အချင်းဖြစ်မြေနှင့်အိမ်အား သဘောရိုးဖြင့် အမှန်တကယ်လွှဲပြောင်းခြင်းမဟုတ်ဘဲ မြီးရှင်အား ဆုံးရှုံးစေရန် အကြံ ဖြင့် ပစ္စည်းလွှဲပြောင်းခြင်းသည် ပျက်ပြယ်သလား။

အချင်းဖြစ်မြေနှင့်အိမ်အား သဘောရိုးဖြင့် အမှန်တကယ်လွှဲပြောင်းခြင်းမဟုတ်ဘဲ မြီးရှင်အား ဆုံးရှုံးစေရန် အကြံ ဖြင့် ပစ္စည်းလွှဲပြောင်းခြင်းသည် ပျက်ပြယ်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
5 May 2022 12:20 pm တွင် တင်ခဲ့သည်
509 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

အချင်းဖြစ်မြေနှင့်အိမ်အား သဘောရိုးဖြင့် အမှန်တကယ်လွှဲပြောင်းခြင်းမဟုတ်ဘဲ မြီးရှင်အား ဆုံးရှုံး စေရန် အကြံဖြင့် ပစ္စည်းလွှဲပြောင်းခြင်းဖြစ်က မြီးရှင်သည် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ-၅၃ အရ အရောင်းအဝယ်ကို ပျက်ပြယ်စေလိုပါက ပျက်ပြယ်စေနိုင်ခြင်းသည်။ လိမ်လည်ရန် အကြံဖြင့် ပစ္စည်းလွှဲပြောင်း ပေးခြင်း ဟုတ်/မဟုတ် အမှုတွင်ပေါ်ပေါက်သည့် အကြောင်းခြင်းရာများအရ ဆုံးဖြတ်ရမည်ဖြစ်သည်။

၂၀၁၇ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၁၃ ဒေါ်ခင်မာအေး(ခ) ဒေါ်လောင်းဘ နှင့် ဦးကျော်မြတ်စိုး (ခ) ဦးကျော်ကျော်ခိုင်ပါ ၃ အမှုတွင် အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်။ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ-၅၃ (၁)တွင် လွှဲပြောင်းပေးသူ၏ မြီးရှင်များ ဆုံးရှုံးစေရန် သို့မဟုတ် နှောင့်နှေးကြန့်ကြာစေရန် ကြံရွယ်လျက် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းအား လွှဲပြောင်းခြင်းကို ဆုံးရှုံး ခြင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာခြင်းဖြစ်ခံရမည့် မြီးရှင်တစ်ဦးဦးက ပျက်ပြယ်စေလိုလျှင် ပျက်ပြယ်စေရမည် ဖြစ်သော်လည်း အဖိုးစားနားပေး၍ သဘောရိုးဖြင့် လွှဲပြောင်းရယူသူ၏ အခွင့်အရေးကို ဤပုဒ်မခွဲအရ ထိခိုက်ခြင်း မရှိစေရကြောင်း ပြဌာန်းထားသည်။ မြီးရှင်များအား လိမ်လည်ရန် အကြံဖြင့် ပစ္စည်းကို လွှဲပြောင်းမှသာ ထိုလွှဲပြောင်းခြင်းကို ပယ်ဖျက်နိုင်မည်ဖြစ်ရာ ပစ္စည်းလွှဲပြောင်းစဉ်က လွှဲပြောင်းသူ၏အကြံသည် အဓိကကျသည့်အချက်ဖြစ်သည်။

လူတစ်ဦး၌ မည်ကဲ့သို့သော အကြံရှိသည်ကို မည်သူမျှခန့်မှန်းနိုင်မည်မဟုတ်သဖြင့် အမှုကိုလိုက်၍ ပေါ်ပေါက်နေသော အကြောင်းအရာများအပေါ် ဝေဖန်သုံးသပ်ဆုံးဖြတ်ရမည်ဖြစ်သည်။

