ဆိုဖာကတ္တီပါက ဘယ်လိုအသုံးဝင်သလဲ ?

ဆိုဖာကတ္တီပါက ဘယ်လိုအသုံးဝင်သလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
6 May 2022 1:28 pm တွင် တင်ခဲ့သည်
482 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

လူအများစုကကတ္တီပါရဲ့ဇိမ်ကျတဲ့အထိအတွေ့နဲ့ပုံပန်းသွင်ပြင်ကြောင့် ကြိုက်နှစ်သက်ကြပေမယ့် ထိန်းသိမ်းရခက်တာကြောင့် ပရိဘောဂတွေပေါ်မှာဖုံးအုပ်အသုံးပြုဖို့ကိုတော့ လက်တွန့်နေတတ်ကြပါတယ်။တကယ်တော့ ဒီလိုဖြစ် စရာမလိုပါဘူး။ကိုယ့်ရဲ့ဆိုဖာအတွက် ဆိုဖာကိုဘယ်အချိန်မှာသုံးရင် အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်၊ဘယ်လိုကတ္တီပါမျိုးကိုအသုံးပြုသင့်တယ်ဆိုတာလေ့လာကြည့်လို့ရပါတယ်။

တည်ဆောက်ပုံနှင့်အသွင်အပြင်

ကုလားထိုင်စွပ်နောက်ခံမှာပါတဲ့အမျှင်တွေရဲ့အလျားကိုတည်ဆောက်ပုံလို့ခေါ်တာဖြစ်ပါတယ်။ကတ္တီပါစတွေမှာအမျှင်တွေရဲ့အလျားကတိုပါတယ်။ထုတ်လုပ်ရေးလုပ်ငန်းစဉ်အတွင်းဆိုဖာတွေအတွက်အစွပ်လုပ်ဖို့ဆိုရင် ကတ္တီပါစတွေ မှာပါတဲ့အမျှင်တွေရဲ့အလျားကိုရှည်ရှည်ဖြတ်တောက်ကြရပါတယ်။ အသွင်အပြင်ဆိုတာကတော့ ကတ္တီပါအမျှင်တွေသွားတဲ့အရပ်မျက်နှာလမ်းကြောင်းကိုဆိုလိုတာပါ။ဒီလမ်းကြောင်း ပေါ်မူတည်ပြီးတချို့ကတ္တီပါတွေကတခြားဟာတွေနဲ့မတူဘဲတမူထူးခြားစွာအလင်းပြန်နိုင်ပါတယ်။ကတ္တီပါအမျှင်တွေသွားရာလမ်းကြောင်းကိုဆန့်ကျင်ပြီးလက်နဲ့ပွတ်လိုက်တဲ့အခါ ကတ္တီပါသားကပိုပြီးအရောင်ပျော့ပြောင်းသွားနိုင်သလိုအရောင် ပိုပြီးလည်းနက်နဲသွားနိုင်ပါတယ်။ဒါကောင်းတဲ့အရာပါ။ကတ္တီပါသားအုပ်ထားတဲ့ပစ္စည်းကိုထင်ရှားပေါ်လွင်စေပြီး ပရိဘောဂကိုလည်းအမြင်အာရုံအားဖြင့် ဆွဲဆောင်မှုရှိအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

အရောင်

ကတ္တီပါစက သိပ်သည်းမှုထူထပ်တဲ့အတွက် အရောင်အသွေးကိုကောင်းကောင်းဖော်ပြနိုင်ပါတယ်။သိပ်သည်းဆ ကြောင့် ကတ္တီပါစက ဆိုးဆေးပမာဏများစွာကိုစုပ်ယူနိုင်ခြင်း၊တောက်ပသောအရောင်အသွေးကိုဖန်တီးနိုင်ခြင်းဆိုတဲ့ ဂုဏ် သတ္တိတွေ ပိုင်ဆိုင်ထားပါတယ်။သာမန်ဆေးဆိုးပြီး ရက်ထားတဲ့ချည်ထည် ဒါမှမဟုတ် လီနင်သားတွေထက်စာရင် ကတ္တီပါ က အရောင်ပိုပြီးတောက်ပပါတယ်။

