တုန်းဖန်းပုပိုက် (သို့မဟုတ်) လင်ချင်းရှာ၏ ဒေါ်လာ သန်း ၁၉၀ တန်စံအိမ်

တုန်းဖန်းပုပိုက် (သို့မဟုတ်) လင်ချင်းရှာ၏ ဒေါ်လာ သန်း ၁၉၀ တန်စံအိမ် - Property News in Myanmar from iMyanmarHouse.com
10 May 2022 10:38 am တွင် တင်ခဲ့သည်
3802 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တုန်းဖန်းပုပိုက်အဖြစ် Swordsman II တွင် ပါဝင်သရုပ်ဆောင်ကာ ဒိတ်ဒိတ်ကြဲတစ်ဦးဖြစ်လာသူ ဟောင်ကောင်၊ ထိုင်ဝမ်ရုပ်ရှင် နတ်ဖုရားမ လင်ချင်းရှာသည် များစွာသော ပရိသတ်တို့အတွက် အရာရာဖြစ်ခဲ့သည်။

ကျွန်ုပ်တို့၏ မသိမီလိုက်သော ကာလ ကျွန်ုပ်တို့ မိဘများ၏ ခေတ်အခါ ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ငွေရောင်ပိတ်သားပြင်ကို သိမ်းပိုက်စိုးမိုးခဲ့သော ထိုင်ဝမ်အလှနတ်သမီး ဖြစ်၏။

လင်ချင်းရှာသည် ဟောင်ကောင်သူဌေးကြီး မိုက်ကယ်ရင်းနှင့် ၁၉၉၄ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ရုပ်ရှင်လောကမှ အနားယူခဲ့ကာ လွန်စွာတန်ဖိုးကြီးလှသော စံအိမ်ကြီးတွင် ဘဝ၏ ကျန်ရှိသော ကာလများကို ဖြတ်သန်းလျက် ရှိသည်။

မင်္ဂလာသက်တမ်း နှစ် ၂၀ ပြည့်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မိုက်ကယ်ရင်းက လင်ချင်းရှာအတွက် စတုရန်းမီတာ ၃၆၀၀ ခန့်အထိ ကျယ်ဝန်းသော စံအိမ်ကြီးတစ်လုံးကို ဟောင်ကောင်မှ Kowloon Peak တောင်ကုန်းခြေရင်းတွင် ဆောက်လုပ်ပေးခဲ့သည်။ စံအိမ်၏ အကျယ်အဝန်းကို ခန့်မှန်းနိုင်ရန် နှိုင်းယှဉ်ပြရမည်ဆိုပါက စင်္ကာပူရှိ အိပ်ခန်း ၄ ခန်းပါ HDB လူနေခန်းပေါင်း ၃၅ ခန်းစာခန့် ကျယ်ဝန်းသော စံအိမ်ကြီးဖြစ်သည်။

အချို့သော သတင်းရင်းမြစ်များ၏ အဆိုအရ စံအိမ်ကြီး၏ တန်ကြေးမှာ ထိုင်ဝမ်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁၃၆ သန်းကျော်) တန်ကြေးရှိသည်ဟု ဆိုသည်။

နှစ်ပေါင်းများစွာ ကာလအတောအတွင်း လင်ချင်းရှာ၏ ပရိသတ်တို့မှာ စံအိမ်ပြင်ပမြင်ကွင်းများကိုသာ ကြည့်ရှုအားကျခဲ့ရပြီး အတွင်းပိုင်းမြင်ကွင်းများ တွေ့မြင်ခွင့်မရခဲ့ကြ။

သို့သော် မကြာသေးမီကမူ ယင်းစံအိမ်ကြီးကို ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့သည့် ဗိသုကာအဖွဲ့က လင်ချင်းရှာ၏ စံအိမ်အတွင်းပိုင်း မြင်ကွင်းဓာတ်ပုံများကို ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့ရာ လင်ချင်းရှာ၏ စံအိမ်ကို ပရိသတ်တို့ တွေ့မြင်ခွင့်ရလာကြသည်။ ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ကောက်ချက်ဆွဲနိုင်သည်မှာ အလှနတ်ဖုရားမတစ်ဦးအတွက် သင့်တော်လှသည့် စံအိမ်ဟု ဆိုနိုင်သည်။