မြီးစားထံမှ လွှဲပြောင်းခံယူသူသည် မြီးစားက ပေးရန်ရှိသော ကြွေးငွေများကို မပေးရအောင် လိမ်လည် လွှဲပြောင်းသည်ကိုသိလျက်နှင့် မြီစားအား ကူညီသည့်အနေဖြင့် ပစ္စည်းကို လွှဲပြောင်းခံယူလျှင် ဤပုဒ်မနှင့် ငြိစွန်းမည်ဖြစ်သည်။

မူလတရာမကြီးအမှုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ၂၀၁၃ခုနှစ်၊ တရားမကြီးမှု အမှတ်-၂၂တွင် ဦးကျော်မြတ်စိုး (ခ) ဦးကျော်ကျော်ခိုင် နှင့် ဒေါ်မာဘောက် (ခ) အန်တီပေါက်တို့က ဒေါ်ခင်မာ အေး (ခ) ဒေါ်လောင်းဘ နှင့် ဒေါ်လောင်းကျိုးတို့အပေါ် မြီးရှင်နစ်နာဆုံးရှုံးစေရန် လိမ်လည်လွှဲပြောင်းထားခြင်း အား ပယ်ဖျက်ပေးစေရန်နှင့် မြေနှင့်အဆောက်အဦကို ဝရမ်းကပ်ရောင်းချပိုင်ခွင့်ရှိကြောင်း မြွက်ဟကြေညာ ပေးစေလိုမှုစွဲဆိုရာ အမှုကို စရိတ်နှင့်တကွပလပ်ခဲ့သည်။ ယင်းဒီကရီကို တရားလို ဦးကျော်မြတ်စိုးတို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ၂၀၁၅ခုနှစ်၊ တရားမအယူခံမှုအမှတ်-၂၈၉ ဖြင့်အယူခံရာ မန္တလေး တိုင်းဒေသကြီးတရားလွှတ်တော်၏ စီရင်ချက်နှင့်ဒီကရီကို ပယ်ဖျက်ပြီး ဒေါ်တင်တင်မြ (ခ)ဒေါ်လောင်းကျိုးနှင့် ဒေါ်ခင်မာအေး (ခ) ဒေါ်လောင်းဘတို့ ချုပ်ဆိုထားသည့် (၂၇-၇၀၂၀၀၉)ရက်စွဲပါ သက်သေခံအမှတ်(၁)၊ မြေနှင့် အိမ်အရောင်းအဝယ်စာချုပ်၊ ယင်းစာချုပ်အရ ပေါ်ပေါက်လာသည့် သက်သေခံအမှတ် (၁၃) ယာယီ မှတ်ပုံတင် စာချုပ်အမှတ် ၂၈၉/၂၀၁၂ နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အမှတ် ၂၂၃၇/၂၀၁၅ တို့ကို ပယ်ဖျက်ပြီး အချင်းဖြစ်မြေနှင့် အဆောက်အဦကို ဝရမ်းကပ်ရောင်းချခွင့်ရှိကြောင်း မြွက်ဟကြေညာသည့် ဒီကရီကို တရားရုံး အဆင့်ဆင့် စရိတ်နှင့်တကွချမှတ်ခဲ့သည်။ ယင်းဒီကရီကို ဒေါ်ခင်မာအေး (ခ) ဒေါ်လောင်းဘက အထူးအယူခံ ဝင်ခွင့်ပြုရန် ၂၀၁၆ခုနှစ်၊ တရားမအထွေထွေလျှောက်လွှာ (အထူး) အမှတ် ၁၉၆ တွင် လျှောက်ထားရာ အထူး အယူခံဝင်ခွင့်ပြုခဲ့သည်။