အရည်အသွေး

ကတ္တီပါသားအားလုံးမှာ တူညီတဲ့အရည်အသွေးရှိတာမဟုတ်ပါဘူး။အခန်းထဲက နောက်ခံအစနဲ့ကတ္တီပါစကို နှိုင်းယှဉ်ကြည့်ရင် ပါဝင်တဲ့ချည်မျှင်က အမျှင်သေးငယ်တာနဲ့ထူထပ်တာကို မြင်တွေ့ရပါလိမ့်မယ်။နမူနာစတစ်ခုကို ထောင့်ဖြတ် မျဉ်းအတိုင်းကွေးကြည့်မယ်ဆိုရင် ချည်မျှင်ကိုဘယ်လောက်ထိတင်းတင်းကျပ်ကျပ်ရက်လုပ်ထားတယ်ဆိုတာ ကြည့်လို့ရပါ တယ်။အမျှင်တွေကိုဖြတ်ပြီး နောက်ခံကိုမြင်နေရမယ်ဆိုရင် ကတ္တီပါစမှာ တစ်တုရန်းလက်မအတွင်း ချည်မျှင်တွေလျော့ရဲ နေတာဖြစ်ပြီးတော့ အရည်အသွေးလည်းကောင်းမွန်ခြင်းမရှိပါဘူး။

ခံနိုင်ရည်

ချည်ထည်တစ်ခုရဲ့ခံနိုင်ရည်စွမ်းကိုတိုင်းတာတယ်ဆိုတာ ပွတ်တိုက်ကြည့်ပြီးဆုံးဖြတ်ရတာဖြစ်ပါတယ်။လူတစ် ယောက်ထိုင်ပြီး ပြန်ထလိုက်တဲ့ပုံစံဖြစ်အောင် အသားကို နှစ်ခါပွတ်ကြည့်ပါ။ကတ္တီပါစရဲ့အမျှင်တွေက တောင့်တင်းခိုင်မာ နေသေးရင် ခံနိုင်ရည်ရှိသေးတာဖြစ်ပြီးတော့ အမျှင်လေးတွေက နှစ်ခုထက်ပိုပြီး ကျိုးကျသွားပြီဆိုရင်တော့ ခံနိုင်ရည်မရှိ တော့ပါဘူး။ကတ္တီပါသားအများစုက အကြမ်းပတမ်းခံပါတယ်။တချို့ဆိုရင် နှစ်ခါပွတ်တဲ့အကြိမ်ပေါင်း ၂၅၀၀၀၀ ထိလုပ် ဆောင်နိုင်ပါတယ်။

ပိပြားခြင်း

အရမ်းအကြမ်းခံပါတယ်ဆိုတဲ့ကတ္တီပါတောင် ပုံမှန်အသုံးပြုနေရာကနေ ဖိခြေလိုက်တဲ့ဒဏ်ကိုခံနိုင်ရည်မရှိပါ ဘူး။ကတ္တီပါက ဖိခြေတာကိုမခံနိုင်တာ ချွတ်ယွင်းချက်မဟုတ်ပါဘူး။ဖြစ်တတ်ပါတယ်။တချို့က ကတ္တီပါကို ပိပြားနေ တဲ့ပုံစံနဲ့ကြိုက်ပါတယ်။တချို့ကတ္တီပါအမျိုးအစားတွေကတော့ ထည့်သွင်းလုပ်ဆောင်တဲ့ပစ္စည်းနဲ့ ရက်လုပ်တဲ့သိပ်သည်းမှု ကြောင့် ဖိခြေမှုကိုခံနိုင်ရည်မရှိတတ်ကြပါဘူး။

အခြေခံကုန်ကြမ်း

ကတ္တီပါကို ဘယ်အမျှင်နဲ့မဆိုရက်လုပ်လို့ရပါတယ်။သဘာဝချည်မျှင်၊သစ်စေး၊ချည်မျှင်တုတွေနဲ့ရက်လုပ်ထားတဲ့ ကတ္တီပါတွေတောင်ရှိပါတယ်။အရည်အသွေးအကောင်းဆုံးတက္တီပါစတစ်ခုကိုဖန်တီးဖို့ အနည်းဆုံးအမျှင်နှစ်မျိုးလောက်သုံး ပြီး ရက်လုပ်တတ်ကြပါတယ်။

ပိုးကတ္တီပါ

ပိုးကတ္တီပါက ထိလိုက်ကိုင်လိုက်ရင် အရမ်းနူးညံ့မှုရှိပြီး ရေစိုနေတယ်လို့ထင်ရလောက်အောင် အရောင်က စိုနေပါ တယ်။ဒါပေမဲ့ အကြမ်းပတမ်းအသုံးမပြုတဲ့ပစ္စည်းတွေအတွက် အသုံးပြုလို့သင့်တော်ပါတယ်။တခြားသဘာဝချည်ထည်တွေ လိုပဲ ပိုးကတ္တီပါက နေရောင်နဲ့ထိရင် အရောင်မှိန်သွားတတ်ပါတယ်။

