ ည(၈) နာရီမွ ေနာက္တစ္ေန႔ နံနက္(၆) နာရီအတြင္း အေပါင္လက္ခံျခင္း၊ ေငြေခ်း ျခင္း၊ အေ႐ြးခံျခင္း၊ လက္မွတ္လဲျခင္းမ်ား လုံးဝ မျပဳလုပ္ရ။

၉။ အသက္(၁၆) ႏွစ္ မျပည့္ေသးသူမွ ပစၥည္းလာေရာက္ေပါင္ႏွံျခင္းကို လုံးဝလက္မခံရ။

၁၀။ ေပါင္ႏွံသူက မိမိပစၥည္းကို က်သင့္သည့္ အတိုးႏႈန္းမ်ားေပး၍ ေ႐ြးယူလွ်င္ ပစၥည္းေပါင္ သည့္ေန႔မွ (၅) လအတြင္း ေ႐ြးယူရမည္။

၁၁။ ကန္႔သတ္ထားသည့္ (၅)လအတြင္း မေ႐ြးႏိုင္ေသး၍ အေပါင္လက္မွတ္လဲလိုလွ်င္ လဲခြင့္ျပဳရမည္။ အေပါင္လက္မွတ္လဲလိုလွ်င္ ထိုပစၥည္းေပါင္ႏွံျခင္းသည္ လက္မွတ္လဲလွယ္သည့္ေန႔ ေ႐ွ႕လာမည့္ (၅)လ အတြင္း ထိုပစၥည္းကို က်သင့္သည့္ အတိုးေပးလွ်င္ အေ႐ြးခံရမည္။

၁၂။ ေပါင္ႏွံသူက ေခ်းေငြရင္းတစ္ခ်ိဳ႕တစ္ဝက္ (သို႔မဟုတ္) အတိုးေပးဆပ္လွ်င္ လက္ခံရမည္။ ထိုသို႔ ေပးဆပ္ျခင္းကို လက္လံလွ်င္ အေပါင္ျဖတ္ပိုင္းလက္မွတ္၏ လက္ခံျဖတ္ပိုင္းႏွင့္ ေပါင္ႏွံသူအားေပးသည့္ ျဖတ္ပိုင္းေပၚတြင္ ယင္းသို႔ ေပးဆပ္သည့္ေငြႏွင့္ ေန႔စြဲကို ထင္႐ွားစြာေရးမွတ္ထား႐ွိရမည္။

၁၃။ အေပါင္ခံသူသည္ မိမိအေပါင္ခံထားေသာ ပစၥည္းမ်ားကို လုံျခဳံစြာထိန္းသိမ္းေစာင့္ေ႐ွာက္ရမည္။

၁၄။ အေပါင္ခံသူသည္ သတ္မွတ္ထားေသာကာလအတြင္း ေ႐ြးယူျခင္းမျပဳေသာ အေပါင္ခံပစၥည္းမ်ားကို ေလလံတင္ ေရာင္းခ်မႈအား ဌာန၏ သေဘာတူ အတည္ျပဳခ်က္မရမီ လုံးဝမျပဳလုပ္ရ။

၁၅။ အေပါင္ခံသူသည္ ပစၥည္းေပါင္ေသာေန႔မွ (၅)လေက်ာ္လြန္လာလွ်င္ (သို႔မဟုတ္) လက္မွတ္လဲလွယ္ခြင့္ ျပဳထားလွ်င္ ထိုလက္မွတ္အရကန္႔သတ္ထားသည့္ ကာလကုန္၍ အေပါင္ဆုံးေသာပစၥည္းမ်ားကို ထုခြဲေရားခ်ရန္ စာရင္းျပဳလုပ္၍ ဌာနသို႔ ေပးပို႔ရမည္။ ဌာနသို႔တင္ျပေသာ ပစၥည္းစာရင္းတြင္ ေအာက္ပါအခ်က္အလက္မ်ား တင္ျပရမည္ -

- ျဖတ္ပိုင္းလက္မွတ္အမွတ္စဥ္၊

- ေပါင္ႏွံသူအမည္၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္၊ ေနရပ္လိပ္စာ၊