(သတင်းမုဆိုးတစ်ဦး ရိုက်ကူးထားသော ကောင်းကင်မြင်ကွင်းဓာတ်ပုံ)

(လုံခြုံရေး- ခံတပ်ကြီးတစ်ခုနှင့် များစွာတူနေသော လင်ချင်းရှာ၏ စံအိမ်ဝန်းအတွင်း လုံခြုံရေးအစောင့်များ ကင်းလှည့်နေလေ့ရှိသည်။ )

(လင်ချင်းရှာ၏ စံအိမ်အတွင်းပိုင်း မြင်ကွင်း)

(စံအိမ်အတွင်းပိုင်း အခြားဓာတ်ပုံတစ်ခု)

(ဤဓာတ်ပုံမှာ လင်ချင်းရှာ၏ စံအိမ်ဆောက်လုပ်နေဆဲကာလတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ဖြစ်သည်)

(ပါတီပွဲ- လင်ချင်းရှာ၊ ခင်ပွန်းဖြစ်သူနှင့် သမီး ၃ ဦးတို့ လင်ချင်းရှာ၏ အသက် ၆၀ ပြည့် မွေးနေ့ ပါတီပွဲတွင် တွေ့ရပုံ။ ဝဲဘက်မှ ပထမဆုံးတစ်ဦးမှာ မိုက်ကယ်ရင်း၏ ပထမအိမ်ထောင်မှထွန်းကားသော အကြီးဆုံး သမီးကြီး Claudine ဖြစ်သည်။ လင်ချင်းရှာနှင့် မိုက်ကယ်ရင်းတို့တွင် သမီး ၂ ဦးထွန်းကားပြီး Oi Lum နှင့် Yin Oi တို့ဖြစ်ကြသည်)

(အင်္ကျီအဖြူဆင်တူဖြင့် ရိုက်ကူးထားသော မိသားစုဓာတ်ပုံ)

(လင်ချင်းရှာနှင့် မိုက်ကယ်ရင်းတို့ ထိမ်းမြားမင်္ဂလာနေ့က…)

လင်ချင်းရှာသည် ၁၉၉၂ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Swordsman II ဇာတ်ကားတွင် တုန်းဖန်းပုပိုက်အဖြစ် သရုပ်ဆောင်ခဲ့မှုဖြင့် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ကာ အာရှ၏ အလှဆုံးမင်းသမီးအဖြစ်လည်း တစ်ခေတ်တစ်ခါက သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။

(လင်ချင်းရှာ ဘယ်သူလဲ)

လင်ချင်းရှာ (林青霞 -Lín Qīngxiá- Brigitte Lin Ching-hsia) သည် ၁၉၈၀- ၉၀ ပြည့်လွန်ကာလများတွင် နာမည်ကျော်ခဲ့သည့် ထိုင်ဝမ်ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။

လင်ချင်းရှာကို သူသရုပ်ဆောင်ခဲ့သော တုန်းဖန်းပုပိုက် ဇာတ်ကောင်နှင့် တွဲပြီးမြင်လေ့ရှိသည်။ လင်ချင်းရှားနှင့် တုန်းဖန်းပုပိုက် ဇာတ်ကောင်မှာ တသားတည်းဖြစ်နေသကဲ့သို့ သရုပ်ဆောင်ကောင်းခဲ့၏။

လင်ချင်းရှာကို (မွေး-၁၉၅၄)ကို ထိုင်ဝမ်နိုင်ငံ၊ ကျားယိမြို့ 嘉義市 တွင် မွေးဖွားခဲ့သည်။ လင်ချင်းရှာ အထက်တန်းအောင်ပြီးနောက် တက္ကသိုလ်တက်ရန် ပြင်ဆင်နေဆဲမှာပင် ရုပ်ရှင်လောကထဲ ဝင်ရန် အကြောင်းဖန်လာခဲ့သည်။

ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးက လင်ချင်းရှာကို သတိထားမိခဲ့ရာမှ ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ရုပ်ရှင်စတင်ရိုက်ကူးခဲ့ပြီး Outside the Window ဆိုသည့်ဇာတ်ကားနှင့် ပွဲထွက်လာခဲ့သည်။ လင်ချင်းရှာသည် စန်းရှိသည်ဟု ဆိုရမည်။

