မြေကွက်တိုင်းတာခြင်းအနက်မှ ရုံးတိုင်းလျှောက်ထားခြင်းနှင့် ဘာကြောင့်ရုံးတိုင်းလျှောက်ထားရသလဲ။

မြေကွက်တိုင်းတာခြင်းအနက်မှ ရုံးတိုင်းလျှောက်ထားခြင်းနှင့် ဘာကြောင့်ရုံးတိုင်းလျှောက်ထားရသလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
9 May 2022 1:21 pm တွင် တင်ခဲ့သည်
1320 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မြေကွက်တိုင်းတာခြင်းတွင် အဓိကအရေးကြီးသောအချက်မှာ တိုင်းတာမည့်မြေကွက်နှင့် ထိစပ် နေသော မြေကွက်ဘေးလားရာလေးရပ်ရှိ မြေကွက်ပိုင်ရှင်တို့၏ မြေကွက်တိုင်းတာသည်ကို သိရှိ ကြောင်း ထောက်ခံချက်လက်မှတ်ပင်ဖြစ်သည်။ အများအားဖြင့် မြေကွက်တိုင်းခြင်းသည် ထိစပ်နေသော မြေကွက်များ အပြန်အလှန် ကျူးလွန်မှု ရှိ/မရှိသိရှိလိုကြသည့်အတွက်ဖြစ်သည်။ အဆိုပါအနေအထား တွင် ထိစပ်နေသော မြေကွက်ပိုင်ရှင်တို့၏ သိရှိကြောင်းလက်မှတ်ကိုရယူရန်မှာ မလွယ်ကူပေ။

အဆိုပါအခြေအနေတွင် ရုံးတိုင်းတာခြင်းနည်းလမ်းဖြင့်သာ အများဆုံးဆောင်ရွက်သွားရမည့် အနေအထားဖြစ်သည်။ ရုံးတိုင်းတာခြင်းနည်းလမ်းဖြင့် မြေကွက်ချင်း အပြန်အလှန် ကျူးကျော်မှုတို့ကို သိရှိလာနိုင်မည်ဖြစ်သည်။

ရုံးတိုင်းတာဆောင်ရွက်ခြင်းဆိုသည်မှာ မြေတိုင်းတာ၍ အတိုင်းအတာမြေပုံများ သတ်မှတ် ပေးရာတွင် မြေစာရင်းနှင့်ထုတ်ပေးသည့် မြေတိုင်းမြေပုံဧရိယာ မကိုက်ညီ၍ လျှောက်ထားသူမှ မြေစာရင်းဧရိယာအတိုင်း ရယူလိုပါကြောင်းတင်ပြလာပါက တိုင်းတာတွေ့ရှိသည့် အခြေအနေကို ဦးစွာရှင်းပြပြီး လျှောက်ထားသူက ထပ်မံ၍ လက်ခံရယူလိုခြင်း မရှိကြောင်းတင်ပြလာလျှင် မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသည် ရုံးတိုင်းတာ ဆောင်ရွက်ရန်လျှောက်ထားစေပြီး ဌာနမှသတ်မှတ်သော မြေတိုင်းဝန်ဆောင်ခကို ပေးသွင်းသွားရန်ဖြစ်သည်။

ရုံးတိုင်းတာဆောင်ရွက်ပါက အောက်ဖော်ပြပါအဖွဲ့များဖြင့် လျှောက်ထားသူ၏ မြေကွက်တည် ရှိနေသည့် Block တစ်ခုအတွင်းရှိနေသော မြေကွက်အားလုံးကို ဝင်ရောက် စစ်ဆေးတိုင်းတာနိုင်သည့် -

