အပျောက်စနစ်တိုက်ခန်းများတွင် အိမ်ငှါးကွယ်လွန်သွားပါက တိုက်ခန်းကို မြေရှင် ရပိုင်ခွင့် ရှိပါသလား ?

အပျောက်စနစ်တိုက်ခန်းများတွင် အိမ်ငှါးကွယ်လွန်သွားပါက တိုက်ခန်းကို မြေရှင် ရပိုင်ခွင့် ရှိပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
6 May 2022 10:09 am တွင် တင်ခဲ့သည်
1912 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

“ ဆရာ ဦးကျော်ဝင်း ရောက်နေတာကြာပြီလား ” ဟု စာရေးသူက မိမိ၏ ရုံးခန်းရှေ့တွင် ရောက်နှင့်နေသည့် ဆရာဦးကျော်ဝင်းကို ကြိုဆိုနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ထို့နောက်စာရေးသူနှင့် ဆရာဦးကျော်ဝင်းတို့သည် စာရေးသူ၏ ရုံးခန်းအတွင်း၌ စကားပြောဖြစ်ကြသည်။ ဆရာဦးကျော်ဝင်းမှာ တက္ကသိုလ်မှကတိကအငြိမ်းစားတစ်ဦးဖြစ်ပြီး မတွေ့ဖြစ်ကြသည်မှာ ကြာပြီဖြစ်သည်။

“ ဒီလိုဆရာသမားရေ ၊ ကျွန်တော့် မိဘပိုင်အဆောက်အအုံတစ်ခုရှိတယ်။မူလက လေးထပ်တိုက်ပေါ့။ တိုက်က ဆွေးနေပြီဆိုတော့ နောက်ဆုံးမှာ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခံခဲ့ရတယ် ”

“ အဲဒီအဆောက်အအုံမှာ လက်ရှိနေထိုင်တဲ့လူတွေရှိသေးလား ”

“ မရှိတော့ဘူး။ အဆောက်အအုံကို ဖြိုဖျက်ထားလိုက်ပါပြီ”

“ ဆရာဦးကျော်ဝင်းက အဆောက်အအုံအသစ် ပြန်ဆောက်ဖို့အစီအစဉ်ရှိပါသလား။ ဘယ်လိုစီစဉ်ထားတာရှိသလဲ ”

“ က်ိုယ်တိုင်ငွေအရင်းအနှီး စိုက်ထုတ်ပြီးဆောက်ဖို့က အဆင်မပြေဘူး ဆရာ။ ကန်ထရိုက်စနစ်နဲ့ ပြန်ဆောက်ဖို့ အစီအစဉ်လုပ်ခဲ့ပါတယ် ”

“ တိုက်ခန်းမှာ အိမ်ငှါးတွေရှိသေးလား”

“သုံးထပ်နှင့်လေးထပ်မှာရှိတယ်။ သူတို့ကလည်း ငွေကြေးစိုက်ထုတ်ဖို့အစီအစဉ်မရှ်ိဘူး။ ဒါပေမယ့် တိုက်ခန်းတစ်ခန်းစီပြန်ပေးဖို့တောင်းဆိုတယ် ”

“ ဆရာ ဦးကျော်ဝင်းတို့က မောင်နှမဘယ်နှစ်ယောက်ရှိသလဲ ”

“ ကျွန်တော်တို့က မောင်နှမနှစ်ယောက်ရှိတယ်။ ကျွန်တော့်အောက်က ညီမတစ်ယောက်ရှိတယ်”

“ ဒါဆိုရင် အဲဒီမြေကွက်က မိဘတွေအမည်ပေါက်ဆိုတော့ ဆရာဦးကျော်ဝင်းတို့ မောင်နှမနှစ်ဦးလုံးက ပိုင်ရှင်ဖြစ်သွားမှာပေါ့ ”

“ ဟုတ်ပါတယ်ဆရာ။ ညီမဖြစ်သူက ကျွန်တော့်ကို ကိုယ်စာလှယ်လွှဲစာ ပေးအပ်ထားပါတယ် ”

“ မြေကွက်နဲ့ ပတ်သက်ပြီး ဆရာတို့မောင်နှမနှစ်ဦးက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ဆောင်ရွက်ပြီးပါပြီလား”

“ ဟုတ်ကဲ့ အမေဆုံးပါးပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်၊ ဂရန်မြေအမည်ပေါက် ရပါပြီ ”

