ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း

ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
7 May 2022 2:16 pm တွင် တင်ခဲ့သည်
476 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အစပ်စားရတာ ကြိုက်လား….. ကြိုက်တယ်။ အစာအိမ်အူလမ်းကြောင်းရော ကျန်းမာချင်လား……. အင်း…. ကျန်းမာချင်တာပေါ့။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလား….ဆိုပြီး စိတ်ပူနေပြီလား…. ဖြစ်နိုင်ပါတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလိုမျိုး ချဉ်ချဉ်စပ်စပ် ခံတွင်းတွေ့တွေ့နဲ့ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ စားစရာလေးတစ်မျိုးက လေဒီလေးတွေအသည်းစွဲ အိုပါးတို့ရဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကင်မ်ချီ ပါ။

ကင်မ်ချီကိုဘာနဲ့ လုပ်သလဲ……

ကင်မ်ချီကို မုန်ညှင်းထုတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့ အချိုးကျ ရောစပ်ပြီး အချဉ်ဖောက် ပြုလုပ်ထားတာပါ။ ကိုးရီးယား ချဉ်ဖတ်ပေါ့။ အစပ်အတွက်တော့ ငရုတ်သီး အစိမ်းမှုန့် ဒါမှမဟုတ် ငရုတ်သီးအနှစ်ကို အသုံးပြုကြပါတယ်။

ကင်မ်ချီ အပါအဝင် အချဉ်ဖောက်ထားတဲ့ စားစရာတွေရဲ့ အားသာချက်က အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာပါ။ ကဲ … ကင်မ်ချီ ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။

ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း

ကင်မ်ချီစားပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

 

အစာခြေအူလမ်းကြောင်း ကျန်းမာစေတယ်။

ကင်မ်ချီက အခြား အချဉ်ဖောက်ထားတဲ့ စားစရာတွေလိုပဲ အကျိုးပြုဘက်တီးရီးယား ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေသလို အူနံရံတွေက အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေပြီး အူမကြီးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

 

ကိုယ်ခံအား ကောင်းစေတယ်။

အစာခြေစနစ် ကျန်းမာစေမှတော့ ကိုယ်ခံအားကောင်းအောင် ထောက်ကူပေးနိုင်တယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် လိူအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာ ရရှိစေမှုက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

 

သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်။

ကင်မ်ချီစားသုံးပေးတာက သွေးတွင်းအဆီကို ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် အကျိုးမပြု ကိုလက်စထရောတွေကိုပါ။ ကြက်သွန်ဖြူ ပါဝင်နေတာကလည်း သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

 

နှလုံး ကျန်းမာစေနိုင်တယ်။

ကင်မ်ချီက သွေးတွင်းကိုလက်စထရော ကျဆင်းစေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံး ကျန်းမာစေနိုင်ပါတယ်။ ချင်း (ဂျင်း) နဲ့ ငရုတ်သီးပါဝင်မှုကလည်း နှလုံးရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

အရောင်ကျစေနိုင်တယ်။

အပြင်းအထန် ရောင်ရမ်းမှုတွေ၊ နာတာရှည် ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။ ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ် အပါအဝင် ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

 

ဦးနှောက် ကျန်းမာစေနိုင်တယ်။

အစာခြေစနစ်ကို ကျန်းမာစေပြီး ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိစေတာကြောင့် ဦးနှောက် ကျန်းမာစေဖို့အတွက် ကင်မ်ချီ စားပေးလို့ ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

 

ဝိတ်ကျစေနိုင်တယ်။

ကင်မ်ချီရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်က ဝိတ်ကျစေနိုင်တာပါ။ ကျန်းမာတဲ့ ဘ​ဝနေထိုင်မှုပုံစံအတွက် ကင်မ်ချီကို ရွေးချယ်လို့ ရပါတယ်။ အလွန်အကျွဲ စားသုံးတာမဟုတ်ဘဲ ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက ကိုယ်အလေးချိန်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။

 

မျက်လုံး ကျန်းမာစေနိုင်တယ်။

ကင်မ်ချီမှာ ဘီတကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး နဲ့ အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။

မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေဒီတွေမှာ ဖြစ်တတ်တဲ့ မိန်းမကိုယ် မှိုပိုးဝင်တာကို သက်သာစေနိုင်သလို အခြားသော အရေပြားမှိုပိုး ကူးစက်တာ၊ ပိုးဝင်ကူးစက်တာတွေကို သက်သာစေနိုင်ပါတယ်။

 

သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်တယ်။

ကင်မ်ချီကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ စားပေးလို့ ရပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းစေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ကဲ … ကင်မ်ချီကြိုက်သူလေးတွေက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ကင္မ္ခ်ီ ႀကိဳက္သူေတြအတြက္ သတင္းေကာင္း

 

