အိပ်ရာစောစောထရန် အကြောင်းရင်း (၁၀) ခု

အိပ်ရာစောစောထရန် အကြောင်းရင်း (၁၀) ခု - Property Knowledge in Myanmar from iMyanmarHouse.com
13 May 2022 10:10 am တွင် တင်ခဲ့သည်
997 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

“စောစီးစွာထခြင်းသည် ငှက်များအတွက်သက်သက် မဟုတ်”

စောစောထတဲ့ငှက်ဟာ အစာကောင်းကောင်းကို ရတယ်တဲ့။ ထိုနည်းတူစွာ လူတွေမှာလည်း အိပ်ရာစောစောထရင် ရလာမယ့် အကျိုးကျေးဇူးတွေ ရှိပါတယ်။

၁။ သင့်အတွက် အချိန်ပိုရတယ်

အကယ်၍ သင်က (ကလေးတွေ ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေဖြစ်တဲ့) အခြားသူတွေနဲ့အတူနေတာဆိုရင် အိပ်ရာစောစောထခြင်းက သင့်အတွက် သိပ်ကို/ တကယ့်ကိုပဲ လိုအပ်တဲ့ အချိန်အချို့ သင့်ကိုယ်တိုင်ပေးစွမ်းနိုင်ပါလိမ့်မယ်။

အခြားသူတွေ မနိုးထကြသေးလို့ တိတ်ဆိတ်နေချိန်မှာ ကော်ဖီစိမ်ပြေနပြေသောက်ရင်း အလုပ်ဖြစ်ဖြစ် စာလေ့လာတာဖြစ်ဖြစ် စသဖြင့် သင့်အတွက် အဓိကလုပ်ငန်းဆောင်တာကို လုပ်လို့ရပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ရန် အချိန်ပိုရတယ်

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်အတွက် အရေးပါတယ် ဒါပေမဲ့ အဲဒီအတွက် အချိန်မရှိဖြစ်နေတယ်ဆိုရင် နံနက်စောစော အိပ်ရာထခြင်းက တကယ်လိုအပ်တဲ့အရာဖြစ်နိုင်ပါတယ်။

သင့်တစ်နေ့တာရဲ့ ပထမဆုံးလုပ်ဆောင်မှုအနေနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အလုပ်ကြောင့် ဒါမှမဟုတ် ညနေပိုင်းမှာ လူမှုရေးကတိကဝတ်တွေကြောင့် ဒါမှမဟုတ် ခန္ဓာကိုယ်နွမ်းနယ်နေမှုကြောင့် လေ့ကျင့်ခန်းမလုပ်ဖြစ်ဖို့ ဖျားယောင်းဆွဲဆောင်တဲ့အရာကို ကုစားပေးပါတယ်။

ဒါ့အပြင် နံနက်စောစောလေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်စိတ်ခံစားမှုကို ကောင်းမွန်စေ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လျှော့ချပေးနိုင်ပြီး ခွန်အားပမာဏကို တိုးပွားစေနိုင်တဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေကို မြင့်တက်စေနိုင်ပါသေးတယ်။

၃။ ယာဉ်ကြောပိတ်ဆို့မှုဒဏ် သိပ်မခံရတော့

အိပ်ရာစောစောထပြီး အိပ်ကနေ စောစောထွက်ခြင်းက ပုံမှန်ယာဉ်ကြောပိတ်ဆို့မှုကို အလဲထိုးနိုင်ဖို့ သင့်ကို ကူညီပေးနိုင်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုဒဏ်သိပ်မခံရခြင်းက သင့်ကို အချိန်နဲ့ငွေတင် သက်သာစေတာ မဟုတ်ပါဘူး၊ သင့်ကိုယ်စိတ်နှစ်ပါးရဲ့ ကျန်းမာသုခအဖြာဖြာကိုပါ ကာကွယ်စောင့်ရှောင့်ပေးနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ခံရခြင်းဟာ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ ရန်လိုခြင်းနဲ့ ဒေါသူပုန်ထခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်နေလို့ပဲဖြစ်ပါတယ်။