(က) ဌာနမှ တာဝန်ပေးအပ်သည့် မြေတိုင်းအရာရှိ တစ်ဦးခေါင်းဆောင်သည့် မြေတိုင်းအဖွဲ့၊

(ခ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး၊

(ဂ) မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ကိုယ်စားလှယ်တစ်ဦး၊

(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ကိုယ်စားလှယ်တစ်ဦး၊

(င) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကိုယ်စားလှယ်တစ်ဦး၊

(စ) ရုံးတိုင်းတာလျှောက်ထားသူနှင့် ဖြန့်ဝေခြင်းပါ ဘေးမြေကွက်ပိုင်ရှင်များ။

မြေတိုင်းတာရာတွင် မြေကွက်အပြန်အလှန်ကျူးလွန်မှုရှိပြီး မြေပြင်လျော့နည်းနေပါက ရုံးတိုင်းတာ ဆောင်ရွက်ခြင်းကို ဆောင်ရွက်နိုင်ပြီး ကျူးလွန်ခြင်းပြမြေပုံကို ထပ်မံလျှောက်ထား နိုင်သည်။

ပါမစ်မြေတိုင်းတာရာတွင် အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားခြင်းဖြစ်ပါက ဆောင်ရွက် နိုင်ပြီး ရုံးတိုင်းဆောင်ရွက်ပေးနိုင်ပါသည်။

ပါမစ်အား အရပ်စာချုပ်ဖြင့် တစ်ဆင့်ဝယ်ယူထားသူတို့မှ ဂရန်သစ်ရရှိရန် လျှောက်ထားရာတွင် မြေပြင်စစ်ဆေးမှုအပေါ် ရုံးတိုင်းလျှောက်ထားခြင်းအား ခွင့်မပြုပါ။ သို့ရာတွင် မြေတိုင်းမှ ကွင်းဆင်း တိုင်းတာရာ၌ လျှောက်ထားသောမြေကွက်သည် ဧရိယာလျော့နည်းနေပါက လျှောက်ထား မြေကွက် ပါဝင်သည့် Block တစ်ခုလုံးအား တစ်ပါတည်း တိုင်းတာ စိစစ်သွား မည်ဖြစ်ပါသည်။

လိုင်စင်တို့ကို လျှောက်ထားလာပါက မြေတိုင်းတာခြင်းကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရုံးတိုင်းတာခြင်း၊ ကျူးလွန်ခြင်းမြေပုံ လျှောက်ထားခြင်းတို့ကို ဆောင်ရွက်ပေးမည် မဟုတ်ပါ။

မြေပြင်အသုံးပြုမှုသည် နောက်ဖေးလမ်းကြား (BDS) ပါမှသာ မြေစာရင်းဧရိယာ ပြည့်မီခြင်း သို့မဟုတ် မပြည့်မီခြင်းတို့ ဖြစ်ပေါ်ပါက မြေပြင်ကို အသုံးပြုမှုစိစစ်ရာတွင် နောက်ဖေး လမ်းကြား (BDS) မရှိဘဲ Block Map တွင်သာ ရှိနေသည်ကို တွေ့ရှိရပါက အဆိုပါ နောက်ဖေးလမ်းကြား (BDS) ကို ပယ်ဖျက်နိုင်ရေးအတွက် ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြပြီးခွင့်ပြုချက်ဖြင့် ရုံးတွင်းအမိန့် ထုတ်ပြန်၍ ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မြေပြင်တွင် ရုံးတိုင်းတာမရခြင်း၊ မြေပြင်၌ ကျူးကျော်သူများရှိနေခြင်းကြောင့် တိုင်းတာ မရခြင်းမျိုးဖြစ်ပေါ်ပါက Block Map ပါ စကေးဖြင့် အလျား၊ အနံများထည့်သွင်းပေးပြီး မြေစာရင်း ဧရိယာအတိုင်း မြေတိုင်းမြေပုံထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်သည်။

မြေစာရင်းတွင် ဧရိယာ၊ အတိုင်းအတာပါဝင်ခြင်းမရှိသေးသည့် ပါမစ်မြေ၊ လိုင်စင်မြေများနှင့် ပါမစ်၊ လိုင်စင်တွင် ဧရိယာ အတိုင်းအတာပါရှိပါက ၎င်းပါရှိသည့် စာရင်းအတိုင်း မြေတိုင်းမြေပုံ ထုတ်ပေးသွားမည်ဖြစ်သည်။