အထက်ပါအမှုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်ခင်မာအေးနှင့် ဒေါ်တင်တင်မြတို့သည် ညီအမအရင်းတော်စပ်၍ ဝယ်သူ ဒေါ်ခင်မာအေးသည် မြီးစားဖြစ်သူ ဒေါ်တင်တင်မြ၏ အကျိုးကို ကာကွယ် ပေးနိုင်သူဖြစ်ခြင်း၊ အရောင်းအဝယ်ပြု လုပ်ရာတွင် ဂရန်စာချုပ်မူရင်းနှင့် အရောင်းအဝယ်မှတ်ပုံတင်စာချုပ် မူရင်းများ မပေးအပ်နိုင်ဘဲ အချင်းဖြစ်ပစ္စည်းကို တစ်ကြိမ်တည်းငွေအကျေပေးချေထားခြင်း တို့ကြောင့် သဘော ရိုးဖြင့် အရောင်းအဝယ်မှတ်ပုံတင်စာချုပ်မူရင်းများကို ဦးကျော်မြတ်စိုး (ခ) ဦးကျော်ကျော်ခိုင်ထံတွင် ချေးငွေ အတွက်ပေးအပ်ထားခြင်းဖြစ်ပါလျှက် ပျောက်ဆုံးကြောင်းဖော်ပြကာ အရောင်းအဝယ်စာချုပ်ကို မမှန် မကန် ဖော်ပြချုပ်ဆိုထားကြောင်း၊ ယင်းစာချုပ်သည် အမှန်မကန်ဖော်ပြချုပ်ဆိုထားကြောင်း၊ ယင်းစာချုပ်များသည် သဘောရိုးဖြင့် အမှန်တကယ်လွှဲပြောင်း ရောင်းချခြင်းမဟုတ်ဘဲ လိမ်လည်ရန်အကြံဖြင့် လွှဲပြောင်းထားခြင်း ဖြစ်သည့်အပြင် ဒေါ်တင်တင်မြအနေဖြင့် ချေးငွေများ၊ စုကြေးငွေအများအပြားကို ပေးဆပ်ရန်ရှိကြောင်း၊ ကြွေးငွေများကို မပေးရအောင် လိမ်လည်၍ လွှဲပြောင်းခြင်းဖြစ်ကြောင်းသိရှိပါလျှက် ဒေါ်တင်တင်မြအား ကူညီ သည့်အနေဖြင့် ပစ္စည်းကို လွှဲပြောင်းလက်ခံခဲ့ကြောင်း ပေါ်ပေါက်ပေရာ ဒေါ်ခင်မာအေးသည် အဖိုးစားနား ပေးပြီး ရိုးဖြောင့်သောသဘောဖြင့် ရယူခဲ့ပါသည်ဟု မဆိုနိုင်သဖြင့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ-၅၃(၁) ပထမ ခြွှင်းချက်၏ အကာအကွယ်ကို ရနိုင်ရန် အကြောင်းမရှိပေ။

သို့ဖြစ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ စီရင်ချက် နှင့်ဒီကရီကို ပယ်ဖျက်ပြီး တရားလို ဦးကျော်မြတ်စိုး (ခ) ဦးကျော်ကျော်ခိုင် ပါ ၂ဦးတို့ စွဲဆိုသည့်အတိုင်း ဒေါ်တင်တင်မြ (ခ) ဒေါ်လောင်းကျိုးနှင့် ဒေါ်ခင်မာအေး (ခ) ဒေါ်လောင်းဘတို့ ချုပ်ဆိုထားသည့် ၂၇-၇-၂၀၀၉ ရက်စွဲပါ သက်သေခံအမှတ်(၁)၊ မြေနှင့် အိမ်အရောင်းအဝယ်စာချုပ်၊ ယင်းစာချုပ်အရ ပေါ်ပေါက်လာသည့် သက်သေခံအမှတ်(၁၃)၊ ယာယီ မှတ်ပုံတင်စာချုပ်အမှတ် ၂၈၉/၂၀၁၂ နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အမှတ် ၂၂၃၇/၂၀၁၅ တို့ကို ပယ်ဖျက်ပြီး အချင်းဖြစ်မြေနှင့် အဆောက်အဦကို ဝရမ်းကပ်ရောင်းချခွင့်ရှိကြောင်း မြွက်ဟကြေညာသည့် ဒီကရီကို တရားရုံးအဆင့်ဆင့် စရိတ်နှင့်တကွချမှတ်ခဲ့ခြင်းသည် ဥပဒေနှင့်ညီညွတ် မှန်ကန် ကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် ဤတရားမအထူးအယူခံမှုကို စရိတ်နှင့်တကွပလပ်လိုက်ကြောင်း ဆုံးဖြတ် ထားသည်။