- ပစၥည္းအမ်ိဳးအမည္ (ေ႐ႊ၊ ေငြ၊ စိန္၊ ေက်ာက္ထည္ျဖစ္လွ်င္ ၎တို႔၏ အေလးခ်ိန္ေဖာ္ျပခ်က္ အစုံအလင္)

- ေခ်းသည့္ေငြရင္း၊

- က်သင့္သည့္ အတိုင္း၊

- ေပါင္ႏွံသည့္ေန႔စြဲ၊

၁၆။ ေအာက္ပါ အတိုင္းေလလံတင္ေရာင္းခ်ျခင္းကို ေဆာင္႐ြက္မည္ -

- ထုခြဲေရာင္းခ်ခြင့္ရ႐ွိၿပီး အေပါင္ဆုံးပစၥည္းမ်ားကို မည္သည့္ေန႔ရက္၊ အခ်ိန္၊ မည္သည့္ ေနရာတြင္ ေလလံတင္ေရာင္းခ်မည့္ အေၾကာင္းႏွင့္ ေလလံတင္ေရာင္းခ်မည့္ ပစၥည္းစာရင္းကို သက္ဆိုင္ရာ အေပါင္ဆိုင္တြင္ လူအမ်ားျမင္သာသည့္ ေနရာတြင္ ထား၍ ေလလံတင္ ေရာင္းခ်မည့္ေန႔ မတိုင္ခင္ အနည္းဆုံး (၁၅)ရက္ ႀကိဳတင္ဆြဲကပ္ေၾကျငာရမည္။

- ေလလံတင္ေရာင္းခ်မည့္ ပစၥည္းကို ဌာနက ဤကိစၥအလို႔ငွာ တာဝန္ေပးအပ္ထားသည့္ ဝန္ထမ္း ပုဂၢိလ္က ႀကီးၾကပ္ ေလလံတင္ေရာင္းခ်ရမည္။

- ေလလံတင္ေရာင္းခ်သည့္ပစၥည္းကို သတ္မွတ္ထားသည့္ မွတ္ပုံတင္စာရင္းစာအုပ္တြင္ ေလလံပြဲႀကီးၾကပ္ေသာ ပုဂၢိဳလ္ႏွင့္ အေပါင္ခံသူ ပူးတြဲ လက္မွတ္ေရးထိုးရမည္။

- ေလလံတင္ေရာင္းခ်ေသာ ေငြသည္ ေခ်းေငြရင္း၊ က်သင့္ေသာ အတိုးေငြႏွင့္ ေလလံစရိတ္ေငြ (၃)ရပ္ေပါင္းထက္ပိုလွ်င္ ထိုပိုေငြကို ေလလံတင္ေရာင္းခ်သည့္ေန႔မွစ၍ (၃)လအတြင္း ထို ပစၥည္းေပါင္သူက အေပါင္လက္မွတ္ျပ၍ ေတာင္းလွ်င္ ထိုပိုေငြကို ေပါင္သူအားေပးအပ္ရမည္။ ထိုေငြကို အေပါင္ခံပစၥည္းပိုင္႐ွင္သည္ (၃၀)ရက္အတြင္း ေတာင္းဆိုျခင္းမျပဳလွ်င္ ေကာ္မတီ ရန္ပုံေငြအရ ဘဏ္စာရင္းတြင္သြင္းရမည္။ သို႔ရာတြင္ ေလလံတင္ေရာင္းခ်သည့္ေန႔မွ (၃) ႏွစ္ အတြင္း အဆိုပါေငြကို ပစၥည္းေပါင္သူ ေတာင္းယူႏိုင္ခြင့္႐ွိေစရမည္။

အထက္ေဖာ္ျပစည္းကမ္းရပ္မ်ားကို သိ႐ွိျခင္းျဖင့္ ေပါင္ႏွံသူႏွင့္ အေပါင္ခံသူတို႔အဖို႔ ေဆာင္ရန္ ေ႐ွာင္ရန္တို႔ကို သိ႐ွိႏိုင္ေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service