လီနင်ကတ္တီပါ

လီနင်ကတ္တီပါက ခြောက်သွေ့တဲ့အရောင်ရှိပြီး ဆိုးဆေးကို ကောင်းကောင်းစုပ်ယူနိုင်တဲ့အတွက် နက်မှောင်ပြီး အ ရောင်အသွေးကောင်းမွန်ပါတယ်။လီနင်ချည်မျှင်က ထူးထူးခြားခြားထူထဲမှုရှိတာကြောင့် လီနင်ကတ္တီပါစတွေမှာ ပုံမှန်မ ဟုတ်တဲ့အစင်းကြောင်းတွေရှိနေတတ်ပါတယ်။လီနင်ကတ္တီပါသားအမျှင်က တခြားကတ္တီပါသားတွေထက် ပိုတိုလေ့ရှိပါပြီး ပွန်းပဲ့ခြင်းနဲ့ပိပြားခြင်းတို့ပိုပြီးဖြစ်နိုင်ခြေများပါတယ်။တခြားအမျိုးအစားတွေထက်စာရင် လေဝင်လေထွက်ကောင်းမွန်ပြီး အေးမြတာကြောင့် လီနင်ကတ္တီပါကို နွေးထွေးတဲ့ရာသီဥတုတွေမှာ ပိုပြီးလူကြိုက်များပါတယ်။

ဝါဂွမ်းကတ္တီပါ

ဝါဂွမ်းကတ္တီပါက အလွယ်တကူပိပြားသွားနိုင်တဲ့အတွက် ပိုမိုရုန်းကြွနိုင်ဖို့ ပိုလီအက်စတာလို တခြားအမျှင်နဲ့ရော နှောအသုံးပြုလေ့ရှိပါတယ်။အရောင်မှိန်ပေမယ့် အရောင်တောက်ပပြီး ကြံ့ခိုင်အောင် ပိုးတုချည်နဲ့ရောနှောအသုံးပြုနိုင်ပါ တယ်။

သိုးမွေးကတ္တီပါ

ကတ္တီပါကို သိုးမွေးနဲ့လည်း ရက်လုပ်လို့ရပါတယ်။ကြံ့ခိုင်မှုရှိတဲ့အပြင် ရုန်းကြွမှုရှိတဲ့ကတ္တီပါစတစ်ခုအတွက် အ ကောင်းဆုံးစံချိန်စံနှုန်းတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။သိုးမွေးကတ္တီပါက အရမ်းထူထဲပြီး ပိုးနဲ့သစ်စေးအမျှင်တွေ လောက် တောက်ပြောင်ခြင်းမရှိပါဘူး။

ချည်မျှင်တုကတ္တီပါ

ချည်မျှင်တုကတ္တီပါတွေကို အရည်အသွေးမြင့်ပိုလီအက်စတာသားနဲ့လုပ်ထားတာပါ။တော်ရုံနဲ့ ပိပြားသွားခြင်းမရှိ ပါဘူး။အရောင်လည်းမမှိန်ဘူးဆိုပေမယ့် သဘာဝချည်မျှင်နဲ့လုပ်ထားတဲ့ကတ္တီပါသားတွေလို နက်မှောင်တဲ့အရောင်ကို တော့ ပေးနိုင်စွမ်းမရှိပါဘူး။ချည်မျှင်တုကို သဘာဝချည်မျှင်နဲ့ရောလိုက်မယ်ဆိုရင်တော့ နှစ်ခုလုံးအတွက်အကောင်းဆုံးဖြစ် လာနိုင်ပါတယ်။

ဖြတ်တောက်ထားသည့်ကတ္တီပါ

ဖြတ်တောက်ထားတဲ့ကတ္တီပါက အမျှင်ထဲမှာဖြတ်ရာရှိပါတယ်။ဖြတ်ရာကို ရိုးရာပန်းပွင့်ဒီဇိုင်းကနေ ခေတ်ပေါ်ဂျီသြ မေတြီဒီဇိုင်းကွက်တွေအထိ ဒီဇိုင်းအမျိုးမျိုးလုပ်ဆောင်နိုင်ပါတယ်။

ဘယ်အမျိုးအစားက သင့်တော်လဲ

ကတ္တီပါက တခြားချည်မျှင်တွေနဲ့ယှဉ်ရင် ဂရုစိုက်ရတယ်ဆိုပေမယ့် ကြံ့ခိုင်မှုရှိတဲ့အတွက် သုံးရတာတန်ပါတယ်။ ကိုယ်အသုံးပြုမယ့်ရည်ရွယ်ချက်နဲ့ကိုက်မယ့်ကတ္တီပါသားကိုသာ ရွေးချယ်ဝယ်ယူပါ။သာမန်အသုံးပြုတာထက်ပိုချင်တယ်ဆို ရင် ပိုး ဒါမှမဟုတ် ဝါကတ္တီပါကိုမသုံးပါနဲ့။ကုလားထိုင်စွပ်အတွက်ဆိုရင် အကြိမ်ပေါင်းများစွာထိတွေ့အသုံးပြုနေရမှာဖြစ်တဲ့ အတွက် တင်းတင်းကြပ်ကြပ်ရက်လုပ်ထားတဲ့ သိုးမွေး ဒါမှမဟုတ် ပိုလီအက်စတာကတ္တီပါစကိုရွေးချယ်ပါ။