ဤသို့သောဖြစ်စဉ်မျိုးတွင် အဖိုးစားနားပေး၍ သဘောရိုးဖြင့် လွှဲပြောင်းရယူသူဖြစ်ပါက မိမိ၏အခွင့် အရေးကို ကာကွယ်ရန်အတွက် စတင်ဝယ်ယူစဉ်ကတည်းက ဂရန်စာချုပ်မူရင်းနှင့် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် မူရင်းများရောင်းသူမှ ပေးအပ်နိုင်မှသာ စိတ်ချဝယ်ယူနိုင်မည်ဖြစ်ပြီး အဆိုပါစာရွက်စာတမ်းများ ပေးအပ် နိုင်ခြင်းမရှိပါက ဝယ်ယူရန် မသင့်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

အခ်င္းျဖစ္ေျမႏွင့္အိမ္အား သေဘာ႐ိုးျဖင့္ အမွန္တကယ္လႊဲေျပာင္းျခင္းမဟုတ္ဘဲ ၿမီး႐ွင္အား ဆုံး႐ႈံးေစရန္ အၾကံ ျဖင့္ ပစၥည္းလႊဲေျပာင္းျခင္းသည္ ပ်က္ျပယ္သလား။

 

အခ်င္းျဖစ္ေျမႏွင့္အိမ္အား သေဘာ႐ိုးျဖင့္ အမွန္တကယ္လႊဲေျပာင္းျခင္းမဟုတ္ဘဲ ၿမီး႐ွင္အား ဆုံး႐ႈံး ေစရန္ အၾကံျဖင့္ ပစၥည္းလႊဲေျပာင္းျခင္းျဖစ္က ၿမီး႐ွင္သည္ ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒပုဒ္မ-၅၃ အရ အေရာင္းအဝယ္ကို ပ်က္ျပယ္ေစလိုပါက ပ်က္ျပယ္ေစႏိုင္ျခင္းသည္။ လိမ္လည္ရန္ အၾကံျဖင့္ ပစၥည္းလႊဲေျပာင္း ေပးျခင္း ဟုတ္/မဟုတ္ အမႈတြင္ေပၚေပါက္သည့္ အေၾကာင္းျခင္းရာမ်ားအရ ဆုံးျဖတ္ရမည္ျဖစ္သည္။

၂၀၁၇ခုႏွစ္၊ ျမန္မာႏိုင္ငံတရားစီရင္ထုံး၊ စာမ်က္ႏွာ-၁၃ ေဒၚခင္မာေအး(ခ) ေဒၚေလာင္းဘ ႏွင့္ ဦးေက်ာ္ျမတ္စိုး (ခ) ဦးေက်ာ္ေက်ာ္ခိုင္ပါ ၃ အမႈတြင္ ေအာက္ပါအတိုင္း ဆုံးျဖတ္ထားပါသည္။ ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒပုဒ္မ-၅၃ (၁)တြင္ လႊဲေျပာင္းေပးသူ၏ ၿမီး႐ွင္မ်ား ဆုံး႐ႈံးေစရန္ သို႔မဟုတ္ ေႏွာင့္ေႏွးၾကန္႔ၾကာေစရန္ ၾကံ႐ြယ္လ်က္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းအား လႊဲေျပာင္းျခင္းကို ဆုံး႐ႈံး ျခင္း သို႔မဟုတ္ ေႏွာင့္ေႏွးၾကန္႔ၾကာျခင္းျဖစ္ခံရမည့္ ၿမီး႐ွင္တစ္ဦးဦးက ပ်က္ျပယ္ေစလိုလွ်င္ ပ်က္ျပယ္ေစရမည္ ျဖစ္ေသာ္လည္း အဖိုးစားနားေပး၍ သေဘာ႐ိုးျဖင့္ လႊဲေျပာင္းရယူသူ၏ အခြင့္အေရးကို ဤပုဒ္မခြဲအရ ထိခိုက္ျခင္း မ႐ွိေစရေၾကာင္း ျပဌာန္းထားသည္။ ၿမီး႐ွင္မ်ားအား လိမ္လည္ရန္ အၾကံျဖင့္ ပစၥည္းကို လႊဲေျပာင္းမွသာ ထိုလႊဲေျပာင္းျခင္းကို ပယ္ဖ်က္ႏိုင္မည္ျဖစ္ရာ ပစၥည္းလႊဲေျပာင္းစဥ္က လႊဲေျပာင္းသူ၏အၾကံသည္ အဓိကက်သည့္အခ်က္ျဖစ္သည္။