၄။ ကိစ္စများ ဆောင်ရွက်ပြီးစီးရန် အချိန်ပိုရတယ်

ကိစ္စတွေ ပြီးစီးအောင် ဆောင်ရွက်ဖို့ တစ်နေ့တာမှာ အချိန်နာရီလေးတွေ ပိုရှိစေဖို့ လိုလားခဲ့မိဖူးပါသလား? ကဲ ခါတိုင်းအိပ်ရာနိုးထနေကျထက် တစ်နာရီနှစ်နာရီလောက် နှိုးစက်ကို စောချိန်ထားလိုက်ရုံနဲ့ သင့်ရဲ့ထိုဆန္ဒ ပြည့်ဝသွားပါလိမ့်မယ်။

ပိုပိုပြီးဆောင်ရွက်နိုင်ဖို့ အချိန်တွေထပ်ဖြည့်စရာလို့မရပေမဲ့ အကယ်၍ အချိန်ပိုလိုတယ်ဆိုရင် အိပ်ရာစောစောထခြင်းက စောစောမှမထရင် လုပ်ဆောင်နိုင်မှာမဟုတ်လောက်တဲ့ ကိစ္စတွေကို တာဝန်ယူဆောင်ရွက်ဖို့ အာရုံအနှောင့်အယှက်ကင်းဝေးတဲ့ အခွင့်အရေးတစ်ရပ် သင့်ကို ပေးပါတယ်။

၅။ ပိုပြီးတော့ ကောင်းစွာ အိပ်ပျော်တယ်

အိပ်ရာစောစောဝင်လေ့ရှိသူတွေဟာ ပိုပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကြတယ်လို့ သုတေသနတွေက ညွှန်ပြပါတယ်။

အိပ်ရေးဝခြင်းမှာ စိတ်ခံစားချက်ပိုမိုကောင်းမွန်ခြင်း၊ အာရုံစူးစိုက်အားပိုကောင်းခြင်းနဲ့ အဝလွန်ခြင်းနဲ့အခြားနာတာရှည်ရောဂါတွေ ဖြစ်ပွားဖို့ အခွင့်အရေးနည်းခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ပိုရှိပါတယ်။

အိပ်ရေးမဝရင်တော့ သင့်ကိုယ်ခံအားစနစ်ကို အားနည်းစေခြင်း၊ သွေးတိုးနှလုံးဆီးချိုရောဂါတွေကို မြင့်တက်စေခြင်းနဲ့ လိင်စိတ်အား နှောင့်ယှက်ခြင်း စတဲ့ ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

၆။ အားအင်ပိုမိုဖြစ်ထွန်းရရှိစေနိုင်တယ်

တကယ်ပါနော်။ အိပ်ရေးဝခြင်းဟာ ယေဘုယျအားဖြင့် အားအင်/ခွန်အား ပိုမိုရှိခြင်းနဲ့ ညီမျှပါတယ်။ သင်က စောစောအိပ်ရာဝင်ခဲ့ကာ အိပ်ရေးဝဝလင်လင်အိပ်ရတယ်ဆိုရင် အိပ်ရာကနေ နိုးထလာတဲ့အခါ ပိုမိုအနားရခဲ့ခြင်းကို ခံစားရကာ တစ်နေ့တာအတွက် လန်းလန်းဆန်းဆန်းနဲ့ နိုးထလာရမှာပဲဖြစ်ပါတယ်။

၇။ ကျန်းမာစိုပြေသော အသားအရေ

အိပ်ရေးမဝရင် အရေးကြောင်း၊ တင်းတိပ်၊ ဖြူ‌‌ဖျော့မှုနဲ့ မျက်ခွံအမ်းခြင်း/မျက်ခွံညွတ်ကိုင်းညှိုးကျခြင်းနဲ့ ဝက်ခြံတွေကို ဖြစ်‌ပေါ်စေနိုင်ပါတယ်။