အိမ်မွေးတိရစ္ဆာန်များ

ကတ္တီပါက အမွေးတွေကိုသံလိုက်လိုစုပ်ယူနိုင်တာကြောင့် အိမ်မွေးတိရစ္ဆာန်ရှိတဲ့လူတွေအတွက်တော့ စိုးရိမ်စရာ ပါပဲ။ဖြစ်တတ်တယ်ဆိုပေမယ့် အဝတ်အပါးလေး ဒါမှမဟုတ် ကတ္တီပါဘရပ်ရှ်နဲ့ အမွေးတွေကိုပြန်ဖယ်ရှားလို့ရပါတယ်။ကတ္တီ ပါလည်းသုံးချင်တယ်။တိရစ္ဆာန်အမွေးတွေကလည်း ပြဿနာတစ်ခုဖြစ်နေတယ်ဆိုရင် ကိုယ်မွေးထားတဲ့ခွေး သို့မဟုတ် ကြောင်ရဲ့အရောင်နဲ့တစ်ထပ်တည်းတူတဲ့ ကတ္တီပါအရောင်ကိုရွေးချယ်ပါ။ကောင်းတဲ့အချက်က လီနင်လိုသိသာထင်ရှားတဲ့ ရက်ကြောင်းတွေနဲ့ချည်ထည်တစ်မျိုးထက်စာရင် ကြောင်တွေက ကတ္တီပါစထဲကို သူတို့လက်သည်းတွေဝင်သွားတဲ့အထိ ကုတ်ခြစ်နိုင်စွမ်းမရှိတာပါပဲ။

ပြုပြင်ထိန်းသိမ်းမှု

ကတ္တီပါကိုပိပြားမသွားစေရဘဲ အသစ်အတိုင်းပဲရှိနေစေချင်တယ်ဆိုရင် အောက်ပါအချက်တွေအတိုင်းလုပ်ဆောင် နိုင်ပါတယ်။ • ကူရှင်တွေကို တစ်ခုနဲ့တစ်ခုအမှီပြုပြီးနေရာကနေ ဖိမိပြီးအရာတွေမဖြစ်ပေါ်အောင် မကြာခဏနေရာပြောင်းပေးပါ။ • အဝတ်စ ဒါမှမဟုတ် ကတ္တီပါသုံးဘရပ်ရှ်နဲ့ အပတ်စဉ်သန့်ရှင်းရေးလုပ်ပေးပါ။ • ကတ္တီပါမှာအတွန့်ကြောင်းတွေမဖြစ်အောင် ကူရှင်တွေကိုအမြဲပွပွလေးဖြစ်အောင်ထားပါ။ • စာအုပ်၊ အဝေးထိန်းစက် (remote control) တို့လိုပစ္စည်းတွေကို ကတ္တီပါပေါ်မှာအကြာကြီးမထားပါနဲ့။

အခြားအရာများနှင့်လိုက်ဖက်ခြင်း

အခန်းတစ်ခုထဲမှာ ကတ္တီပါအသုံးပြုလိုက်ခြင်းက နောက်ထပ်လှပမှုတစ်ခုကိုပေးစွမ်းနိုင်ပါတယ်။လီနင်လို သိသာ ထင်ရှားတဲ့ရက်ကြောင်းတွေနဲ့ကတ္တီပါစတွေက ပိုပြည့်စုံပါတယ်။အရောင်အသွေးစုံလင်အောင်ရှိတဲ့အနက်က ကိုယ့်အခန်း ထဲမှာ တခြားအရာတွေနဲ့လိုက်ရောညီထွေရှိမယ့်အရောင်ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mm-homedecor

 

 

[Zawgyi]

ဆိုဖာကတၱီပါက ဘယ္လိုအသုံးဝင္သလဲ ?

 

လူအမ်ားစုကကတၱီပါရဲ႕ဇိမ္က်တဲ့အထိအေတြ႕နဲ႔ပုံပန္းသြင္ျပင္ေၾကာင့္ ႀကိဳက္ႏွစ္သက္ၾကေပမယ့္ ထိန္းသိမ္းရခက္တာေၾကာင့္ ပရိေဘာဂေတြေပၚမွာဖုံးအုပ္အသုံးျပဳဖို႔ကိုေတာ့ လက္တြန္႔ေနတတ္ၾကပါတယ္။တကယ္ေတာ့ ဒီလိုျဖစ္ စရာမလိုပါဘူး။ကိုယ့္ရဲ႕ဆိုဖာအတြက္ ဆိုဖာကိုဘယ္အခ်ိန္မွာသုံးရင္ အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္မယ္၊ဘယ္လိုကတၱီပါမ်ိဳးကိုအသုံးျပဳသင့္တယ္ဆိုတာေလ့လာၾကည့္လို႔ရပါတယ္။

