ညဉ့်နက်ယံရဲ့ လစန္ဒာမှ ခေါင်းဆောင်မင်းသား ယန်ယန်၏ စံအိမ်

ညဉ့်နက်ယံရဲ့ လစန္ဒာမှ ခေါင်းဆောင်မင်းသား ယန်ယန်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
13 May 2022 11:09 am တွင် တင်ခဲ့သည်
2811 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

[ညဉ့်နက်ယံရဲ့ လစန္ဒာ- Who Rules The World (2022) ] ယန်ယန်-Yang Yang နှင့် ကျောက်လုစီး-Zhao Lusi တို့ ပါဝင်သရုပ်ဆောင်ထားသော ညဉ့်နက်ယံရဲ့ လစန္ဒာ -Who Rules The World သိုင်းဇာတ်လမ်းတွဲသည် ၂၀၂၂ ခုနှစ်အတွင်းတွင်မှ ထုတ်လွှင့်ပြသနေသည့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ကာ ပရိသတ်များအကြား ရေပန်းစားနေသည်။

Yang Yang သည် ယခုဇာတ်လမ်းတွင် မင်းသားတစ်ပါးဖြစ်ပြီး သိုင်းလောကတွင်လည်း သိုင်းစွမ်းရည်ထက်မြက်ကာ လျှို့ဝှက်စွာလှုပ်ရှားတတ်သူ ဖုန်လန်းရှီးအဖြစ် သရုပ်ဆောင်ထားသည်။

မင်းသမီး ကျောက်လုစီးမှာ တိုင်းသူပြည်သားများကို ကာကွယ်ကာ တိုင်းပြည်ကို အုပ်စိုးမည့် ဖုန်ရှီးယွမ်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

တစစီကွဲပြားနေသော ပြည်နယ်ခြောက်ခုမှ အာဏာကို မက်မောကြသော အုပ်စု ၆ ခု။

ပြည်နယ်ခြောက်ခုအား အုပ်စိုးနိုင်ရန် အဓိကလိုအပ်သော ကောင်းကင်တံဆိပ်တော်ကို ရှာဖွေရန် အုတ်အော်သောင်းတင်း ကြိုးပမ်းနေကြသော လောဘသားများအကြား ဖုန်ရှီးယွမ်နှင့် ဖုန်လန်းရှီးတို့နှစ်ဦး အချင်းချင်း ဖေးမရင်း မည်သို့မည်ပုံရင်ဆိုင်ကြမည်နည်း။

အချင်းချင်းအားပြိုင်မှုများအကြား တိုင်းပြည်ကို မည်သူကတကယ်အုပ်စိုးသွားနိုင်မည်နည်း။

ညဉ့်နက်ယံရဲ့ လစန္ဒာသည် အပိုင်း ၄၅ ပိုင်းအထိ ပါဝင်မည်ဟု သိရကာ လက်ရှိအားဖြင့် အပိုင်း ၃၀ ကျော်အထိ ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။

(ယန်ယန် ဘာလဲ)

ယန်ယန်ကို အားလုံးသိထားပြီး ဖြစ်နိုင်ပါသည်။

ယန်ယန်သည် တရုတ်ပြည်မကြီးတွင် အထင်ကရ မင်းသားတစ်လက်ဖြစ်၏။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနုပညာအကယ်ဒမီ အကဌာနမှ ကျောင်းပြီးခဲ့သူ ဖြစ်သည်။

ကျောင်းတွင် ယန်ယန်ကို လူချော Junyi ဟု လူတိုင်းကခေါ်ကြသည်။

ယန်ယန်၏ မျက်နှာမှာ နုမွတ်ချောမွေ့လှပြီး နူးညံ့သိမ်မွေ့သောဟန်ရှိကာ ဒရာမာဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

