ဂရန်မြေ မိတ္တူခြမ်းကို ဝယ်ယူမည်ဆိုလျှင် ဘာစာရွက်စာတမ်းတွေလိုအပ်သလဲ။

ဂရန်မြေ မိတ္တူခြမ်းကို ဝယ်ယူမည်ဆိုလျှင် ဘာစာရွက်စာတမ်းတွေလိုအပ်သလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
16 May 2022 11:56 am တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဂရန်မြေ မိတ္တူခြမ်းကို ဝယ်ယူမည်ဆိုလျှင် ရောင်းသူဆီက ဂရန်မိတ္တူကို ဂရန်မူရင်းကိုင်ထားသည့် တစ်ဖက်မြေရှင်ထံမှ တောင်းယူပြီး တိုက်ဆိုင်စစ်ဆေးရန်လိုအပ်ပါသည်။

ထိုသို့ မစစ်ဆေးခဲ့ပါ ရောင်းသူထံမှ ရမည့် ဂရန်မိတ္တူသည် အရောင်းအဝယ်ပြုလုပ်သည့် မြေကွက် ၏ ဂရန်ဟုတ်/မဟုတ် မသိနိုင်ပါဘူး။ နောင် တစ်ချိန်စစ်ဆေးမှ အခြားမြေကွက်၏ ဂရန်မိတ္တူဖြစ်နေပါက နစ်နာဆုံးရှုံးမှုဖြစ်မှာပါ။ ထိုသို့ မဖြစ်ပွားစေရန် ဂရန်မူရင်းနှင့် မိတ္တူကို တိုက်ဆိုင်စစ်ဆေးရန်လိုအပ်ခြင်းဖြစ်ပါသည်။

ရောင်းသူသည် ပူးတွဲဂရန်အမည်ပေါက်သူလား အရပ်ကတိစာချုပ်ဖြင့် အဆင့်ဆင့် လွှဲပြောင်းဝယ်ယူ ပိုင်ဆိုင်လာသူလား သိရှိရန်လိုအပ်ပါသည်။ ပူးတွဲဂရန်အမည်ပေါက်သူမှ ရောင်းချခြင်းဆိုလျှင် ရောင်းသူထံမှ ကိုယ်စားလှယ်လွှဲစာရယူထားရန်လိုအပ်ပြီး အရပ်ကတိစာချုပ်ဖြင့် အဆင့်ဆင့် လွှဲပြောင်းဝယ်ယူပိုင်ဆိုင်လာသူထံမှ ဝယ်ယူမည်ဆိုပါက ဂရန်အမည်ပေါက်ထံမှ ရောင်းသူအထိ အဆင့်ဆင့် စာချုပ်တွေကို စစ်ဆေးပြီး စာချုပ် အဆက်အစပ်ရှိ/မရှိ ကို သိရှိနိုင်မှာဖြစ်ပြီး အဆိုပါစာချုပ်အဆက်အစပ်များကို ရယူထားမှသာ စာရွက်စာတမ်းခိုင်မာမှာဖြစ်ပါသည်။

ဂရန်မူရင်းတွင် မည်သူအမည်ပေါက်နေသလဲဆိုတာသိရန်လိုအပ်ပါသည်။ ဂရန်မူရင်းကိုင်ထားသူသည် ဂရန်တွင်အမည်ပေါက်သူမဟုတ်ပါက ဂရန်မူရင်းကို တစ်ဦးကို (၆)လအချိုးကျဖြင့် လက်ဝယ်ထားရှိထိန်းသိမ်းနိုင်ရန် ညှိနှိုင်းဖို့လိုအပ်ပါသည်။

