တိုက်ခန်းဝယ်ယူရာတွင် မြေပိုင်ဆိုင်မှုကိုပါ ပူးတွဲဝယ်ယူခြင်း။

တိုက်ခန်းဝယ်ယူရာတွင် မြေပိုင်ဆိုင်မှုကိုပါ ပူးတွဲဝယ်ယူခြင်း။ - Property Knowledge in Myanmar from iMyanmarHouse.com
12 May 2022 10:28 am တွင် တင်ခဲ့သည်
1096 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ယခုနောက်ပိုင်း မြေရှင်နှင့် ကန်ထရိုက်တာတို့သည် အကျိုးတူပူးပေါင်းပြီး တိုက်ခန်းဆောက်လုပ်၍ တိုက်ခန်း ကို အချိုးကျ ခွဲဝေယူကြပါသည်။ ထိုအခါ မြေရှင်က ၎င်းအချိုးကျပိုင်ဆိုင်သော တိုက်ခန်း များကို တစ်ခန်းပြီး တစ်ခန်းရောင်းချလာရာမှ နောက်ဆုံးပိုင်ဆိုင်သည့်အခန်းရောင်းချသည့် အခါတွင် မြေပိုင်ဆိုင်မှုကိုပါ ပူးတွဲရောင်းချခြင်းများ များပြားလာပါသည်။

အဆိုပါအတိုင်း မြေရှင်မှ တိုက်ခန်းရောင်းချရာတွင် မြေပိုင်ဆိုင်မှုကိုပါထည့်သွင်းရောင်းချသည့် အခါ ဝယ်ယူသူများအနေဖြင့် စစ်ဆေးရမည့်အပိုင်းများပိုမိုများပြားလာပါသည်။ ကျွန်မမိတ်ဆွေတစ်ဦး ဝယ်ယူမည့် မြေပိုင်ဆိုင်မှုပါဝင်သော တိုက်ခန်းသည် မြေရှင်ဖြစ်သော မိခင်အကျိုးခံစားခွင့်ရရှိထားသော တိုက်ခန်းဖြစ်ပြီး မိခင်ထံမှ ရောင်းသူဖြစ်သော သားသမီးမှ အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။ အဆိုပါ အရောင်းအဝယ်စာချုပ်တွင် ကျန်မောင်နှစ်များမှ သက်သေအဖြစ် လက်မှတ်ရေးထိုးထားသည့်အတွက် နောင်တစ်ချိန် အငြင်းပွားမှုမဖြစ်ပွားနိုင်ပါ။ မိခင်အမည်ပေါက် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မည်သည့် ခွဲဝေမှုကိုမှ ဆောင်ရွက်ရခြင်းမရှိသေးသည့် အခြေအနေဖြစ်သည်။ ရောင်းသူဘက်မှ မောင်နှစ်မများငွေကြေးခွဲဝေထားသည့် ကျမ်းကျိန်လွှာတစ်ခုကိုသာ တင်ပြနိုင်သည်။

အထက်ပါ မြေပိုင်ဆိုင်မှုပါဝင်သော တိုက်ခန်းကို ဝယ်ယူရန်အတွက် မြေကွက် သည် ပိုင်ဆိုင်မှု ခွဲဝေရခြင်းမရှိသည့်အတွက် ရောင်းချမည်ဆိုပါက ဂရန်အမည်ပေါက် မိခင်၏ ကျန်ရစ်သူသားသမီးများ အားလုံး သဘောတူလက်မှတ်ထိုးရောင်းချရန်လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် သေဆုံးသူမိခင်၏ သေဆုံးကြောင်း အထောက်အထားဖြစ်သော သေစာရင်း၊ ကျန်ရစ်သူ အမွေဆက်ခံပိုင်ဆိုင်မည့် သားသမီးအရည်အတွက်ကို သိရှိနိုင်ရန် သန်းခေါင်စာရင်းစစ်ဆေးခြင်း၊ ကျန်ရစ်သူ သားသမီးများမှ ကျမ်းကျိန်လွှာ ပြုလုပ်ဆောင်ရွက်ပေးရန်လိုအပ်ခြင်း စသည်တို့ လိုအပ်မည်ဖြစ်သည်။

အထက်က စာပိုဒ်ကို ပြန်ဆက်ရမည်ဆိုလျှင် ကျွန်မမိတ်ဆွေ ဝယ်ယူမည့် တိုက်ခန်း၏ ရောင်းသူအား အထက်ပါအတိုင်း ကျန်ရစ်သူသားသမီးများ ဆောင်ရွက်ပေးရမည့်ကိစ္စများကို ဝယ်ယူသူဘက်က တောင်းဆိုသည့်အခါ ရောင်းသူမှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။

အဆိုပါ အခြေအနေသည် မြေပိုင်ဆိုင်မှုကို ရောင်းသူမှ ကျန်မောင်နှစ်မများ သိရှိခြင်းမရှိဘဲ လျိုဝှက်စွာရောင်းချရန် ကြံစည်သည့်အနေအထား ဖြစ်နေသည်။ ထိုအချိန်မှ ဝယ်ယူသူမှ အသေအချာစစ်ဆေးခြင်းမပြုဘဲ လွယ်လင့်တစ်ကူ ဝယ်ယူမိလျှင် တိုက်ခန်းကိုသာ ပိုင်ဆိုင်မည်ဖြစ်ပြီး ရောင်းချပိုင်ခွင့်မရှိသူထံမှ မြေကွက်ပိုင်ဆိုင်မှုကို ထည့်သွင်းဝယ်ယူမိသည့် အခြေအနေဖြစ်သွားပြီး ဝယ်ယူသူတွင် ဆုံးရှုံးများဖြစ်ပေါ်မှာဖြစ်သည့်အတွက် ကျွန်မမိတ်ဆွေကို တော့ ဝယ်ယူလျှင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ရှင်းပြသည့်အခါ ဝယ်ယူသူမှ ဝယ်ယူခြင်းကို နောက်ဆုတ်ခဲ့ပါသည်။ ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်းများ ဝယ်ယူရာတွင် နားလည်တတ်ကျွမ်းသော ဥပဒေပညာရှင်များဖြင့် မဝယ်ယူခင် ဆွေးနွေးအကြံဉာဏ်ရယူပြီး လိုအပ်သည့်စာရွက်စာတမ်းများ စစ်ဆေးဝယ်ယူခြင်း သည် မိမိပေးလိုက်သည့် ငွေကြေးကို ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ကာကွယ်နိုင်မှာဖြစ်ပါကြောင်း ဥပဒေ ဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service