ခန်းဆောင်နီအိပ်မက် (A Dream of Red Mansions) ၊ ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့သော အပိုင်း ၃၂ ပိုင်းပါ လေပွေမိန်းကလေး(Whirlwind Girl) (မှတ်ချက်- လေပွေမိန်းကလေး ဇာတ်လမ်းတွဲသည် Season 1 နှင့် Season 2 ၂ ခုရှိပြီး S1 တွင် အပိုင်း ၃၂ ပိုင်း၊ S2 တွင် အပိုင်း ၃၅ ပိုင်း ပါဝင်သည်) သိုင်းဇာတ်လမ်းတွဲများအပြင် အခြားဇာတ်လမ်းတွဲ အများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

(ဖြေးဖြေးချင်းအောင်မြင်လာသူ)

ယန်ယန်သည် နေ့ချင်းညချင်း အောင်မြင်မှုရခဲ့သူ မဟုတ်။

သို့သော် သူ၏ ပွဲဦးထွက် ရုပ်ရှင် ခန်းဆောင်နီအိပ်မက်မှ စတင်ကာ အားပေးခဲ့ကြသည့် ပရိသတ် ထုနှင့်ထည်နှင့် ရှိသည်။

ယန်ယန်သည် ကျောင်းပြီးချိန်တွင် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ကာ အကောင်းဆုံး မျက်နှာသစ်သရုပ်ဆောင်ဆုကိုလည်း ရရှိခဲ့သူ ဖြစ်သည်။

ယန်ယန်သည် တစ်နှစ်တာ လူကြည့်အများဆုံး ရုပ်ရှင်မင်းသားဆုကိုလည်း ရရှိခဲ့သူ ဖြစ်သည်။

ယခု ယန်ယန်၏ စံအိမ်ကို လေ့လာကြပါမည်။

(ယန်ယန်၏ စံအိမ်)

ယန်ယန်၏ စံအိမ်တွင် ခေါင်းအုံးများမှာ ကိုယ်ပိုင်ပုံနှိပ်ထားသော ပုံရိပ်များဖြင့် ဖြစ်၏။ လေ့ကျင့်ခန်းပြုလုပ်ရာနေရာမှာမူ ကျဉ်းမြောင်းလှသည်။

(အပန်းဖြေနေရာ)

ယန်ယန်၏ မိသားစုနှင့် သူ၏အနုပညာအောင်မြင်မှုမှာ ထိပ်တန်းဖြစ်သော်လည်း နေအိမ်မွမ်းမံမှုမှာ ရိုးစင်းလှသည်။ သို့သော် ယန်ယန်ကဲ့သို့ပင် သူ၏နေအိမ်မှာ သန့်ရှင်းမှုနှင့် လန်းဆန်းမှုခံစားချက်ကို ပေးစွမ်းသည်။

အပန်းဖြေနေရာမှာလည်း ယန်ယန်၏ စိတ်ကြိုက်မွမ်းမံမှုများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုနေရာတွင် အလင်းနှင့် လေဝင်လေထွက်အလွန်ကောင်းသည်။

အိမ်တွင်ရှိသည့်အခါတိုင်း ယန်ယန်သည် ယခုနေရာတွင် အနားယူလေ့ရှိသည်။

(ယန်ယန်နှင့် ဂျက်ကီချန်း)

ယန်ယန်နှင့် ဂျက်ကီချန်းတို့သည် ရုပ်ရှင်နှင့် ရုပ်သံကိစ္စများစွာတွင် လက်တွဲလုပ်ကိုင်ခဲ့ကြဖူးသည်။

သို့အတွက် ၎င်းတို့နှစ်ဦးအကြား ပြင်ပဘဝတွင်လည်း ကောင်းမွန်သည့် ဆက်ဆံရေးများ ရှိသည်။

သူ့အနေဖြင့် ဂျက်ကီချန်းထံမှ လမ်းညွှန်မှုနှင့် အကူအညီများ ရရှိခဲ့မည်မှာ မလွဲချေ။

(မီးဖိုဆောင်)