တည္ေဆာက္ပုံႏွင့္အသြင္အျပင္

ကုလားထိုင္စြပ္ေနာက္ခံမွာပါတဲ့အမွ်င္ေတြရဲ႕အလ်ားကိုတည္ေဆာက္ပုံလို႔ေခၚတာျဖစ္ပါတယ္။ကတၱီပါစေတြမွာအမွ်င္ေတြရဲ႕အလ်ားကတိုပါတယ္။ထုတ္လုပ္ေရးလုပ္ငန္းစဥ္အတြင္းဆိုဖာေတြအတြက္အစြပ္လုပ္ဖို႔ဆိုရင္ ကတၱီပါစေတြ မွာပါတဲ့အမွ်င္ေတြရဲ႕အလ်ားကို႐ွည္႐ွည္ျဖတ္ေတာက္ၾကရပါတယ္။ အသြင္အျပင္ဆိုတာကေတာ့ ကတၱီပါအမွ်င္ေတြသြားတဲ့အရပ္မ်က္ႏွာလမ္းေၾကာင္းကိုဆိုလိုတာပါ။ဒီလမ္းေၾကာင္း ေပၚမူတည္ၿပီးတခ်ိဳ႕ကတၱီပါေတြကတျခားဟာေတြနဲ႔မတူဘဲတမူထူးျခားစြာအလင္းျပန္ႏိုင္ပါတယ္။ကတၱီပါအမွ်င္ေတြသြားရာလမ္းေၾကာင္းကိုဆန္႔က်င္ၿပီးလက္နဲ႔ပြတ္လိုက္တဲ့အခါ ကတၱီပါသားကပိုၿပီးအေရာင္ေပ်ာ့ေျပာင္းသြားႏိုင္သလိုအေရာင္ ပိုၿပီးလည္းနက္နဲသြားႏိုင္ပါတယ္။ဒါေကာင္းတဲ့အရာပါ။ကတၱီပါသားအုပ္ထားတဲ့ပစၥည္းကိုထင္႐ွားေပၚလြင္ေစၿပီး ပရိေဘာဂကိုလည္းအျမင္အာ႐ုံအားျဖင့္ ဆြဲေဆာင္မႈ႐ွိေအာင္လုပ္ေဆာင္ေပးႏိုင္ပါတယ္။

အေရာင္

ကတၱီပါစက သိပ္သည္းမႈထူထပ္တဲ့အတြက္ အေရာင္အေသြးကိုေကာင္းေကာင္းေဖာ္ျပႏိုင္ပါတယ္။သိပ္သည္းဆ ေၾကာင့္ ကတၱီပါစက ဆိုးေဆးပမာဏမ်ားစြာကိုစုပ္ယူႏိုင္ျခင္း၊ေတာက္ပေသာအေရာင္အေသြးကိုဖန္တီးႏိုင္ျခင္းဆိုတဲ့ ဂုဏ္ သတၱိေတြ ပိုင္ဆိုင္ထားပါတယ္။သာမန္ေဆးဆိုးၿပီး ရက္ထားတဲ့ခ်ည္ထည္ ဒါမွမဟုတ္ လီနင္သားေတြထက္စာရင္ ကတၱီပါ က အေရာင္ပိုၿပီးေတာက္ပပါတယ္။

အရည္အေသြး

ကတၱီပါသားအားလုံးမွာ တူညီတဲ့အရည္အေသြး႐ွိတာမဟုတ္ပါဘူး။အခန္းထဲက ေနာက္ခံအစနဲ႔ကတၱီပါစကို ႏိႈင္းယွဥ္ၾကည့္ရင္ ပါဝင္တဲ့ခ်ည္မွ်င္က အမွ်င္ေသးငယ္တာနဲ႔ထူထပ္တာကို ျမင္ေတြ႕ရပါလိမ့္မယ္။နမူနာစတစ္ခုကို ေထာင့္ျဖတ္ မ်ဥ္းအတိုင္းေကြးၾကည့္မယ္ဆိုရင္ ခ်ည္မွ်င္ကိုဘယ္ေလာက္ထိတင္းတင္းက်ပ္က်ပ္ရက္လုပ္ထားတယ္ဆိုတာ ၾကည့္လို႔ရပါ တယ္။အမွ်င္ေတြကိုျဖတ္ၿပီး ေနာက္ခံကိုျမင္ေနရမယ္ဆိုရင္ ကတၱီပါစမွာ တစ္တုရန္းလက္မအတြင္း ခ်ည္မွ်င္ေတြေလ်ာ့ရဲ ေနတာျဖစ္ၿပီးေတာ့ အရည္အေသြးလည္းေကာင္းမြန္ျခင္းမ႐ွိပါဘူး။