တစ်ခါတစ်လေမှ ဂရန်မူရင်းကို တစ်ဦးတည်းမှ ရေရှည်ကိုင်ထားပြီး ဂရန်မူရင်း ကိုင်ထားသူမှ ၎င်းစိတ်ကြိုက်အပေါင်ထားခြင်းမျိုးပြုလုပ်လာကြတာကို တွေ့ရှိရတဲ့အတွက် ထိုသို့မဖြစ်ပွားစေရန် အလှည့်ကျထိန်းသိမ်းခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ထားခြင်းဖြင့် အကယ်၍ မိမိပြန်လည်ရောင်းချလိုသည့်အခါတွင်လည်း ဂရန်မူရင်းပြသရန် အခက်အခဲ မဖြစ်နိုင်မှာဖြစ်ပါသည်။ မိမိဝယ်ယူမည့် မြေကွက် သည် ဂရန်အမည်ပေါက် မှန်ကန်မှု ရှိ/မရှိ၊ ဂရန် ပယ်ဖျက်ခံထားရခြင်း ရှိ/မရှိ၊ ကန့်ကွက်တင်ထားခြင်း ရှိ/မရှိ စသည်ဖြင့် သိရှိနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် စုံစမ်းစစ်ဆေးရန်လိုအပ်မည်ဖြစ်ပြီး အချို့မြေကွက်များသည် ဂရန်မူရင်းရှိနေသော်လည်း ဂရန်မှာ မှန်ကန်မှုမရှိခြင်း၊ ပယ်ဖျက်ခံထားရခြင်း၊ သက်တမ်းကုန်နေခြင်း စသည်ဖြင့် ပြဿနာရှိနေပါက မြေကွက်ခိုင်မာမှုမရှိသည့်အတွက် စုံစမ်းရန်လိုအပ်ပါသည်။ ဂရန်မြေ မိတ္တူခြမ်းကို ဝယ်ယူမည်ဆိုလျှင် အထက်ပါအချက်အလက်များကို စစ်ဆေးပြီးမှသာ စာရွက်စာတမ်းခိုင်မာမှ ဝယ်ယူသင့်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဂရန္ေျမ မိတၱဴျခမ္းကို ဝယ္ယူမည္ဆိုလွ်င္ ဘာစာ႐ြက္စာတမ္းေတြလိုအပ္သလဲ။

ဂရန္ေျမ မိတၱဴျခမ္းကို ဝယ္ယူမည္ဆိုလွ်င္ ေရာင္းသူဆီက ဂရန္မိတၱဴကို ဂရန္မူရင္းကိုင္ထားသည့္ တစ္ဖက္ေျမ႐ွင္ထံမွ ေတာင္းယူၿပီး တိုက္ဆိုင္စစ္ေဆးရန္လိုအပ္ပါသည္။

ထိုသို႔ မစစ္ေဆးခဲ့ပါ ေရာင္းသူထံမွ ရမည့္ ဂရန္မိတၱဴသည္ အေရာင္းအဝယ္ျပဳလုပ္သည့္ ေျမကြက္ ၏ ဂရန္ဟုတ္/မဟုတ္ မသိႏိုင္ပါဘူး။ ေနာင္ တစ္ခ်ိန္စစ္ေဆးမွ အျခားေျမကြက္၏ ဂရန္မိတၱဴျဖစ္ေနပါက နစ္နာဆုံး႐ႈံးမႈျဖစ္မွာပါ။ ထိုသို႔ မျဖစ္ပြားေစရန္ ဂရန္မူရင္းႏွင့္ မိတၱဴကို တိုက္ဆိုင္စစ္ေဆးရန္လိုအပ္ျခင္းျဖစ္ပါသည္။