အိပ်ရေးဝဝလင်လင်ရှိခြင်းက သင့်အသားအရေကို ကျန်းမာစေဖို့ ကူညီပေးပါတယ်။ အိပ်ပျော်နေစဉ်မှာ သင့်အရေပြားဆဲလ်တွေ အသစ်ပြန်လည်မွေးဖွားဖြစ်ပေါ်ကြကာ တိုးပွားလာတဲ့ သွေးစီးဆင်းမှုနဲ့ collagen တို့က ပတ်ဝန်းကျင်ကြောင့်နဲ့ UV ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကို ပြန်လည်ကုစားဖို့ရာ ကူညီပေးပါတယ်။

ဒါ့အပြင် ခြေမသယ်ချင်လက်မသယ်ချင်လောက်အောက် အားအင်ကုန်ခမ်းခြင်းမဖြစ်မီ အိပ်ရာစောစောဝင်ဖို့ လုပ်ဆောင်ခြင်းက အနည်းဆုံးတော့ မျက်နှာသစ်ခြင်းကဲ့သို့ အသားအရေထိန်းသိမ်းဖို့အတွက် အချိန်ပိုရစေပါတယ်။ ဒါကြောင့် နံနက်ခင်း မျက်နှာလေးဝင်းပကြည်လင်စွာနဲ့ နိုးထလာတဲ့အခါ အံ့သြမသွားပါနဲ့နော်။

၈။ မျက်ကွင်းညိုခြင်းနည်းပါးတယ်

စောစောအိပ်ပြီး စောစောထတတ်တဲ့ အလေ့အကျင့်ကို ရလာတဲ့အခါ အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်တဲ့ မျက်ကွင်းညိုခြင်းတွေဟာလည်း သင်နဲ့ လားလားမျှ သက်ဆိုင်တော့မှာ မဟုတ်ပါဘူး။

၉။ (အဆာပြေ) နံနက်စာအတွက် အချိန်ပိုရတယ်

နံနက်ခင်း စောစောထခြင်းက အာဟာရပြည့်ဝတဲ့နံနက်စာကို တည်ခင်းသုံးဆောင်ဖို့အတွက် သင့်ကို အချိန်ပိုရစေပါတယ်။

အာဟာရရှိတဲ့အစာတစ်နပ်နဲ့ တစ်နေ့တာကို စတင်လိုက်ခြင်းက သင့်ကို အချိန်ကြာကြာဗိုက်ဝစေကာ တစ်နေ့တာအတွက် ခွန်အားပိုမိုရရှိစေနိုင်ပါတယ်။

၁၀။ သင်အာရုံစူးစိုက်နိုင်စေဖို့ ကူညီပေးတယ်

စောစီးစွာ နိုးထခြင်းက သင်အိပ်ရာကနေ ကတိုက်ကရိုက်ကမန်းကတန်းထရတဲ့အဖြစ်ကို မဖြစ်စေဘဲ တည်ငြိမ်စွာနဲ့ အပြည့်အဝနိုးထစေဖို့ အချိန်ပေးတာကြောင့် သင့်ဦးနှောက်က အာရုံစူးစိုက်မှုကို ပိုပြီးတော့ပြုနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 10 Reasons to Get Up Early — Because Early Rising Isn't Just for Birds (healthline)

 

 

 

[Zawgyi]

အိပ္ရာေစာေစာထရန္ အေၾကာင္းရင္း (၁၀) ခု 

 

“ေစာစီးစြာထျခင္းသည္ ငွက္မ်ားအတြက္သက္သက္ မဟုတ္”

ေစာေစာထတဲ့ငွက္ဟာ အစာေကာင္းေကာင္းကို ရတယ္တဲ့။ ထိုနည္းတူစြာ လူေတြမွာလည္း အိပ္ရာေစာေစာထရင္ ရလာမယ့္ အက်ိဳးေက်းဇူးေတြ ႐ွိပါတယ္။

၁။ သင့္အတြက္ အခ်ိန္ပိုရတယ္

အကယ္၍ သင္က (ကေလးေတြ ဒါမွမဟုတ္ အ႐ြယ္ေရာက္ၿပီးသူေတြျဖစ္တဲ့) အျခားသူေတြနဲ႔အတူေနတာဆိုရင္ အိပ္ရာေစာေစာထျခင္းက သင့္အတြက္ သိပ္ကို/ တကယ့္ကိုပဲ လိုအပ္တဲ့ အခ်ိန္အခ်ိဳ႕ သင့္ကိုယ္တိုင္ေပးစြမ္းႏိုင္ပါလိမ့္မယ္။