ခံႏိုင္ရည္

ခ်ည္ထည္တစ္ခုရဲ႕ခံႏိုင္ရည္စြမ္းကိုတိုင္းတာတယ္ဆိုတာ ပြတ္တိုက္ၾကည့္ၿပီးဆုံးျဖတ္ရတာျဖစ္ပါတယ္။လူတစ္ ေယာက္ထိုင္ၿပီး ျပန္ထလိုက္တဲ့ပုံစံျဖစ္ေအာင္ အသားကို ႏွစ္ခါပြတ္ၾကည့္ပါ။ကတၱီပါစရဲ႕အမွ်င္ေတြက ေတာင့္တင္းခိုင္မာ ေနေသးရင္ ခံႏိုင္ရည္႐ွိေသးတာျဖစ္ၿပီးေတာ့ အမွ်င္ေလးေတြက ႏွစ္ခုထက္ပိုၿပီး က်ိဳးက်သြားၿပီဆိုရင္ေတာ့ ခံႏိုင္ရည္မ႐ွိ ေတာ့ပါဘူး။ကတၱီပါသားအမ်ားစုက အၾကမ္းပတမ္းခံပါတယ္။တခ်ိဳ႕ဆိုရင္ ႏွစ္ခါပြတ္တဲ့အႀကိမ္ေပါင္း ၂၅၀၀၀၀ ထိလုပ္ ေဆာင္ႏိုင္ပါတယ္။

ပိျပားျခင္း

အရမ္းအၾကမ္းခံပါတယ္ဆိုတဲ့ကတၱီပါေတာင္ ပုံမွန္အသုံးျပဳေနရာကေန ဖိေျခလိုက္တဲ့ဒဏ္ကိုခံႏိုင္ရည္မ႐ွိပါ ဘူး။ကတၱီပါက ဖိေျခတာကိုမခံႏိုင္တာ ခြၽတ္ယြင္းခ်က္မဟုတ္ပါဘူး။ျဖစ္တတ္ပါတယ္။တခ်ိဳ႕က ကတၱီပါကို ပိျပားေန တဲ့ပုံစံနဲ႔ႀကိဳက္ပါတယ္။တခ်ိဳ႕ကတၱီပါအမ်ိဳးအစားေတြကေတာ့ ထည့္သြင္းလုပ္ေဆာင္တဲ့ပစၥည္းနဲ႔ ရက္လုပ္တဲ့သိပ္သည္းမႈ ေၾကာင့္ ဖိေျခမႈကိုခံႏိုင္ရည္မ႐ွိတတ္ၾကပါဘူး။

အေျခခံကုန္ၾကမ္း

ကတၱီပါကို ဘယ္အမွ်င္နဲ႔မဆိုရက္လုပ္လို႔ရပါတယ္။သဘာဝခ်ည္မွ်င္၊သစ္ေစး၊ခ်ည္မွ်င္တုေတြနဲ႔ရက္လုပ္ထားတဲ့ ကတၱီပါေတြေတာင္႐ွိပါတယ္။အရည္အေသြးအေကာင္းဆုံးတကၱီပါစတစ္ခုကိုဖန္တီးဖို႔ အနည္းဆုံးအမွ်င္ႏွစ္မ်ိဳးေလာက္သုံး ၿပီး ရက္လုပ္တတ္ၾကပါတယ္။

ပိုးကတၱီပါ

ပိုးကတၱီပါက ထိလိုက္ကိုင္လိုက္ရင္ အရမ္းႏူးညံ့မႈ႐ွိၿပီး ေရစိုေနတယ္လို႔ထင္ရေလာက္ေအာင္ အေရာင္က စိုေနပါ တယ္။ဒါေပမဲ့ အၾကမ္းပတမ္းအသုံးမျပဳတဲ့ပစၥည္းေတြအတြက္ အသုံးျပဳလို႔သင့္ေတာ္ပါတယ္။တျခားသဘာဝခ်ည္ထည္ေတြ လိုပဲ ပိုးကတၱီပါက ေနေရာင္နဲ႔ထိရင္ အေရာင္မွိန္သြားတတ္ပါတယ္။