ယန်ယန်၏ မီးဖိုဆောင်မှာ တရုတ်ရိုးရာဟန် အပြင်အဆင်မျိုးဘက်ယိမ်းသည်။

ယန်ယန်၏ မိဘများအကြိုက် မွမ်းမံထားခြင်းလည်း ဖြစ်တန်ရာချေရှိသည်။

အိမ်တွင်ရှိသည့်အခါမျိုး၌ ယန်ယန်သည် စားစရာအချို့ ချက်ပြုတ်စီစဉ်ဖွယ်ရှိသော်လည်း သူ၏လက်ရာ မည်သို့ရှိမည်ကိုမူ မသိရချေ။

(ထမင်းစားခန်း)

ယန်ယန်၏ စားသောက်ခန်းမှာ အစင်းအကြားများပါသော စကျင်ကျောက်ပြားများဖြင့် မွမ်းမံထားသည်။

သူ၏ မွေးနေ့ကျင်းပခဲ့စဉ်က နှင်းဆီပွင့်ဖတ်များပါသော အနီရောင်ကိတ်မုန့်ကြီးဖြင့် တွေ့ရရာ လွန်စွာ Romantic ဆန်သည့် ခံစားမှုမျိုးပေးသည်။

(အိမ်သာ)

ယန်ယန်၏ ရေချိုးခန်းမှာ အပိန်းအပြောက်တို့ပါသော အရောင်နုကြွေပြားများ ကပ်ထားရာ လတ်ဆတ်ပြီး သဘာဝဆန်သည့် ခံစားချက်မျိုး ရရှိစေသည်။

ကြယ်ပွင့်တစ်ဦးအနေဖြင့် ယန်ယန်သည် အိမ်တွင်ရှိနေချိန်များတွင် အသားအရေထိန်းသိမ်းမှုများ ဂရုစိုက်ပြုလုပ်လေ့ရှိသည်။

သို့သော် ယန်ယန်သည် မိတ်ကပ်မသုံးသည့်တိုင် အလွန်ချောမောသူသာ ဖြစ်သည်။

(ဧည့်ခန်း)

ဧည့်ခန်းထဲမှ ဆိုဖာတွင် သူ၏ ရုပ်ပုံရိုက်နှိပ်ထားသည့် ခေါင်းအုံးတစ်လုံးလည်း ရှိသည်။ ကော်ဖီစားပွဲနှင့် ရုပ်မြင်သံကြားစက်အကြားနေရာကလေးတွင် ယန်ယန်က လေ့ကျင့်ခန်းလုပ်လေ့ရှိသည်။ ယန်ယန်က အကပညာရှင်တစ်ဦးလည်း ဖြစ်၏။

(ယန်ယန်၏ ကိုယ်ရေးအကျဉ်း)

အမည်- ယန်ယန်

မွေးနေ့- ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်

ဇာတိ- တရုတ်ပြည်၊ ရှန်ဟဲမြို့

အလုပ်အကိုင်- ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်

အနုပညာဖြတ်သန်းမှုကာလ- ၂၀၁၀ ပြည့်နှစ်မှ ယခုထိ

အရပ်အမြင့်- ၁၈၀ စင်တီမီတာ

အိမ်ထောင်ရေး- လက်ရှိအချိန်ထိ ရရှိထားသော အချက်အလက်များအရ ချစ်သူမရှိသေး

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Visiting Yang Yang's home together, the pillows in the home are all printed with pictures of themselves, but the exercise area is very small (inf.news)

 

[Zawgyi]

 

ညဥ့္နက္ယံရဲ့ လစႏၵာမွ ေခါင္းေဆာင္မင္းသား ယန္ယန္၏ စံအိမ္

[ညဥ့္နက္ယံရဲ႕ လစႏၵာ- Who Rules The World (2022) ] ယန္ယန္-Yang Yang ႏွင့္ ေက်ာက္လုစီး-Zhao Lusi တို႔ ပါ၀င္သရုပ္ေဆာင္ထားေသာ ညဥ့္နက္ယံရဲ႕ လစႏၵာ -Who Rules The World သိုင္းဇာတ္လမ္းတြဲသည္ ၂၀၂၂ ခုႏွစ္အတြင္းတြင္မွ ထုတ္လႊင့္ျပသေနသည့္ ဇာတ္လမ္းတြဲတစ္ခုျဖစ္ကာ ပရိသတ္မ်ားအၾကား ေရပန္းစားေနသည္။