အစပ္စားရတာ ႀကိဳက္လား….. ႀကိဳက္တယ္။ အစာအိမ္အူလမ္းေၾကာင္းေရာ က်န္းမာခ်င္လား……. အင္း…. က်န္းမာခ်င္တာေပါ့။ ဒါေပမယ့္ ျဖစ္ႏိုင္ပါ့မလား….ဆိုၿပီး စိတ္ပူေနၿပီလား…. ျဖစ္ႏိုင္ပါတယ္။ ဘာလို႔ မျဖစ္ႏိုင္ရမွာလဲ။ ဒီလိုမ်ိဳး ခ်ဥ္ခ်ဥ္စပ္စပ္ ခံတြင္းေတြ႕ေတြ႕နဲ႔ အစာအိမ္အူလမ္းေၾကာင္းကို က်န္းမာေစႏိုင္တဲ့ စားစရာေလးတစ္မ်ိဳးက ေလဒီေလးေတြအသည္းစြဲ အိုပါးတို႔ရဲ႕ ႐ိုးရာအစားအစာတစ္မ်ိဳးျဖစ္တဲ့ ကင္မ္ခ်ီ ပါ။

ကင္မ္ခ်ီကိုဘာနဲ႔ လုပ္သလဲ……

ကင္မ္ခ်ီကို မုန္ညႇင္းထုတ္၊ မုန္လာဥျဖဴ၊ မုန္လာဥနီ၊ ၾကက္သြန္မိတ္၊ ၾကက္သြန္ျဖဴ၊ ခ်င္း (ဂ်င္း) တို႔နဲ႔ အခ်ိဳးက် ေရာစပ္ၿပီး အခ်ဥ္ေဖာက္ ျပဳလုပ္ထားတာပါ။ ကိုးရီးယား ခ်ဥ္ဖတ္ေပါ့။ အစပ္အတြက္ေတာ့ င႐ုတ္သီး အစိမ္းမႈန္႔ ဒါမွမဟုတ္ င႐ုတ္သီးအႏွစ္ကို အသုံးျပဳၾကပါတယ္။

ကင္မ္ခ်ီ အပါအဝင္ အခ်ဥ္ေဖာက္ထားတဲ့ စားစရာေတြရဲ႕ အားသာခ်က္က အစာေျခစနစ္ကို က်န္းမာေစတဲ့ အက်ိဳးျပဳဘက္တီးရီးယားေတြ ပါဝင္ေနတာပါ။ ကဲ … ကင္မ္ခ်ီ ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေတြက ဘာေတြျဖစ္မလဲဆိုတာကို ေဆာင္းပါးေလးထဲ ဖတ္ၾကည့္ေစခ်င္ပါတယ္။

ကင္မ္ခ်ီ ႀကိဳက္သူေတြအတြက္ သတင္းေကာင္း

ကင္မ္ခ်ီစားေပးတာက အခုလို က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရ႐ွိေစႏိုင္ပါတယ္။

အစာေျခအူလမ္းေၾကာင္း က်န္းမာေစတယ္။

ကင္မ္ခ်ီက အျခား အခ်ဥ္ေဖာက္ထားတဲ့ စားစရာေတြလိုပဲ အက်ိဳးျပဳဘက္တီးရီးယား ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ အက်ိဳးျပဳဘက္တီးရီးယားေတြက အစာေျခစနစ္ကို က်န္းမာေစၿပီး အစာေၾကေစသလို အူနံရံေတြက အာဟာရေတြကို အေကာင္းဆုံး စုပ္ယူႏိုင္ေစဖို႔ ေထာက္ကူေပးပါတယ္။

ဝမ္းပ်က္ဝမ္းေလွ်ာတာ၊ ဝမ္းခ်ဳပ္တာလိုမ်ိဳး အစာေျခစနစ္ျပႆနာေတြ ကင္းေဝးေစၿပီး အူမႀကီးကိုလည္း က်န္းမာေစႏိုင္ပါတယ္။

ကိုယ္ခံအား ေကာင္းေစတယ္။

အစာေျခစနစ္ က်န္းမာေစမွေတာ့ ကိုယ္ခံအားေကာင္းေအာင္ ေထာက္ကူေပးႏိုင္တယ္ဆိုတာ ေထြေထြထူးထူး ေျပာေနစရာ မလိုပါဘူး။ ခႏၶာကိုယ္အတြက္ လိူအပ္တဲ့ အာဟာရေတြကို ျပည့္ဝစြာ ရ႐ွိေစမႈက ကိုယ္ခံအား ေကာင္းေစဖို႔ အေကာင္းဆုံး ေထာက္ကူေပးႏိုင္မွာပါ။

ေသြးတြင္းကိုလက္စထေရာ က်ဆင္းေစတယ္။

ကင္မ္ခ်ီစားသုံးေပးတာက ေသြးတြင္းအဆီကို က်ဆင္းေစႏိုင္ပါတယ္။ အထူးသျဖင့္ အက်ိဳးမျပဳ ကိုလက္စထေရာေတြကိုပါ။ ၾကက္သြန္ျဖဴ ပါဝင္ေနတာကလည္း ေသြးတြင္းကိုလက္စထေရာ က်ဆင္းေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