လီနင္ကတၱီပါ

လီနင္ကတၱီပါက ေျခာက္ေသြ႕တဲ့အေရာင္႐ွိၿပီး ဆိုးေဆးကို ေကာင္းေကာင္းစုပ္ယူႏိုင္တဲ့အတြက္ နက္ေမွာင္ၿပီး အ ေရာင္အေသြးေကာင္းမြန္ပါတယ္။လီနင္ခ်ည္မွ်င္က ထူးထူးျခားျခားထူထဲမႈ႐ွိတာေၾကာင့္ လီနင္ကတၱီပါစေတြမွာ ပုံမွန္မ ဟုတ္တဲ့အစင္းေၾကာင္းေတြ႐ွိေနတတ္ပါတယ္။လီနင္ကတၱီပါသားအမွ်င္က တျခားကတၱီပါသားေတြထက္ ပိုတိုေလ့႐ွိပါၿပီး ပြန္းပဲ့ျခင္းနဲ႔ပိျပားျခင္းတို႔ပိုၿပီးျဖစ္ႏိုင္ေျခမ်ားပါတယ္။တျခားအမ်ိဳးအစားေတြထက္စာရင္ ေလဝင္ေလထြက္ေကာင္းမြန္ၿပီး ေအးျမတာေၾကာင့္ လီနင္ကတၱီပါကို ေႏြးေထြးတဲ့ရာသီဥတုေတြမွာ ပိုၿပီးလူႀကိဳက္မ်ားပါတယ္။

ဝါဂြမ္းကတၱီပါ

ဝါဂြမ္းကတၱီပါက အလြယ္တကူပိျပားသြားႏိုင္တဲ့အတြက္ ပိုမို႐ုန္းႂကြႏိုင္ဖို႔ ပိုလီအက္စတာလို တျခားအမွ်င္နဲ႔ေရာ ေႏွာအသုံးျပဳေလ့႐ွိပါတယ္။အေရာင္မွိန္ေပမယ့္ အေရာင္ေတာက္ပၿပီး ၾကံ့ခိုင္ေအာင္ ပိုးတုခ်ည္နဲ႔ေရာေႏွာအသုံးျပဳႏိုင္ပါ တယ္။

သိုးေမြးကတၱီပါ

ကတၱီပါကို သိုးေမြးနဲ႔လည္း ရက္လုပ္လို႔ရပါတယ္။ၾကံ့ခိုင္မႈ႐ွိတဲ့အျပင္ ႐ုန္းႂကြမႈ႐ွိတဲ့ကတၱီပါစတစ္ခုအတြက္ အ ေကာင္းဆုံးစံခ်ိန္စံႏႈန္းေတြျဖစ္ေအာင္ ဖန္တီးေပးႏိုင္ပါတယ္။သိုးေမြးကတၱီပါက အရမ္းထူထဲၿပီး ပိုးနဲ႔သစ္ေစးအမွ်င္ေတြ ေလာက္ ေတာက္ေျပာင္ျခင္းမ႐ွိပါဘူး။

ခ်ည္မွ်င္တုကတၱီပါ

ခ်ည္မွ်င္တုကတၱီပါေတြကို အရည္အေသြးျမင့္ပိုလီအက္စတာသားနဲ႔လုပ္ထားတာပါ။ေတာ္႐ုံနဲ႔ ပိျပားသြားျခင္းမ႐ွိ ပါဘူး။အေရာင္လည္းမမွိန္ဘူးဆိုေပမယ့္ သဘာဝခ်ည္မွ်င္နဲ႔လုပ္ထားတဲ့ကတၱီပါသားေတြလို နက္ေမွာင္တဲ့အေရာင္ကို ေတာ့ ေပးႏိုင္စြမ္းမ႐ွိပါဘူး။ခ်ည္မွ်င္တုကို သဘာဝခ်ည္မွ်င္နဲ႔ေရာလိုက္မယ္ဆိုရင္ေတာ့ ႏွစ္ခုလုံးအတြက္အေကာင္းဆုံးျဖစ္ လာႏိုင္ပါတယ္။

ျဖတ္ေတာက္ထားသည့္ကတၱီပါ

ျဖတ္ေတာက္ထားတဲ့ကတၱီပါက အမွ်င္ထဲမွာျဖတ္ရာ႐ွိပါတယ္။ျဖတ္ရာကို ႐ိုးရာပန္းပြင့္ဒီဇိုင္းကေန ေခတ္ေပၚဂ်ီၾသ ေမႀတီဒီဇိုင္းကြက္ေတြအထိ ဒီဇိုင္းအမ်ိဳးမ်ိဳးလုပ္ေဆာင္ႏိုင္ပါတယ္။