ထိုရုပ်ရှင်တစ်ကားတည်းဖြင့် နာမည်ကြီးမင်းသမီးဖြစ်လာပြီး ပရိသတ်အသည်းစွဲဖြစ်အောင်လည်း ဆွဲဆောင်နိုင်ခဲ့သည်။

ထိုခေတ်ထိုအခါက လင်ချင်းရှာအပါအဝင် တပြိုင်တည်းနာမည်ကျော်လာသူ ခေတ်ပြိုင်သရုပ်ဆောင် ၄ ဦးရှိသည်။ လင်ဖုန်ကျောင်း၊ ချင်ရှန်လင်၊ ချင်ဟန့်တို့ဖြစ်သည်။ လင်မျိုးနွှယ် ၂ ဦး၊ ချင်မျိုးနွယ် ၂ ဦးဟု ပြောစမှတ်တွင်သည်။

ထူးခြားချက်မှာ လင်မျိုးနွယ် ၂ ဦးမှာ မိန်းကလေးများဖြစ်ပြီး ချင်မျိုးနွယ် ၂ ဦးမှာ ယောက်ျားလေးများဖြစ်သည်။

ထိုခေတ်က ၎င်းတို့ ၄ ဦးရိုက်ကူးသည့် ဇာတ်ကားများသည် ထိုင်ဝမ်တွင်ပေါက်သည့်ဇာတ်ကားများ ဖြစ်ခဲ့သည်။ လင်ချင်းရှာသည် ၁၉၇၆ ခုနှစ်တွင် ထိုင်ဝမ်နာမည်ကြီး စာရေးဆရာမ ချုံးယောင်၏ ကုမ္ပဏီနှင့် လက်တွဲခဲ့သည်။

ဟွမ်ကျုးကောကော ဇာတ်ကားဟု မြန်မာနိုင်ငံတွင် နာမည်ကြီးခဲ့သည့် My Fair Princess ဇာတ်လမ်းတွဲမှာ ဆရာမ ချုံးယောင်၏ ဝတ္ထုဖြစ်သည်။

လင်ချင်းရှာသည် ဆရာမ ချုံးယောင်၏ ကုမ္ပဏီနှင့် ၁၉၇၆ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ လက်တွဲခဲ့ပြီး ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကား ၁၂ ကား ရိုက်ကူးခဲ့သည်။

လင်ချင်းရှာသည် သရုပ်ဆောင်ဖြစ်သည့်အချိန်မှစ၍ ၇ နှစ်တာ ကာလအတွင်း ရုပ်ရှင်ကားပေါင်း ၅၀ ကျော်ကို ရိုက်ကူးခဲ့သည်။

၁၉၇၉ ခုနှစ်တွင် သရုပ်ဆောင်ခြင်းကို ခဏရပ်နားထားပြီး အမေရိကန်တွင် တစ်နှစ်ခွဲခန့် သွားရောက်နေထိုင်ခဲ့ သေးသည်။

ထို့နောက် ဟောင်ကောင်ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့ပြီး ဂျက်ကီချမ်းနှင့် Love Massacre (၁၉၈၁)၊ Zu Warriors from the Magic Mountain (၁၉၈၃)၊ Police Story (၁၉၈၅) ဇာတ်ကားများတွင် ပူးတွဲ သရုပ်ဆောင်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် ဂျပန်အလိုတော်ရိနှင့် ချစ်ကြိုက်မိသွားသည့် တရုတ်အမျိုးသမီး စာရေးဆရာမလေးအကြောင်း ရိုက်ကူးထားသည့် Red Dust ဇာတ်ကားဖြင့် ၂၇ ကြိမ်မြောက် Golden Horse Awards ဆုပေးပွဲတွင် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

လင်ချင်းရှာသည် အမျိုးသမီးဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခြင်းထက် အမျိုးသားပုံစံ သရုပ်ဆောင်ခြင်းမျိုးဖြင့် ပို၍ နာမည်ကျော်ကြားခဲ့သည်။

၁၉၇၇ ခုနှစ်တွင် ခန်းဆောင်နီ အိပ်မက် ဝတ္ထုအား ရိုက်ကူးထားသည့် ရုပ်ရှင်တွင် အမျိုးသားဇာတ်ကောင် ကျားပေါင်ယွီ နေရာမှ သရုပ်ဆောင်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် စတီဗင်ချောင်နှင့် တွဲဖက်ပြီး Royal Tramp 2 တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားတွင်လည်း လင်ချင်းရှာသည် မန်ချူးအစိုးရကို ပုန်ကန်သူ မြေအောက်တော်လှန်ရေးဂိုဏ်း ဖြစ်သော ကောင်းကင်နဂါးဂိုဏ်းချုပ်အဖြစ် ယောက်ျားပုံစံ သရုပ်ဆောင်ခဲ့သည်။