မြေတိုင်းတာရာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော မြေနေရာ ကို ပိုမိုအသုံးပြုပါက ဖျက်သိမ်းစေရန်နှင့် ဖျက်သိမ်းပြီးမှသာ လျှောက်ထားမှုအပေါ် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ပါသည်။

မြေပြင်ရှိဧရိယာ၊ အတိုင်းအတာသည် မြေစာရင်းရှိထက် လျော့နည်းနေပါက ၎င်းမြေပြင် လျော့နည်းအတိုင်း လျှောက်ထားသူမှ ရယူမည်ဟု တင်ပြလာလျှင် ရုံးတွင်းအမိန့်ထုတ်ပြန်၍ ဂရန်မူရင်း၊ မူရင်းခွဲနှင့် မြေပိုင်မြေဖြစ်ပါက အမည်ပေါက်လွှဲပြောင်းမှတ်တမ်း၊ မြို့မြေစာရင်းနှင့် မြို့ကွက် မြေပုံတို့ တွင် ဧရိယာ၊ အတိုင်းအတာ ပြင်ဆင်မှတ်သား သွားမည်ဖြစ်သည်။

မြေပြင်၌ မြေစာရင်းဧရိယာထက် ပိုမိုအသုံးပြုထားပြီး ပိုမိုသုံးထားသောမြေသည် အခြားဦးပိုင် မှ ဖြစ်ပါက ပိုမိုအသုံးပြုထားကြောင်းနှင့် ဘေးမြေကွက်ဦးပိုင်မှ မြေတိုင်းလျှောက်ထားပါက ပိုမို အသုံးပြု ထားသည့်မြေအား ကျူးလွန်ခြင်းပြမြေပုံ ပေးမည်ကိုသိရှိကြောင်း၊ ထိုနေရာတွင် အခိုင်အမာ ဆောက်လုပ်ခြင်းမရှိကြောင်း ခံဝန်ကတိယူ၍ မြေစာရင်းတွင် ၎င်း၏ ဝန်ခံကတိကို မှတ်သားပြီး မြို့မြေ စာရင်းရှိဧရိယာအတိုင်း မြေပုံ/မြေရာဇဝင်ကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

မြေပြင်တိုင်းတာရာ၌ မြေစာရင်းနှင့် မြေပြင်ဧရိယာကိုက်ညီမှုရှိသော်လည်း ဌာန၏ မြို့ကွက် မြေပုံပါရှိသော စာရင်းနှင့် မြေပြင်တည်ရှိမှုပုံသဏ္ဍာန်ကွဲလွှဲပြီး၊ ဘေးပတ်ဝန်းကျင် မြေကွက် များ၊ လမ်းတို့ကို ထိခိုက်မှုမရှိပါက လျှောက်ထားသူအား မြေပြင်ရှိ ဧရိယာဖြင့် ရယူလိုခြင်း ရှိ/ မရှိ မေးမြန်း အတည်ပြုပြီး သဘောတူညီမှုရှိပါက ရုံးတွင်း အမိန့်ဖြင့် Block Map နှင့် ဂရန်အား ဌာနမှ ပြင်ဆင်ပေး နိုင်ပါသည်။ မြေတိုင်းတာလျှောက်ထားခြင်းအားလုံးအတွက် မြေတိုင်းမြေပုံထုတ်ပေးမည်ဖြစ်သည်။

မြေတိုင်းမြေပုံသည် လားရာ၌လမ်းများ၊ ချောင်း/မြောင်းများ ပါရှိပါက Block Map စကေးပါ အတိုင်း ပေများထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

R2, R3, R4 မြေ၊ B မြေနှင့် ဉယျာဉ်ခြံမြေများကို တိုင်းတာပြီးနောက် သီးခြားမြေပုံ ထုတ်ပေး ခြင်းမပြုဘဲ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က) ဝန်ခံချက်လက်မှတ် ဦးစွာ လျှောက်ထားစေပြီး ဝန်ခံချက်လက်မှတ်ထုတ်ပေးသည့် အချိန်မှသာ မြေပုံပူးတွဲ၍ ထုတ်ပေးမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 





























နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service