ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
မိခင်၊ဖခင်မှ သားသမီးများကိုလည်းကောင်း၊ အကို၊အမမှ ညီ၊ညီမ သို့ပေးကမ်းခြင်းများအတွက် အောက်ပါစာရွက်စာတမ်းများလိုအပ်မည်ဖြစ်သည်။
- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ပေးကမ်းမည့် မြေ ကို အထောက်အထားပြု ပြီး တစ်နှစ်သက်တမ်းရှိ မေတ္တာဖြင့်ပေးကမ်းခြင်း မြေပုံ၊ မြေရာဇဝင် လျောက်ထားကူးယူရန် လိုအပ်ခြင်း။
- သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်အတွက် ကာလတန်ဖိုး စိစစ်ရေးအဖွဲ့သို့ တင်ပြ၍တန်ဖိုးသတ်မှတ်ခြင်း။
ထိုသို့ ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာမြို့နယ်အခွန်များဦးစီးဌာနသို့ သွားရောက်ထွက်ဆိုချက် ပေးရမည်ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများမှာ -
- ပေးကမ်းလိုသော မြေ၊အိမ်၏ ဓါတ်ပုံ။
- မေတ္တာဖြင့်ပေကမ်းသည့်စာချုပ် မူရင်း၊ မိတ္တူ။
- မေတ္တာဖြင့်ပေကမ်းခြင်း မြေပုံမြေရာဇဝင် မူရင်း၊ မိတ္တူ။
- ပေးကမ်းမည့် မြေကွက်၏ ပိုင်ဆိုင်မှုအထောက်အထားဂရန် မူရင်း၊ မိတ္တူ။
- ပေးကမ်းသူ၏ မှတ်ပုံတင်၊သန်ခေါင်စာရင်း မူရင်း၊ မိတ္တူ။
- လက်ခံသူ၏ မှတ်ပုံတင်၊သန်ခေါင်စာရင်း မူရင်း၊ မိတ္တူ။
- မိခင်၊ ဖခင်၊ အကို၊ အမတော်စပ်ကြောင်း တရားရုံးကျမ်းကျိန်လွှာ မူရင်း၊ မိတ္တူ။
- ပေးသူမှ ပေးကမ်းသည့်မြေအား အဖိုးစားနားရယူခြင်းမရှိ ပေးကမ်းကြောင်းနှင့် မိမိပိုင်သော၊ စီမံခန့်ခွဲလျက်ရှိသော မြေဖြစ်ကြောင်း တရားရုံးကျမ်းကျိန်လွှာ မူရင်း၊ မိတ္တူ။
- မိခင်၊ ဖခင်မှ သားသမီးများရှိသည့်အနက် တစ်ဦးတည်းသာပေးပါက ကျန်မောင်နှမများ သဘောတူသိရှိကြောင်း၊ ကန့်ကွက်ရန်မရှိကြောင်း တစ်ဦးချင်းစီမှ ကျန်းကျိန်တစ်စောင်ချင်းစီ (ဥပမာ- မောင်နှမ ၅ယောက်ရှိပါက ကျမ်းကျိန်လွှာ ၅စောင်လိုအပ်မည်။)
- ထိုညီအစ်ကိုမောင်နှမများ၏ ခင်ပွန်း၊ ဇနီးနှင် အသက် (၁၈)နှစ်ပြည့်ပြီး သားသမီးများရှိပါက ထိုသူတို့၏ ကန့်ကွက်ရန်မရှိ သဘောတူပါကြောင်း တရားရုံးကျမ်းကျိန်လွှာ မူရင်း၊ မိတ္တူ။
- အထက်ပါ ပုဂ္ဂိုလ်များ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မူရင်း၊ မိတ္တူ။
- ပေးကမ်းသူ၊ လက်ခံသူ ခံဝန်ချုပ် (အခွန်ရုံးမှာနမူနာတောင်းကြည့်နိုင်ပါတယ်၊၊)
- စာချုပ်ပါ သက်သေနှစ်ယောက်နှင့် မှတ်ပုံတင်မူရင်း၊ မိတ္တူ။