အျခားသူေတြ မႏိုးထၾကေသးလို႔ တိတ္ဆိတ္ေနခ်ိန္မွာ ေကာ္ဖီစိမ္ေျပနေျပေသာက္ရင္း အလုပ္ျဖစ္ျဖစ္ စာေလ့လာတာျဖစ္ျဖစ္ စသျဖင့္ သင့္အတြက္ အဓိကလုပ္ငန္းေဆာင္တာကို လုပ္လို႔ရပါတယ္။

၂။ ေလ့က်င့္ခန္းလုပ္ရန္ အခ်ိန္ပိုရတယ္

ကိုယ္လက္လႈပ္႐ွားမႈေလ့က်င့္ခန္းျပဳလုပ္ျခင္းက သင့္အတြက္ အေရးပါတယ္ ဒါေပမဲ့ အဲဒီအတြက္ အခ်ိန္မ႐ွိျဖစ္ေနတယ္ဆိုရင္ နံနက္ေစာေစာ အိပ္ရာထျခင္းက တကယ္လိုအပ္တဲ့အရာျဖစ္ႏိုင္ပါတယ္။

သင့္တစ္ေန႔တာရဲ႕ ပထမဆုံးလုပ္ေဆာင္မႈအေနနဲ႔ ေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ အလုပ္ေၾကာင့္ ဒါမွမဟုတ္ ညေနပိုင္းမွာ လူမႈေရးကတိကဝတ္ေတြေၾကာင့္ ဒါမွမဟုတ္ ခႏၶာကိုယ္ႏြမ္းနယ္ေနမႈေၾကာင့္ ေလ့က်င့္ခန္းမလုပ္ျဖစ္ဖို႔ ဖ်ားေယာင္းဆြဲေဆာင္တဲ့အရာကို ကုစားေပးပါတယ္။

ဒါ့အျပင္ နံနက္ေစာေစာေလ့က်င့္ခန္းျပဳလုပ္ျခင္းက သင့္စိတ္ခံစားမႈကို ေကာင္းမြန္ေစ၊ စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ေၾကာင့္ၾကမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ခြန္အားပမာဏကို တိုးပြားေစႏိုင္တဲ့ အန္ေဒၚဖင္ေဟာ္မုန္းေတြကို ျမင့္တက္ေစႏိုင္ပါေသးတယ္။

၃။ ယာဥ္ေၾကာပိတ္ဆို႔မႈဒဏ္ သိပ္မခံရေတာ့

အိပ္ရာေစာေစာထၿပီး အိပ္ကေန ေစာေစာထြက္ျခင္းက ပုံမွန္ယာဥ္ေၾကာပိတ္ဆို႔မႈကို အလဲထိုးႏိုင္ဖို႔ သင့္ကို ကူညီေပးႏိုင္ပါတယ္။

ယာဥ္ေၾကာပိတ္ဆို႔မႈဒဏ္သိပ္မခံရျခင္းက သင့္ကို အခ်ိန္နဲ႔ေငြတင္ သက္သာေစတာ မဟုတ္ပါဘူး၊ သင့္ကိုယ္စိတ္ႏွစ္ပါးရဲ႕ က်န္းမာသုခအျဖာျဖာကိုပါ ကာကြယ္ေစာင့္ေ႐ွာင့္ေပးႏိုင္ပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ယာဥ္ေၾကာပိတ္ဆို႔မႈဒဏ္ခံရျခင္းဟာ စိတ္ဖိစီးျခင္း၊ စိတ္ဓာတ္က်ဆင္းျခင္း၊ ရန္လိုျခင္းနဲ႔ ေဒါသူပုန္ထျခင္း၊ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြနဲ႔ ဆက္စပ္ေနလို႔ပဲျဖစ္ပါတယ္။