ႏွလုံး က်န္းမာေစႏိုင္တယ္။

ကင္မ္ခ်ီက ေသြးတြင္းကိုလက္စထေရာ က်ဆင္းေစသလို ဓာတ္တိုးဆန္႔က်င္ပစၥည္း ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ႏွလုံး က်န္းမာေစႏိုင္ပါတယ္။ ခ်င္း (ဂ်င္း) နဲ႔ င႐ုတ္သီးပါဝင္မႈကလည္း ႏွလုံးေရာဂါ မျဖစ္ေစဖို႔ အထိေရာက္ဆုံး ကာကြယ္ေပးပါတယ္။

အေရာင္က်ေစႏိုင္တယ္။

အျပင္းအထန္ ေရာင္ရမ္းမႈေတြ၊ နာတာ႐ွည္ ေရာင္ရမ္းမႈေတြကို သက္သာေစဖို႔အတြက္လည္း ကင္မ္ခ်ီ စားေပးလို႔ ရပါတယ္။ ကင္မ္ခ်ီမွာပါတဲ့ အက်ိဳးျပဳဘက္တီးရီးယားေတြက အစာေျခစနစ္ အပါအဝင္ ကိုယ္တြင္းက ေရာင္ရမ္းမႈေတြကို သက္သာေစႏိုင္ပါတယ္။

ဦးေႏွာက္ က်န္းမာေစႏိုင္တယ္။

အစာေျခစနစ္ကို က်န္းမာေစၿပီး ဦးေႏွာက္အတြက္ လိုအပ္တဲ့ အာဟာရေတြကို ျပည့္ျပည့္ဝဝ ရ႐ွိေစတာေၾကာင့္ ဦးေႏွာက္ က်န္းမာေစဖို႔အတြက္ ကင္မ္ခ်ီ စားေပးလို႔ ရပါတယ္။ အာ႐ုံေၾကာစနစ္ကို က်န္းမာေစသလို ဦးေႏွာက္ကိုလည္း က်န္းမာေစႏိုင္ပါတယ္။

ဝိတ္က်ေစႏိုင္တယ္။

ကင္မ္ခ်ီရဲ႕ ေနာက္ထပ္ က်န္းမာေရး အာနိသင္တစ္ရပ္က ဝိတ္က်ေစႏိုင္တာပါ။ က်န္းမာတဲ့ ဘ​ဝေနထိုင္မႈပုံစံအတြက္ ကင္မ္ခ်ီကို ေ႐ြးခ်ယ္လို႔ ရပါတယ္။ အလြန္အကြၽဲ စားသုံးတာမဟုတ္ဘဲ ထိုက္သင့္တဲ့ ပမာဏ စားသုံးေပးတာက ကိုယ္အေလးခ်ိန္က်ေစဖို႔ ေထာက္ကူေပးႏိုင္မွာပါ။

မ်က္လုံး က်န္းမာေစႏိုင္တယ္။

ကင္မ္ခ်ီမွာ ဘီတကယ္လ္႐ိုတင္း ႂကြယ္ဝစြာ ပါဝင္ေနသလို ဗီတာမင္ A ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ မ်က္လုံး နဲ႔ အျမင္အာ႐ုံကို က်န္းမာေစႏိုင္ပါတယ္။ အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ အျမင္အာ႐ုံျပႆနာေတြကို သက္သာေစဖို႔အတြက္လည္း ကင္မ္ခ်ီ စားေပးလို႔ ရပါတယ္။

မိႈပိုးကူးစက္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တယ္။

ကင္မ္ခ်ီမွာပါတဲ့ အက်ိဳးျပဳဘက္တီးရီးယားေတြက မိႈပိုးကူးစက္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ေလဒီေတြမွာ ျဖစ္တတ္တဲ့ မိန္းမကိုယ္ မိႈပိုးဝင္တာကို သက္သာေစႏိုင္သလို အျခားေသာ အေရျပားမိႈပိုး ကူးစက္တာ၊ ပိုးဝင္ကူးစက္တာေတြကို သက္သာေစႏိုင္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ က်ဆင္းေစႏိုင္တယ္။

ကင္မ္ခ်ီကို ဆီးခ်ိဳ ကာကြယ္ဖို႔ေရာ ကုသဖို႔အတြက္ပါ စားေပးလို႔ ရပါတယ္။ အင္ဆူလင္ တုံ႔ျပန္ႏိုင္စြမ္းကို ေကာင္းေစၿပီး ႐ုတ္တရက္ ေသြးတြင္းသၾကားဓာတ္ျမင့္တက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္ပါတယ္။

ကဲ … ကင္မ္ခ်ီႀကိဳက္သူေလးေတြက အခုလို က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရ႐ွိေစႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service