ဘယ္အမ်ိဳးအစားက သင့္ေတာ္လဲ

ကတၱီပါက တျခားခ်ည္မွ်င္ေတြနဲ႔ယွဥ္ရင္ ဂ႐ုစိုက္ရတယ္ဆိုေပမယ့္ ၾကံ့ခိုင္မႈ႐ွိတဲ့အတြက္ သုံးရတာတန္ပါတယ္။ ကိုယ္အသုံးျပဳမယ့္ရည္႐ြယ္ခ်က္နဲ႔ကိုက္မယ့္ကတၱီပါသားကိုသာ ေ႐ြးခ်ယ္ဝယ္ယူပါ။သာမန္အသုံးျပဳတာထက္ပိုခ်င္တယ္ဆို ရင္ ပိုး ဒါမွမဟုတ္ ဝါကတၱီပါကိုမသုံးပါနဲ႔။ကုလားထိုင္စြပ္အတြက္ဆိုရင္ အႀကိမ္ေပါင္းမ်ားစြာထိေတြ႕အသုံးျပဳေနရမွာျဖစ္တဲ့ အတြက္ တင္းတင္းၾကပ္ၾကပ္ရက္လုပ္ထားတဲ့ သိုးေမြး ဒါမွမဟုတ္ ပိုလီအက္စတာကတၱီပါစကိုေ႐ြးခ်ယ္ပါ။

အိမ္ေမြးတိရစၧာန္မ်ား

ကတၱီပါက အေမြးေတြကိုသံလိုက္လိုစုပ္ယူႏိုင္တာေၾကာင့္ အိမ္ေမြးတိရစၧာန္႐ွိတဲ့လူေတြအတြက္ေတာ့ စိုးရိမ္စရာ ပါပဲ။ျဖစ္တတ္တယ္ဆိုေပမယ့္ အဝတ္အပါးေလး ဒါမွမဟုတ္ ကတၱီပါဘရပ္႐ွ္နဲ႔ အေမြးေတြကိုျပန္ဖယ္႐ွားလို႔ရပါတယ္။ကတၱီ ပါလည္းသုံးခ်င္တယ္။တိရစၧာန္အေမြးေတြကလည္း ျပႆနာတစ္ခုျဖစ္ေနတယ္ဆိုရင္ ကိုယ္ေမြးထားတဲ့ေခြး သို႔မဟုတ္ ေၾကာင္ရဲ႕အေရာင္နဲ႔တစ္ထပ္တည္းတူတဲ့ ကတၱီပါအေရာင္ကိုေ႐ြးခ်ယ္ပါ။ေကာင္းတဲ့အခ်က္က လီနင္လိုသိသာထင္႐ွားတဲ့ ရက္ေၾကာင္းေတြနဲ႔ခ်ည္ထည္တစ္မ်ိဳးထက္စာရင္ ေၾကာင္ေတြက ကတၱီပါစထဲကို သူတို႔လက္သည္းေတြဝင္သြားတဲ့အထိ ကုတ္ျခစ္ႏိုင္စြမ္းမ႐ွိတာပါပဲ။

ျပဳျပင္ထိန္းသိမ္းမႈ

ကတၱီပါကိုပိျပားမသြားေစရဘဲ အသစ္အတိုင္းပဲ႐ွိေနေစခ်င္တယ္ဆိုရင္ ေအာက္ပါအခ်က္ေတြအတိုင္းလုပ္ေဆာင္ ႏိုင္ပါတယ္။ • ကူ႐ွင္ေတြကို တစ္ခုနဲ႔တစ္ခုအမွီျပဳၿပီးေနရာကေန ဖိမိၿပီးအရာေတြမျဖစ္ေပၚေအာင္ မၾကာခဏေနရာေျပာင္းေပးပါ။ • အဝတ္စ ဒါမွမဟုတ္ ကတၱီပါသုံးဘရပ္႐ွ္နဲ႔ အပတ္စဥ္သန္႔႐ွင္းေရးလုပ္ေပးပါ။ • ကတၱီပါမွာအတြန္႔ေၾကာင္းေတြမျဖစ္ေအာင္ ကူ႐ွင္ေတြကိုအၿမဲပြပြေလးျဖစ္ေအာင္ထားပါ။ • စာအုပ္၊ အေဝးထိန္းစက္ (remote control) တို႔လိုပစၥည္းေတြကို ကတၱီပါေပၚမွာအၾကာႀကီးမထားပါနဲ႔။

အျခားအရာမ်ားႏွင့္လိုက္ဖက္ျခင္း

အခန္းတစ္ခုထဲမွာ ကတၱီပါအသုံးျပဳလိုက္ျခင္းက ေနာက္ထပ္လွပမႈတစ္ခုကိုေပးစြမ္းႏိုင္ပါတယ္။လီနင္လို သိသာ ထင္႐ွားတဲ့ရက္ေၾကာင္းေတြနဲ႔ကတၱီပါစေတြက ပိုျပည့္စုံပါတယ္။အေရာင္အေသြးစုံလင္ေအာင္႐ွိတဲ့အနက္က ကိုယ့္အခန္း ထဲမွာ တျခားအရာေတြနဲ႔လိုက္ေရာညီေထြ႐ွိမယ့္အေရာင္ကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: mm-homedecor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service