၄။ ကိစၥမ်ား ေဆာင္႐ြက္ၿပီးစီးရန္ အခ်ိန္ပိုရတယ္

ကိစၥေတြ ၿပီးစီးေအာင္ ေဆာင္႐ြက္ဖို႔ တစ္ေန႔တာမွာ အခ်ိန္နာရီေလးေတြ ပို႐ွိေစဖို႔ လိုလားခဲ့မိဖူးပါသလား? ကဲ ခါတိုင္းအိပ္ရာႏိုးထေနက်ထက္ တစ္နာရီႏွစ္နာရီေလာက္ ႏိႈးစက္ကို ေစာခ်ိန္ထားလိုက္႐ုံနဲ႔ သင့္ရဲ႕ထိုဆႏၵ ျပည့္ဝသြားပါလိမ့္မယ္။

ပိုပိုၿပီးေဆာင္႐ြက္ႏိုင္ဖို႔ အခ်ိန္ေတြထပ္ျဖည့္စရာလို႔မရေပမဲ့ အကယ္၍ အခ်ိန္ပိုလိုတယ္ဆိုရင္ အိပ္ရာေစာေစာထျခင္းက ေစာေစာမွမထရင္ လုပ္ေဆာင္ႏိုင္မွာမဟုတ္ေလာက္တဲ့ ကိစၥေတြကို တာဝန္ယူေဆာင္႐ြက္ဖို႔ အာ႐ုံအေႏွာင့္အယွက္ကင္းေဝးတဲ့ အခြင့္အေရးတစ္ရပ္ သင့္ကို ေပးပါတယ္။

၅။ ပိုၿပီးေတာ့ ေကာင္းစြာ အိပ္ေပ်ာ္တယ္

အိပ္ရာေစာေစာဝင္ေလ့႐ွိသူေတြဟာ ပိုၿပီးေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ၾကတယ္လို႔ သုေတသနေတြက ၫႊန္ျပပါတယ္။

အိပ္ေရးဝျခင္းမွာ စိတ္ခံစားခ်က္ပိုမိုေကာင္းမြန္ျခင္း၊ အာ႐ုံစူးစိုက္အားပိုေကာင္းျခင္းနဲ႔ အဝလြန္ျခင္းနဲ႔အျခားနာတာ႐ွည္ေရာဂါေတြ ျဖစ္ပြားဖို႔ အခြင့္အေရးနည္းျခင္း စတဲ့ အက်ိဳးေက်းဇူးမ်ားစြာ ပို႐ွိပါတယ္။

အိပ္ေရးမဝရင္ေတာ့ သင့္ကိုယ္ခံအားစနစ္ကို အားနည္းေစျခင္း၊ ေသြးတိုးႏွလုံးဆီးခ်ိဳေရာဂါေတြကို ျမင့္တက္ေစျခင္းနဲ႔ လိင္စိတ္အား ေႏွာင့္ယွက္ျခင္း စတဲ့ ဆိုးက်ိဳးေတြကို ျဖစ္ပြားေစႏိုင္ပါတယ္။

၆။ အားအင္ပိုမိုျဖစ္ထြန္းရ႐ွိေစႏိုင္တယ္

တကယ္ပါေနာ္။ အိပ္ေရးဝျခင္းဟာ ေယဘုယ်အားျဖင့္ အားအင္/ခြန္အား ပိုမို႐ွိျခင္းနဲ႔ ညီမွ်ပါတယ္။ သင္က ေစာေစာအိပ္ရာဝင္ခဲ့ကာ အိပ္ေရးဝဝလင္လင္အိပ္ရတယ္ဆိုရင္ အိပ္ရာကေန ႏိုးထလာတဲ့အခါ ပိုမိုအနားရခဲ့ျခင္းကို ခံစားရကာ တစ္ေန႔တာအတြက္ လန္းလန္းဆန္းဆန္းနဲ႔ ႏိုးထလာရမွာပဲျဖစ္ပါတယ္။