လင်ချင်းရှာအား ထင်ရှားစေခဲ့သော ဇာတ်ကောင်မှာ တုန်းဖန်းပုပိုက် ဇာတ်ကောင်ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် ဂျက်လီနှင့် တွဲဖက်ပြီး Swordman 2 ဇာတ်ကားထဲတွင် တုန်းဖန်းပုပိုက်အဖြစ် သရုပ်ဆောင်ခဲ့သည်။ Swordman 2 ဇာတ်ကားသည် အကြီးအကျယ်အောင်မြင်ခဲ့ပြီး ဟောင်ကောင်ရုပ်ရှင်လောက၏ အကောင်းဆုံး ရုပ်ရှင်များအနက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

ထို့နောက် လင်ချင်းရှာသည် သိုင်းဇာတ်လမ်းတွဲများတွင်လည်း ဆက်တိုက်သရုပ်ဆောင်ခဲ့ရသည်။ ထိုအထဲမှ New Dragon Gate Inn (၁၉၉၂ ခုနှစ်) နှင့် The Bride with White Hair (၁၉၉၃ ခုနှစ်) မှာ Swordman ကဲ့သို့ အောင်မြင်မှုရရှိခဲ့သည့် ဇာတ်ကားများ ဖြစ်ကြသည်။

လင်ချင်းရှာသည် လင်မျိုးနွယ် ၂ ယောက်၊ ချင်မျိုးနွယ် ၂ ယောက်ထဲမှ ချင်ဟန့်နှင့် ချစ်ကြိုက်ခဲ့ဖူးသည်ဟု သတင်းထွက်ခဲ့ဖူးသည်။

၁၉၉၄ ခုနှစ်တွင် ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် ရှင်လီယွမ် (Michael Ying) နှင့် လက်ထပ်ခဲ့သည်။ မိုက်ကယ်ရင်းသည် ပထမအိမ်ထောင်ရှိပြီး အိမ်ထောင်ကွဲ ကလေးတစ်ယောက် ဖခင်ဖြစ်သည်။ မိုက်ကယ်ရင်းနှင့် လင်ချင်းရှာတို့တွင် ရင်သွေး နှစ်ဦး ထွန်းကားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lin Ching Hsia’s $190mil Mansion Revealed (8days)

 

[Zawgyi]

 

တုန္းဖန္းပုပိုက္ (သို႔မဟုတ္) လင္ခ်င္းရွာ၏ ေဒၚလာ သန္း ၁၉၀ တန္စံအိမ္

တုန္းဖန္းပုပိုက္အျဖစ္ Swordsman II တြင္ ပါဝင္သရုပ္ေဆာင္ကာ ဒိတ္ဒိတ္ၾကဲတစ္ဦးျဖစ္လာသူ ေဟာင္ေကာင္၊ ထိုင္ဝမ္ရုပ္ရွင္ နတ္ဖုရားမ လင္ခ်င္းရွာသည္ မ်ားစြာေသာ ပရိသတ္တို႔အတြက္ အရာရာျဖစ္ခဲ့သည္။

ကၽြႏု္ပ္တို႔၏ မသိမီလိုက္ေသာ ကာလ ကၽြႏု္ပ္တုိ႔ မိဘမ်ား၏ ေခတ္အခါ ၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္း ေငြေရာင္ပိတ္သားျပင္ကို သိမ္းပိုက္စိုးမိုးခဲ့ေသာ ထိုင္ဝမ္အလွနတ္သမီး ျဖစ္၏။

လင္ခ်င္းရွာသည္ ေဟာင္ေကာင္သူေဌးၾကီး မိုက္ကယ္ရင္းႏွင့္ ၁၉၉၄ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး ရုပ္ရွင္ေလာကမွ အနားယူခဲ့ကာ လြန္စြာတန္ဖုိးၾကီးလွေသာ စံအိမ္ၾကီးတြင္ ဘဝ၏ က်န္ရွိေသာ ကာလမ်ားကို ျဖတ္သန္းလ်က္ ရွိသည္။