Yang Yang သည္ ယခုဇာတ္လမ္းတြင္ မင္းသားတစ္ပါးျဖစ္ျပီး သိုင္းေလာကတြင္လည္း သိုင္းစြမ္းရည္ထက္ျမက္ကာ လွ်ိဳ႕ဝွက္စြာလႈပ္ရွားတတ္သူ ဖုန္လန္းရွီးအျဖစ္ သရုပ္ေဆာင္ထားသည္။

မင္းသမီး ေက်ာက္လုစီးမွာ တိုင္းသူျပည္သားမ်ားကို ကာကြယ္ကာ တိုင္းျပည္ကို အုပ္စိုးမည့္ ဖုန္ရွီးယြမ္အျဖစ္ ပါဝင္သရုပ္ေဆာင္ထားသည္။

တစစီကြဲျပားေနေသာ ျပည္နယ္ေျခာက္ခုမွ အာဏာကို မက္ေမာၾကေသာ အုပ္စု ၆ ခု။

ျပည္နယ္ေျခာက္ခုအား အုပ္စိုးႏိုင္ရန္ အဓိကလိုအပ္ေသာ ေကာင္းကင္တံဆိပ္ေတာ္ကို ရွာေဖြရန္ အုတ္ေအာ္ေသာင္းတင္း ၾကိဳးပမ္းေနၾကေသာ ေလာဘသားမ်ားအၾကား ဖုန္ရွီးယြမ္ႏွင့္ ဖုန္လန္းရွီးတုိ႔ႏွစ္ဦး အခ်င္းခ်င္း ေဖးမရင္း မည္သို႔မည္ပံုရင္ဆိုင္ၾကမည္နည္း။

အခ်င္းခ်င္းအားၿပိဳင္မႈမ်ားအၾကား တိုင္းျပည္ကို မည္သူကတကယ္အုပ္စိုးသြားႏိုင္မည္နည္း။

ညဥ့္နက္ယံရဲ႕ လစႏၵာသည္ အပိုင္း ၄၅ ပိုင္းအထိ ပါဝင္မည္ဟု သိရကာ လက္ရွိအားျဖင့္ အပိုင္း ၃၀ ေက်ာ္အထိ ထုတ္လႊင့္ခဲ့ျပီး ျဖစ္သည္။

(ယန္ယန္ ဘာလဲ)

ယန္ယန္ကို အားလံုးသိထားျပီး ျဖစ္ႏိုင္ပါသည္။

ယန္ယန္သည္ တရုတ္ျပည္မၾကီးတြင္ အထင္ကရ မင္းသားတစ္လက္ျဖစ္၏။

တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ အႏုပညာအကယ္ဒမီ အကဌာနမွ ေက်ာင္းျပီးခဲ့သူ ျဖစ္သည္။

ေက်ာင္းတြင္ ယန္ယန္ကို လူေခ်ာ Junyi ဟု လူတိုင္းကေခၚၾကသည္။

ယန္ယန္၏ မ်က္ႏွာမွာ ႏုမြတ္ေခ်ာေမြ႔လွျပီး ႏူးညံ့သိမ္ေမြ႔ေသာဟန္ရွိကာ ဒရာမာဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ျဖစ္သည္။

ခန္းေဆာင္နီအိပ္မက္ (A Dream of Red Mansions) ၊ ၂၀၁၅ ခုႏွစ္က ထုတ္လႊင့္ခဲ့ေသာ အပိုင္း ၃၂ ပိုင္းပါ ေလေပြမိန္းကေလး(Whirlwind Girl) (မွတ္ခ်က္- ေလေပြမိန္းကေလး ဇာတ္လမ္းတြဲသည္ Season 1 ႏွင့္ Season 2 ၂ ခုရွိျပီး S1 တြင္ အပိုင္း ၃၂ ပိုင္း၊ S2 တြင္ အပိုင္း ၃၅ ပိုင္း ပါဝင္သည္) သိုင္းဇာတ္လမ္းတြဲမ်ားအျပင္ အျခားဇာတ္လမ္းတြဲ အမ်ားအျပားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