လူတစ္ဦး၌ မည္ကဲ့သို႔ေသာ အၾကံ႐ွိသည္ကို မည္သူမွ်ခန္႔မွန္းႏိုင္မည္မဟုတ္သျဖင့္ အမႈကိုလိုက္၍ ေပၚေပါက္ေနေသာ အေၾကာင္းအရာမ်ားအေပၚ ေဝဖန္သုံးသပ္ဆုံးျဖတ္ရမည္ျဖစ္သည္။

ၿမီးစားထံမွ လႊဲေျပာင္းခံယူသူသည္ ၿမီးစားက ေပးရန္႐ွိေသာ ေႂကြးေငြမ်ားကို မေပးရေအာင္ လိမ္လည္ လႊဲေျပာင္းသည္ကိုသိလ်က္ႏွင့္ ၿမီစားအား ကူညီသည့္အေနျဖင့္ ပစၥည္းကို လႊဲေျပာင္းခံယူလွ်င္ ဤပုဒ္မႏွင့္ ၿငိစြန္းမည္ျဖစ္သည္။

မူလတရာမႀကီးအမႈျဖစ္သည့္ မႏၲေလးတိုင္းေဒသႀကီးတရားလႊတ္ေတာ္ ၂၀၁၃ခုႏွစ္၊ တရားမႀကီးမႈ အမွတ္-၂၂တြင္ ဦးေက်ာ္ျမတ္စိုး (ခ) ဦးေက်ာ္ေက်ာ္ခိုင္ ႏွင့္ ေဒၚမာေဘာက္ (ခ) အန္တီေပါက္တို႔က ေဒၚခင္မာ ေအး (ခ) ေဒၚေလာင္းဘ ႏွင့္ ေဒၚေလာင္းက်ိဳးတို႔အေပၚ ၿမီး႐ွင္နစ္နာဆုံး႐ႈံးေစရန္ လိမ္လည္လႊဲေျပာင္းထားျခင္း အား ပယ္ဖ်က္ေပးေစရန္ႏွင့္ ေျမႏွင့္အေဆာက္အဦကို ဝရမ္းကပ္ေရာင္းခ်ပိုင္ခြင့္႐ွိေၾကာင္း ႁမြက္ဟေၾကညာ ေပးေစလိုမႈစြဲဆိုရာ အမႈကို စရိတ္ႏွင့္တကြပလပ္ခဲ့သည္။ ယင္းဒီကရီကို တရားလို ဦးေက်ာ္ျမတ္စိုးတို႔က ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ ၂၀၁၅ခုႏွစ္၊ တရားမအယူခံမႈအမွတ္-၂၈၉ ျဖင့္္အယူခံရာ မႏၲေလး တိုင္းေဒသႀကီးတရားလႊတ္ေတာ္၏ စီရင္ခ်က္ႏွင့္ဒီကရီကို ပယ္ဖ်က္ၿပီး ေဒၚတင္တင္ျမ (ခ)ေဒၚေလာင္းက်ိဳးႏွင့္ ေဒၚခင္မာေအး (ခ) ေဒၚေလာင္းဘတို႔ ခ်ဳပ္ဆိုထားသည့္ (၂၇-၇၀၂၀၀၉)ရက္စြဲပါ သက္ေသခံအမွတ္(၁)၊ ေျမႏွင့္ အိမ္အေရာင္းအဝယ္စာခ်ဳပ္၊ ယင္းစာခ်ဳပ္အရ ေပၚေပါက္လာသည့္ သက္ေသခံအမွတ္ (၁၃) ယာယီ မွတ္ပုံတင္ စာခ်ဳပ္အမွတ္ ၂၈၉/၂၀၁၂ ႏွင့္ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္အမွတ္ ၂၂၃၇/၂၀၁၅ တို႔ကို ပယ္ဖ်က္ၿပီး အခ်င္းျဖစ္ေျမႏွင့္ အေဆာက္အဦကို ဝရမ္းကပ္ေရာင္းခ်ခြင့္႐ွိေၾကာင္း ႁမြက္ဟေၾကညာသည့္ ဒီကရီကို တရား႐ုံး အဆင့္ဆင့္ စရိတ္ႏွင့္တကြခ်မွတ္ခဲ့သည္။ ယင္းဒီကရီကို ေဒၚခင္မာေအး (ခ) ေဒၚေလာင္းဘက အထူးအယူခံ ဝင္ခြင့္ျပဳရန္ ၂၀၁၆ခုႏွစ္၊ တရားမအေထြေထြေလွ်ာက္လႊာ (အထူး) အမွတ္ ၁၉၆ တြင္ ေလွ်ာက္ထားရာ အထူး အယူခံဝင္ခြင့္ျပဳခဲ့သည္။