မဂၤလာသက္တမ္း ႏွစ္ ၂၀ ျပည့္ခဲ့သည့္ ၂၀၁၄ ခုႏွစ္တြင္ မိုက္ကယ္ရင္းက လင္ခ်င္းရွာအတြက္ စတုရန္းမီတာ ၃၆၀၀ ခန္႔အထိ က်ယ္ဝန္းေသာ စံအိမ္ၾကီးတစ္လံုးကို ေဟာင္ေကာင္မွ Kowloon Peak ေတာင္ကုန္းေျခရင္းတြင္ ေဆာက္လုပ္ေပးခဲ့သည္။ စံအိမ္၏ အက်ယ္အဝန္းကို ခန္႔မွန္းႏိုင္ရန္ ႏႈိင္းယွဥ္ျပရမည္ဆိုပါက စကၤာပူရွိ အိပ္ခန္း ၄ ခန္းပါ HDB လူေနခန္းေပါင္း ၃၅ ခန္းစာခန္႔ က်ယ္ဝန္းေသာ စံအိမ္ၾကီးျဖစ္သည္။

အခ်ဳိ႕ေသာ သတင္းရင္းျမစ္မ်ား၏ အဆိုအရ စံအိမ္ၾကီး၏ တန္ေၾကးမွာ ထိုင္ဝမ္ေဒၚလာ ၄ ဒသမ ၂ ဘီလီယံ (ကန္ေဒၚလာ ၁၃၆ သန္းေက်ာ္) တန္ေၾကးရွိသည္ဟု ဆိုသည္။

ႏွစ္ေပါင္းမ်ားစြာ ကာလအေတာအတြင္း လင္ခ်င္းရွာ၏ ပရိသတ္တို႔မွာ စံအိမ္ျပင္ပျမင္ကြင္းမ်ားကိုသာ ၾကည့္ရႈအားက်ခဲ့ရျပီး အတြင္းပိုင္းျမင္ကြင္းမ်ား ေတြ႔ျမင္ခြင့္မရခဲ့ၾက။

သို႔ေသာ္ မၾကာေသးမီကမူ ယင္းစံအိမ္ၾကီးကို ဒီဇုိင္းေရးဆြဲေဆာက္လုပ္ေပးခဲ့သည့္ ဗိသုကာအဖြဲ႔က လင္ခ်င္းရွာ၏ စံအိမ္အတြင္းပိုင္း ျမင္ကြင္းဓာတ္ပံုမ်ားကို ၎တုိ႔၏ ဝက္ဘ္ဆိုက္တြင္ လႊင့္တင္ခဲ့ရာ လင္ခ်င္းရွာ၏ စံအိမ္ကို ပရိသတ္တို႔ ေတြ႔ျမင္ခြင့္ရလာၾကသည္။

ဓာတ္ပံုမ်ားတြင္ ေတြ႔ျမင္ရမႈအရ ေကာက္ခ်က္ဆြဲႏိုင္သည္မွာ အလွနတ္ဖုရားမတစ္ဦးအတြက္ သင့္ေတာ္လွသည့္ စံအိမ္ဟု ဆိုႏိုင္သည္။

(သတင္းမုဆိုးတစ္ဦး ရိုက္ကူးထားေသာ ေကာင္းကင္ျမင္ကြင္းဓာတ္ပံု)

(လံုျခံဳေရး- ခံတပ္ၾကီးတစ္ခုႏွင့္ မ်ားစြာတူေနေသာ လင္ခ်င္းရွာ၏ စံအိမ္ဝန္းအတြင္း လံုျခံဳေရးအေစာင့္မ်ား ကင္းလွည့္ေနေလ့ရွိသည္။ )

(လင္ခ်င္းရွာ၏ စံအိမ္အတြင္းပိုင္း ျမင္ကြင္း)

(စံအိမ္အတြင္းပိုင္း အျခားဓာတ္ပံုတစ္ခု)

(ဤဓာတ္ပံုမွာ လင္ခ်င္းရွာ၏ စံအိမ္ေဆာက္လုပ္ေနဆဲကာလတြင္ ရိုက္ကူးခဲ့သည့္ ဓာတ္ပံု ျဖစ္သည္)