၇။ က်န္းမာစိုေျပေသာ အသားအေရ

အိပ္ေရးမဝရင္ အေရးေၾကာင္း၊ တင္းတိပ္၊ ျဖဴ‌‌ေဖ်ာ့မႈနဲ႔ မ်က္ခြံအမ္းျခင္း/မ်က္ခြံၫြတ္ကိုင္းညိႇဳးက်ျခင္းနဲ႔ ဝက္ျခံေတြကို ျဖစ္‌ေပၚေစႏိုင္ပါတယ္။

အိပ္ေရးဝဝလင္လင္႐ွိျခင္းက သင့္အသားအေရကို က်န္းမာေစဖို႔ ကူညီေပးပါတယ္။ အိပ္ေပ်ာ္ေနစဥ္မွာ သင့္အေရျပားဆဲလ္ေတြ အသစ္ျပန္လည္ေမြးဖြားျဖစ္ေပၚၾကကာ တိုးပြားလာတဲ့ ေသြးစီးဆင္းမႈနဲ႔ collagen တို႔က ပတ္ဝန္းက်င္ေၾကာင့္နဲ႔ UV ေၾကာင့္ အသားအေရထိခိုက္ပ်က္စီးမႈကို ျပန္လည္ကုစားဖို႔ရာ ကူညီေပးပါတယ္။

ဒါ့အျပင္ ေျခမသယ္ခ်င္လက္မသယ္ခ်င္ေလာက္ေအာက္ အားအင္ကုန္ခမ္းျခင္းမျဖစ္မီ အိပ္ရာေစာေစာဝင္ဖို႔ လုပ္ေဆာင္ျခင္းက အနည္းဆုံးေတာ့ မ်က္ႏွာသစ္ျခင္းကဲ့သို႔ အသားအေရထိန္းသိမ္းဖို႔အတြက္ အခ်ိန္ပိုရေစပါတယ္။ ဒါေၾကာင့္ နံနက္ခင္း မ်က္ႏွာေလးဝင္းပၾကည္လင္စြာနဲ႔ ႏိုးထလာတဲ့အခါ အံ့ၾသမသြားပါနဲ႔ေနာ္။

၈။ မ်က္ကြင္းညိဳျခင္းနည္းပါးတယ္

ေစာေစာအိပ္ၿပီး ေစာေစာထတတ္တဲ့ အေလ့အက်င့္ကို ရလာတဲ့အခါ အိပ္ေရးပ်က္ျခင္းေၾကာင့္ျဖစ္တဲ့ မ်က္ကြင္းညိဳျခင္းေတြဟာလည္း သင္နဲ႔ လားလားမွ် သက္ဆိုင္ေတာ့မွာ မဟုတ္ပါဘူး။

၉။ (အဆာေျပ) နံနက္စာအတြက္ အခ်ိန္ပိုရတယ္

နံနက္ခင္း ေစာေစာထျခင္းက အာဟာရျပည့္ဝတဲ့နံနက္စာကို တည္ခင္းသုံးေဆာင္ဖို႔အတြက္ သင့္ကို အခ်ိန္ပိုရေစပါတယ္။

အာဟာရ႐ွိတဲ့အစာတစ္နပ္နဲ႔ တစ္ေန႔တာကို စတင္လိုက္ျခင္းက သင့္ကို အခ်ိန္ၾကာၾကာဗိုက္ဝေစကာ တစ္ေန႔တာအတြက္ ခြန္အားပိုမိုရ႐ွိေစႏိုင္ပါတယ္။

၁၀။ သင္အာ႐ုံစူးစိုက္ႏိုင္ေစဖို႔ ကူညီေပးတယ္

ေစာစီးစြာ ႏိုးထျခင္းက သင္အိပ္ရာကေန ကတိုက္က႐ိုက္ကမန္းကတန္းထရတဲ့အျဖစ္ကို မျဖစ္ေစဘဲ တည္ၿငိမ္စြာနဲ႔ အျပည့္အဝႏိုးထေစဖို႔ အခ်ိန္ေပးတာေၾကာင့္ သင့္ဦးေႏွာက္က အာ႐ုံစူးစိုက္မႈကို ပိုၿပီးေတာ့ျပဳႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 10 Reasons to Get Up Early — Because Early Rising Isn't Just for Birds (healthline)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service