(ေျဖးေျဖးခ်င္းေအာင္ျမင္လာသူ)

ယန္ယန္သည္ ေန႔ခ်င္းညခ်င္း ေအာင္ျမင္မႈရခဲ့သူ မဟုတ္။ သို႔ေသာ္ သူ၏ ပြဲဦးထြက္ ရုပ္ရွင္ ခန္းေဆာင္နီအိပ္မက္မွ စတင္ကာ အားေပးခဲ့ၾကသည့္ ပရိသတ္ ထုႏွင့္ထည္ႏွင့္ ရွိသည္။ ယန္ယန္သည္ ေက်ာင္းျပီးခ်ိန္တြင္ ရုပ္ရွင္ေလာကသို႔ ဝင္ေရာက္ခဲ့ကာ အေကာင္းဆံုး မ်က္ႏွာသစ္သရုပ္ေဆာင္ဆုကိုလည္း ရရွိခဲ့သူ ျဖစ္သည္။

ယန္ယန္သည္ တစ္ႏွစ္တာ လူၾကည့္အမ်ားဆံုး ရုပ္ရွင္မင္းသားဆုကိုလည္း ရရွိခဲ့သူ ျဖစ္သည္။

ယခု ယန္ယန္၏ စံအိမ္ကို ေလ့လာၾကပါမည္။

(ယန္ယန္၏ စံအိမ္)

ယန္ယန္၏ စံအိမ္တြင္ ေခါင္းအံုးမ်ားမွာ ကိုယ္ပိုင္ပံုႏွိပ္ထားေသာ ပံုရိပ္မ်ားျဖင့္ ျဖစ္၏။ ေလ့က်င့္ခန္းျပဳလုပ္ရာေနရာမွာမူ က်ဥ္းေျမာင္းလွသည္။

(အပန္းေျဖေနရာ)

ယန္ယန္၏ မိသားစုႏွင့္ သူ၏အႏုပညာေအာင္ျမင္မႈမွာ ထိပ္တန္းျဖစ္ေသာ္လည္း ေနအိမ္မြမ္းမံမႈမွာ ရိုးစင္းလွသည္။ သို႔ေသာ္ ယန္ယန္ကဲ့သို႔ပင္ သူ၏ေနအိမ္မွာ သန္႔ရွင္းမႈႏွင့္ လန္းဆန္းမႈခံစားခ်က္ကို ေပးစြမ္းသည္။

အပန္းေျဖေနရာမွာလည္း ယန္ယန္၏ စိတ္ၾကိဳက္မြမ္းမံမႈမ်ားျဖင့္ ျပဳလုပ္ထားျခင္း ျဖစ္သည္။

ထိုေနရာတြင္ အလင္းႏွင့္ ေလဝင္ေလထြက္အလြန္ေကာင္းသည္။ အိမ္တြင္ရွိသည့္အခါတိုင္း ယန္ယန္သည္ ယခုေနရာတြင္ အနားယူေလ့ရွိသည္။

(ယန္ယန္ႏွင့္ ဂ်က္ကီခ်န္း)

ယန္ယန္ႏွင့္ ဂ်က္ကီခ်န္းတို႔သည္ ရုပ္ရွင္ႏွင့္ ရုပ္သံကိစၥမ်ားစြာတြင္ လက္တြဲလုပ္ကိုင္ခဲ့ၾကဖူးသည္။

သို႔အတြက္ ၎တို႔ႏွစ္ဦးအၾကား ျပင္ပဘဝတြင္လည္း ေကာင္းမြန္သည့္ ဆက္ဆံေရးမ်ား ရွိသည္။

သူ႔အေနျဖင့္ ဂ်က္ကီခ်န္းထံမွ လမ္းညႊန္မႈႏွင့္ အကူအညီမ်ား ရရွိခဲ့မည္မွာ မလြဲေခ်။

(မီးဖိုေဆာင္)