“ ဆရာတို့ မောင်နှမအမည်ပေါက်ဂရန်မြေဖြစ်သွားပြီဆိုရင်တော့ အခက်အခဲမရှိတော့ပါဘူး။ ကန်ထရိုက်နဲ့ ညှိနှိုင်းအဆင်ပြေရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာဌာနမှာ လျှောက်ထားဖို့ပဲ လိုပါတယ် ”

“ ကန်ထရိုက်နဲ့ညှိလိုက်တော့ ဓာတ်လှေကားပါ ရှစ်ထပ်အဆောက်အအုံဆောက်ဖို့ အဆင်ပြေသွားပါတယ်”

“ အိမ်ငှါးတွေနဲ့ ညှိနှိုင်းတော့ အဆင်ပြေရဲ့လား”

“ ခြောက်လွှာနဲ့ ခုနှစ်လွှာကို ပေးဖို့သဘောတူကြတယ် ”

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ မြေရှင် ၊ ကန်ထရိုက်တယ် ၊ အိမ်ငှါးများကို ခေါ်ယူပြီး သဘောတူစာချုပ်ချုပ်ဆိုတာရှိပါသေးသလား”

“ ဟုတ်ကဲ့ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူးရှေ့မှာ အခန်းပေး ၊ အခန်းယူ ၊ ငွေပေးငွေယူသဘောတူကတိစာချုပ်ကို မြေရှင်ကန်ထရိုက်တာနဲ့ အိမ်ငှါးနှစ်ဦးတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပါတယ် ”

“ အခု အဆောက်အအုံ စတင်ဆောက်နေပြီပေါ့ ”

“ မဆောက်ဖြစ်သေးဘူးဆရာ ။ မူလအဆောက်အအုံဟောင်းဖြိုပြီးစဉ်က စမယ်ဆိုရင် နှစ်နှစ်ကျော်သုံးနှစ်နီးပါးရှိနေပြီ ” “ ကန်ထရိုက်တာနဲ့ အဆင်မပြေလို့လား ဘာအခက်အခဲရှိနေလို့လဲ ”

“ ဆောက်လုပ်ခွင့်ကတော့ ကျပါပြီ။ မကြာမှီ ပန္နက်ရိုက် စတင်တော့မယ်လို့ ပြောပါတယ် ”

“ ဒါဆိုရင် ၊ စိတ်အေးရပြီပေါ့ဆရာ”

“ အခုကိစ္စက ကန်ထရိုက်တာနဲ့ မဟုတ်ဘူးဆရာ ”

“ အိမ်ငှါးနဲ့ အဆင်မပြေလို့လား။ သူတို့ကို တိုက်ခန်းတစ်ခန်းစီပြန်ပေးမယ်လို့ ကတိပြုလက်မှတ်ရေးထိုးထားပြီပဲလေ ”

“ ခြောက်လွှာတိုက်ခန်းကို အစားရမယ့် အိမ်ငှါးကိစ္စဆရာ။ မူလအိမ်ဟောင်းမှာ လေးလွှာမှာနေတယ်။ အဘိုးကြီးအဘွားကြီး လင်မယားနှစ်ယောက်နေတယ် ။ဆွေမျိုးသားချင်တွေကတော့ ဝင်ထွက်တာရှိတယ်။ သားသမီးမရှိဘူး။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပြီးနောက်မှာ အဘွားကြီးကွယ်လွန်သွားတယ် ”

“ ဒါဆိုရင် အဘိုးကြီးတစ်ဦးတည်းအနေနဲ့ ကတိစာချုပ် ချုပ်ဆိုခဲ့တာပေါ့ ။အခြားအတူနေသူတွေရှိသေးလား ”

“ အိမ်ထောင်စုစာရင်းထဲမှာတော့ သူတို့နှစ်ဦးပဲရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်က အဘိုးကြီးလည်း ဆုံးပါးသွားတယ်”

“ ဒါဆိုရင် အခန်းလွတ်သဘောဖြစ်သွားတာပေါ့”

“ ဟုတ်ကဲ့ အဲဒီအခန်းကို ကျွန်တော်တို့ အိမ်ရှင် (မြေရှင်) က ရခွင့်ရှိပါသလားဆိုတာ သိချင်လို့”