(ပါတီပြဲ- လင္ခ်င္းရွာ၊ ခင္ပြန္းျဖစ္သူႏွင့္ သမီး ၃ ဦးတို႔ လင္ခ်င္းရွာ၏ အသက္ ၆၀ ျပည့္ ေမြးေန႔ ပါတီပြဲတြင္ ေတြ႔ရပံု။ ဝဲဘက္မွ ပထမဆံုးတစ္ဦးမွာ မိုက္ကယ္ရင္း၏ ပထမအိမ္ေထာင္မွထြန္းကားေသာ အၾကီးဆံုး သမီးၾကီး Claudine ျဖစ္သည္။ လင္ခ်င္းရွာႏွင့္ မိုက္ကယ္ရင္းတို႔တြင္ သမီး ၂ ဦးထြန္းကားျပီး Oi Lum ႏွင့္ Yin Oi တို႔ျဖစ္ၾကသည္)

(အကၤ်ီအျဖဴဆင္တူျဖင့္ ရိုက္ကူးထားေသာ မိသားစုဓာတ္ပံု)

(လင္ခ်င္းရွာႏွင့္ မိုက္ကယ္ရင္းတို႔ ထိမ္းျမားမဂၤလာေန႔က…)

လင္ခ်င္းရွာသည္ ၁၉၉၂ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ Swordsman II ဇာတ္ကားတြင္ တုန္းဖန္းပုပိုက္အျဖစ္ သရုပ္ေဆာင္ခဲ့မႈျဖင့္ ဒိတ္ဒိတ္ၾကဲသရုပ္ေဆာင္တစ္ဦး ျဖစ္လာခဲ့ကာ အာရွ၏ အလွဆံုးမင္းသမီးအျဖစ္လည္း တစ္ေခတ္တစ္ခါက သတ္မွတ္ခံခဲ့ရသူ ျဖစ္သည္။

(လင္ခ်င္းရွာ ဘယ္သူလဲ)

လင္ခ်င္းရွာ (林青霞 -Lín Qīngxiá- Brigitte Lin Ching-hsia) သည္ ၁၉၈၀- ၉၀ ျပည့္လြန္ကာလမ်ားတြင္ နာမည္ေက်ာ္ခဲ့သည့္ ထိုင္ဝမ္ရုပ္ရွင္မင္းသမီးတစ္ဦး ျဖစ္သည္။

လင္ခ်င္းရွာကို သူသရုပ္ေဆာင္ခဲ့ေသာ တုန္းဖန္းပုပိုက္ ဇာတ္ေကာင္ႏွင့္ တြဲၿပီးျမင္ေလ့ရိွသည္။ လင္ခ်င္းရွားႏွင့္ တုန္းဖန္းပုပိုက္ ဇာတ္ေကာင္မွာ တသားတည္းျဖစ္ေနသကဲ့သို႔ သရုပ္ေဆာင္ေကာင္းခဲ့၏။

လင္ခ်င္းရွာကို (ေမြး-၁၉၅၄)ကို ထိုင္ဝမ္ႏိုင္ငံ၊ က်ားယိၿမိဳ႕ 嘉義市 တြင္ ေမြးဖြားခဲ့သည္။ လင္ခ်င္းရွာ အထက္တန္းေအာင္ၿပီးေနာက္ တကၠသိုလ္တက္ရန္ ျပင္ဆင္ေနဆဲမွာပင္ ရုပ္ရွင္ေလာကထဲ ဝင္ရန္ အေၾကာင္းဖန္လာခဲ့သည္။

ရုပ္ရွင္ထုတ္လုပ္သူတစ္ဦးက လင္ခ်င္းရွာကို သတိထားမိခဲ့ရာမွ ရုပ္ရွင္ရိုက္ကူးရန္ ကမ္းလွမ္းခဲ့သည္။

၁၉၇၃ ခုႏွစ္တြင္ ရုပ္ရွင္စတင္ရိုက္ကူးခဲ့ၿပီး Outside the Window ဆိုသၫ့္ဇာတ္ကားႏွင့္ ပြဲထြက္လာခဲ့သည္။ လင္ခ်င္းရွာသည္ စန္းရွိသည္ဟု ဆိုရမည္။

ထိုရုပ္ရွင္တစ္ကားတည္းျဖင့္ နာမည္ၾကီးမင္းသမီးျဖစ္လာၿပီး ပရိသတ္အသည္းစြဲျဖစ္ေအာင္လည္း ဆြဲေဆာင္ႏိုင္ခဲ့သည္။