အထက်ဖော်ပြပါ အားလုံးစုံလျင်၊ စာရွက်စာတမ်းများအားမိတ္တူ(၃)စုံဆွဲပါ၊ မူရင်းများအားလုံးနှင့် ပေးကမ်းသူ၊ လက်ခံသူ၊ အသိသက်သေများ၊ ကျမ်းကျိန်ထားသူများပါ မြို့နယ်အခွန်ရုံးသို့လိုက်သွားရပါမည်။ အခွန်ရုံးရှိသက်ဆိုင်ရာအရာရှိထံ မှန်ကန်ကြောင်းထွက်ဆိုချက်ပေးခြင်း၊ လက်ပွေနှိပ်ခြင်း၊ ဓါတ်ပုံရိုက် မှတ်တမ်း တင်ခြင်းများကို သက်ဆိုင်ရာ တာဝန်ကျအရာရှိမှပြုလုပ်ပါသည်။
၃ ပတ်ခန့်ကြာလျင် ခွင့်ပြုမိန့်ကျပါပြီး ကာလတန်ဖိုးစိစစ်ရေးမှ သတ်မှတ်ပေးလိုက်သည့်တန်ဖိုးအတိုင်း တံဆိပ်ခေါင်းခွန် ၄ရာခိုင်နှုန်းပေးသွင်းရန်ချလံအား အခွန်ရုံးတွင်ယူပြီး သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွင်းရပါသည်။ ဘဏ်မှငွေသွင်းချလံတပိုင်းပြန်ပေးပါမည်။ အဆိုပါချလံဖြင့် အခွန်ရုံးပြန်သွားပြီး တံဆိပ် ခေါင်းထုတ်ယူရန်လိုအပ်ပါသည်။
ထိုသို့ ဆောင်ရွက်ပြီးနောက် ရန်ကင်းစာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ရန် ဆက်လက် ဆောင်ရွက်ရပါမည်။
လိုအပ်သောစာရွက်စာတမ်းများမှာ -
- ပေးကမ်းသည့် မြေကွက်၏ ပိုင်ဆိုင်မှုအထောက်အထား ဂရန်မူရင်း၊ မိတ္တူ။
- ဘဏ်ငွေသွင်းထားသည့် ချလံ မူရင်း၊ မိတ္တူ။
- တံဆိပ်ခေါင်း ၄ရာခိုင်နှုန်းဖြင့် ပေးသွင်းထားသည့် တံဆိပ်ခေါင်းပြည့်စုံသည့် ပေးကမ်းစာချုပ်နှင့် ပေးကမ်းမြေပုံ၊ မြေရာဇဝင် မူရင်း၊ မိတ္တူ။
- ပေးကမ်းသူ၊ လက်ခံသူတို့၏ မှတ်ပုံတင် မူရင်း၊ မိတ္တူ။
- သက်သေနှစ်ယောက်၏ မှတ်ပုံတင် မူရင်း၊ မိတ္တူ။
ပေးကမ်းခြင်းစာချုပ် မှတ်ပုံတင်ရန်အတွက် ကာလတန်ဖိုးစိစစ်ရေးမှ သတ်မှတ်ပေးလိုက်သည့်တန်ဖိုး၏ ၀.၅ ရာခိုင်နှုန်းအား ပေးသွင်းရမည်ဖြစ်ပါသည်။ စာချုပ်ကို (၂)ပတ်ပြည့်ပါက ပြန်ရွေးရပါမည်။
မှတ်ပုံတင် ပေးကမ်းစာချုပ်ပြန်လည်ရွေးယူပြီးပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် မြေအမည်ပြောင်းဆောင်ရွက်ရမည်ဖြစ်သည်။ လိုအပ်သောစာရွက်စာတမ်များမှာ-
- မြေကွက်၏ ပိုင်ဆိုင်မှုအထောက်အထား ဂရန်မူရင်း၊ မိတ္တူ။
- မေတ္တာဖြင့်ပေးကမ်းခြင်းစာမှတ်ပုံတင်စာချုပ် မူရင်း၊မိတ္တူ
- လက်ခံရရှိသူမှတ်ပုံတင် မူရင်း၊ မိတ္တူ။
- မြေခွန်ပြေစာ၊ မြေပိုင်မြေဆိုမလိုပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ်ခြံမြေအား မေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လိုအပ်ချက်များ။