“ သာမန်အားဖြင့် စဉ်းစားကြည့်ရင် အိမ်ထောင်စုစာရင်းမှာ ရှိသူအားလုံးလည်း ကွယ်လွန်သွားပြီး။ အမွေဆက်ခံသူသားရင်း ၊ သမီးရင်းလည်း မရှိ ။ မကွယ်လွန်မှီကအတူနေသူ အခြားသူတစ်ဦးတစ်ယောက်မျှမရှိတဲ့အတွက် အခန်းလွှတ်သဘောသက်ရောက်သွားပါတယ်။ အမှန်တကယ်ဆက်ခံသူမရှိရင်တော့ မြေရှင် (အိမ်ရှင်) ကအဆိုပါ အခန်းကို ရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ် ”

“ ဥပဒေအကြောင်းအရ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ရှင်းပြလို့ရရင် ရှင်းပြပေးပါ”

“ ဥပဒေအကြောင်းအရမပြောမှီ ၊ လက်ရှ်ိအခြေအနေကို သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံအကြောင်းကြားစာပေးပို့ထားဖို့လိုပါတယ်။ ကွယ်လွန်သူအိမ်ငှါးဘက်ကလည်း တောင်းဆိုထားမှုတင်ပြထားမှု ရှိ မရှိ စုံစမ်းဖို့တော့လိုပါတယ် ”

“ တစ်ဖက်က သားသမီးအရင်းလည်းမရှိ ။ အတူနေသူလည်း မရှိတော့ ကန့်ကွက်မယ် မထင်ပါဘူး ”

“ တိုတိုနဲ့ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်စန်းမြင့်ပါ (၄) နှင့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၅၈ စာချွန်တော်အမှုမှာ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်၍ မူလတိုက်ဟောင်းကို ဖျက်သိမ်းပြီး တိုက်အသစ်ဆောက်ရာခြောက်ထပ်အဆောက်အအုံသစ်တွင် ပထမထပ်အခန်းကို လက်ရှိနေထိုင်သူအားပြန်လည်ထားရှိရန် ကန်ထရိုက် ၊ မြေရှင် ၊ အိမ်ငှါးဖြစ်သူတို့သဘောတူကတိစာချုပ် ချုပ်ဆိုခဲ့သည်။ ထို့နောက် အိမ်ငှါးကွယ်လွန်သွားသဖြင့် မြေရှင်က မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးဝန်ထံ အဆိုပါတိုက်ခန်းကို ၎င်းအားအိမ်ငှါးအဖြစ် ပြန်လည်ချထားပေးရန် မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးဥပဒေ ပုဒါမ ၂၁ (၄) အရ လျှောက်ထားရာခွင့်ပြုခဲ့သည်။ ဤတွင် ကွယ်လွန်သူအိမ်ငှါး၏ သားသမီးဖြစ်သူများကမကျေနပ်၍ တရားရုံးချုပ်သို့ စာချွန်လွှာတင်သွင်းခြင်းဖြစ်သည် ။တရားရုံးချုပ်က မြို့ပြဆိုင်ရာငှါးရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂ (ဆ) တွင် အိမ်ငှါး၏ တရားဝင်ကိုယ်စားလှယ်သည် အိမ်ငှါးဟု အဓိပ္ပါယ်ဖွင့်ဆိုထားသဖြင့်တရားမကျင့်ထုံးဥပဒေအရ ကွယ်လွန်သူ၏အမွေစားအမွေခံတရားဝင်ကိုယ်စားလှယ်သည်အိမ်ငှါးဖြစ်သည်။ ထို့ကြောင့် ကွယ်လွန်သူ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် သားသမီးများသည် အိမ်ငှါးအဖြစ်နေပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ကာ မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးဝန်၏ မြေရှင်အား အဆိုပါတိုက်ခန်းတွင် အိမ်ငှါးအဖြစ် ချထားခြင်းအမိန့်ကို ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါကြောင့် ယခုကိစ္စမှာလည်း မြန်မာဓလေ့ ထုံးထမ်းဥပဒေအရ ဗုဒ္ဓဘာသာဝင်တို့၏အမွေဆက်ခံခွင့်နှင့်အညီ ကွယ်လွန်သူအိမ်ငှါး၏ အမွေဆက်ခံသူရှိပါက တရားဝင်ကိုယ်စားလှယ်အနေနဲ့ အိမ်ငှါးဖြစ်လာမှာဖြစ်ပါတယ် ”