ယန္ယန္၏ မီးဖုိေဆာင္မွာ တရုတ္ရိုးရာဟန္ အျပင္အဆင္မ်ဳိးဘက္ယိမ္းသည္။

ယန္ယန္၏ မိဘမ်ားအၾကိဳက္ မြမ္းမံထားျခင္းလည္း ျဖစ္တန္ရာေခ်ရွိသည္။

အိမ္တြင္ရွိသည့္အခါမ်ဳိး၌ ယန္ယန္သည္ စားစရာအခ်ဳိ႕ ခ်က္ျပဳတ္စီစဥ္ဖြယ္ရွိေသာ္လည္း သူ၏လက္ရာ မည္သို႔ရွိမည္ကိုမူ မသိရေခ်။

(ထမင္းစားခန္း)

ယန္ယန္၏ စားေသာက္ခန္းမွာ အစင္းအၾကားမ်ားပါေသာ စက်င္ေက်ာက္ျပားမ်ားျဖင့္ မြမ္းမံထားသည္။

သူ၏ ေမြးေန႔က်င္းပခဲ့စဥ္က ႏွင္းဆီပြင့္ဖတ္မ်ားပါေသာ အနီေရာင္ကိတ္မုန္႔ၾကီးျဖင့္ ေတြ႔ရရာ လြန္စြာ Romantic ဆန္သည့္ ခံစားမႈမ်ဳိးေပးသည္။

(အိမ္သာ)

ယန္ယန္၏ ေရခ်ဳိးခန္းမွာ အပိန္းအေျပာက္တို႔ပါေသာ အေရာင္ႏုေၾကြျပားမ်ား ကပ္ထားရာ လတ္ဆတ္ျပီး သဘာဝဆန္သည့္ ခံစားခ်က္မ်ဳိး ရရွိေစသည္။

ၾကယ္ပြင့္တစ္ဦးအေနျဖင့္ ယန္ယန္သည္ အိမ္တြင္ရွိေနခ်ိန္မ်ားတြင္ အသားအေရထိန္းသိမ္းမႈမ်ား ဂရုစိုက္ျပဳလုပ္ေလ့ရွိသည္။ သို႔ေသာ္ ယန္ယန္သည္ မိတ္ကပ္မသံုးသည့္တိုင္ အလြန္ေခ်ာေမာသူသာ ျဖစ္သည္။

(ဧည့္ခန္း)

ဧည့္ခန္းထဲမွ ဆိုဖာတြင္ သူ၏ ရုပ္ပံုရိုက္ႏွိပ္ထားသည့္ ေခါင္းအံုးတစ္လံုးလည္း ရွိသည္။ ေကာ္ဖီစားပြဲႏွင့္ ရုပ္ျမင္သံၾကားစက္အၾကားေနရာကေလးတြင္ ယန္ယန္က ေလ့က်င့္ခန္းလုပ္ေလ့ရွိသည္။ ယန္ယန္က အကပညာရွင္တစ္ဦးလည္း ျဖစ္၏။

(ယန္ယန္၏ ကိုယ္ေရးအက်ဥ္း)

အမည္- ယန္ယန္

ေမြးေန႔- ၁၉၉၁ ခုႏွစ္၊ စက္တင္ဘာလ ၆ ရက္

ဇာတိ- တရုတ္ျပည္၊ ရွန္ဟဲျမိဳ႕

အလုပ္အကိုင္- ရုပ္ရွင္သရုပ္ေဆာင္၊ အဆိုေတာ္၊ ေမာ္ဒယ္

အႏုပညာျဖတ္သန္းမႈကာလ- ၂၀၁၀ ျပည့္ႏွစ္မွ ယခုထိ

အရပ္အျမင့္- ၁၈၀ စင္တီမီတာ

အိမ္ေထာင္ေရး- လက္ရွိအခ်ိန္ထိ ရရွိထားေသာ အခ်က္အလက္မ်ားအရ ခ်စ္သူမရွိေသး

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Visiting Yang Yang's home together, the pillows in the home are all printed with pictures of themselves, but the exercise area is very small (inf.news)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service