အထက္ပါအမႈတြင္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ေဒၚခင္မာေအးႏွင့္ ေဒၚတင္တင္ျမတို႔သည္ ညီအမအရင္းေတာ္စပ္၍ ဝယ္သူ ေဒၚခင္မာေအးသည္ ၿမီးစားျဖစ္သူ ေဒၚတင္တင္ျမ၏ အက်ိဳးကို ကာကြယ္ ေပးႏိုင္သူျဖစ္ျခင္း၊ အေရာင္းအဝယ္ျပဳ လုပ္ရာတြင္ ဂရန္စာခ်ဳပ္မူရင္းႏွင့္ အေရာင္းအဝယ္မွတ္ပုံတင္စာခ်ဳပ္ မူရင္းမ်ား မေပးအပ္ႏိုင္ဘဲ အခ်င္းျဖစ္ပစၥည္းကို တစ္ႀကိမ္တည္းေငြအေက်ေပးေခ်ထားျခင္း တို႔ေၾကာင့္ သေဘာ ႐ိုးျဖင့္ အေရာင္းအဝယ္မွတ္ပုံတင္စာခ်ဳပ္မူရင္းမ်ားကို ဦးေက်ာ္ျမတ္စိုး (ခ) ဦးေက်ာ္ေက်ာ္ခိုင္ထံတြင္ ေခ်းေငြ အတြက္ေပးအပ္ထားျခင္းျဖစ္ပါလွ်က္ ေပ်ာက္ဆုံးေၾကာင္းေဖာ္ျပကာ အေရာင္းအဝယ္စာခ်ဳပ္ကို မမွန္ မကန္ ေဖာ္ျပခ်ဳပ္ဆိုထားေၾကာင္း၊ ယင္းစာခ်ဳပ္သည္ အမွန္မကန္ေဖာ္ျပခ်ဳပ္ဆိုထားေၾကာင္း၊ ယင္းစာခ်ဳပ္မ်ားသည္ သေဘာ႐ိုးျဖင့္ အမွန္တကယ္လႊဲေျပာင္း ေရာင္းခ်ျခင္းမဟုတ္ဘဲ လိမ္လည္ရန္အၾကံျဖင့္ လႊဲေျပာင္းထားျခင္း ျဖစ္သည့္အျပင္ ေဒၚတင္တင္ျမအေနျဖင့္ ေခ်းေငြမ်ား၊ စုေၾကးေငြအမ်ားအျပားကို ေပးဆပ္ရန္႐ွိေၾကာင္း၊ ေႂကြးေငြမ်ားကို မေပးရေအာင္ လိမ္လည္၍ လႊဲေျပာင္းျခင္းျဖစ္ေၾကာင္းသိ႐ွိပါလွ်က္ ေဒၚတင္တင္ျမအား ကူညီ သည့္အေနျဖင့္ ပစၥည္းကို လႊဲေျပာင္းလက္ခံခဲ့ေၾကာင္း ေပၚေပါက္ေပရာ ေဒၚခင္မာေအးသည္ အဖိုးစားနား ေပးၿပီး ႐ိုးေျဖာင့္ေသာသေဘာျဖင့္ ရယူခဲ့ပါသည္ဟု မဆိုႏိုင္သျဖင့္ ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒပုဒ္မ-၅၃(၁) ပထမ ႁခႊင္းခ်က္၏ အကာအကြယ္ကို ရႏိုင္ရန္ အေၾကာင္းမ႐ွိေပ။