“ အကယ်၍ ကွယ်လွန်သူ အိမ်ငှါးရဲ့အမွေဆက်ခံသူမရှိခဲ့ရင် ဘယ်လို ဆောင်ရွက်ရမလဲ ”

“ သက်ဆိုင်ရာမြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးဝန်ထံ မြေရှင် (အိမ်ရှင်) ဖြစ်သူဆရာ ဦးကျော်ဝင်းကို မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၂၁ (၄) အရ အဆိုပါ တိုက်ခန်းတွင် အိမ်ငှါးအဖြစ် နေထိုင်ခွင့်ပြုရန် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ် ” ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အေပ်ာက္စနစ္တိုက္ခန္းမ်ားတြင္ အိမ္ငွါးကြယ္လြန္သြားပါက တိုက္ခန္းကို ေျမ႐ွင္ ရပိုင္ခြင့္ ႐ွိပါသလား ?

 

“ ဆရာ ဦးေက်ာ္ဝင္း ေရာက္ေနတာၾကာၿပီလား ” ဟု စာေရးသူက မိမိ၏ ႐ုံးခန္းေ႐ွ႕တြင္ ေရာက္ႏွင့္ေနသည့္ ဆရာဦးေက်ာ္ဝင္းကို ႀကိဳဆိုႏႈတ္ဆက္လိုက္ျခင္းျဖစ္သည္။ ထို႔ေနာက္စာေရးသူႏွင့္ ဆရာဦးေက်ာ္ဝင္းတို႔သည္ စာေရးသူ၏ ႐ုံးခန္းအတြင္း၌ စကားေျပာျဖစ္ၾကသည္။ ဆရာဦးေက်ာ္ဝင္းမွာ တကၠသိုလ္မွကတိကအၿငိမ္းစားတစ္ဦးျဖစ္ၿပီး မေတြ႕ျဖစ္ၾကသည္မွာ ၾကာၿပီျဖစ္သည္။

“ ဒီလိုဆရာသမားေရ ၊ ကြၽန္ေတာ္႕ မိဘပိုင္အေဆာက္အအုံတစ္ခု႐ွိတယ္။မူလက ေလးထပ္တိုက္ေပါ့။ တိုက္က ေဆြးေနၿပီဆိုေတာ့ ေနာက္ဆုံးမွာ အႏၲရာယ္႐ွိအေဆာက္အအုံအျဖစ္ သတ္မွတ္ခံခဲ့ရတယ္ ”

“ အဲဒီအေဆာက္အအုံမွာ လက္႐ွိေနထိုင္တဲ့လူေတြ႐ွိေသးလား ”

“ မ႐ွိေတာ့ဘူး။ အေဆာက္အအုံကို ၿဖိဳဖ်က္ထားလိုက္ပါၿပီ”

“ ဆရာဦးေက်ာ္ဝင္းက အေဆာက္အအုံအသစ္ ျပန္ေဆာက္ဖို႔အစီအစဥ္႐ွိပါသလား။ ဘယ္လိုစီစဥ္ထားတာ႐ွိသလဲ ”

“ က္ိဳယ္တိုင္ေငြအရင္းအႏွီး စိုက္ထုတ္ၿပီးေဆာက္ဖို႔က အဆင္မေျပဘူး ဆရာ။ ကန္ထ႐ိုက္စနစ္နဲ႔ ျပန္ေဆာက္ဖို႔ အစီအစဥ္လုပ္ခဲ့ပါတယ္ ”

“ တိုက္ခန္းမွာ အိမ္ငွါးေတြ႐ွိေသးလား”

“သုံးထပ္ႏွင့္ေလးထပ္မွာ႐ွိတယ္။ သူတို႔ကလည္း ေငြေၾကးစိုက္ထုတ္ဖို႔အစီအစဥ္မ႐ွ္ိဘူး။ ဒါေပမယ့္ တိုက္ခန္းတစ္ခန္းစီျပန္ေပးဖို႔ေတာင္းဆိုတယ္ ”

“ ဆရာ ဦးေက်ာ္ဝင္းတို႔က ေမာင္ႏွမဘယ္ႏွစ္ေယာက္႐ွိသလဲ ”