ေရာင္းသူသည္ ပူးတြဲဂရန္အမည္ေပါက္သူလား အရပ္ကတိစာခ်ဳပ္ျဖင့္ အဆင့္ဆင့္ လႊဲေျပာင္းဝယ္ယူ ပိုင္ဆိုင္လာသူလား သိ႐ွိရန္လိုအပ္ပါသည္။ ပူးတြဲဂရန္အမည္ေပါက္သူမွ ေရာင္းခ်ျခင္းဆိုလွ်င္ ေရာင္းသူထံမွ ကိုယ္စားလွယ္လႊဲစာရယူထားရန္လိုအပ္ၿပီး အရပ္ကတိစာခ်ဳပ္ျဖင့္ အဆင့္ဆင့္ လႊဲေျပာင္းဝယ္ယူပိုင္ဆိုင္လာသူ ထံမွ ဝယ္ယူမည္ဆိုပါက ဂရန္အမည္ေပါက္ထံမွ ေရာင္းသူအထိ အဆင့္ဆင့္ စာခ်ဳပ္ေတြကို စစ္ေဆးၿပီး စာခ်ဳပ္ အဆက္အစပ္႐ွိ/မ႐ွိ ကို သိ႐ွိႏိုင္မွာျဖစ္ၿပီး အဆိုပါစာခ်ဳပ္အဆက္အစပ္မ်ားကို ရယူထားမွသာ စာ႐ြက္စာတမ္း ခုိင္မာမွာျဖစ္ပါသည္။

ဂရန္မူရင္းတြင္ မည္သူအမည္ေပါက္ေနသလဲဆိုတာသိရန္လိုအပ္ပါသည္။ ဂရန္မူရင္းကိုင္ထားသူသည္ ဂရန္တြင္ အမည္ေပါက္သူမဟုတ္ပါက ဂရန္မူရင္းကို တစ္ဦးကို (၆)လအခ်ိဳးက်ျဖင့္ လက္ဝယ္ထား႐ွိထိန္းသိမ္း ႏိုင္ရန္ ၫွိႏႈိင္းဖို႔လိုအပ္ပါသည္။

တစ္ခါတစ္ေလမွ ဂရန္မူရင္းကို တစ္ဦးတည္းမွ ေရ႐ွည္ကိုင္ထားၿပီး ဂရန္မူရင္း ကိုင္ထားသူမွ ၄င္းစိတ္ႀကိဳက္ အေပါင္ထားျခင္းမ်ိဳးျပဳလုပ္လာၾကတာကို ေတြ႔႐ွိရတဲ့အတြက္ ထိုသို႔မျဖစ္ပြားေစရန္ အလွည့္က်ထိန္းသိမ္းျခင္းျဖင့္ ႀကိဳတင္ကာကြယ္ႏိုင္မွာျဖစ္ပါသည္။ ထိုသို႔ ျပဳလုပ္ထားျခင္းျဖင့္ အကယ္၍ မိမိျပန္လည္ေရာင္းခ်လိုသည့္အခါတြင္လည္း ဂရန္မူရင္းျပသရန္ အခက္အခဲ မျဖစ္ႏုိင္မွာျဖစ္ပါသည္။ မိမိဝယ္ယူမည့္ ေျမကြက္ သည္ ဂရန္အမည္ေပါက္ မွန္ကန္မႈ ႐ွိ/မ႐ွိ၊ ဂရန္ ပယ္ဖ်က္ခံထားရျခင္း ႐ွိ/မ႐ွိ၊ ကန္႔ကြက္တင္ထားျခင္း ႐ွိ/မ႐ွိ စသည္ျဖင့္ သိ႐ွိႏုိင္ရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြင္ စံုစမ္းစစ္ေဆးရန္လိုအပ္မည္ျဖစ္ၿပီး အခ်ိဳ႕ေျမကြက္မ်ားသည္ ဂရန္မူရင္း႐ွိေနေသာ္လည္း ဂရန္မွာ မွန္ကန္မႈမ႐ွိျခင္း၊ ပယ္ဖ်က္ခံထားရျခင္း၊ သက္တမ္းကုန္ေနျခင္း စသည္ျဖင့္ ျပႆနာ႐ွိေနပါက ေျမကြက္ခိုင္မာမႈမ႐ွိသည့္အတြက္ စံုစမ္းရန္လိုအပ္ပါသည္။ ဂရန္ေျမ မိတၱဴျခမ္းကို ဝယ္ယူမည္ဆိုလွ်င္ အထက္ပါအခ်က္အလက္မ်ားကို စစ္ေဆးၿပီးမွသာ စာ႐ြက္စာတမ္းခိုင္မာမွ ဝယ္ယူသင့္ပါေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service