သို႔ျဖစ္၍ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က မႏၲေလးတိုင္းေဒသႀကီးတရားလႊတ္ေတာ္၏ စီရင္ခ်က္ ႏွင့္ဒီကရီကို ပယ္ဖ်က္ၿပီး တရားလို ဦးေက်ာ္ျမတ္စိုး (ခ) ဦးေက်ာ္ေက်ာ္ခိုင္ ပါ ၂ဦးတို႔ စြဲဆိုသည့္အတိုင္း ေဒၚတင္တင္ျမ (ခ) ေဒၚေလာင္းက်ိဳးႏွင့္ ေဒၚခင္မာေအး (ခ) ေဒၚေလာင္းဘတို႔ ခ်ဳပ္ဆိုထားသည့္ ၂၇-၇-၂၀၀၉ ရက္စြဲပါ သက္ေသခံအမွတ္(၁)၊ ေျမႏွင့္ အိမ္အေရာင္းအဝယ္စာခ်ဳပ္၊ ယင္းစာခ်ဳပ္အရ ေပၚေပါက္လာသည့္ သက္ေသခံအမွတ္(၁၃)၊ ယာယီ မွတ္ပုံတင္စာခ်ဳပ္အမွတ္ ၂၈၉/၂၀၁၂ ႏွင့္ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ အမွတ္ ၂၂၃၇/၂၀၁၅ တို႔ကို ပယ္ဖ်က္ၿပီး အခ်င္းျဖစ္ေျမႏွင့္ အေဆာက္အဦကို ဝရမ္းကပ္ေရာင္းခ်ခြင့္႐ွိေၾကာင္း ႁမြက္ဟေၾကညာသည့္ ဒီကရီကို တရား႐ုံးအဆင့္ဆင့္ စရိတ္ႏွင့္တကြခ်မွတ္ခဲ့ျခင္းသည္ ဥပေဒႏွင့္ညီၫြတ္ မွန္ကန္ ေၾကာင္းေတြ႕႐ွိရသည္။ ထို႔ေၾကာင့္ ဤတရားမအထူးအယူခံမႈကို စရိတ္ႏွင့္တကြပလပ္လိုက္ေၾကာင္း ဆုံးျဖတ္ ထားသည္။

ဤသို႔ေသာျဖစ္စဥ္မ်ိဳးတြင္ အဖိုးစားနားေပး၍ သေဘာ႐ိုးျဖင့္ လႊဲေျပာင္းရယူသူျဖစ္ပါက မိမိ၏အခြင့္ အေရးကို ကာကြယ္ရန္အတြက္ စတင္ဝယ္ယူစဥ္ကတည္းက ဂရန္စာခ်ဳပ္မူရင္းႏွင့္ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ မူရင္းမ်ားေရာင္းသူမွ ေပးအပ္ႏိုင္မွသာ စိတ္ခ်ဝယ္ယူႏိုင္မည္ျဖစ္ၿပီး အဆိုပါစာ႐ြက္စာတမ္းမ်ား ေပးအပ္ ႏိုင္ျခင္းမ႐ွိပါက ဝယ္ယူရန္ မသင့္ေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service