“ ကြၽန္ေတာ္တို႔က ေမာင္ႏွမႏွစ္ေယာက္႐ွိတယ္။ ကြၽန္ေတာ္႕ေအာက္က ညီမတစ္ေယာက္႐ွိတယ္”

“ ဒါဆိုရင္ အဲဒီေျမကြက္က မိဘေတြအမည္ေပါက္ဆိုေတာ့ ဆရာဦးေက်ာ္ဝင္းတို႔ ေမာင္ႏွမႏွစ္ဦးလုံးက ပိုင္႐ွင္ျဖစ္သြားမွာေပါ့ ”

“ ဟုတ္ပါတယ္ဆရာ။ ညီမျဖစ္သူက ကြၽန္ေတာ့္ကို ကိုယ္စာလွယ္လႊဲစာ ေပးအပ္ထားပါတယ္ ”

“ ေျမကြက္နဲ႔ ပတ္သက္ၿပီး ဆရာတို႔ေမာင္ႏွမႏွစ္ဦးက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေဆာင္႐ြက္ၿပီးပါၿပီလား”

“ ဟုတ္ကဲ့ အေမဆုံးပါးၿပီး ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ခဲ့ပါတယ္၊ ဂရန္ေျမအမည္ေပါက္ ရပါၿပီ ”

“ ဆရာတို႔ ေမာင္ႏွမအမည္ေပါက္ဂရန္ေျမျဖစ္သြားၿပီဆိုရင္ေတာ့ အခက္အခဲမ႐ွိေတာ့ပါဘူး။ ကန္ထ႐ိုက္နဲ႔ ညႇိႏိႈင္းအဆင္ေျပရင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၊ အင္ဂ်င္နီယာဌာနမွာ ေလွ်ာက္ထားဖို႔ပဲ လိုပါတယ္ ”

“ ကန္ထ႐ိုက္နဲ႔ညႇိလိုက္ေတာ့ ဓာတ္ေလွကားပါ ႐ွစ္ထပ္အေဆာက္အအုံေဆာက္ဖို႔ အဆင္ေျပသြားပါတယ္”

“ အိမ္ငွါးေတြနဲ႔ ညႇိႏိႈင္းေတာ့ အဆင္ေျပရဲ႕လား”

“ ေျခာက္လႊာနဲ႔ ခုႏွစ္လႊာကို ေပးဖို႔သေဘာတူၾကတယ္ ”

“ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအင္ဂ်င္နီယာဌာန (အေဆာက္အအုံ) မွာ ေျမ႐ွင္ ၊ ကန္ထ႐ိုက္တယ္ ၊ အိမ္ငွါးမ်ားကို ေခၚယူၿပီး သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုတာ႐ွိပါေသးသလား”

“ ဟုတ္ကဲ့ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) ဌာနမႉးေ႐ွ႕မွာ အခန္းေပး ၊ အခန္းယူ ၊ ေငြေပးေငြယူသေဘာတူကတိစာခ်ဳပ္ကို ေျမ႐ွင္ကန္ထ႐ိုက္တာနဲ႔ အိမ္ငွါးႏွစ္ဦးတို႔ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ၾကပါတယ္ ”

“ အခု အေဆာက္အအုံ စတင္ေဆာက္ေနၿပီေပါ့ ”

“ မေဆာက္ျဖစ္ေသးဘူးဆရာ ။ မူလအေဆာက္အအုံေဟာင္းၿဖိဳၿပီးစဥ္က စမယ္ဆိုရင္ ႏွစ္ႏွစ္ေက်ာ္သုံးႏွစ္နီးပါး႐ွိေနၿပီ ” “ ကန္ထ႐ိုက္တာနဲ႔ အဆင္မေျပလို႔လား ဘာအခက္အခဲ႐ွိေနလို႔လဲ ”

“ ေဆာက္လုပ္ခြင့္ကေတာ့ က်ပါၿပီ။ မၾကာမွီ ပႏၷက္႐ိုက္ စတင္ေတာ့မယ္လို႔ ေျပာပါတယ္ ”

“ ဒါဆိုရင္ ၊ စိတ္ေအးရၿပီေပါ့ဆရာ”

“ အခုကိစၥက ကန္ထ႐ိုက္တာနဲ႔ မဟုတ္ဘူးဆရာ ”