ထိုေခတ္ထိုအခါက လင္ခ်င္းရွာအပါအဝင္ တျပိဳင္တည္းနာမည္ေက်ာ္လာသူ ေခတ္ျပိဳင္သရုပ္ေဆာင္ ၄ ဦးရိွသည္။ လင္ဖုန္ေက်ာင္း၊ ခ်င္ရွန္လင္၊ ခ်င္ဟန႔္တို႔ျဖစ္သည္။ လင္မ်ိဳးႏႊယ္ ၂ ဦး၊ ခ်င္မ်ိဳးႏြယ္ ၂ ဦးဟု ေျပာစမွတ္တြင္သည္။

ထူးျခားခ်က္မွာ လင္မ်ိဳးႏြယ္ ၂ ဦးမွာ မိန္းကေလးမ်ားျဖစ္ၿပီး ခ်င္မ်ိဳးႏြယ္ ၂ ဦးမွာ ေယာက်ာ္းေလးမ်ားျဖစ္သည္။

ထိုေခတ္က ၎တို႔ ၄ ဦးရိုက္ကူးသၫ့္ ဇာတ္ကားမ်ားသည္ ထိုင္ဝမ္တြင္ေပါက္သည့္ဇာတ္ကားမ်ား ျဖစ္ခဲ့သည္။ လင္ခ်င္းရွာသည္ ၁၉၇၆ ခုႏွစ္တြင္ ထိုင္ဝမ္နာမည္ႀကီး စာေရးဆရာမ ခ်ံဳးေယာင္၏ ကုမၸဏီႏွင့္ လက္တြဲခဲ့သည္။

ဟြမ္က်ဳးေကာေကာ ဇာတ္ကားဟု ျမန္မာႏိုင္ငံတြင္ နာမည္ႀကီးခဲ့သၫ့္ My Fair Princess ဇာတ္လမ္းတြဲမွာ ဆရာမ ခ်ံဳးေယာင္၏ ဝတၳဳျဖစ္သည္။

လင္ခ်င္းရွာသည္ ဆရာမ ခ်ံဳးေယာင္၏ ကုမၸဏီႏွင့္ ၁၉၇၆ ခုႏွစ္မွ ၁၉၈၂ ခုႏွစ္အထိ လက္တြဲခဲ့ၿပီး ေခါင္းေဆာင္မင္းသမီးအျဖစ္ ဇာတ္ကား ၁၂ ကား ရိုက္ကူးခဲ့သည္။

လင္ခ်င္းရွာသည္ သရုပ္ေဆာင္ျဖစ္သၫ့္အခ်ိန္မွစ၍ ၇ ႏွစ္တာ ကာလအတြင္း ရုပ္ရွင္ကားေပါင္း ၅၀ ေက်ာ္ကို ရိုက္ကူးခဲ့သည္။ ၁၉၇၉ ခုႏွစ္တြင္ သရုပ္ေဆာင္ျခင္းကို ခဏရပ္နားထားၿပီး အေမရိကန္တြင္ တစ္ႏွစ္ခြဲခန႔္ သြားေရာက္ေနထိုင္ခဲ့ ေသးသည္။

ထို႔ေနာက္ ေဟာင္ေကာင္ရုပ္ရွင္ေလာကထဲသို႔ ဝင္ေရာက္ခဲ့ၿပီး ဂ်က္ကီခ်မ္းႏွင့္ Love Massacre (၁၉၈၁)၊ Zu Warriors from the Magic Mountain (၁၉၈၃)၊ Police Story (၁၉၈၅) ဇာတ္ကားမ်ားတြင္ ပူးတြဲ သရုပ္ေဆာင္ခဲ့သည္။

၁၉၉၀ ခုႏွစ္တြင္ ဂ်ပန္အလိုေတာ္ရိႏွင့္ ခ်စ္ႀကိဳက္မိသြားသၫ့္ တရုတ္အမ်ိဳးသမီး စာေရးဆရာမေလးအေၾကာင္း ရိုက္ကူးထားသည့္ Red Dust ဇာတ္ကားျဖင့္ ၂၇ ႀကိမ္ေျမာက္ Golden Horse Awards ဆုေပးပြဲတြင္ အေကာင္းဆံုးသရုပ္ေဆာင္ဆုကို ရရိွခဲ့သည္။