“ အိမ္ငွါးနဲ႔ အဆင္မေျပလို႔လား။ သူတို႔ကို တိုက္ခန္းတစ္ခန္းစီျပန္ေပးမယ္လို႔ ကတိျပဳလက္မွတ္ေရးထိုးထားၿပီပဲေလ ”

“ ေျခာက္လႊာတိုက္ခန္းကို အစားရမယ့္ အိမ္ငွါးကိစၥဆရာ။ မူလအိမ္ေဟာင္းမွာ ေလးလႊာမွာေနတယ္။ အဘိုးႀကီးအဘြားႀကီး လင္မယားႏွစ္ေယာက္ေနတယ္ ။ေဆြမ်ိဳးသားခ်င္ေတြကေတာ့ ဝင္ထြက္တာ႐ွိတယ္။ သားသမီးမ႐ွိဘူး။ အႏၲရာယ္႐ွိ အေဆာက္အအုံအျဖစ္ သတ္မွတ္ၿပီးေနာက္မွာ အဘြားႀကီးကြယ္လြန္သြားတယ္ ”

“ ဒါဆိုရင္ အဘိုးႀကီးတစ္ဦးတည္းအေနနဲ႔ ကတိစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာေပါ့ ။အျခားအတူေနသူေတြ႐ွိေသးလား ”

“ အိမ္ေထာင္စုစာရင္းထဲမွာေတာ့ သူတို႔ႏွစ္ဦးပဲ႐ွိတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္က အဘိုးႀကီးလည္း ဆုံးပါးသြားတယ္”

“ ဒါဆိုရင္ အခန္းလြတ္သေဘာျဖစ္သြားတာေပါ့”

“ ဟုတ္ကဲ့ အဲဒီအခန္းကို ကြၽန္ေတာ္တို႔ အိမ္႐ွင္ (ေျမ႐ွင္) က ရခြင့္႐ွိပါသလားဆိုတာ သိခ်င္လို႔”

“ သာမန္အားျဖင့္ စဥ္းစားၾကည့္ရင္ အိမ္ေထာင္စုစာရင္းမွာ ႐ွိသူအားလုံးလည္း ကြယ္လြန္သြားၿပီး။ အေမြဆက္ခံသူသားရင္း ၊ သမီးရင္းလည္း မ႐ွိ ။ မကြယ္လြန္မွီကအတူေနသူ အျခားသူတစ္ဦးတစ္ေယာက္မွ်မ႐ွိတဲ့အတြက္ အခန္းလႊတ္သေဘာသက္ေရာက္သြားပါတယ္။ အမွန္တကယ္ဆက္ခံသူမ႐ွိရင္ေတာ့ ေျမ႐ွင္ (အိမ္႐ွင္) ကအဆိုပါ အခန္းကို ရပိုင္ခြင့္႐ွိမွာ ျဖစ္ပါတယ္ ”

“ ဥပေဒအေၾကာင္းအရ ဘယ္လိုေဆာင္႐ြက္ရမယ္ဆိုတာ ႐ွင္းျပလို႔ရရင္ ႐ွင္းျပေပးပါ”

“ ဥပေဒအေၾကာင္းအရမေျပာမွီ ၊ လက္႐ွ္ိအေျခအေနကို သက္ဆိုင္ရာၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) ထံအေၾကာင္းၾကားစာေပးပို႔ထားဖို႔လိုပါတယ္။ ကြယ္လြန္သူအိမ္ငွါးဘက္ကလည္း ေတာင္းဆိုထားမႈတင္ျပထားမႈ ႐ွိ မ႐ွိ စုံစမ္းဖို႔ေတာ့လိုပါတယ္ ”

“ တစ္ဖက္က သားသမီးအရင္းလည္းမ႐ွိ ။ အတူေနသူလည္း မ႐ွိေတာ့ ကန္႔ကြက္မယ္ မထင္ပါဘူး ”

“ တိုတိုနဲ႔႐ွင္းေအာင္ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေဒၚစန္းျမင့္ပါ (၄) ႏွင့္ ၂၀၁၇ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၅၈ စာခြၽန္ေတာ္အမႈမွာ အႏၲရာယ္႐ွိအေဆာက္အအုံအျဖစ္ သတ္မွတ္၍ မူလတိုက္ေဟာင္းကို ဖ်က္သိမ္းၿပီး တိုက္အသစ္ေဆာက္ရာေျခာက္ထပ္အေဆာက္အအုံသစ္တြင္ ပထမထပ္အခန္းကို လက္႐ွိေနထိုင္သူအားျပန္လည္ထား႐ွိရန္ ကန္ထ႐ိုက္ ၊ ေျမ႐ွင္ ၊ အိမ္ငွါးျဖစ္သူတို႔သေဘာတူကတိစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။ ထို႔ေနာက္ အိမ္ငွါးကြယ္လြန္သြားသျဖင့္ ေျမ႐ွင္က ၿမိဳ႕ျပဆိုင္ရာငွါးရမ္းခႀကီးၾကပ္ေရးဝန္ထံ အဆိုပါတိုက္ခန္းကို ၎အားအိမ္ငွါးအျဖစ္ ျပန္လည္ခ်ထားေပးရန္ ၿမိဳ႕ျပဆိုင္ရာငွါးရမ္းခႀကီးၾကပ္ေရးဥပေဒ ပုဒါမ ၂၁ (၄) အရ ေလွ်ာက္ထားရာခြင့္ျပဳခဲ့သည္။ ဤတြင္ ကြယ္လြန္သူအိမ္ငွါး၏ သားသမီးျဖစ္သူမ်ားကမေက်နပ္၍ တရား႐ုံးခ်ဳပ္သို႔ စာခြၽန္လႊာတင္သြင္းျခင္းျဖစ္သည္ ။တရား႐ုံးခ်ဳပ္က ၿမိဳ႕ျပဆိုင္ရာငွါးရမ္းခ ႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၂ (ဆ) တြင္ အိမ္ငွါး၏ တရားဝင္ကိုယ္စားလွယ္သည္ အိမ္ငွါးဟု အဓိပၸါယ္ဖြင့္ဆိုထားသျဖင့္တရားမက်င့္ထုံးဥပေဒအရ ကြယ္လြန္သူ၏အေမြစားအေမြခံတရားဝင္ကိုယ္စားလွယ္သည္အိမ္ငွါးျဖစ္သည္။ ထို႔ေၾကာင့္ ကြယ္လြန္သူ၏ တရားဝင္ကိုယ္စားလွယ္ျဖစ္သည့္ သားသမီးမ်ားသည္ အိမ္ငွါးအျဖစ္ေနပိုင္ခြင့္႐ွိသည္ဟု ဆုံးျဖတ္ကာ ၿမိဳ႕ျပဆိုင္ရာငွါးရမ္းခႀကီးၾကပ္ေရးဝန္၏ ေျမ႐ွင္အား အဆိုပါတိုက္ခန္းတြင္ အိမ္ငွါးအျဖစ္ ခ်ထားျခင္းအမိန္႔ကို ပယ္ဖ်က္ေၾကာင္း ဆုံးျဖတ္ခဲ့ပါတယ္ ။ ဒါေၾကာင့္ ယခုကိစၥမွာလည္း ျမန္မာဓေလ့ ထုံးထမ္းဥပေဒအရ ဗုဒၶဘာသာဝင္တို႔၏အေမြဆက္ခံခြင့္ႏွင့္အညီ ကြယ္လြန္သူအိမ္ငွါး၏ အေမြဆက္ခံသူ႐ွိပါက တရားဝင္ကိုယ္စားလွယ္အေနနဲ႔ အိမ္ငွါးျဖစ္လာမွာျဖစ္ပါတယ္ ”

“ အကယ္၍ ကြယ္လြန္သူ အိမ္ငွါးရဲ႕အေမြဆက္ခံသူမ႐ွိခဲ့ရင္ ဘယ္လို ေဆာင္႐ြက္ရမလဲ ”

“ သက္ဆိုင္ရာၿမိဳ႕ျပဆိုင္ရာ ငွါးရမ္းခႀကီးၾကပ္ေရးဝန္ထံ ေျမ႐ွင္ (အိမ္႐ွင္) ျဖစ္သူဆရာ ဦးေက်ာ္ဝင္းကို ၿမိဳ႕ျပဆိုင္ရာ ငွါးရမ္းခႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၂၁ (၄) အရ အဆိုပါ တိုက္ခန္းတြင္ အိမ္ငွါးအျဖစ္ ေနထိုင္ခြင့္ျပဳရန္ ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္ ” ဟု အၾကံျပဳ ေဆြးေႏြးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service