လင္ခ်င္းရွာသည္ အမ်ိဳးသမီးဇာတ္ေကာင္အျဖစ္ သရုပ္ေဆာင္ျခင္းထက္ အမ်ိဳးသားပံုစံ သရုပ္ေဆာင္ျခင္းမ်ဳိးျဖင့္ ပို၍ နာမည္ေက်ာ္ၾကားခဲ့သည္။

၁၉၇၇ ခုႏွစ္တြင္ ခန္းေဆာင္နီ အိပ္မက္ ဝတၳဳအား ရိုက္ကူးထားသၫ့္ ရုပ္ရွင္တြင္ အမ်ိဳးသားဇာတ္ေကာင္ က်ားေပါင္ယြီ ေနရာမွ သရုပ္ေဆာင္ခဲ့သည္။

၁၉၉၂ ခုႏွစ္တြင္ စတီဗင္ေခ်ာင္ႏွင့္ တြဲဖက္ၿပီး Royal Tramp 2 တြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။ ထိုဇာတ္ကားတြင္လည္း လင္ခ်င္းရွာသည္ မန္ခ်ဴးအစိုးရကို ပုန္ကန္သူ ေျမေအာက္ေတာ္လွန္ေရးဂိုဏ္း ျဖစ္ေသာ ေကာင္းကင္နဂါးဂိုဏ္းခ်ဳပ္အျဖစ္ ေယာက်္ားပံုစံ သရုပ္ေဆာင္ခဲ့သည္။

လင္ခ်င္းရွာအား ထင္ရွားေစခဲ့ေသာ ဇာတ္ေကာင္မွာ တုန္းဖန္းပုပိုက္ ဇာတ္ေကာင္ျဖစ္သည္။

၁၉၉၂ ခုႏွစ္တြင္ ဂ်က္လီႏွင့္ တြဲဖက္ၿပီး Swordman 2 ဇာတ္ကားထဲတြင္ တုန္းဖန္းပုပိုက္အျဖစ္ သရုပ္ေဆာင္ခဲ့သည္။ Swordman 2 ဇာတ္ကားသည္ အႀကီးအက်ယ္ေအာင္ျမင္ခဲ့ၿပီး ေဟာင္ေကာင္ရုပ္ရွင္ေလာက၏ အေကာင္းဆံုး ရုပ္ရွင္မ်ားအနက္တစ္ခုအျဖစ္ သတ္မွတ္ခဲ့ၾကသည္။

ထို႔ေနာက္ လင္ခ်င္းရွာသည္ သိုင္းဇာတ္လမ္းတြဲမ်ားတြင္လည္း ဆက္တိုက္သရုပ္ေဆာင္ခဲ့ရသည္။ ထိုအထဲမွ New Dragon Gate Inn (၁၉၉၂ ခုႏွစ္) ႏွင့္ The Bride with White Hair (၁၉၉၃ ခုႏွစ္) မွာ Swordman ကဲ့သို႔ ေအာင္ျမင္မႈရရိွခဲ့သၫ့္ ဇာတ္ကားမ်ား ျဖစ္ၾကသည္။

လင္ခ်င္းရွာသည္ လင္မ်ိဳးႏြယ္ ၂ ေယာက္၊ ခ်င္မ်ိဳးႏြယ္ ၂ ေယာက္ထဲမွ ခ်င္ဟန႔္ႏွင့္ ခ်စ္ႀကိဳက္ခဲ့ဖူးသည္ဟု သတင္းထြက္ခဲ့ဖူးသည္။

၁၉၉၄ ခုႏွစ္တြင္ ေဟာင္ေကာင္စီးပြားေရးလုပ္ငန္းရွင္ ရွင္လီယြမ္ (Michael Ying) ႏွင့္ လက္ထပ္ခဲ့သည္။ မိုက္ကယ္ရင္းသည္ ပထမအိမ္ေထာင္ရွိျပီး အိမ္ေထာင္ကြဲ ကေလးတစ္ေယာက္ ဖခင္ျဖစ္သည္။ မိုက္ကယ္ရင္းႏွင့္ လင္ခ်င္းရွာတို႔တြင္ ရင္ေသြး ႏွစ္ဦး ထြန္းကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lin Ching Hsia’s $190mil Mansion Revealed (8days)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service